Unicode
အခန်း (၉၁)
အသက် ၂၀ ရောက်သည့် အချိန်တွင် ကျန်းရှန်မှာ ယဲ့ရှင်းချန်နှင့် ဆုံစည်းနိုင်မည့် အခွင့်အရေး ရလာခဲ့သည်။ ထိုအချိန်တွင် ကျန်းရှန်မှာ အနုပညာ အသိုင်းအဝိုင်းတွင် ထိပ်တန်းစာရင်းဝင် တေးရေးနှင့် ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာတစ်ယောက် ဖြစ်နေလေသည်။ ယဲ့ရှင်းချန်၏ ကိုယ်စားလှယ် ဖြစ်သူက ကျန်းရှန်အား ယဲ့ရှင်းချန်၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများ အတွက် သီချင်းအသစ် ဆယ်ပုဒ်ခန့် ရေးစပ် ပေးစေလိုသည့် အပြင် ကျန်းရှန် သည်လည်း အခွင့်အရေး စောင့်မျှော်နေခဲ့ရသူ ဖြစ်သည့် အလျောက် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး ပုဂ္ဂိုလ်ရေး အရလည်း ယဲ့ရှင်းချန်နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။ သို့သော် အချစ်စိတ် တစ်ခုတည်းဖြင့် ကြိုးစား အားထုတ်ခဲ့ခြင်း ဖြစ်သည်ကို ကျန်းရှန် သတိမထားမိခဲ့ပေ။
နောက်နှစ်နှစ်အတွင်း အခြား အလုပ်ကိစ္စများ အားလုံးကိုပင် ငြင်းဆန်ခဲ့ပြီး ယဲ့ရှင်းချန် အတွက်သာ သီချင်းနှင့် ဇာတ်ညွှန်းများ ရေးခဲ့သည်။ ယဲ့ရှင်းချန်အား သန်းပေါင်း များစွာသော ပရိသတ်များ အားပေးကြသည်ကို နှစ်သက်ပြီး စင်မြင့်ထက်တွင် ယဲ့ရှင်းချန် သီဆိုကခုန် နေသည်ကို သူကြည်နူးသည့်အပြင် ဇာတ်လမ်းတိုင်းတွင် ယဲ့ရှင်းချန် ပါဝင်သရုပ်ဆောင် ရသည်ကိုသာ ဖြစ်စေချင်သည်။
သို့သော် မထင်မှတ်စွာ ကပ်ဘေး ဆိုက်ရောက်လာပြီး အရာအားလုံး ပျောက်ကွယ် ပြီးဆုံး သွားရသည်။ ကပ်ဘေး မဖြစ်မီ သူ့အား မောကြည့်ရုံမျှသာ တတ်နိုင်သော လူအချို့က ယဲ့ရှင်းချန်အား အဓမ္မမှုဟု မဆိုသာသော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု လုပ်ရန် ကြိုးစား နေသည်ကို စီရင်စုမြို့တော်၌ ကျင်းပသော ပွဲတစ်ခုသို့ ကျန်းရှန် တက်ရောက် နေချိန်တွင် မြင်တွေ့လိုက်ရသည်။ ကျန်းရှန်လည်း နာကြည်း ဒေါသတို့ကြောင့် စိတ်လွတ်သွားပြီး သတိထားမိသည့် အချိန်တွင် တူရိယာ ပစ္စည်းများနှင့် လက်နှိပ်စက် ပေါ်တွင်သာ ရှိနေခဲ့သော သူ၏လက်များမှာ သွေးများ စိုရွဲနေလေသည်။ အမှန်ပင်၊ သူထိုသူများ အားလုံးကို သတ်ခဲ့သည်။ ယဲ့ရှင်းချန်နှင့် ပရောပရည် လုပ်ရန် ကြိုးစားနေသော ထိုသူများ အားလုံးကို သတ်၍ သူနှင့်အတူ ထွက်ပြေး လာခဲ့သည်။
သူရေးစပ်ပေးသော သီချင်းများကို သီဆို၍ သူ၏ ဇာတ်ညွှန်းများတွင် သရုပ်ဆောင် နေသော ယဲ့ရှင်းချန်အား အမြင့်ဆုံးသို့ ရောက်ရန် စီစဉ်ပေးသည်များကို သူကျေနပ် နေလိမ့်မည်ဟု ကျန်းရှန် အမြဲ တွေးထင် ထားခဲ့သော်လည်း လူသားတို့၏ လောဘစိတ်ကို သူမေ့နေမိခဲ့သည်။ အထူးသဖြင့် သူသည် ယဲ့ရှင်းချန်ကို နှစ်ပေါင်းများစွာ တပ်မက် လာခဲ့သည်။ ယွင်ချဲ့ ရှေ့မှောက်တွင် သူတို့၏ ပတ်သက်မှုကို ငြင်းဆိုလိုက်သော ယဲ့ရှင်းချန်၏ စကားများကြောင့် ယဲ့ရှင်းချန်အား သူ့အပိုင်ဖြစ်ရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
ကံမကောင်းစွာပင် ကျန်းရှန်သည် စကား အပြောအဆို မတတ်သဖြင့် ယဲ့ရှင်းချန်အား နှစ်ပေါင်းများစွာ ငေးကြည့် စွဲလမ်းခဲ့ရသော်လည်း ပြောစရာ စကားလုံး အနည်းငယ်သာ ထွက်လာသည်။ သူစိတ်လှုပ်ရှား၍ စိုးရိမ်ပူပန် နေသည်။ သူမည်မျှ ချစ်သည်ကို Ye Xingchen မသိမည်ကို သူတွေးကြောက်နေသည်။ သူ့အား ပိုင်ဆိုင်ခွင့် မရမည်ကိုလည်း စိုးရိမ်မိနေသည်။ သူ၏ မျက်ဝန်းများသည် စိုးရိမ်မှုတို့ဖြင့် ရဲရဲနီလျက် ရှိသည်။
"ကျန်းရှန် ... ငါမှတ်မိသလောက်ဆိုရင် မင်းအခု ၂၂ နှစ်ပဲ ရှိသေးတယ်မလား .. ၈နှစ်ဆိုတာက .."
ကျန်းရှန်မှာ အသက် ၁၄ နှစ် ကတည်းက သူ့ကို တစ်ဖက်သတ် ချစ်ခဲ့သဖြင့် ရှစ်နှစ်ပင် ကြာသွားခဲ့လေပြီ။ ကျန်းရှန်သည် အနုပညာ လောကတွင် အလုပ်လုပ်ခဲ့ပြီး သူ့အတွက် သီချင်းများနှင့် ဇာတ်ညွှန်း များကိုပင် ရေးပေးခဲ့သည်။ ကျန်းရှန်မှာ ခေါင်းမာပြီး ဇွဲရှိသည့်အပြင် သန့်စင်လှသဖြင့် ယဲ့ရှင်းချန် စိတ်ညွှတ် မိသည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။ ချက်ချင်းပင် အဖြေပြန်ပေး လိုက်ချင်သည်။ ယဲ့ရှင်းချန်၏ ဘဝတွင် သူ့ကိုချစ်သည်ဟု ဆိုသော လူပေါင်းများစွာနှင့် တွေ့ခဲ့ရဖူးသည်။ သူတို့အနက်မှ အများစုသည် သူ့အား ရှစ်နှစ်တာ ကာလထက်ပို၍ ထောက်ပံ့ပေးခဲ့မှုများ ရှိသော်လည်း ကျန်းရှန်သည် သူ့အတွက် အများဆုံး လုပ်ပေးခဲ့သူဖြစ်ပြီး သူ၏ ခက်ခဲသော နေ့ရက်များတွင်လည်း ဘေးတွင် ရှိနေပေးခဲ့သည်။
"အင်း .. ရှစ်နှစ် .. ကျွန်တော် ခင်ဗျားနဲ့ အတူတူ ရှိနေချင်တယ် ခင်ဗျား ကျွန်တော့်ကို ပြန်ချစ် ..."
