ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

427K 59.7K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်

Part 83

2K 339 3
By Swae_Nyoe

Unicode

အခန်း (၈၃)

ယွင်ချဲ့၏ အစွမ်းမှာ အဆင့် ၃ သို့ ရောက်သွားပြီ ဖြစ်သော်လည်း ကားနှစ်စီးကို တစ်ပြိုင်နက်တည်း လေထုဖြင့် ရစ်ပတ်ထားရန် မဖြစ်နိုင်သေးသဖြင့် လေထု အကာအရံ မပါဘဲ လင်းကျန်းမြို့သို့ ယနေ့အတွင်း အရောက် သွားလို့ပါက လုံးဝ မဖြစ်နိုင်ပေ။ မကြာသေးမီက အစွမ်း ရလာခဲ့သော ကျန့်ထျန်းလုံအား နည်းလမ်းများ ပြောပြပေးပြီးနောက် ပဉ္စမပတ်လမ်း၏ အပြင်ဘက်သို့ ရောက်သည့်အခါ ကားပြင်ဆိုင်ကို တွေ့လေရာ လူ ၂၀ ထိုင်နိုင်သည့် ခုံများပါသော ဘတ်စ်ကားငယ် ၂ စီးကို ယူလာခဲ့ကြသည်။ ထိုအချိန်တွင် ယွင်ချဲ့ သည်လည်း အခြား လိုအပ်နိုင်သည့် စက်ပစ္စည်းများကိုလည်း သူ၏နယ်မြေသို့ ထည့်ကာ ယူဆောင် လာခဲ့သည်။ ထိုနေရမှာ ထွက်လာသည့် အချိန်မှာ နေ့လယ်ခင်း အချိန်ပင် ကျော်လွန် သွားလေပြီ။

စားသောက်ရန် အတွက် ခဏပင် မရပ်ကြတော့ဘဲ အဆာပြေရုံမျှသာ စားခဲ့ကြပြီး အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။ လာသည့်လမ်းတွင် တွေ့ကြုံခဲ့ရသည်တို့နှင့် ယွင်ချဲ့၏ အစွမ်း အဆင့်တက် သွားခြင်းကြောင့် အပြန်တွင် လွယ်ကူစွာ ပြန်နိုင်ခဲ့ကြပြီး ၃ နာရီကြာ ပြီးနောက် အနောက်တောင် စခန်းသို့ ရောက်လာခဲ့ကြသည်။ စခန်းသို့ ပြန်ရောက်သည်နှင့် ယွင်ချဲ့က ကျန့်ယာဖေး အတွက် ကားတစ်စီး ထုတ်ပေးကာ လင်းမိသားစုကို တာဝန် ယူစေလိုက်ပြီး ယန်းဟွိုင်အန်းလည်း ကူညီပေးရန် လိုက်သွားသည်။ ကျန်သော အဖွဲ့သားများမှာ မိမိတို့နေရာသို့ ကိုယ်စီ ပြန်သွားကြလေသည်။

"ဉီးဉီး .. ပြန်လာပြီ ...."

မူကြိုကျောင်းမှ ပြန်လာသော ချန်ချန်လေးမှာ စားပွဲတွင် ထိုင်လျက် စာရေးကျင့်နေစဉ် အိမ်ထဲ ဝင်လာသော ယွင်ချဲ့တို့ကို တွေ့လိုက်သည်နှင့် အမြန်ပြေးကာ သူ၏ လက်ကလေးများဖြင့် ယွင်ချဲ့ ခြေထောက်ကို ဖက်ထားလိုက်သည်။

"ဟုတ်ပါပြီ ... ဉီးဉီး ညစ်ပတ် နေသေးလို့ ရေချိုးပြီးမှ လာဖက် ပေးမယ်နော်"

ယွင်ချဲ့လည်း မောပန်းခြင်းများ အလျင်း ပျောက်သွားသကဲ့သို့ အပြုံးများ တောက်ပလျက် ချန်ချန်ကို အသာတွန်းဖယ် လိုက်သည်။

"ဟုတ် !"

ချန်ချန်လည်း ခေါင်းညိတ်ပြကာ ယွင်ချဲ့တို့ နှင့်အတူ အိမ်ထဲသို့ လိုက်ဝင်သွားသည်။ ထိုအချိန်တွင်ပင် ချန်ချန်က နှုတ်ခမ်းစူကာ မော့ကြည့်လျက် ယွင်ချဲ့ကို တိုင်တန်း လေသည်။

"သားက ဉီးဉီးကို သတိရနေတာ .. ဒါပေမယ့် မေမေက ဉီးဉီး အလုပ်များနေတယ် သွားမနှောင့်ယှက် ရဘူးတဲ့"

ယွင်ချဲ့ ထွက်သွားသည့် နေ့မှာ ချန်ချန် မူကြိုစတက်သည့်နေ့ ဖြစ်သောကြောင့် အလွန်ပျော်ရွှင် နေခဲ့သော်လည်း အိမ်ပြန်လာသည့် အချိန်တွင် ဉီးလေး ဖြစ်သူကို မတွေ့ခဲ့သောကြောင့် အလွန်ပင် စိတ်ဆိုးခဲ့သည်။ ဉီးလေးဖြစ်သူ အလုပ်ပျက်မည် စိုးသောကြောင့် သူ၏အမေက ဂျီကျခွင့်မပြုခဲ့ပေ။

"လိမ္မာလိုက်တာ သားလေးက ဉီးဉီးကို မနှောင့်ယှက် တတ်ဘူးလေ နောက်ဆို မေမေ့ကိုဒီလိုပြောနော်"

ချန်ချန် ဝမ်းနည်းသွားပုံ ရသဖြင့် ယွင်ချဲ့က အသည်းယားစွာဖြင့် ခေါင်းလေးကို အသာပုတ်လေသည်။

"ဟုတ်ကဲ့ !"

"သူ့ကို အမြဲ အလိုမလိုက်နဲ့ .. အလိုလိုက်လို့ ဆိုးသွမ်းပြီး ကြာလာရင် ခေါင်းပူရမှာ မကြောက်ဘူးလား"

ချန်ချန်မှာ အလွန် ပျော်ရွှင် နေသော်လည်း ယွင်ချဲ့ စကားဆုံးသည်နှင့် ယွင်ယောင် ပေါ်လာပြီး ယွင်ချဲ့ အနာတရာ တစ်ခုခု ရမရကို စစ်ဆေးရန် ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ယွင်ချဲ့ ထွက်သွားသည့် ရက်မှစ၍ သူမအလွန် ကြောက်လန့်နေခဲ့ပြီး မည်သည့်အရာမှ သူမကို စိတ်သက်သာရာ မရစေခဲ့ပေ။ ပျင်းလာသော အချိန်များတွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သော်လည်း ကံကောင်းစွာပင် ယွင်ချဲ့ မသွားမီ ပျိုးပင်မျိုးစေ့များ ထားပေးခဲ့ရန် ပြောလိုက်သဖြင့် သူမအတွက် အပျင်းပြေရာ တစ်ခုရသွားလေသည်။

"အလိုလိုက် ခံရတော့ ဘာဖြစ်လဲ ... ဒါမှ သူ့ကို သူများတွေ အနိုင်မကျင့်ခင် ပြန်ခုခံလို့ ရမှာပေါ့"

ချန်ချန် လက်ကလေးကို ကိုင်လျက် ယွင်ချဲ့ ပြန်ဖြေလိုက်သည်။ အမှန်ဆိုရလျှင် ချန်ချန်ကို ယွင်ချဲ့ အလိုလိုက် ထားချင်သည်။ ကပ်ဘေး ကာကလတွင် သဘောထား နူးညံ့ ကြင်နာတတ်သူက အမြဲနှိပ်ကွပ် ခံရမည်။ သူ၏တူလေးကို ထိုသို့ မဖြစ်စေချင်ပေ။

"နင်တော့ !"