ယဲ့ရှင်းချန်၏ လက်များကို ကိုင်ကာ သူ၏မျက်နှာပေါ်တွင် တင်စေလိုက်ပြီး အခြားသူများကို မမြင်တော့သည်အထိ ယဲ့ရှင်းချန် ကိုသာ ငေးကြည့်နေသည်။
"ရှောင်ကျန်း .. ငါမင်းနဲ့ ပတ်သက်ပြီး စဉ်းစားပါရစေဦး... ငါကယောက်ျား တစ်ယောက်ဖြစ်လို့ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားခဲ့တာ။ ဒါပေမယ့် မင်းက ငါ့စိတ်တွေကို ထွေပြားသွားလို့ ငါ့အတွက် ချက်ချင်းကြီး ဆုံးဖြတ်ချက် ချဖို့ခက်တယ်"
ကျန်းရှန်၏ ယောကျ်ား ပီသသော မျက်နှာပြင်ကို ထိတွေ့လိုက် ရသောအခါ ယဲ့ရှင်းချန်သည် အထိတ်တလန့် ဖြစ်နေရာမှ စိတ်သက်သာရာ ရလာပြီး ခံစားရသည်များကို သေချာ ပြောပြလိုက်သည်။ ကျန်းရှန်၏ စိတ်များ ပြောင်းလဲသွား၍ သူ့အပေါ် မချစ်နိုင်တော့မည့် အခြေအနေမျိုး ဖြစ်မလာသည့်တိုင် ကျန်းရှန်အား လက်ခံသင့်သည်ကို သိသည်။ ကျန်းရှန်၏ ကြည်လင်သော မျက်လုံးများတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်လာမည့် အဖြစ်မျိုးကို သူမလိုလားပေ။ ယဲ့ရှင်းချန်အား လိင်တူချစ်ခြင်းကို လက်ခံ လာနိုင်စေရန် ကမ္ဘာပေါ်တွင် ပထမဆုံး ဆွဲဆောင်နိုင်သော သူသည် ကျန်းရှန် ဖြစ်လာသည်။ ဩ
"အင်း .. ကျွန်တော် စောင့်နေမှာပါ"
ကျန်းရှန်လည်း တောက်ပစွာ ပြုံးလိုက်ပြီး ယဲ့ရှင်းချန်လည်း ရယ်မောလိုက်သည်။ သူတို့နှစ်ဦး အတူတူ ရှိနိုင်သည် မဟုတ်ပါလား။
ယွင်ယောင် ဟင်းချက် ကောင်းသည်ကို သိသွားကြသည့် အချိန်မှစ၍ ကန်တင်းကို မသွားကြတော့ပေ။ ရှင်းဖုန်းနှင့် သူ၏အဖွဲ့သားများ စီရင်စုမြို့တော် အတွင်း မရှိသည့် အချိန်တွင်ပင် ရေခဲသေတ္တာထဲတွင် အအေးခံထားသော ဟင်းသီး ဟင်းရွက်များကို ကြိုက်နှစ်သက်လျက် ရှိသည်။ ယွင်ယောင်သည် နေ့စဉ်နေ့တိုင်း ဒါဇင်နှင့်ချီသော လူများအတွက် ချက်ပြုတ် ပေးနေရပြီး သူမ မပင်ပန်းသော်လည်း မနက်စောစောမှ စ၍ပင် အစားသောက်များကို ပြင်ဆင်နေရသည်။ ကံအားလျော်စွာ သူမသည် မနေ့ကစ၍ တစ်ဦးတည်း ချက်ပြုတ်ရန် မလိုတော့ပေ။ ဝမ်စူးဟွာသည် သူမကို ကူညီပေးပြီး ဝမ်စူးဟွာ သည်လည်း အိမ်ရှင်မ တစ်ယောက် ဖြစ်သောကြောင့် ယွင်ယောင် ကဲ့သို့ ကောင်းမွန်စွာချက်ပြုတ်နိုင်သည်။ ဝမ်စူးဟွာ ချက်ပြုတ်ထားသည်ကို ချူးဟောင်လင်း စားသောက်ပြီးနောက် ကိုယ့်ကိုယ်ကို ကံကောင်းသူဟု အော်ကာ သူမ၏ မြေးအဖြစ် မွေးစားရန် ဂျစ်တိုက်လေသည်။ ချူးဟောင်လင်းမှာ အစားကြူးသူ တစ်ယောက် ဖြစ်သည့်အပြင် ဘယ်သောအခါမှ ပြောင်းလဲတော့မည် မဟုတ်သောကြောင့် ချူးဟောင်လင်းအား မည်သူမှမပြောဆိုကြတော့ပေ။
"ရွှေသတ္တု စွမ်းအားရှင်လား ? ဟေး ... မင်းကတော့ တကယ် ကံကောင်းတာပဲ မင်းမရည်ရွယ်ဘဲ ရွေးချယ်လိုက်တဲ့ သူက နှစ်ထပ်ကွမ်း စွမ်းအားရှင် ဖြစ်နေမှတော့ နောက်ထပ် ဘာလိုတော့မှာလဲကွာ ... သူက တကယ်ကို ပြင်းထန်တဲ့ ရွှေသတ္တု အစွမ်းကို ပိုင်ဆိုင်ထားသူပဲ အဆင့်မြင့်တင် လိုက်ရင် သူ့ကိုပိုပြီး အားကြီးစေလိမ့်မယ် ... ဒီတစ်ခါတော့ ငါ့အစွမ်းတွေ ထုတ်သုံးဖို့ မလိုတော့ဘူး ထင်တယ် ဖြစ်နိုင်ရင် ငါ့ရဲ့အစွမ်းတွေကို မြင်သာအောင် မပြချင်တော့ဘူး"
သူတို့နှစ်ဦး ချစ်သူဖြစ်ပြီး ချိန်မှစ၍ ယွင်ချဲ့ ရှက်ရွံ့ မနေတော့ပေ။ ထိုနေ့ညက ရှင်းဖုန်း၏ အခန်းထဲတွင် တစ်ညလုံး ရှိနေခဲ့ပြီး အိပ်ရာပေါ်တွင် လှဲနေလျက်ဖြင့် ရှင်းဖုန်း နှင့်အတူ အလုပ်တာဝန်များ အကြောင်း ပြောနေခဲ့သည်။ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့အား ယွင်ချဲ့ စောင့်ရှောက် ထားသည်ကို ရှင်းဖုန်း မအံ့သြတော့ပေ။ ယဲ့ရှင်းချန်သည် ယွင်ယောင်နှင့် ချန်ချန်တို့ကို ကောင်းစွာ ခင်မင်ရင်းနှီးကြောင်း ကူးမင်ရွှမ်း ပြောပြထားသည်။
"ထူးထူးဆန်းဆန်းကြီး ခံစားနေရတယ် ... ခင်ဗျားက ကိုယ့်ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားမယ့် သူမဟုတ်ဘူး အခြားသူတွေ ကြောက်ကြမှာ စိုးလို့လား"
ယွင်ချဲ့ ခြေချိတ်ထိုင်နေပြီး သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ နှစ်ယောက် ဆက်ဆံရေး ကောင်းမှုကြောင့် သူသိလိုသည်များကို စောင့်စည်းနေစရာ မလိုပဲ မေးမြန်းနိုင်သည်။
"တကယ်လို့ ငါ့မှာ မှော်စွမ်းရည် မရှိခဲ့ရင်တောင်မှ ခေါင်းဆောင်တွေ ငါ့ကို ကြောက်ကြလိမ့်မယ် .. ဒါမယ့် ငါ့ရဲ့စွမ်းအားကို မြင်သာအောင် မပြချင်ဘူး တချို့သူတွေကြောင့်လည်း ပါတယ် ...သူတို့က ငါ့မိသားစုဝင်တွေပါပဲ အခုချိန်မှာတော့ ရှင်းပြဖို့ခက်တယ် ငါတို့ မြို့တော်ကို သွားတဲ့ တစ်နေ့ကျရင် ငါမင်းကို ဒါတွေ အားလုံး ရှင်းပြပါမယ်"
ရှင်းဖုန်း လက်လှမ်းကာ ယွင်ချဲ့ မျက်နှာကို ကိုင်လာလျက် အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး Yun လက်ကို ကိုင်လိုက်သည်။ ရှင်း မိသားစုရေးရာမှာ ရှုပ်ထွေးလှသဖြင့် ဖြစ်နိုင်လျှင် ယွင်ချဲ့ကို ဝင်ရောက် မပတ်သက်စေလိုပေ။ သို့သော် သူတို့ဆက်ဆံရေး စတင်ခဲ့ချိန်မှစ၍ ယွင်ချဲ့ သိထားရန် လိုအပ် လာသော်လည်း အချိန်များစွာ လိုအပ်သေးသည်။
"တကယ်လို့ ခင်ဗျားရဲ့ စွမ်းအားတွေကို ထုတ်မပြချင်ဘူးဆိုရင် ဟောင်လင်းကို ဒီတစ်ခေါက် မခေါ်သွားတာ ကောင်းလိမ့်မယ် ... မင်းရဲ့အဖွဲ့ထဲမှာ နယ်မြေ စွမ်းအားရှင်က မင်းတစ်ယောက်တည်းဆိုရင် အခြားသူတွေ ထိတ်လန့်ကြမှာ မဟုတ်ဘူး"
ယွင်ချဲ့သည် အခြေခံကျသည့် အကြောင်းအရာများကို မသိလိုပေ။ အခုအချိန်တွင် ရှင်းဖုန်း မပြောပြနိုင်သည့် အကြောင်းပြချက် ရှိလိမ့်မည်ဟု ယွင်ချဲ့ ယုံကြည်ပြီး သူသိသင့်သည့် အခါတွင် သိလာရလိမ့်မည်။
"ဒီတစ်ကြိမ်တော့ ငါတို့ တာဝန်ပြီးမြောက်ဖို့ အတွက် မဟုတ်ဘဲ ဘယ်သူမှ မသေကြေဘဲ အနာတရမဖြစ်ဖို့ အကောင်းဆုံး နည်းလမ်းကိုပါ လိုအပ်တယ် ... ငါတို့နဲ့အတူ ရှုကျဲကို ခေါ်သွားသင့်လား"
ရှင်းဖုန်း ခေါင်းညိတ်ကာ ယွင်ချဲ့ကို သူ၏ရင်ဘတ်ပေါ်သို့ ဆွဲခေါ်လိုက်ပြီး သူ၏လက်များမှာလည်း ယွင်ချဲ့ ခါးကို ညင်သာစွာ ဖက်ထားလိုက်သဖြင့် ယွင်ချဲ့က မျက်လုံးကို ဝေ့ကြည့် လိုက်သည်။
"အတည်ကြီးလား…. အလင်းစွမ်းအားရှင် တစ်ယောက်ကို ဘာလို့ ခေါ်သွားမှာလဲ ... သူ့ကိုတစ်ယောက်ယောက်က အမြဲလိုက် ကာကွယ်နေရမှာလေ"
အလင်းစွမ်းအားမှာ အရေးကြီးသည်ကို ယွင်ချဲ့ ဝန်ခံပါသည်။ သို့သော် အလင်း စွမ်းအားရှင်ကို ခေါ်သွားမည်ဆိုပါက အားနာသော်လည်း သူမခေါ်လိုပေ။ ထို့အပြင် ရှုကျဲသည် သတ္တိနည်းသူ ဖြစ်သောကြောင့် ယွင်ချဲ့ အထင်မကြီးပေ။
"အင်းပါ ငါတို့လည်း အလင်း စွမ်းအားရှင်ကို မလိုအပ်ပါဘူး။ ဒါပေမယ့် လေတာ့ရှန် အတွက် လိုအပ်နိုင်တယ် ... ညစာမစားခင် မင်ရွှမ်းက ငါ့ကို အရှုံးသမားအဖွဲ့နဲ့ ပတ်သက်ပြီး အချက်အလက် တချို့ ပြောပြတယ် အဖွဲ့ဝင် ရာချီရှိပေမယ့် စွမ်းအားရှင် ၁၈ ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက သာမန်လူတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေလည်း ပါတယ် ... တကယ်လို့ သူတို့တွေ သေဆုံးသွားခဲ့ရင် ငါတို့ ကောင်းမွန်အောင် ဆောင်ရွက်နိုင်တော့မှာ မဟုတ်ဘူး"
ရှုကျဲ အား ယွင်ချဲ့ သဘောမကျသည်ကို ရှင်းဖုန်း သိသည်။ ထို့အတူ ရှင်းဖုန်းလည်း ရှုကျဲကို မကြိုက်ပေ။ သို့သော် ထိုအရာများမှာ အရေးမကြီး။ ရှုကျဲ၏ စွမ်းအားကို အကျိုးရှိစွာ မည်သို့ အသုံးချမည် ဆိုသည်က ပို၍ အရေးကြီးသည်။ ယခု တာဝန်အတွက် အလင်းစွမ်းအင် လိုအပ်သည်။
"အင်း .. ဘာပဲဖြစ်ဖြစ် သူ့ကိုခေါ်သွားဖို့ သဘောမတူဘူး ခင်ဗျား အဆင်ပြေသလို လုပ်ပါ ဒါပေမယ့် ကျုပ်လူတွေကတော့ သူ့ကို ကာကွယ် မပေးနိုင်ဘူးနော် ..."
အလင်းစွမ်းအားရှင် တစ်ယောက်ကို ကာကွယ် ပေးရန်မှာ လူပေါင်းများစွာ၏ စတေးခံ ပေးဆပ်မှုများ လိုအပ်သည်။ သို့သော် ယွင်ချဲ့ ထိုမျှလောက် မရူးပေ။ သူ့အတွက် အလင်းစွမ်းအင်မှာ အသုံးမဝင်သော အစွမ်းပင်။
"အင်းပါ ငါသေချာ စဉ်းစားလိုက်ပါမယ် ..."
ရှင်းဖုန်းသည် မျက်လွှာချကာ ယွင်ချဲ့ကို စိုက်ကြည့်နေပြီး အလင်းစွမ်းအားရှင်မှာ လူတိုင်း အလိုရှိသူ ဖြစ်သော်လည်း ယွင်ချဲ့ အတွက် အရှုံးသမား တစ်ယောက်သာ ဖြစ်နေသည်။
"ခင်ဗျားဘာတွေ စဉ်းစားနေတာလဲ"
ယွင်ချဲ့ ခေါင်းကိုခါပြီး ရှင်းဖုန်း ဘက်သို့ လှည့်ကာ ရှင်းဖုန်း လက်မောင်းပေါ်တွင် အိပ်လိုက်သည်။
"ယဲ့ရှင်းချန်ရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး စဉ်းစားနေတာ ... ရိုးစင်းတဲ့သူက အရမ်း အသုံးဝင်နိုင်မယ် ဆိုတော့ ငါတတ်နိုင်သမျှ သူ့ရဲ့ စွမ်းအားတွေ တိုးတက်လာဖို့ ကူညီပေးရမယ် ... ဒီတစ်ခါတာဝန်မှာ လေစွမ်းအင်ကို နည်းနည်းပဲ သုံးပြီး အမြုတေကိုပဲ ပိုစုဆောင်းရမလား .. အဆင့် ၀ နဲ့ အဆင့် ၁ အမြုတေတွေက အသုံးမဝင်တော့ဘူး ... ထုံယန်းမြို့ထဲမှာ အဆင့် ၂ အမြုတေတွေ အများကြီး ရှိနေမယ်လို့ ငါထင်တယ်"
ယွင်ချဲ့ မှာ အဆင့် ၃ အမြုတေများ၊ အထူးသဖြင့် အာနိသင်မဲ့ အမြုတွေများကို လိုအပ်သည်။ လုဟိုင်ရွှမ်းသည် ထိုအရာများကို လိုအပ်သည့် တစ်ဦးတည်းသော သူဖြစ်သည်။ သို့သော် ယခုအချိန်တွင် ယဲ့ရှင်းချန်မှာ ထိုအရာများကို ပို၍လိုအပ်သည်။ ယဲ့ရှင်းချန်မှာ သနားစရာကောင်းသည်ဟု ယွင်ချဲ့ တွေးမိသွားသည်။
ရှင်းဖုန်းလည်း လှည့်လိုက်ပြီး ယွင်ချဲ့ အပေါ်မှ အုပ်မိုးကာ ယွင်ချဲ့ ပါးကို အသာညှစ်လိုက်ပြီး ...
"ငါနဲ့ ရှိနေတဲ့အချိန် အခြားကောင်လေး အကြောင်း စဉ်းစားနေတယ်ပေါ့လေ။ ငါမင်းကို ဘယ်လို အပြစ်ပေးရင် ကောင်းမလဲ"
"အမ် ကျွန်တော့်ကို ခင်ဗျား လိုအပ်နေရင်လည်း ပြောလေ .. ဒီလို အကြောင်း မရှိအကြောင်း ရှာနေရလား"
ယွင်ချဲ့ ရှက်သွားပြီး ရှင်းဖုန်းကို ဆွံ့အစွာ ကြည့်လိုက်သည်။ ရှင်းဖုန်းတွင် ယခုကဲ့သို့ ကလေးဆန်သော သဝန်တိုမှုမျိုး ရှိနေသည်ကို မထင်ထားခဲ့ပေ။
"ဟား...ဟား... ဒါငါစောင့်နေခဲ့ရတဲ့ အရာပဲ"
"အမ်.."
ရှင်းဖုန်း ပြောပြီးသည်နှင့် ခေါင်းကို အောက်သို့ နှိမ့်ချကာ ယွင်ချဲ့၏ နှုတ်ခမ်းများကို စုပ်ယူလိုက်သည်။ သူ၏လျှာကို ယွင်ချဲ့ နှုတ်ခမ်း တစ်စုံကြားမှ ကျူးကျော် ဝင်ရောက် သွားသည့်အခါ Yun Che သည်လည်း သူ၏လျှာကို တုံ့ပြန် နမ်းလိုက်သည်။
"အင်း ... ဖြည်းဖြည်းလုပ်ပါ ..အင်း.."