ပြိုင်ငြင်းရန် မနိုင်တော့သဖြင့် ယွင်ယောင်လည်း ပိမ်ထဲသို့ လိုက်ဝင်သွားပြီး တွေဝေစွာမေးသည်။

"ယာဖေးရော ဘယ်မှာလဲ"

သူမ တစ်ခုခု ဖြစ်ခဲ့လို့များလား။

ထိုသို့ တွေးမိ လိုက်သည်နှင့် ယွင်ယောင် မျက်နှာဖြူဖျော့ သွားလေသည်။ ကျန့်ယာဖေးကို သူမ၏ညီမ တစ်ယောက်ကဲ့သို့ သဘောထားသဖြင့် ကျန့်ယာဖေး တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမမည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။

"မမ လျှောက်တွေးမနေနဲ့ သူဘာမှမဖြစ်ဘူး လူတွေ ထပ်ပါလာသေးလို့ နေရာချပေးနေတာ ခဏနေ သူ့မိဘတွေနဲ့ လာလိမ့်မယ် ... ကျွန်တော် ရေချိုးတော့မယ် ညနေစာ များများ ချက်ထားပေး နေ့လယ်က အဆာပြေတွေပဲ စားလာခဲ့ရတယ်"

အစ်မ၏ စိုးရိမ်ပူပန်နေသော မျက်နှာကိုကြည့်ကာ ယွင်ချဲ့ ခေါင်းခါလျက် ပြောလိုက်ပြီး ရှင်းဖုန်း အပါအဝင် အဖွဲ့သားများနှင့် အပေါ်ထပ်သို့ တက်သွားလေသည်။

"မမယောင် များများ ချက်ထားပေးနော် !"

ချူးဟောင်လင်းလည်း ယွင်ယောင် ဘေးမှ ဖြတ်သွားစဉ် လှမ်းပြောပြန်သည်။ ယွင်ယောင် ချက်ပြုတ်ပေးသော ဟင်းများကို သူအလွန် နှစ်ခြိုက်သည်။ သို့သော် သူ့ကို ယွင်ချဲ့ ထိုးမည်စိုးသောကြောင့် ယွင်ယောင်နှင့် လက်မထပ် ရသည်မှာ အလွန် စိတ်မကောင်းစရာပင်။ ဖြစ်နိုင်လျှင် ယွင်ယောင်ကိုသာ ချူးဟောင်လင်း လက်ထပ်ချင်လိုသည်။ သူမကဲ့သို့ အချက်အပြုတ် ကျွမ်းကျင် ပိုင်နိုင်သော မိန်းမကောင်း တစ်ယောက်ကို ရှာတွေ့နိုင်ရန် အလွန် ခဲယဉ်းလှသည်။

ယွင်ယောင် စိတ်တိုတိုနှင့် လက်ကို ဝှေ့ယမ်း ပြလိုက်သည်။ သူမသည် ကူးမင်ရွှမ်းနှင့် အသက် ရွယ်တူဖြစ်ပြီး ကျန်သော သူများက သူမထက် ငယ်ကြသည်။ ချူးဟောင်လင်းသည် သူမထက် ငယ်ရွယ်ပြီး အလွန် စကားများ သော်လည်း သူမ၏မောင်လေး တစ်ယောက်ကဲ့သို့ မှတ်ယူထားသည်။

"ချန်ချန် ဆင်းလာခဲ့ !"

ယွင်ချဲ့နှင့် အဖွဲ့သားများ ရေချိုးရန် အပေါ်ထပ်သို့ တက်သွားကြစဉ် ယွင်ယောင် သတိမပြုမိ လိုက်ချိန်တွင် သူမ၏ ဝတုတ်တုတ် သားလေးက လှေကားပေါ်သို့ တွားတက် နေသည်ကိုတွေ့လိုက်ရသဖြင့် ယွင်ယောင် မျက်မှောင်ကြုတ် လိုက်သည်။ ချန်ချန်မှာ ဉီးလေးဖြစ်သူကို အလွန် တွယ်ကပ်နေသဖြင့် သူစိမ်းများ မြင်လျှင် ယွင်ချဲ့၏ သားဟု အထင်မှား ကြပေလိမ့်မည်။

"အာ .. သားကို တွေ့သွားပြီ"

ချန်ချန် လျှာထုတ်ပြကာ နှုတ်ခမ်းစူလျက် လှေကား အောက်သို့ ပြန်ဆင်း လာခဲ့သည်။ အမြန် ပြန်ရောက် လာခဲ့သော ကူးမင်ရွှမ်းက လက်ထဲ ပါလာသည်တို့ကို ချထားခဲ့ပြီး ချန်ချန်ကို အမြန်လာချီ လိုက်သည်။

"ချန်ချန် ဘာဖြစ်တာလဲ .. ချန်ချန်လေးကို ဘယ်သူ စိတ်ညစ်အောင် လုပ်တာလဲ"

လက်တစ်ဖက်က ချန်ချန်ကို ချီလျက် ကျန်တစ်ဖက်က ချန်ချန်၏ နှာခေါင်းလေးကို အသာ ညှစ်လိုက်သည်။ ချန်ချန်မှာ အလွန် ချစ်စရာ ကောင်းသောကြောင့် ကူးမင်ရွှမ်း လက်ထဲမှ မချချင်ပေ။

"ဉီးဉီး မင်ရွှမ်း .. သားကို အောက်ချပေးတော့ စာသွား ရေးတော့မယ်"

ချန်ချန်က စိတ်ဆိုးနေသဖြင့် ရုန်းနေသောကြောင့် ကူးမင်ရွှမ်းလည်း အောက်သို့ချပေးလိုက်ရသည်။

"ဟွန့် မေမေ စိတ်ပုတ်တယ် !"

အပေါ်ထပ်သို့ တက်မည်ကို ယွင်ယောင် တားလိုက်သဖြင့် စိတ်ဆိုးကာ နှုတ်ခမ်းဆူလျက် အပြင်သို့ ထွက်သွားလေသည်။ စားပွဲပေါ် မှီထိုင်ကာ ခဲတံကိုင်လျက် စိတ်ဆိုးနေဟန်ဖြင့် စာရေးနေလေသည်။

"အာ့အို .. ဘာလုပ်လိုက်လဲ ကြည့်ပါဉီး ကလေးပဲ ရှိသေးတာကို ... အရမ်း မတင်းကျပ်ပါနဲ့"

ချန်ချန်ကိုကြည့်ကာ ကူးမင်ရွှမ်း ချောင်းဟန့် လိုက်ပြီး ယွင်ယောင်နှင့် အလွန် ရင်းနှီးသူ တစ်ယောက်ကဲ့သို့ အကြံပေးလေသည်။ မည်သို့ဖြစ်ဖြစ် ချန်ချန် စိတ်အခြေအနေ မကောင်းသည့် အဖြစ်ကိုတော့ သူမမြင်လိုပေ။

ယွင်ယောင်က ရှက်ကိုးရှက်ကန်းဖြင့် ...

"ဘာလုပ်ရသေးလို့လဲ ... ရှောင်ချဲ့ ဆီသွားမလို့ လုပ်နေလို့ အောက်ပြန်ဆင်း လာခိုင်းတာပဲလေ .. မင်ရွှမ်း သူ့ကို အမြဲ အလိုမလိုက်နဲ့"

သားလေးကို လူအများ ချစ်ခင် အလိုလိုက်ကြသည်ကို ယွင်ယောင် အလွန် ပျော်ရွှင်ရသည်။ သို့သော် တစ်ခါတစ်ရံ သူမမှာ မိထွေး တစ်ယောက်ကဲ့သို့ ဖြစ်သွားရသည့်အခါ စကားများပင် ပျောက်ရှရသည်။

"မင်းရဲ့သားလေးက ချစ်စရာ ကောင်းလွန်းတာကိုး !"