ရှင်းဖုန်း ပြင်းထန်စွာ စုပ်ယူလိုက်သဖြင့် ယွင်ချဲ့၏ လျှာအရင်းတွင် ဆတ်ခနဲ နာကျင် သွားရသည်။ အပြစ်တင်လိုက်သည့် ခဏအတွင်း ရှင်းဖုန်းက ယွင်ချဲ့ နှုတ်ခမ်းကို ပြန်လည် စုပ်ယူလိုက်သည်။ အကြိမ်တိုင်းတွင် ရှင်းဖုန်းသည် သူ၏ နှုတ်ခမ်းကို ကိုက်၍ လျှာကို ပြင်းထန်စွာ စုပ်ယူသည်။ ယွင်ချဲ့ နာကျင်သွားသည့် အခါတွင် ရှင်းဖုန်း ပြန်လွှတ် ပေးလိုက်ပြီး သူ၏လျှာကို ထိုးသွင်းလျက် ယွင်ချဲ့ နှုတ်ခမ်းများကို ညင်သာစွာ လျက်လိုက်သည်။ ယွင်ချဲ့ စိတ်ကို ချုပ်တည်း ထားချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ စိတ်အနှောင့်ယှက် ဖြစ်စွာပင်လျှင် သူ၏ ငယ်ရွယ်သော ခန္ဓာကိုယ်သည် ရှင်းဖုန်း၏ အထိအတွေ့များ အပေါ်တွင် လိုလား တောင့်တလာသည်။
"ကိုယ် အခု တကယ် မင်းနဲ့ ချစ်ချင်တယ်"
ပြင်းပြသော အချစ်စိတ်က လွန်ကျူးစွာ လောင်ကျွမ်း နေလေပြီ။ ယွင်ချဲ့ကို မလွှတ်လိုက်လျှင် သူ၏ လိုချင် တပ်မက်မောမှုများကို ချုပ်ထိန်းနိုင်မည် မဟုတ်ပေ။ ပင့်သက် ရှိုက်လျက်ဖြင့် ရှင်းဖုန်းမှာ ခေါင်းကို ယွင်ချဲ့ လည်ပင်းနားသို့ ဝှက်ထား လိုက်သည်။ ထို့နောက် ယွင်ချဲ့ လည်တိုင်မှ ပင်မသွေးလွှတ်ကြော တစ်လျှောက်ကို ထပ်ခါထပ်ခါ လျက်တော့သည်။ တစ်ခါတစ်ရံ ယွင်ချဲ့ နားကို ကိုက်၍ ချိုသာစွာ လျက်လိုက်သည်။
"မလုပ်ဘူးလား ... ကျုပ်ကို ဆွတုန်းကဆွပြီးမှ ရပ်မလို့လား"
ရှင်းဖုန်း၏ ဆိုလိုရင်းကို သဘောပေါက်သော ယွင်ချဲ့မှာ ခန္ဓာကိုယ် အောက်ပိုင်းကို တွန့်လိမ် လိုက်သည်။ သူသည် အချစ်ကိစ္စ ပြီးမြောက်ရန် အဆင်သင့် ဖြစ်နေပေပြီ။ ရှင်းဖုန်း ချီတုံချတုံ ဖြစ်နေသည့် အချိန် ကတည်းကပင်လား။ လမ်းတစ်ဝက်မှာ ရပ်လိုက်ခြင်းက တော်တော် နာကျင်ရသည် မဟုတ်ပါလား။
"ငါ့ကို သွေးမဆောင်ပါနဲ့.. ငါဒီနေ့ အဆင်သင့် မပြင်ထားဘူး…. ချောဆီ တစ်ခုခုမပါရင် မင်းနာလိမ့်မယ်.."
ရှင်းဖုန်းလည်း ဘေးသို့လှည့်ကာ ယွင်ချဲ့ ဘေးတွင် လှဲအိပ်လိုက်ပြီး ယွင်ချဲ့၏ ဘောင်းဘီကို ချွတ်ကာ သူ၏ အရာကို ကိုင်လိုက်သည်။ ရှင်းဖုန်းမှာ ကိုယ်လက်နှီးနှောမှုကို လိုလားသော်လည်း သူသေချာ မပြင်ဆင်လာရသဖြင့် ပျော်ရွှင်မှုလေးကို ရုတ်တရက် ဖျက်ဆီး လိုက်မိမည်ကို စိုးရိမ်နေသည်။ အကယ်၍ သူ ယွင်ချဲ့အား နာကျင်စေမိလျှင် သူ၏နှလုံးသားလည်း နာကျင် ရလိမ့်မည်။
"ဖြည်းဖြည်းလုပ်ပါ .. ကျွန်တော့်မှာ ကွန်ဒုံးပဲရှိတာ .. ကျုပ်တို့ ဆိုင်တစ်ဆိုင် လောက်ကိုတော့ ရအောင်ရှာသင့်နေပြီ"
မျက်စောင်းဖြင့် ကြည့်လိုက်ပြီး ရှင်းဖုန်း သူ့အား အာသာဖြေ ပေးနေချိန်တွင် ညည်းတွား နေလေသည်။ အမျိုးသား နှစ်ဦးကြား လိင်ဆက်ဆံသည့် အချိန်တွင် ချောဆီ လိုအပ်သည်ကို ရှင်းဖုန်း သတိပေးလိုက်သည်။ ရှင်းဖုန်း၏ အင်္ဂါအား သူ့လက်ဖြင့် ထိလိုက်သည့်အခါ ကြီးမား မာထန်လှနေသည်ကို ခံစားမိလိုက်သည်။ အကယ်၍ ရှင်းဖုန်း အတင်းအကြပ် လုပ်မည်ဆိုလျှင် နောက်တစ်နေ့တွင် အခြားသူများ အားလုံး သူ့အား ဝိုင်းလှောင် ကြလိမ့်မည်။
"တစ်ဆိုင်တည်းနဲ့ မလုံလောက်ဘူး ထင်တယ် ထုံယန်းက မြို့ကြီးဖြစ်တော့ ငါတို့တွေ့သမျှ ဆိုင်တွေ အကုန်ရှာကြစို့"
ရှင်းဖုန်း လှဲအိပ်နေပြီး ယွင်ချဲ့ နားကို ကိုက်လျက် ကာမဆန္ဒ ပြင်းပြသော အသံများပြုလည်း ပြုနေသည်။
"အ..."
"ဟော်ဟော် .. မင်းမြန်မြန်နဲ့ ပြီးသွားတာပ"
ယွင်ချဲ့ သူ၏လက်ပေါ်တွင် မြန်စွာ အထွတ်အထိပ် ရောက်သွားသဖြင့် ရှင်းဖုန်း စိတ်မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ယွင်ချဲ့လည်း ရှင်းဖုန်းကို ထုရိုက်ကာ သူ၏ပခုံးများကို ကိုက်လိုက်သည်။
"အ ..."
ရှင်းဖုန်း ကျယ်လောင်စွာ အော်လိုက်ပြီး ယွင်ချဲ့ ခေါင်းအနောက်ဘက်မှ ကိုင်ကာ ပို၍ ပြင်းထန်စွာ ကိုက်လိုက်သည်။ ယွင်ချဲ့လည်း အရှက်ပြေသွားရာ ရှင်းဖုန်း၏ ပခုံးများကို မလွှတ်ပေးတော့ဘဲ သွေးထွက်သည် အထိပင် ကိုက်လိုက်သည်။ ထို့နောက်တွင် လျှာကို ထုတ်၍ ကိုက်ရာ အမှတ်ပေါ်သို့ အပြန်အလှန် လျက်ပေး လိုက်ကြသည်။
***
Zawgyi
အခန္း (၉၁)