ကူးမင်ရွှမ်းလည်း တစ်ခုခု နားလည်မှု လွဲသွားသဖြင့် ရယ်လိုက်မိသည်။

"ထားပါတော့ ငြင်းနေလည်း အပိုပဲ ဟင်းတွေ သွားချက်တော့မယ် ... ယွင်ချဲ့ ပြန်ဆင်းလာရင် အသီးအရွက်တွေ ယူပေးဖို့ ပြောထားဉီး ရေခဲသေတ္တာထဲမှာ ကုန်တော့မယ်"

"အင်း ... အိုကေ"

ယွင်ယောင်လည်း မီးဖိုခန်းသို့ သွားလိုက်ပြီး ကူးမင်ရွှမ်းမှာ မြင်ကွင်းထဲမှ ယွင်ယောင် ပျောက်သွားသည်နှင့် မျက်မှန်ကို ပင့်တင်လိုက်သည်။

"ဝါး အခုမှပဲ လန်းဆန်း သွားတော့တယ် !... အိမ်မှာရေချိုးရတာ အကောင်းဆုံးပဲ"

ဒုတိယအထပ်ရှိ အခန်းတစ်ခန်းကို ယွင်ချဲ့၊ လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ အတူမျှနေကြပြီး ရေချိုးခန်း တစ်ခန်းတည်းသာ ရှိသဖြင့် ရှင်းဖုန်း အခန်းထဲမှ ရေချိုးခန်းကို ယွင်ချဲ့ အသုံးပြုလိုက်ရသည်။

"အိမ်က ခုတင်လည်း အိပ်လို့ ကောင်းပါတယ် အထူးသဖြင့် ငါ့အိပ်ရာပေါ့ ... ဒီနေ့ကစပြီး ငါ့အခန်းထဲ လာအိပ်ပါလား"

စောစော ရေချိုးပြီးသော ရှင်းဖုန်းမှာ လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး ယွင်ချဲ့ကို မော့ကြည့်လေသည်။ ယွင်ချဲ့မှာ ဆိုဒ်ကြီးသော တီရှပ်နှင့် ဘောင်းဘီတိုကို တွဲဝတ်ဆင်ထားသဖြင့် သူ၏ဖြူဖွေးသော ခြေတံရှည်ကို အထင်းသား မြင်နေရသည်။ ယောကျ်ားတစ်ယောက် နှင့်မတူဘဲ သူ၏ခြေထောက်မှာ အမွေးအမျှင်များ မရှိသည့်အပြင် အသားအရေမှာလည်း နူးညံ့ချောမွေ့နေသည်။ ရှင်းဖုန်း အသွင်အပြင်မှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် လိင်ဆိုင်ရာ အတွေးများ တွေးတောနေလေသည်။

'ယွင်ချဲ့သာ သူ့ခြေထောက်တွေကို ငါ့ခါးမှာ ချိတ်ထားရင် ဒါလည်း ခံစားမှုတစ်မျိုး ဖြစ်မှာပဲမလား'

သူ၏အတွေးမှာ ကလေးသူငယ်များ အတွက် မသင့်တော်ပေ။

"ခင်ဗျား ပြောချင်တာက အခန်းထဲမှာ အိပ်ခိုင်းတာလား ခင်ဗျားနဲ့အတူ အိပ်ခိုင်းတာလား"

ယွင်ချဲ့မှာ ရှက်ရွံ့သည့် မိန်းကလေး မဟုတ်သောကြောင့် ရှင်းဖုန်း စကားထဲမှ ထူးခြားသော အရိပ်အမြွက် တစ်ခုကို ရိပ်မိလိုက်သဖြင့် ရှင်းဖုန်းထံသို့ ဉီးတည် သွားလေသည်။ ထို့နောက် ရှင်းဖုန်း ပေါ်တွင် ခွထိုင်ကာ ဘယ်ဘက်လက်ဖြင့် ရှင်းဖုန်း၏ ပခုံးကို ကိုက်လိုက်ပြီး ညာဘက် လက်ဖမိုးဖြင့် ရှင်းဖုန်း မျက်နှာကို ထိထားလိုက်သည်။ သူ၏နှုတ်ခမ်းကိုလည်း ဖွင့်လိုက်ပိတ်လိုက် လုပ်ကာ ရှင်းဖုန်း အနားကပ်လျက် နေပြီး သူ၏အာငွေ့မှာလည်း ရှင်းဖုန်း မျက်နှာကို ထိရိုက်နေသည်။ အနည်းငယ် အရှေ့တိုးလိုက်လျှင် ရှင်းဖုန်းကို နမ်းမိသွားတော့မည်။

"မင်း ဆန္ဒရှိရင်ပေါ့ ... မင်းကြိုက်လိမ့်မယ်လို့ ငါပြောရဲတယ်"

သူ့ထံ ကိုယ့်ကိုယ်ကို ပစ်ဝင်လာသော ယောကျ်ား တစ်ယောက်ကို ဘယ်သူကများ ငြင်းဆန်နိုင်မှာလဲ။ ရှင်းဖုန်းလည်း ယွင်ချဲ့ ခါးကို ထွေးပွေ့ကာ ဖက်ထားလိုက်ပြီး ရမ္မက် နိုးကြွနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။

"အင်း ... တကယ်လို့ မကြိုက်ရင်ရော ခင်ဗျားကို ပြန်ပေးရမှာလား"

ယွင်ချဲ့လည်း ရယ်ကာ ကြားလေ မတိုးရလောက်သည်အထိ ပူးကပ်လျက် တီးတိုးပြောလေသည်။

"ငါ့ကိုကြိုက်ပြီးရင်ရော ပြန်ပေးချင်သေးလား"

ရှင်းဖုန်း လက်တစ်ဖက်က ယွင်ချဲ့၏ တင်သို့ ရွေ့သွားကာ ဖျစ်ညှစ်လိုက်ပြီး ယွင်ချဲ့ နားရွက်ကို နမ်းလိုက်သည်။

"ဒီလောက်ပဲဆိုရင် ခင်ဗျားက ရင်ခုန်စရာ မကောင်းဘူးပဲ"

ယွင်ချဲ့ ပြောပြီးနောက် ရှင်းဖုန်း ပခုံးတို့ကို ကိုင်ကာ ထရန် ပြင်လိုက်သည့်အခါ ရှင်းဖုန်းက ပြန်ဆွဲထားလိုက်သည်။ လက်တစ်ဖက်က ယွင်ချဲ့ ခါးကို တင်းကျပ်စွာ ဖက်လျက် ကျန်လက်တစ်ဖက်က ယွင်ချဲ့ ခေါင်းအနောက်ဘက်မှ ကိုင်ကာ ယွင်ချဲ့၏ နှုတ်ခမ်းတို့ကို စုပ်ယူလေတော့သည်။

"အင်း..."

မထင်မှတ်သည့် ရုတ်တရက် ဆန်လွန်းသော အနမ်းကြောင့် ယွင်ချဲ့လည်း ရှင်းဖုန်း ပခုံးကိုအသာ ပုတ်ကာ ခဏလွှတ်ပေးရန် အချက်ပေးလေသည်။ သို့သော် ရှင်းဖုန်း လျစ်လျူရှုကာ ယွင်ချဲ့၏ နှုတ်ခမ်းတို့ကို သူ၏ပူနွေးစိုစွတ်သော လျှာဖြင့် တို့ထိနေလေသည်။ ထို့နောက် ယွင်ချဲ့ နှုတ်ခမ်းကို မြွတ်သိပ်စွာ စုပ်ယူလျက် ယွင်ချဲ့၏ ရမ္မက်စိတ် ဆန္ဒကို နှိုးဆွနေသည်။

"ခင်ဗျား ..  အင်း ..."

အနည်းငယ် နိုးထလာသော စိတ်ဆန္ဒ နှင့်အတူ ခန္ဓာကိုယ်မှာလည်း ပူနွေးလာသဖြင့် ယွင်ချဲ့ ရုန်းကာ စကားပြောရန် ကြိုးစားသော်လည်း ရှင်းဖုန်းက သူ၏လျှာကို ပွင့်အာလာသော ယွင်ချဲ့ နှုတ်ခမ်းသားများ ကြားသို့ ထည့်သွင်း လိုက်သည်။ ထိုအခိုက် ယွင်ချဲ့ ရုန်းကန်နိုင်စွမ်း မရှိတော့ ရှင်းဖုန်း ဉီးဆောင်ရာ နောက်သို့ လိုက်ကာ လျှာတို့ကို ရစ်ပတ်လျက် ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် နမ်းရှိုက် စုပ်ယူနေကြလေသည်။

"ခင်ဗျား ဟေ့ ... တော်တော့ ကျွန်တော် လုပ်စရာ ရှိသေးတယ် .. ခင်ဗျားနဲ့ အခုမလုပ်နိုင်သေးဘူး !"

ထိုအနမ်းမှာ အလွန် ကြာရှည်ခဲ့ပြီး ရှင်းဖုန်း လက်မှာ ယွင်ချဲ့ တီရှပ်အင်္ကျီတွင်းသို့ တိုးဝင်ကာ ခါးကို ပွတ်သပ်နေလျက် ပူနွေးသော အနမ်းများက လည်ပင်းပေါ်သို့ ရောက်လာသည့် အချိန်တွင် ယွင်ချဲ့ တံတွေး မျိုလိုက်မိပြီး ပင့်သက်ရှိုက်ကာ ရှင်းဖုန်း ပခုံးပေါ် မှီလျက် ပြောလိုက်သည်။ အကယ်၍ ရှင်းဖုန်းသာ မရပ်ဘဲ ဆက်၍ သွားမည်ဆိုလျှင် မနက်ဖြန်မနက် ရောက်သည့်တိုင် အခန်းထဲမှ သူတို့ထွက်ဖြစ်ကြမည် မဟုတ်ပေ။

"ငါက ပွတ်သပ ်ပေးချင်ရုံပါ မလုပ်ပါဘူး"

ရှင်းဖုန်းမှာ မလုပ်တော့ဟု ပြောနေသော်လည်း လက်မှာတော့ မရပ်သည့်အပြင် ယွင်ချဲ့၏ လည်ပင်းနှင့် ပခုံးတို့ကို ကိုက်လျက် အမှတ်အသားများ လုပ်နေလေသည်။

"တော်တော့ဗျာ ! လိုက်ကိုက်နေတာ ခင်ဗျားက ခွေးလား"

ယွင်ချဲ့ မခံနိုင်တော့သဖြင့် စိတ်ကို တည်ငြိမ်အောင် ထားကာ ရှင်းဖုန်းကို အားနှင့်တွန်းထုတ် လိုက်သည်။ သို့သော် စိတ်မငြိမ်သေးသော ရှင်းဖုန်းက ...

"ဒီည ငါနဲ့ဒီမှာ အိပ်ပါလား .. စိတ်မပူပါနဲ့ မင်းခွင့်မပြုမချင်း ငါဘာမှ မလုပ်ပါဘူး"

ယွင်ချဲ့ စိတ်မရှည်စွာ ကြည့်လျက် ရှင်းဖုန်း ဘေးတွင် ထိုင်လိုက်ပြီး ရှင်းဖုန်း နှိုးဆွထားသည့် စိတ်ကို ထိန်းချုပ်နေလေသည်။ ယွင်ချဲ့လည်း ယောကျ်ားသား တစ်ယောက်ပင်၊ အခြားတစ်ယောက်က သူ့ကို နမ်းရှိုက်နေသည့်အခါ သူတုံ့ပြန်မိသည်က မလွန်ပေ။ သူတားဆီးရန် မရည်ရွယ်သော်လည်း ကိစ္စတစ်ခု လုပ်ရဉီးမည်မှာ အမှန်ပင်။ ရှင်းဖုန်း၏ အိမ်မှာ လူပြည့်နေပြီဖြစ်သောကြောင့် ကျန့်ယာဖေး၏ မိဘတို့မှာ ဘေးဘက်အိမ်တွင် နေကြရမည် ဖြစ်သည်။ ထိုအိမ်တွင် ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့သာ တစ်ခန်းတည်း အတူနေကြသဖြင့် အခန်းများစွာ ရှိနေသည်။ ညနေစာမတိုင်မီ လုပ်ရမည် ဖြစ်သောကြောင့် အချိန်ဖြုန်းနေ၍ မဖြစ်ပေ။

"မင်းဆုံးဖြတ်ပြီးပြီလား ... အမြဲတမ်း တုံ့ဆိုင်းမနေနဲ့လေ"

ယွင်ချဲ့ စွေကြည့်လျက် ဆိုဖာပေါ်သို့ ရှင်းဖုန်း လဲအိပ်ကာ ပြောလေသည်။ သို့သော ယွင်ချဲ့ နှင့်အတူ အိပ်စက်ရန်က သူ၏အဖြစ်ချင်ဆုံးသော ဆန္ဒမဟုတ်သော်လည်း သူတို့၏ ပတ်သက်မှုကို ယွင်ချဲ့အား ထုတ်ပြော စေလိုသည်က ရှင်းဖုန်း အကြီးမားဆုံးသော ဆန္ဒပင်။

"ကျွန်တော်တို့ ပျင်းတော့မှ အဲဒီအကြောင်း ပြောကြမလား"

"ဟဲဟဲ ..."

ရှင်းဖုန်း ရယ်မောကာ လက်ကို ဆန့်ထုတ်လျက် ယွင်ချဲ့၏ လက်ကိုကိုင်ကာ လက်ချောင်းများကို တင်းကျပ်စွာ ယှက်ထားလိုက်သည်။ သူထုံအသူ မဟုတ်ပေ၊ လွန်ခဲ့သော အချိန်များကပင် ယွင်ချဲ့က သူ့ကို လက်ခံထားပြီးကြောင်း ရှင်းဖုန်း သိထားသည်။ သို့သော် လောဘကြီးသည်ဟု ဆိုပါစေ၊ ယွင်ချဲ့ကို ဝန်ခံစေချင်သည်။
***

Zawgyi

အခန္း (၈၃)

ယြင္ခ်ဲ့၏ အစြမ္းမွာ အဆင့္ ၃ သို႔ ေရာက္သြားၿပီ ျဖစ္ေသာ္လည္း ကားႏွစ္စီးကို တစ္ၿပိဳင္နက္တည္း ေလထုျဖင့္ ရစ္ပတ္ထားရန္ မျဖစ္နိုင္ေသးသျဖင့္ ေလထု အကာအရံ မပါဘဲ လင္းက်န္းၿမိဳ႕သို႔ ယေန႕အတြင္း အေရာက္ သြားလို႔ပါက လုံးဝ မျဖစ္နိုင္ေပ။ မၾကာေသးမီက အစြမ္း ရလာခဲ့ေသာ က်န့္ထ်န္းလုံအား နည္းလမ္းမ်ား ေျပာျပေပးၿပီးေနာက္ ပၪၥမပတ္လမ္း၏ အျပင္ဘက္သို႔ ေရာက္သည့္အခါ ကားျပင္ဆိုင္ကို ေတြ႕ေလရာ လူ ၂၀ ထိုင္နိုင္သည့္ ခုံမ်ားပါေသာ ဘတ္စ္ကားငယ္ ၂ စီးကို ယူလာခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ယြင္ခ်ဲ့ သည္လည္း အျခား လိုအပ္နိုင္သည့္ စက္ပစၥည္းမ်ားကိုလည္း သူ၏နယ္ေျမသို႔ ထည့္ကာ ယူေဆာင္ လာခဲ့သည္။ ထိုေနရမွာ ထြက္လာသည့္ အခ်ိန္မွာ ေန႕လယ္ခင္း အခ်ိန္ပင္ ေက်ာ္လြန္ သြားေလၿပီ။