အသက္ ၂၀ ေရာက္သည့္ အခ်ိန္တြင္ က်န္းရွန္မွာ ယဲ့ရွင္းခ်န္ႏွင့္ ဆုံစည္းနိုင္မည့္ အခြင့္အေရး ရလာခဲ့သည္။ ထိုအခ်ိန္တြင္ က်န္းရွန္မွာ အႏုပညာ အသိုင္းအဝိုင္းတြင္ ထိပ္တန္းစာရင္းဝင္ ေတးေရးႏွင့္ ႐ုပ္ရွင္ ဇာတ္ၫႊန္းေရး ဆရာတစ္ေယာက္ ျဖစ္ေနေလသည္။ ယဲ့ရွင္းခ်န္၏ ကိုယ္စားလွယ္ ျဖစ္သူက က်န္းရွန္အား ယဲ့ရွင္းခ်န္၏ ကမာၻလွည့္ ေဖ်ာ္ေျဖပြဲမ်ား အတြက္ သီခ်င္းအသစ္ ဆယ္ပုဒ္ခန႔္ ေရးစပ္ ေပးေစလိုသည့္ အျပင္ က်န္းရွန္ သည္လည္း အခြင့္အေရး ေစာင့္ေမွ်ာ္ေနခဲ့ရသူ ျဖစ္သည့္ အေလ်ာက္ အေကာင္းဆုံး ႀကိဳးစားေပးခဲ့ၿပီး ပုဂၢိဳလ္ေရး အရလည္း ယဲ့ရွင္းခ်န္ႏွင့္ ဆုံေတြ႕ခြင့္ ရခဲ့သည္။ သို႔ေသာ္ အခ်စ္စိတ္ တစ္ခုတည္းျဖင့္ ႀကိဳးစား အားထုတ္ခဲ့ျခင္း ျဖစ္သည္ကို က်န္းရွန္ သတိမထားမိခဲ့ေပ။
ေနာက္ႏွစ္ႏွစ္အတြင္း အျခား အလုပ္ကိစၥမ်ား အားလုံးကိုပင္ ျငင္းဆန္ခဲ့ၿပီး ယဲ့ရွင္းခ်န္ အတြက္သာ သီခ်င္းႏွင့္ ဇာတ္ၫႊန္းမ်ား ေရးခဲ့သည္။ ယဲ့ရွင္းခ်န္အား သန္းေပါင္း မ်ားစြာေသာ ပရိသတ္မ်ား အားေပးၾကသည္ကို ႏွစ္သက္ၿပီး စင္ျမင့္ထက္တြင္ ယဲ့ရွင္းခ်န္ သီဆိုကခုန္ ေနသည္ကို သူၾကည္ႏူးသည့္အျပင္ ဇာတ္လမ္းတိုင္းတြင္ ယဲ့ရွင္းခ်န္ ပါဝင္သ႐ုပ္ေဆာင္ ရသည္ကိုသာ ျဖစ္ေစခ်င္သည္။
သို႔ေသာ္ မထင္မွတ္စြာ ကပ္ေဘး ဆိုက္ေရာက္လာၿပီး အရာအားလုံး ေပ်ာက္ကြယ္ ၿပီးဆုံး သြားရသည္။ ကပ္ေဘး မျဖစ္မီ သူ႕အား ေမာၾကည့္႐ုံမွ်သာ တတ္နိုင္ေသာ လူအခ်ိဳ႕က ယဲ့ရွင္းခ်န္အား အဓမၼမႈဟု မဆိုသာေသာ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ လုပ္ရန္ ႀကိဳးစား ေနသည္ကို စီရင္စုၿမိဳ႕ေတာ္၌ က်င္းပေသာ ပြဲတစ္ခုသို႔ က်န္းရွန္ တက္ေရာက္ ေနခ်ိန္တြင္ ျမင္ေတြ႕လိုက္ရသည္။ က်န္းရွန္လည္း နာၾကည္း ေဒါသတို႔ေၾကာင့္ စိတ္လြတ္သြားၿပီး သတိထားမိသည့္ အခ်ိန္တြင္ တူရိယာ ပစၥည္းမ်ားႏွင့္ လက္ႏွိပ္စက္ ေပၚတြင္သာ ရွိေနခဲ့ေသာ သူ၏လက္မ်ားမွာ ေသြးမ်ား စို႐ြဲေနေလသည္။ အမွန္ပင္၊ သူထိုသူမ်ား အားလုံးကို သတ္ခဲ့သည္။ ယဲ့ရွင္းခ်န္ႏွင့္ ပေရာပရည္ လုပ္ရန္ ႀကိဳးစားေနေသာ ထိုသူမ်ား အားလုံးကို သတ္၍ သူႏွင့္အတူ ထြက္ေျပး လာခဲ့သည္။
သူေရးစပ္ေပးေသာ သီခ်င္းမ်ားကို သီဆို၍ သူ၏ ဇာတ္ၫႊန္းမ်ားတြင္ သ႐ုပ္ေဆာင္ ေနေသာ ယဲ့ရွင္းခ်န္အား အျမင့္ဆုံးသို႔ ေရာက္ရန္ စီစဥ္ေပးသည္မ်ားကို သူေက်နပ္ ေနလိမ့္မည္ဟု က်န္းရွန္ အၿမဲ ေတြးထင္ ထားခဲ့ေသာ္လည္း လူသားတို႔၏ ေလာဘစိတ္ကို သူေမ့ေနမိခဲ့သည္။ အထူးသျဖင့္ သူသည္ ယဲ့ရွင္းခ်န္ကို ႏွစ္ေပါင္းမ်ားစြာ တပ္မက္ လာခဲ့သည္။ ယြင္ခ်ဲ့ ေရွ႕ေမွာက္တြင္ သူတို႔၏ ပတ္သက္မႈကို ျငင္းဆိုလိုက္ေသာ ယဲ့ရွင္းခ်န္၏ စကားမ်ားေၾကာင့္ ယဲ့ရွင္းခ်န္အား သူ႕အပိုင္ျဖစ္ရန္ ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္သည္။
ကံမေကာင္းစြာပင္ က်န္းရွန္သည္ စကား အေျပာအဆို မတတ္သျဖင့္ ယဲ့ရွင္းခ်န္အား ႏွစ္ေပါင္းမ်ားစြာ ေငးၾကည့္ စြဲလမ္းခဲ့ရေသာ္လည္း ေျပာစရာ စကားလုံး အနည္းငယ္သာ ထြက္လာသည္။ သူစိတ္လႈပ္ရွား၍ စိုးရိမ္ပူပန္ ေနသည္။ သူမည္မွ် ခ်စ္သည္ကို Ye Xingchen မသိမည္ကို သူေတြးေၾကာက္ေနသည္။ သူ႕အား ပိုင္ဆိုင္ခြင့္ မရမည္ကိုလည္း စိုးရိမ္မိေနသည္။ သူ၏ မ်က္ဝန္းမ်ားသည္ စိုးရိမ္မႈတို႔ျဖင့္ ရဲရဲနီလ်က္ ရွိသည္။
"က်န္းရွန္ ... ငါမွတ္မိသေလာက္ဆိုရင္ မင္းအခု ၂၂ ႏွစ္ပဲ ရွိေသးတယ္မလား .. ၈ႏွစ္ဆိုတာက .."
က်န္းရွန္မွာ အသက္ ၁၄ ႏွစ္ ကတည္းက သူ႕ကို တစ္ဖက္သတ္ ခ်စ္ခဲ့သျဖင့္ ရွစ္ႏွစ္ပင္ ၾကာသြားခဲ့ေလၿပီ။ က်န္းရွန္သည္ အႏုပညာ ေလာကတြင္ အလုပ္လုပ္ခဲ့ၿပီး သူ႕အတြက္ သီခ်င္းမ်ားႏွင့္ ဇာတ္ၫႊန္း မ်ားကိုပင္ ေရးေပးခဲ့သည္။ က်န္းရွန္မွာ ေခါင္းမာၿပီး ဇြဲရွိသည့္အျပင္ သန့္စင္လွသျဖင့္ ယဲ့ရွင္းခ်န္ စိတ္ၫႊတ္ မိသည္မွာ သံသယ ျဖစ္ဖြယ္မရွိေပ။ ခ်က္ခ်င္းပင္ အေျဖျပန္ေပး လိုက္ခ်င္သည္။ ယဲ့ရွင္းခ်န္၏ ဘဝတြင္ သူ႕ကိုခ်စ္သည္ဟု ဆိုေသာ လူေပါင္းမ်ားစြာႏွင့္ ေတြ႕ခဲ့ရဖူးသည္။ သူတို႔အနက္မွ အမ်ားစုသည္ သူ႕အား ရွစ္ႏွစ္တာ ကာလထက္ပို၍ ေထာက္ပံ့ေပးခဲ့မႈမ်ား ရွိေသာ္လည္း က်န္းရွန္သည္ သူ႕အတြက္ အမ်ားဆုံး လုပ္ေပးခဲ့သူျဖစ္ၿပီး သူ၏ ခက္ခဲေသာ ေန႕ရက္မ်ားတြင္လည္း ေဘးတြင္ ရွိေနေပးခဲ့သည္။
"အင္း .. ရွစ္ႏွစ္ .. ကြၽန္ေတာ္ ခင္ဗ်ားနဲ႕ အတူတူ ရွိေနခ်င္တယ္ ခင္ဗ်ား ကြၽန္ေတာ့္ကို ျပန္ခ်စ္ ..."