စားေသာက္ရန္ အတြက္ ခဏပင္ မရပ္ၾကေတာ့ဘဲ အဆာေျပ႐ုံမွ်သာ စားခဲ့ၾကၿပီး အိမ္သို႔ အျမန္ျပန္ခဲ့ၾကသည္။ လာသည့္လမ္းတြင္ ေတြ႕ႀကဳံခဲ့ရသည္တို႔ႏွင့္ ယြင္ခ်ဲ့၏ အစြမ္း အဆင့္တက္ သြားျခင္းေၾကာင့္ အျပန္တြင္ လြယ္ကူစြာ ျပန္နိုင္ခဲ့ၾကၿပီး ၃ နာရီၾကာ ၿပီးေနာက္ အေနာက္ေတာင္ စခန္းသို႔ ေရာက္လာခဲ့ၾကသည္။ စခန္းသို႔ ျပန္ေရာက္သည္ႏွင့္ ယြင္ခ်ဲ့က က်န့္ယာေဖး အတြက္ ကားတစ္စီး ထုတ္ေပးကာ လင္းမိသားစုကို တာဝန္ ယူေစလိုက္ၿပီး ယန္းဟြိုင္အန္းလည္း ကူညီေပးရန္ လိုက္သြားသည္။ က်န္ေသာ အဖြဲ႕သားမ်ားမွာ မိမိတို႔ေနရာသို႔ ကိုယ္စီ ျပန္သြားၾကေလသည္။

"ဉီးဉီး .. ျပန္လာၿပီ ...."

မူႀကိဳေက်ာင္းမွ ျပန္လာေသာ ခ်န္ခ်န္ေလးမွာ စားပြဲတြင္ ထိုင္လ်က္ စာေရးက်င့္ေနစဥ္ အိမ္ထဲ ဝင္လာေသာ ယြင္ခ်ဲ့တို႔ကို ေတြ႕လိုက္သည္ႏွင့္ အျမန္ေျပးကာ သူ၏ လက္ကေလးမ်ားျဖင့္ ယြင္ခ်ဲ့ ေျခေထာက္ကို ဖက္ထားလိုက္သည္။

"ဟုတ္ပါၿပီ ... ဉီးဉီး ညစ္ပတ္ ေနေသးလို႔ ေရခ်ိဳးၿပီးမွ လာဖက္ ေပးမယ္ေနာ္"

ယြင္ခ်ဲ့လည္း ေမာပန္းျခင္းမ်ား အလ်င္း ေပ်ာက္သြားသကဲ့သို႔ အၿပဳံးမ်ား ေတာက္ပလ်က္ ခ်န္ခ်န္ကို အသာတြန္းဖယ္ လိုက္သည္။

"ဟုတ္ !"

ခ်န္ခ်န္လည္း ေခါင္းညိတ္ျပကာ ယြင္ခ်ဲ့တို႔ ႏွင့္အတူ အိမ္ထဲသို႔ လိုက္ဝင္သြားသည္။ ထိုအခ်ိန္တြင္ပင္ ခ်န္ခ်န္က ႏႈတ္ခမ္းစူကာ ေမာ့ၾကည့္လ်က္ ယြင္ခ်ဲ့ကို တိုင္တန္း ေလသည္။

"သားက ဉီးဉီးကို သတိရေနတာ .. ဒါေပမယ့္ ေမေမက ဉီးဉီး အလုပ္မ်ားေနတယ္ သြားမေႏွာင့္ယွက္ ရဘူးတဲ့"

ယြင္ခ်ဲ့ ထြက္သြားသည့္ ေန႕မွာ ခ်န္ခ်န္ မူႀကိဳစတက္သည့္ေန႕ ျဖစ္ေသာေၾကာင့္ အလြန္ေပ်ာ္႐ႊင္ ေနခဲ့ေသာ္လည္း အိမ္ျပန္လာသည့္ အခ်ိန္တြင္ ဉီးေလး ျဖစ္သူကို မေတြ႕ခဲ့ေသာေၾကာင့္ အလြန္ပင္ စိတ္ဆိုးခဲ့သည္။ ဉီးေလးျဖစ္သူ အလုပ္ပ်က္မည္ စိုးေသာေၾကာင့္ သူ၏အေမက ဂ်ီက်ခြင့္မျပဳခဲ့ေပ။

"လိမၼာလိုက္တာ သားေလးက ဉီးဉီးကို မေႏွာင့္ယွက္ တတ္ဘူးေလ ေနာက္ဆို ေမေမ့ကိုဒီလိုေျပာေနာ္"

ခ်န္ခ်န္ ဝမ္းနည္းသြားပုံ ရသျဖင့္ ယြင္ခ်ဲ့က အသည္းယားစြာျဖင့္ ေခါင္းေလးကို အသာပုတ္ေလသည္။

"ဟုတ္ကဲ့ !"

"သူ႕ကို အၿမဲ အလိုမလိုက္နဲ႕ .. အလိုလိုက္လို႔ ဆိုးသြမ္းၿပီး ၾကာလာရင္ ေခါင္းပူရမွာ မေၾကာက္ဘူးလား"

ခ်န္ခ်န္မွာ အလြန္ ေပ်ာ္႐ႊင္ ေနေသာ္လည္း ယြင္ခ်ဲ့ စကားဆုံးသည္ႏွင့္ ယြင္ေယာင္ ေပၚလာၿပီး ယြင္ခ်ဲ့ အနာတရာ တစ္ခုခု ရမရကို စစ္ေဆးရန္ ေခါင္းအစ ေျခအဆုံး ၾကည့္လိုက္သည္။ ယြင္ခ်ဲ့ ထြက္သြားသည့္ ရက္မွစ၍ သူမအလြန္ ေၾကာက္လန့္ေနခဲ့ၿပီး မည္သည့္အရာမွ သူမကို စိတ္သက္သာရာ မရေစခဲ့ေပ။ ပ်င္းလာေသာ အခ်ိန္မ်ားတြင္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနခဲ့ေသာ္လည္း ကံေကာင္းစြာပင္ ယြင္ခ်ဲ့ မသြားမီ ပ်ိဳးပင္မ်ိဳးေစ့မ်ား ထားေပးခဲ့ရန္ ေျပာလိုက္သျဖင့္ သူမအတြက္ အပ်င္းေျပရာ တစ္ခုရသြားေလသည္။

"အလိုလိုက္ ခံရေတာ့ ဘာျဖစ္လဲ ... ဒါမွ သူ႕ကို သူမ်ားေတြ အနိုင္မက်င့္ခင္ ျပန္ခုခံလို႔ ရမွာေပါ့"

ခ်န္ခ်န္ လက္ကေလးကို ကိုင္လ်က္ ယြင္ခ်ဲ့ ျပန္ေျဖလိုက္သည္။ အမွန္ဆိုရလွ်င္ ခ်န္ခ်န္ကို ယြင္ခ်ဲ့ အလိုလိုက္ ထားခ်င္သည္။ ကပ္ေဘး ကာကလတြင္ သေဘာထား ႏူးညံ့ ၾကင္နာတတ္သူက အၿမဲႏွိပ္ကြပ္ ခံရမည္။ သူ၏တူေလးကို ထိုသို႔ မျဖစ္ေစခ်င္ေပ။

"နင္ေတာ့ !"