ယဲ့ရွင္းခ်န္၏ လက္မ်ားကို ကိုင္ကာ သူ၏မ်က္ႏွာေပၚတြင္ တင္ေစလိုက္ၿပီး အျခားသူမ်ားကို မျမင္ေတာ့သည္အထိ ယဲ့ရွင္းခ်န္ ကိုသာ ေငးၾကည့္ေနသည္။
"ေရွာင္က်န္း .. ငါမင္းနဲ႕ ပတ္သက္ၿပီး စဥ္းစားပါရေစဦး... ငါကေယာက္်ား တစ္ေယာက္ျဖစ္လို႔ မိန္းကေလးေတြကိုပဲ စိတ္ဝင္စားခဲ့တာ။ ဒါေပမယ့္ မင္းက ငါ့စိတ္ေတြကို ေထြျပားသြားလို႔ ငါ့အတြက္ ခ်က္ခ်င္းႀကီး ဆုံးျဖတ္ခ်က္ ခ်ဖိဳ႕ခက္တယ္"
က်န္းရွန္၏ ေယာက်္ား ပီသေသာ မ်က္ႏွာျပင္ကို ထိေတြ႕လိုက္ ရေသာအခါ ယဲ့ရွင္းခ်န္သည္ အထိတ္တလန႔္ ျဖစ္ေနရာမွ စိတ္သက္သာရာ ရလာၿပီး ခံစားရသည္မ်ားကို ေသခ်ာ ေျပာျပလိုက္သည္။ က်န္းရွန္၏ စိတ္မ်ား ေျပာင္းလဲသြား၍ သူ႕အေပၚ မခ်စ္နိုင္ေတာ့မည့္ အေျခအေနမ်ိဳး ျဖစ္မလာသည့္တိုင္ က်န္းရွန္အား လက္ခံသင့္သည္ကို သိသည္။ က်န္းရွန္၏ ၾကည္လင္ေသာ မ်က္လုံးမ်ားတြင္ စိတ္ပ်က္မႈမ်ားျဖင့္ ျပည့္ႏွက္လာမည့္ အျဖစ္မ်ိဳးကို သူမလိုလားေပ။ ယဲ့ရွင္းခ်န္အား လိင္တူခ်စ္ျခင္းကို လက္ခံ လာနိုင္ေစရန္ ကမာၻေပၚတြင္ ပထမဆုံး ဆြဲေဆာင္နိုင္ေသာ သူသည္ က်န္းရွန္ ျဖစ္လာသည္။ ဩ
"အင္း .. ကြၽန္ေတာ္ ေစာင့္ေနမွာပါ"
က်န္းရွန္လည္း ေတာက္ပစြာ ၿပဳံးလိုက္ၿပီး ယဲ့ရွင္းခ်န္လည္း ရယ္ေမာလိုက္သည္။ သူတို႔ႏွစ္ဦး အတူတူ ရွိနိုင္သည္ မဟုတ္ပါလား။
ယြင္ေယာင္ ဟင္းခ်က္ ေကာင္းသည္ကို သိသြားၾကသည့္ အခ်ိန္မွစ၍ ကန္တင္းကို မသြားၾကေတာ့ေပ။ ရွင္းဖုန္းႏွင့္ သူ၏အဖြဲ႕သားမ်ား စီရင္စုၿမိဳ႕ေတာ္ အတြင္း မရွိသည့္ အခ်ိန္တြင္ပင္ ေရခဲေသတၱာထဲတြင္ အေအးခံထားေသာ ဟင္းသီး ဟင္း႐ြက္မ်ားကို ႀကိဳက္ႏွစ္သက္လ်က္ ရွိသည္။ ယြင္ေယာင္သည္ ေန႕စဥ္ေန႕တိုင္း ဒါဇင္ႏွင့္ခ်ီေသာ လူမ်ားအတြက္ ခ်က္ျပဳတ္ ေပးေနရၿပီး သူမ မပင္ပန္းေသာ္လည္း မနက္ေစာေစာမွ စ၍ပင္ အစားေသာက္မ်ားကို ျပင္ဆင္ေနရသည္။ ကံအားေလ်ာ္စြာ သူမသည္ မေန႕ကစ၍ တစ္ဦးတည္း ခ်က္ျပဳတ္ရန္ မလိုေတာ့ေပ။ ဝမ္စူးဟြာသည္ သူမကို ကူညီေပးၿပီး ဝမ္စူးဟြာ သည္လည္း အိမ္ရွင္မ တစ္ေယာက္ ျဖစ္ေသာေၾကာင့္ ယြင္ေယာင္ ကဲ့သို႔ ေကာင္းမြန္စြာခ်က္ျပဳတ္နိုင္သည္။ ဝမ္စူးဟြာ ခ်က္ျပဳတ္ထားသည္ကို ခ်ဴးေဟာင္လင္း စားေသာက္ၿပီးေနာက္ ကိုယ့္ကိုယ္ကို ကံေကာင္းသူဟု ေအာ္ကာ သူမ၏ ေျမးအျဖစ္ ေမြးစားရန္ ဂ်စ္တိုက္ေလသည္။ ခ်ဴးေဟာင္လင္းမွာ အစားၾကဴးသူ တစ္ေယာက္ ျဖစ္သည့္အျပင္ ဘယ္ေသာအခါမွ ေျပာင္းလဲေတာ့မည္ မဟုတ္ေသာေၾကာင့္ ခ်ဴးေဟာင္လင္းအား မည္သူမွမေျပာဆိုၾကေတာ့ေပ။
"ေ႐ႊသတၱဳ စြမ္းအားရွင္လား ? ေဟး ... မင္းကေတာ့ တကယ္ ကံေကာင္းတာပဲ မင္းမရည္႐ြယ္ဘဲ ေ႐ြးခ်ယ္လိုက္တဲ့ သူက ႏွစ္ထပ္ကြမ္း စြမ္းအားရွင္ ျဖစ္ေနမွေတာ့ ေနာက္ထပ္ ဘာလိုေတာ့မွာလဲကြာ ... သူက တကယ္ကို ျပင္းထန္တဲ့ ေ႐ႊသတၱဳ အစြမ္းကို ပိုင္ဆိုင္ထားသူပဲ အဆင့္ျမင့္တင္ လိုက္ရင္ သူ႕ကိုပိုၿပီး အားႀကီးေစလိမ့္မယ္ ... ဒီတစ္ခါေတာ့ ငါ့အစြမ္းေတြ ထုတ္သုံးဖို႔ မလိုေတာ့ဘူး ထင္တယ္ ျဖစ္နိုင္ရင္ ငါ့ရဲ႕အစြမ္းေတြကို ျမင္သာေအာင္ မျပခ်င္ေတာ့ဘူး"
သူတို႔ႏွစ္ဦး ခ်စ္သူျဖစ္ၿပီး ခ်ိန္မွစ၍ ယြင္ခ်ဲ့ ရွက္႐ြံ႕ မေနေတာ့ေပ။ ထိုေန႕ညက ရွင္းဖုန္း၏ အခန္းထဲတြင္ တစ္ညလုံး ရွိေနခဲ့ၿပီး အိပ္ရာေပၚတြင္ လွဲေနလ်က္ျဖင့္ ရွင္းဖုန္း ႏွင့္အတူ အလုပ္တာဝန္မ်ား အေၾကာင္း ေျပာေနခဲ့သည္။ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ တို႔အား ယြင္ခ်ဲ့ ေစာင့္ေရွာက္ ထားသည္ကို ရွင္းဖုန္း မအံ့ၾသေတာ့ေပ။ ယဲ့ရွင္းခ်န္သည္ ယြင္ေယာင္ႏွင့္ ခ်န္ခ်န္တို႔ကို ေကာင္းစြာ ခင္မင္ရင္းႏွီးေၾကာင္း ကူးမင္႐ႊမ္း ေျပာျပထားသည္။
"ထူးထူးဆန္းဆန္းႀကီး ခံစားေနရတယ္ ... ခင္ဗ်ားက ကိုယ့္ရဲ႕ စြမ္းအားေတြကို ဖုံးကြယ္ထားမယ့္ သူမဟုတ္ဘူး အျခားသူေတြ ေၾကာက္ၾကမွာ စိုးလို႔လား"
ယြင္ခ်ဲ့ ေျခခ်ိတ္ထိုင္ေနၿပီး သိလိုစိတ္ ျပင္းျပစြာျဖင့္ ေမးလိုက္သည္။ ႏွစ္ေယာက္ ဆက္ဆံေရး ေကာင္းမႈေၾကာင့္ သူသိလိုသည္မ်ားကို ေစာင့္စည္းေနစရာ မလိုပဲ ေမးျမန္းနိုင္သည္။
"တကယ္လို႔ ငါ့မွာ ေမွာ္စြမ္းရည္ မရွိခဲ့ရင္ေတာင္မွ ေခါင္းေဆာင္ေတြ ငါ့ကို ေၾကာက္ၾကလိမ့္မယ္ .. ဒါမယ့္ ငါ့ရဲ႕စြမ္းအားကို ျမင္သာေအာင္ မျပခ်င္ဘူး တခ်ိဳ႕သူေတြေၾကာင့္လည္း ပါတယ္ ...သူတို႔က ငါ့မိသားစုဝင္ေတြပါပဲ အခုခ်ိန္မွာေတာ့ ရွင္းျပဖို႔ခက္တယ္ ငါတို႔ ၿမိဳ႕ေတာ္ကို သြားတဲ့ တစ္ေန႕က်ရင္ ငါမင္းကို ဒါေတြ အားလုံး ရွင္းျပပါမယ္"
ရွင္းဖုန္း လက္လွမ္းကာ ယြင္ခ်ဲ့ မ်က္ႏွာကို ကိုင္လာလ်က္ အိပ္ရာေပၚတြင္ ထိုင္လိုက္ၿပီး Yun လက္ကို ကိုင္လိုက္သည္။ ရွင္း မိသားစုေရးရာမွာ ရႈပ္ေထြးလွသျဖင့္ ျဖစ္နိုင္လွ်င္ ယြင္ခ်ဲ့ကို ဝင္ေရာက္ မပတ္သက္ေစလိုေပ။ သို႔ေသာ္ သူတို႔ဆက္ဆံေရး စတင္ခဲ့ခ်ိန္မွစ၍ ယြင္ခ်ဲ့ သိထားရန္ လိုအပ္ လာေသာ္လည္း အခ်ိန္မ်ားစြာ လိုအပ္ေသးသည္။
"တကယ္လို႔ ခင္ဗ်ားရဲ႕ စြမ္းအားေတြကို ထုတ္မျပခ်င္ဘူးဆိုရင္ ေဟာင္လင္းကို ဒီတစ္ေခါက္ မေခၚသြားတာ ေကာင္းလိမ့္မယ္ ... မင္းရဲ႕အဖြဲ႕ထဲမွာ နယ္ေျမ စြမ္းအားရွင္က မင္းတစ္ေယာက္တည္းဆိုရင္ အျခားသူေတြ ထိတ္လန႔္ၾကမွာ မဟုတ္ဘူး"
ယြင္ခ်ဲ့သည္ အေျခခံက်သည့္ အေၾကာင္းအရာမ်ားကို မသိလိုေပ။ အခုအခ်ိန္တြင္ ရွင္းဖုန္း မေျပာျပနိုင္သည့္ အေၾကာင္းျပခ်က္ ရွိလိမ့္မည္ဟု ယြင္ခ်ဲ့ ယုံၾကည္ၿပီး သူသိသင့္သည့္ အခါတြင္ သိလာရလိမ့္မည္။
"ဒီတစ္ႀကိမ္ေတာ့ ငါတို႔ တာဝန္ၿပီးေျမာက္ဖို႔ အတြက္ မဟုတ္ဘဲ ဘယ္သူမွ မေသေၾကဘဲ အနာတရမျဖစ္ဖို႔ အေကာင္းဆုံး နည္းလမ္းကိုပါ လိုအပ္တယ္ ... ငါတို႔နဲ႕အတူ ရႈက်ဲကို ေခၚသြားသင့္လား"
ရွင္းဖုန္း ေခါင္းညိတ္ကာ ယြင္ခ်ဲ့ကို သူ၏ရင္ဘတ္ေပၚသို႔ ဆြဲေခၚလိုက္ၿပီး သူ၏လက္မ်ားမွာလည္း ယြင္ခ်ဲ့ ခါးကို ညင္သာစြာ ဖက္ထားလိုက္သျဖင့္ ယြင္ခ်ဲ့က မ်က္လုံးကို ေဝ့ၾကည့္ လိုက္သည္။
"အတည္ႀကီးလား…. အလင္းစြမ္းအားရွင္ တစ္ေယာက္ကို ဘာလို႔ ေခၚသြားမွာလဲ ... သူ႕ကိုတစ္ေယာက္ေယာက္က အၿမဲလိုက္ ကာကြယ္ေနရမွာေလ"
အလင္းစြမ္းအားမွာ အေရးႀကီးသည္ကို ယြင္ခ်ဲ့ ဝန္ခံပါသည္။ သို႔ေသာ္ အလင္း စြမ္းအားရွင္ကို ေခၚသြားမည္ဆိုပါက အားနာေသာ္လည္း သူမေခၚလိုေပ။ ထို႔အျပင္ ရႈက်ဲသည္ သတၱိနည္းသူ ျဖစ္ေသာေၾကာင့္ ယြင္ခ်ဲ့ အထင္မႀကီးေပ။
"အင္းပါ ငါတို႔လည္း အလင္း စြမ္းအားရွင္ကို မလိုအပ္ပါဘူး။ ဒါေပမယ့္ ေလတာ့ရွန္ အတြက္ လိုအပ္နိုင္တယ္ ... ညစာမစားခင္ မင္႐ႊမ္းက ငါ့ကို အရႈံးသမားအဖြဲ႕နဲ႕ ပတ္သက္ၿပီး အခ်က္အလက္ တခ်ိဳ႕ ေျပာျပတယ္ အဖြဲ႕ဝင္ ရာခ်ီရွိေပမယ့္ စြမ္းအားရွင္ ၁၈ ေယာက္ပဲရွိတယ္။ က်န္တဲ့လူေတြက သာမန္လူေတြ၊ သက္ႀကီး ႐ြယ္အိုေတြနဲ႕ ကေလးေတြလည္း ပါတယ္ ... တကယ္လို႔ သူတို႔ေတြ ေသဆုံးသြားခဲ့ရင္ ငါတို႔ ေကာင္းမြန္ေအာင္ ေဆာင္႐ြက္နိုင္ေတာ့မွာ မဟုတ္ဘူး"
ရႈက်ဲ အား ယြင္ခ်ဲ့ သေဘာမက်သည္ကို ရွင္းဖုန္း သိသည္။ ထို႔အတူ ရွင္းဖုန္းလည္း ရႈက်ဲကို မႀကိဳက္ေပ။ သို႔ေသာ္ ထိုအရာမ်ားမွာ အေရးမႀကီး။ ရႈက်ဲ၏ စြမ္းအားကို အက်ိဳးရွိစြာ မည္သို႔ အသုံးခ်မည္ ဆိုသည္က ပို၍ အေရးႀကီးသည္။ ယခု တာဝန္အတြက္ အလင္းစြမ္းအင္ လိုအပ္သည္။
"အင္း .. ဘာပဲျဖစ္ျဖစ္ သူ႕ကိုေခၚသြားဖို႔ သေဘာမတူဘူး ခင္ဗ်ား အဆင္ေျပသလို လုပ္ပါ ဒါေပမယ့္ က်ဳပ္လူေတြကေတာ့ သူ႕ကို ကာကြယ္ မေပးနိုင္ဘူးေနာ္ ..."
အလင္းစြမ္းအားရွင္ တစ္ေယာက္ကို ကာကြယ္ ေပးရန္မွာ လူေပါင္းမ်ားစြာ၏ စေတးခံ ေပးဆပ္မႈမ်ား လိုအပ္သည္။ သို႔ေသာ္ ယြင္ခ်ဲ့ ထိုမွ်ေလာက္ မ႐ူးေပ။ သူ႕အတြက္ အလင္းစြမ္းအင္မွာ အသုံးမဝင္ေသာ အစြမ္းပင္။
"အင္းပါ ငါေသခ်ာ စဥ္းစားလိုက္ပါမယ္ ..."
ရွင္းဖုန္းသည္ မ်က္လႊာခ်ကာ ယြင္ခ်ဲ့ကို စိုက္ၾကည့္ေနၿပီး အလင္းစြမ္းအားရွင္မွာ လူတိုင္း အလိုရွိသူ ျဖစ္ေသာ္လည္း ယြင္ခ်ဲ့ အတြက္ အရႈံးသမား တစ္ေယာက္သာ ျဖစ္ေနသည္။
"ခင္ဗ်ားဘာေတြ စဥ္းစားေနတာလဲ"
ယြင္ခ်ဲ့ ေခါင္းကိုခါၿပီး ရွင္းဖုန္း ဘက္သို႔ လွည့္ကာ ရွင္းဖုန္း လက္ေမာင္းေပၚတြင္ အိပ္လိုက္သည္။
"ယဲ့ရွင္းခ်န္ရဲ႕ စြမ္းအားနဲ႕ ပတ္သက္ၿပီး စဥ္းစားေနတာ ... ရိုးစင္းတဲ့သူက အရမ္း အသုံးဝင္နိုင္မယ္ ဆိုေတာ့ ငါတတ္နိုင္သမွ် သူ႕ရဲ႕ စြမ္းအားေတြ တိုးတက္လာဖို႔ ကူညီေပးရမယ္ ... ဒီတစ္ခါတာဝန္မွာ ေလစြမ္းအင္ကို နည္းနည္းပဲ သုံးၿပီး အျမဳေတကိုပဲ ပိုစုေဆာင္းရမလား .. အဆင့္ ၀ နဲ႕ အဆင့္ ၁ အျမဳေတေတြက အသုံးမဝင္ေတာ့ဘူး ... ထုံယန္းၿမိဳ႕ထဲမွာ အဆင့္ ၂ အျမဳေတေတြ အမ်ားႀကီး ရွိေနမယ္လို႔ ငါထင္တယ္"
ယြင္ခ်ဲ့ မွာ အဆင့္ ၃ အျမဳေတမ်ား၊ အထူးသျဖင့္ အာနိသင္မဲ့ အျမဳေတြမ်ားကို လိုအပ္သည္။ လုဟိုင္႐ႊမ္းသည္ ထိုအရာမ်ားကို လိုအပ္သည့္ တစ္ဦးတည္းေသာ သူျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ ယဲ့ရွင္းခ်န္မွာ ထိုအရာမ်ားကို ပို၍လိုအပ္သည္။ ယဲ့ရွင္းခ်န္မွာ သနားစရာေကာင္းသည္ဟု ယြင္ခ်ဲ့ ေတြးမိသြားသည္။
ရွင္းဖုန္းလည္း လွည့္လိုက္ၿပီး ယြင္ခ်ဲ့ အေပၚမွ အုပ္မိုးကာ ယြင္ခ်ဲ့ ပါးကို အသာညွစ္လိုက္ၿပီး ...
"ငါနဲ႕ ရွိေနတဲ့အခ်ိန္ အျခားေကာင္ေလး အေၾကာင္း စဥ္းစားေနတယ္ေပါ့ေလ။ ငါမင္းကို ဘယ္လို အျပစ္ေပးရင္ ေကာင္းမလဲ"
"အမ္ ကြၽန္ေတာ့္ကို ခင္ဗ်ား လိုအပ္ေနရင္လည္း ေျပာေလ .. ဒီလို အေၾကာင္း မရွိအေၾကာင္း ရွာေနရလား"
ယြင္ခ်ဲ့ ရွက္သြားၿပီး ရွင္းဖုန္းကို ဆြံ႕အစြာ ၾကည့္လိုက္သည္။ ရွင္းဖုန္းတြင္ ယခုကဲ့သို႔ ကေလးဆန္ေသာ သဝန္တိုမႈမ်ိဳး ရွိေနသည္ကို မထင္ထားခဲ့ေပ။
"ဟား...ဟား... ဒါငါေစာင့္ေနခဲ့ရတဲ့ အရာပဲ"
"အမ္.."