ၿပိဳင္ျငင္းရန္ မနိုင္ေတာ့သျဖင့္ ယြင္ေယာင္လည္း ပိမ္ထဲသို႔ လိုက္ဝင္သြားၿပီး ေတြေဝစြာေမးသည္။

"ယာေဖးေရာ ဘယ္မွာလဲ"

သူမ တစ္ခုခု ျဖစ္ခဲ့လို႔မ်ားလား။

ထိုသို႔ ေတြးမိ လိုက္သည္ႏွင့္ ယြင္ေယာင္ မ်က္ႏွာျဖဴေဖ်ာ့ သြားေလသည္။ က်န့္ယာေဖးကို သူမ၏ညီမ တစ္ေယာက္ကဲ့သို႔ သေဘာထားသျဖင့္ က်န့္ယာေဖး တစ္ခုခု ျဖစ္သြားခဲ့လွ်င္ သူမမည္သို႔ လုပ္ကိုင္ရမည္ကို မသိေတာ့ေပ။

"မမ ေလွ်ာက္ေတြးမေနနဲ႕ သူဘာမွမျဖစ္ဘူး လူေတြ ထပ္ပါလာေသးလို႔ ေနရာခ်ေပးေနတာ ခဏေန သူ႕မိဘေတြနဲ႕ လာလိမ့္မယ္ ... ကြၽန္ေတာ္ ေရခ်ိဳးေတာ့မယ္ ညေနစာ မ်ားမ်ား ခ်က္ထားေပး ေန႕လယ္က အဆာေျပေတြပဲ စားလာခဲ့ရတယ္"

အစ္မ၏ စိုးရိမ္ပူပန္ေနေသာ မ်က္ႏွာကိုၾကည့္ကာ ယြင္ခ်ဲ့ ေခါင္းခါလ်က္ ေျပာလိုက္ၿပီး ရွင္းဖုန္း အပါအဝင္ အဖြဲ႕သားမ်ားႏွင့္ အေပၚထပ္သို႔ တက္သြားေလသည္။

"မမေယာင္ မ်ားမ်ား ခ်က္ထားေပးေနာ္ !"

ခ်ဴးေဟာင္လင္းလည္း ယြင္ေယာင္ ေဘးမွ ျဖတ္သြားစဥ္ လွမ္းေျပာျပန္သည္။ ယြင္ေယာင္ ခ်က္ျပဳတ္ေပးေသာ ဟင္းမ်ားကို သူအလြန္ ႏွစ္ၿခိဳက္သည္။ သို႔ေသာ္ သူ႕ကို ယြင္ခ်ဲ့ ထိုးမည္စိုးေသာေၾကာင့္ ယြင္ေယာင္ႏွင့္ လက္မထပ္ ရသည္မွာ အလြန္ စိတ္မေကာင္းစရာပင္။ ျဖစ္နိုင္လွ်င္ ယြင္ေယာင္ကိုသာ ခ်ဴးေဟာင္လင္း လက္ထပ္ခ်င္လိုသည္။ သူမကဲ့သို႔ အခ်က္အျပဳတ္ ကြၽမ္းက်င္ ပိုင္နိုင္ေသာ မိန္းမေကာင္း တစ္ေယာက္ကို ရွာေတြ႕နိုင္ရန္ အလြန္ ခဲယဥ္းလွသည္။

ယြင္ေယာင္ စိတ္တိုတိုႏွင့္ လက္ကို ေဝွ႕ယမ္း ျပလိုက္သည္။ သူမသည္ ကူးမင္႐ႊမ္းႏွင့္ အသက္ ႐ြယ္တူျဖစ္ၿပီး က်န္ေသာ သူမ်ားက သူမထက္ ငယ္ၾကသည္။ ခ်ဴးေဟာင္လင္းသည္ သူမထက္ ငယ္႐ြယ္ၿပီး အလြန္ စကားမ်ား ေသာ္လည္း သူမ၏ေမာင္ေလး တစ္ေယာက္ကဲ့သို႔ မွတ္ယူထားသည္။

"ခ်န္ခ်န္ ဆင္းလာခဲ့ !"

ယြင္ခ်ဲ့ႏွင့္ အဖြဲ႕သားမ်ား ေရခ်ိဳးရန္ အေပၚထပ္သို႔ တက္သြားၾကစဥ္ ယြင္ေယာင္ သတိမျပဳမိ လိုက္ခ်ိန္တြင္ သူမ၏ ဝတုတ္တုတ္ သားေလးက ေလွကားေပၚသို႔ တြားတက္ ေနသည္ကိုေတြ႕လိုက္ရသျဖင့္ ယြင္ေယာင္ မ်က္ေမွာင္ၾကဳတ္ လိုက္သည္။ ခ်န္ခ်န္မွာ ဉီးေလးျဖစ္သူကို အလြန္ တြယ္ကပ္ေနသျဖင့္ သူစိမ္းမ်ား ျမင္လွ်င္ ယြင္ခ်ဲ့၏ သားဟု အထင္မွား ၾကေပလိမ့္မည္။

"အာ .. သားကို ေတြ႕သြားၿပီ"

ခ်န္ခ်န္ လွ်ာထုတ္ျပကာ ႏႈတ္ခမ္းစူလ်က္ ေလွကား ေအာက္သို႔ ျပန္ဆင္း လာခဲ့သည္။ အျမန္ ျပန္ေရာက္ လာခဲ့ေသာ ကူးမင္႐ႊမ္းက လက္ထဲ ပါလာသည္တို႔ကို ခ်ထားခဲ့ၿပီး ခ်န္ခ်န္ကို အျမန္လာခ်ီ လိုက္သည္။

"ခ်န္ခ်န္ ဘာျဖစ္တာလဲ .. ခ်န္ခ်န္ေလးကို ဘယ္သူ စိတ္ညစ္ေအာင္ လုပ္တာလဲ"

လက္တစ္ဖက္က ခ်န္ခ်န္ကို ခ်ီလ်က္ က်န္တစ္ဖက္က ခ်န္ခ်န္၏ ႏွာေခါင္းေလးကို အသာ ညွစ္လိုက္သည္။ ခ်န္ခ်န္မွာ အလြန္ ခ်စ္စရာ ေကာင္းေသာေၾကာင့္ ကူးမင္႐ႊမ္း လက္ထဲမွ မခ်ခ်င္ေပ။

"ဉီးဉီး မင္႐ႊမ္း .. သားကို ေအာက္ခ်ေပးေတာ့ စာသြား ေရးေတာ့မယ္"

ခ်န္ခ်န္က စိတ္ဆိုးေနသျဖင့္ ႐ုန္းေနေသာေၾကာင့္ ကူးမင္႐ႊမ္းလည္း ေအာက္သို႔ခ်ေပးလိုက္ရသည္။

"ဟြန့္ ေမေမ စိတ္ပုတ္တယ္ !"

အေပၚထပ္သို႔ တက္မည္ကို ယြင္ေယာင္ တားလိုက္သျဖင့္ စိတ္ဆိုးကာ ႏႈတ္ခမ္းဆူလ်က္ အျပင္သို႔ ထြက္သြားေလသည္။ စားပြဲေပၚ မွီထိုင္ကာ ခဲတံကိုင္လ်က္ စိတ္ဆိုးေနဟန္ျဖင့္ စာေရးေနေလသည္။

"အာ့အို .. ဘာလုပ္လိုက္လဲ ၾကည့္ပါဉီး ကေလးပဲ ရွိေသးတာကို ... အရမ္း မတင္းက်ပ္ပါနဲ႕"

ခ်န္ခ်န္ကိုၾကည့္ကာ ကူးမင္႐ႊမ္း ေခ်ာင္းဟန့္ လိုက္ၿပီး ယြင္ေယာင္ႏွင့္ အလြန္ ရင္းႏွီးသူ တစ္ေယာက္ကဲ့သို႔ အႀကံေပးေလသည္။ မည္သို႔ျဖစ္ျဖစ္ ခ်န္ခ်န္ စိတ္အေျခအေန မေကာင္းသည့္ အျဖစ္ကိုေတာ့ သူမျမင္လိုေပ။

ယြင္ေယာင္က ရွက္ကိုးရွက္ကန္းျဖင့္ ...

"ဘာလုပ္ရေသးလို႔လဲ ... ေရွာင္ခ်ဲ့ ဆီသြားမလို႔ လုပ္ေနလို႔ ေအာက္ျပန္ဆင္း လာခိုင္းတာပဲေလ .. မင္႐ႊမ္း သူ႕ကို အၿမဲ အလိုမလိုက္နဲ႕"

သားေလးကို လူအမ်ား ခ်စ္ခင္ အလိုလိုက္ၾကသည္ကို ယြင္ေယာင္ အလြန္ ေပ်ာ္႐ႊင္ရသည္။ သို႔ေသာ္ တစ္ခါတစ္ရံ သူမမွာ မိေထြး တစ္ေယာက္ကဲ့သို႔ ျဖစ္သြားရသည့္အခါ စကားမ်ားပင္ ေပ်ာက္ရွရသည္။

"မင္းရဲ႕သားေလးက ခ်စ္စရာ ေကာင္းလြန္းတာကိုး !"

ကူးမင္႐ႊမ္းလည္း တစ္ခုခု နားလည္မႈ လြဲသြားသျဖင့္ ရယ္လိုက္မိသည္။

"ထားပါေတာ့ ျငင္းေနလည္း အပိုပဲ ဟင္းေတြ သြားခ်က္ေတာ့မယ္ ... ယြင္ခ်ဲ့ ျပန္ဆင္းလာရင္ အသီးအ႐ြက္ေတြ ယူေပးဖို႔ ေျပာထားဉီး ေရခဲေသတၱာထဲမွာ ကုန္ေတာ့မယ္"

"အင္း ... အိုေက"

ယြင္ေယာင္လည္း မီးဖိုခန္းသို႔ သြားလိုက္ၿပီး ကူးမင္႐ႊမ္းမွာ ျမင္ကြင္းထဲမွ ယြင္ေယာင္ ေပ်ာက္သြားသည္ႏွင့္ မ်က္မွန္ကို ပင့္တင္လိုက္သည္။

"ဝါး အခုမွပဲ လန္းဆန္း သြားေတာ့တယ္ !... အိမ္မွာေရခ်ိဳးရတာ အေကာင္းဆုံးပဲ"

ဒုတိယအထပ္ရွိ အခန္းတစ္ခန္းကို ယြင္ခ်ဲ့၊ လန္ယဲ့ဟန္၊ က်ိဳးဇယ္ယြီႏွင့္ လုဟိုင္႐ႊမ္းတို႔ အတူမွ်ေနၾကၿပီး ေရခ်ိဳးခန္း တစ္ခန္းတည္းသာ ရွိသျဖင့္ ရွင္းဖုန္း အခန္းထဲမွ ေရခ်ိဳးခန္းကို ယြင္ခ်ဲ့ အသုံးျပဳလိုက္ရသည္။

"အိမ္က ခုတင္လည္း အိပ္လို႔ ေကာင္းပါတယ္ အထူးသျဖင့္ ငါ့အိပ္ရာေပါ့ ... ဒီေန႕ကစၿပီး ငါ့အခန္းထဲ လာအိပ္ပါလား"

ေစာေစာ ေရခ်ိဳးၿပီးေသာ ရွင္းဖုန္းမွာ လက္ထဲရွိ စာအုပ္ကို ခ်လိဳက္ၿပီး ယြင္ခ်ဲ့ကို ေမာ့ၾကည့္ေလသည္။ ယြင္ခ်ဲ့မွာ ဆိုဒ္ႀကီးေသာ တီရွပ္ႏွင့္ ေဘာင္းဘီတိုကို တြဲဝတ္ဆင္ထားသျဖင့္ သူ၏ျဖဴေဖြးေသာ ေျခတံရွည္ကို အထင္းသား ျမင္ေနရသည္။ ေယာက်္ားတစ္ေယာက္ ႏွင့္မတူဘဲ သူ၏ေျခေထာက္မွာ အေမြးအမွ်င္မ်ား မရွိသည့္အျပင္ အသားအေရမွာလည္း ႏူးညံ့ေခ်ာေမြ႕ေနသည္။ ရွင္းဖုန္း အသြင္အျပင္မွာ တည္ၿငိမ္ေနေသာ္လည္း စိတ္ထဲတြင္ လိင္ဆိုင္ရာ အေတြးမ်ား ေတြးေတာေနေလသည္။

'ယြင္ခ်ဲ့သာ သူ႕ေျခေထာက္ေတြကို ငါ့ခါးမွာ ခ်ိတ္ထားရင္ ဒါလည္း ခံစားမႈတစ္မ်ိဳး ျဖစ္မွာပဲမလား'

သူ၏အေတြးမွာ ကေလးသူငယ္မ်ား အတြက္ မသင့္ေတာ္ေပ။

"ခင္ဗ်ား ေျပာခ်င္တာက အခန္းထဲမွာ အိပ္ခိုင္းတာလား ခင္ဗ်ားနဲ႕အတူ အိပ္ခိုင္းတာလား"

ယြင္ခ်ဲ့မွာ ရွက္႐ြံ႕သည့္ မိန္းကေလး မဟုတ္ေသာေၾကာင့္ ရွင္းဖုန္း စကားထဲမွ ထူးျခားေသာ အရိပ္အႁမြက္ တစ္ခုကို ရိပ္မိလိုက္သျဖင့္ ရွင္းဖုန္းထံသို႔ ဉီးတည္ သြားေလသည္။ ထို႔ေနာက္ ရွင္းဖုန္း ေပၚတြင္ ခြထိုင္ကာ ဘယ္ဘက္လက္ျဖင့္ ရွင္းဖုန္း၏ ပခုံးကို ကိုက္လိုက္ၿပီး ညာဘက္ လက္ဖမိုးျဖင့္ ရွင္းဖုန္း မ်က္ႏွာကို ထိထားလိုက္သည္။ သူ၏ႏႈတ္ခမ္းကိုလည္း ဖြင့္လိုက္ပိတ္လိုက္ လုပ္ကာ ရွင္းဖုန္း အနားကပ္လ်က္ ေနၿပီး သူ၏အာေငြ႕မွာလည္း ရွင္းဖုန္း မ်က္ႏွာကို ထိရိုက္ေနသည္။ အနည္းငယ္ အေရွ႕တိုးလိုက္လွ်င္ ရွင္းဖုန္းကို နမ္းမိသြားေတာ့မည္။

"မင္း ဆႏၵရွိရင္ေပါ့ ... မင္းႀကိဳက္လိမ့္မယ္လို႔ ငါေျပာရဲတယ္"

သူ႕ထံ ကိုယ့္ကိုယ္ကို ပစ္ဝင္လာေသာ ေယာက်္ား တစ္ေယာက္ကို ဘယ္သူကမ်ား ျငင္းဆန္နိုင္မွာလဲ။ ရွင္းဖုန္းလည္း ယြင္ခ်ဲ့ ခါးကို ေထြးေပြ႕ကာ ဖက္ထားလိုက္ၿပီး ရမၼက္ နိုးႂကြေနေသာ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္သည္။

"အင္း ... တကယ္လို႔ မႀကိဳက္ရင္ေရာ ခင္ဗ်ားကို ျပန္ေပးရမွာလား"

ယြင္ခ်ဲ့လည္း ရယ္ကာ ၾကားေလ မတိုးရေလာက္သည္အထိ ပူးကပ္လ်က္ တီးတိုးေျပာေလသည္။

"ငါ့ကိုႀကိဳက္ၿပီးရင္ေရာ ျပန္ေပးခ်င္ေသးလား"

ရွင္းဖုန္း လက္တစ္ဖက္က ယြင္ခ်ဲ့၏ တင္သို႔ ေ႐ြ႕သြားကာ ဖ်စ္ညွစ္လိုက္ၿပီး ယြင္ခ်ဲ့ နား႐ြက္ကို နမ္းလိုက္သည္။

"ဒီေလာက္ပဲဆိုရင္ ခင္ဗ်ားက ရင္ခုန္စရာ မေကာင္းဘူးပဲ"

ယြင္ခ်ဲ့ ေျပာၿပီးေနာက္ ရွင္းဖုန္း ပခုံးတို႔ကို ကိုင္ကာ ထရန္ ျပင္လိုက္သည့္အခါ ရွင္းဖုန္းက ျပန္ဆြဲထားလိုက္သည္။ လက္တစ္ဖက္က ယြင္ခ်ဲ့ ခါးကို တင္းက်ပ္စြာ ဖက္လ်က္ က်န္လက္တစ္ဖက္က ယြင္ခ်ဲ့ ေခါင္းအေနာက္ဘက္မွ ကိုင္ကာ ယြင္ခ်ဲ့၏ ႏႈတ္ခမ္းတို႔ကို စုပ္ယူေလေတာ့သည္။

"အင္း..."