ရွင္းဖုန္း ေျပာၿပီးသည္ႏွင့္ ေခါင္းကို ေအာက္သို႔ ႏွိမ့္ခ်ကာ ယြင္ခ်ဲ့၏ ႏႈတ္ခမ္းမ်ားကို စုပ္ယူလိုက္သည္။ သူ၏လွ်ာကို ယြင္ခ်ဲ့ ႏႈတ္ခမ္း တစ္စုံၾကားမွ က်ဴးေက်ာ္ ဝင္ေရာက္ သြားသည့္အခါ Yun Che သည္လည္း သူ၏လွ်ာကို တုံ႕ျပန္ နမ္းလိုက္သည္။
"အင္း ... ျဖည္းျဖည္းလုပ္ပါ ..အင္း.."
ရွင္းဖုန္း ျပင္းထန္စြာ စုပ္ယူလိုက္သျဖင့္ ယြင္ခ်ဲ့၏ လွ်ာအရင္းတြင္ ဆတ္ခနဲ နာက်င္ သြားရသည္။ အျပစ္တင္လိုက္သည့္ ခဏအတြင္း ရွင္းဖုန္းက ယြင္ခ်ဲ့ ႏႈတ္ခမ္းကို ျပန္လည္ စုပ္ယူလိုက္သည္။ အႀကိမ္တိုင္းတြင္ ရွင္းဖုန္းသည္ သူ၏ ႏႈတ္ခမ္းကို ကိုက္၍ လွ်ာကို ျပင္းထန္စြာ စုပ္ယူသည္။ ယြင္ခ်ဲ့ နာက်င္သြားသည့္ အခါတြင္ ရွင္းဖုန္း ျပန္လႊတ္ ေပးလိုက္ၿပီး သူ၏လွ်ာကို ထိုးသြင္းလ်က္ ယြင္ခ်ဲ့ ႏႈတ္ခမ္းမ်ားကို ညင္သာစြာ လ်က္လိုက္သည္။ ယြင္ခ်ဲ့ စိတ္ကို ခ်ဳပ္တည္း ထားခ်င္ေသာ္လည္း မတတ္နိုင္ခဲ့ေပ။ စိတ္အေႏွာင့္ယွက္ ျဖစ္စြာပင္လွ်င္ သူ၏ ငယ္႐ြယ္ေသာ ခႏၶာကိုယ္သည္ ရွင္းဖုန္း၏ အထိအေတြ႕မ်ား အေပၚတြင္ လိုလား ေတာင့္တလာသည္။
"ကိုယ္ အခု တကယ္ မင္းနဲ႕ ခ်စ္ခ်င္တယ္"
ျပင္းျပေသာ အခ်စ္စိတ္က လြန္က်ဴးစြာ ေလာင္ကြၽမ္း ေနေလၿပီ။ ယြင္ခ်ဲ့ကို မလႊတ္လိုက္လွ်င္ သူ၏ လိုခ်င္ တပ္မက္ေမာမႈမ်ားကို ခ်ဳပ္ထိန္းနိုင္မည္ မဟုတ္ေပ။ ပင့္သက္ ရွိုက္လ်က္ျဖင့္ ရွင္းဖုန္းမွာ ေခါင္းကို ယြင္ခ်ဲ့ လည္ပင္းနားသို႔ ဝွက္ထား လိုက္သည္။ ထို႔ေနာက္ ယြင္ခ်ဲ့ လည္တိုင္မွ ပင္မေသြးလႊတ္ေၾကာ တစ္ေလွ်ာက္ကို ထပ္ခါထပ္ခါ လ်က္ေတာ့သည္။ တစ္ခါတစ္ရံ ယြင္ခ်ဲ့ နားကို ကိုက္၍ ခ်ိဳသာစြာ လ်က္လိုက္သည္။
"မလုပ္ဘူးလား ... က်ဳပ္ကို ဆြတုန္းကဆြၿပီးမွ ရပ္မလို႔လား"
ရွင္းဖုန္း၏ ဆိုလိုရင္းကို သေဘာေပါက္ေသာ ယြင္ခ်ဲ့မွာ ခႏၶာကိုယ္ ေအာက္ပိုင္းကို တြန႔္လိမ္ လိုက္သည္။ သူသည္ အခ်စ္ကိစၥ ၿပီးေျမာက္ရန္ အဆင္သင့္ ျဖစ္ေနေပၿပီ။ ရွင္းဖုန္း ခ်ီတုံခ်တဳံ ျဖစ္ေနသည့္ အခ်ိန္ ကတည္းကပင္လား။ လမ္းတစ္ဝက္မွာ ရပ္လိုက္ျခင္းက ေတာ္ေတာ္ နာက်င္ရသည္ မဟုတ္ပါလား။
"ငါ့ကို ေသြးမေဆာင္ပါနဲ႕.. ငါဒီေန႕ အဆင္သင့္ မျပင္ထားဘူး…. ေခ်ာဆီ တစ္ခုခုမပါရင္ မင္းနာလိမ့္မယ္.."
ရွင္းဖုန္းလည္း ေဘးသို႔လွည့္ကာ ယြင္ခ်ဲ့ ေဘးတြင္ လွဲအိပ္လိုက္ၿပီး ယြင္ခ်ဲ့၏ ေဘာင္းဘီကို ခြၽတ္ကာ သူ၏ အရာကို ကိုင္လိုက္သည္။ ရွင္းဖုန္းမွာ ကိုယ္လက္ႏွီးေႏွာမႈကို လိုလားေသာ္လည္း သူေသခ်ာ မျပင္ဆင္လာရသျဖင့္ ေပ်ာ္႐ႊင္မႈေလးကို ႐ုတ္တရက္ ဖ်က္ဆီး လိုက္မိမည္ကို စိုးရိမ္ေနသည္။ အကယ္၍ သူ ယြင္ခ်ဲ့အား နာက်င္ေစမိလွ်င္ သူ၏ႏွလုံးသားလည္း နာက်င္ ရလိမ့္မည္။
"ျဖည္းျဖည္းလုပ္ပါ .. ကြၽန္ေတာ့္မွာ ကြန္ဒုံးပဲရွိတာ .. က်ဳပ္တို႔ ဆိုင္တစ္ဆိုင္ ေလာက္ကိုေတာ့ ရေအာင္ရွာသင့္ေနၿပီ"
မ်က္ေစာင္းျဖင့္ ၾကည့္လိုက္ၿပီး ရွင္းဖုန္း သူ႕အား အာသာေျဖ ေပးေနခ်ိန္တြင္ ညည္းတြား ေနေလသည္။ အမ်ိဳးသား ႏွစ္ဦးၾကား လိင္ဆက္ဆံသည့္ အခ်ိန္တြင္ ေခ်ာဆီ လိုအပ္သည္ကို ရွင္းဖုန္း သတိေပးလိုက္သည္။ ရွင္းဖုန္း၏ အဂၤါအား သူ႕လက္ျဖင့္ ထိလိုက္သည့္အခါ ႀကီးမား မာထန္လွေနသည္ကို ခံစားမိလိုက္သည္။ အကယ္၍ ရွင္းဖုန္း အတင္းအၾကပ္ လုပ္မည္ဆိုလွ်င္ ေနာက္တစ္ေန႕တြင္ အျခားသူမ်ား အားလုံး သူ႕အား ဝိုင္းေလွာင္ ၾကလိမ့္မည္။
"တစ္ဆိုင္တည္းနဲ႕ မလုံေလာက္ဘူး ထင္တယ္ ထုံယန္းက ၿမိဳ႕ႀကီးျဖစ္ေတာ့ ငါတို႔ေတြ႕သမွ် ဆိုင္ေတြ အကုန္ရွာၾကစို႔"
ရွင္းဖုန္း လွဲအိပ္ေနၿပီး ယြင္ခ်ဲ့ နားကို ကိုက္လ်က္ ကာမဆႏၵ ျပင္းျပေသာ အသံမ်ားျပဳလည္း ျပဳေနသည္။
"အ..."
"ေဟာ္ေဟာ္ .. မင္းျမန္ျမန္နဲ႕ ၿပီးသြားတာပ"
ယြင္ခ်ဲ့ သူ၏လက္ေပၚတြင္ ျမန္စြာ အထြတ္အထိပ္ ေရာက္သြားသျဖင့္ ရွင္းဖုန္း စိတ္မထိန္းနိုင္ဘဲ ရယ္လိုက္မိသည္။ ယြင္ခ်ဲ့လည္း ရွင္းဖုန္းကို ထုရိုက္ကာ သူ၏ပခုံးမ်ားကို ကိုက္လိုက္သည္။
"အ ..."
ရွင္းဖုန္း က်ယ္ေလာင္စြာ ေအာ္လိုက္ၿပီး ယြင္ခ်ဲ့ ေခါင္းအေနာက္ဘက္မွ ကိုင္ကာ ပို၍ ျပင္းထန္စြာ ကိုက္လိုက္သည္။ ယြင္ခ်ဲ့လည္း အရွက္ေျပသြားရာ ရွင္းဖုန္း၏ ပခုံးမ်ားကို မလႊတ္ေပးေတာ့ဘဲ ေသြးထြက္သည္ အထိပင္ ကိုက္လိုက္သည္။ ထို႔ေနာက္တြင္ လွ်ာကို ထုတ္၍ ကိုက္ရာ အမွတ္ေပၚသို႔ အျပန္အလွန္ လ်က္ေပး လိုက္ၾကသည္။
***