မထင္မွတ္သည့္ ႐ုတ္တရက္ ဆန္လြန္းေသာ အနမ္းေၾကာင့္ ယြင္ခ်ဲ့လည္း ရွင္းဖုန္း ပခုံးကိုအသာ ပုတ္ကာ ခဏလႊတ္ေပးရန္ အခ်က္ေပးေလသည္။ သို႔ေသာ္ ရွင္းဖုန္း လ်စ္လ်ဴရႈကာ ယြင္ခ်ဲ့၏ ႏႈတ္ခမ္းတို႔ကို သူ၏ပူေႏြးစိုစြတ္ေသာ လွ်ာျဖင့္ တို႔ထိေနေလသည္။ ထို႔ေနာက္ ယြင္ခ်ဲ့ ႏႈတ္ခမ္းကို ႁမြတ္သိပ္စြာ စုပ္ယူလ်က္ ယြင္ခ်ဲ့၏ ရမၼက္စိတ္ ဆႏၵကို ႏွိုးဆြေနသည္။

"ခင္ဗ်ား ..  အင္း ..."

အနည္းငယ္ နိုးထလာေသာ စိတ္ဆႏၵ ႏွင့္အတူ ခႏၶာကိုယ္မွာလည္း ပူေႏြးလာသျဖင့္ ယြင္ခ်ဲ့ ႐ုန္းကာ စကားေျပာရန္ ႀကိဳးစားေသာ္လည္း ရွင္းဖုန္းက သူ၏လွ်ာကို ပြင့္အာလာေသာ ယြင္ခ်ဲ့ ႏႈတ္ခမ္းသားမ်ား ၾကားသို႔ ထည့္သြင္း လိုက္သည္။ ထိုအခိုက္ ယြင္ခ်ဲ့ ႐ုန္းကန္နိုင္စြမ္း မရွိေတာ့ ရွင္းဖုန္း ဉီးေဆာင္ရာ ေနာက္သို႔ လိုက္ကာ လွ်ာတို႔ကို ရစ္ပတ္လ်က္ ကိုယ္ေနဟန္ထား အမ်ိဳးမ်ိဳးျဖင့္ နမ္းရွိုက္ စုပ္ယူေနၾကေလသည္။

"ခင္ဗ်ား ေဟ့ ... ေတာ္ေတာ့ ကြၽန္ေတာ္ လုပ္စရာ ရွိေသးတယ္ .. ခင္ဗ်ားနဲ႕ အခုမလုပ္နိုင္ေသးဘူး !"

ထိုအနမ္းမွာ အလြန္ ၾကာရွည္ခဲ့ၿပီး ရွင္းဖုန္း လက္မွာ ယြင္ခ်ဲ့ တီရွပ္အကၤ်ီတြင္းသို႔ တိုးဝင္ကာ ခါးကို ပြတ္သပ္ေနလ်က္ ပူေႏြးေသာ အနမ္းမ်ားက လည္ပင္းေပၚသို႔ ေရာက္လာသည့္ အခ်ိန္တြင္ ယြင္ခ်ဲ့ တံေတြး မ်ိဳလိုက္မိၿပီး ပင့္သက္ရွိုက္ကာ ရွင္းဖုန္း ပခုံးေပၚ မွီလ်က္ ေျပာလိုက္သည္။ အကယ္၍ ရွင္းဖုန္းသာ မရပ္ဘဲ ဆက္၍ သြားမည္ဆိုလွ်င္ မနက္ျဖန္မနက္ ေရာက္သည့္တိုင္ အခန္းထဲမွ သူတို႔ထြက္ျဖစ္ၾကမည္ မဟုတ္ေပ။

"ငါက ပြတ္သပ ္ေပးခ်င္႐ုံပါ မလုပ္ပါဘူး"

ရွင္းဖုန္းမွာ မလုပ္ေတာ့ဟု ေျပာေနေသာ္လည္း လက္မွာေတာ့ မရပ္သည့္အျပင္ ယြင္ခ်ဲ့၏ လည္ပင္းႏွင့္ ပခုံးတို႔ကို ကိုက္လ်က္ အမွတ္အသားမ်ား လုပ္ေနေလသည္။

"ေတာ္ေတာ့ဗ်ာ ! လိုက္ကိုက္ေနတာ ခင္ဗ်ားက ေခြးလား"

ယြင္ခ်ဲ့ မခံနိုင္ေတာ့သျဖင့္ စိတ္ကို တည္ၿငိမ္ေအာင္ ထားကာ ရွင္းဖုန္းကို အားႏွင့္တြန္းထုတ္ လိုက္သည္။ သို႔ေသာ္ စိတ္မၿငိမ္ေသးေသာ ရွင္းဖုန္းက ...

"ဒီည ငါနဲ႕ဒီမွာ အိပ္ပါလား .. စိတ္မပူပါနဲ႕ မင္းခြင့္မျပဳမခ်င္း ငါဘာမွ မလုပ္ပါဘူး"

ယြင္ခ်ဲ့ စိတ္မရွည္စြာ ၾကည့္လ်က္ ရွင္းဖုန္း ေဘးတြင္ ထိုင္လိုက္ၿပီး ရွင္းဖုန္း ႏွိုးဆြထားသည့္ စိတ္ကို ထိန္းခ်ဳပ္ေနေလသည္။ ယြင္ခ်ဲ့လည္း ေယာက်္ားသား တစ္ေယာက္ပင္၊ အျခားတစ္ေယာက္က သူ႕ကို နမ္းရွိုက္ေနသည့္အခါ သူတုံ႕ျပန္မိသည္က မလြန္ေပ။ သူတားဆီးရန္ မရည္႐ြယ္ေသာ္လည္း ကိစၥတစ္ခု လုပ္ရဉီးမည္မွာ အမွန္ပင္။ ရွင္းဖုန္း၏ အိမ္မွာ လူျပည့္ေနၿပီျဖစ္ေသာေၾကာင့္ က်န့္ယာေဖး၏ မိဘတို႔မွာ ေဘးဘက္အိမ္တြင္ ေနၾကရမည္ ျဖစ္သည္။ ထိုအိမ္တြင္ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္တို႔သာ တစ္ခန္းတည္း အတူေနၾကသျဖင့္ အခန္းမ်ားစြာ ရွိေနသည္။ ညေနစာမတိုင္မီ လုပ္ရမည္ ျဖစ္ေသာေၾကာင့္ အခ်ိန္ျဖဳန္းေန၍ မျဖစ္ေပ။

"မင္းဆုံးျဖတ္ၿပီးၿပီလား ... အၿမဲတမ္း တုံ႕ဆိုင္းမေနနဲ႕ေလ"

ယြင္ခ်ဲ့ ေစြၾကည့္လ်က္ ဆိုဖာေပၚသို႔ ရွင္းဖုန္း လဲအိပ္ကာ ေျပာေလသည္။ သို႔ေသာ ယြင္ခ်ဲ့ ႏွင့္အတူ အိပ္စက္ရန္က သူ၏အျဖစ္ခ်င္ဆုံးေသာ ဆႏၵမဟုတ္ေသာ္လည္း သူတို႔၏ ပတ္သက္မႈကို ယြင္ခ်ဲ့အား ထုတ္ေျပာ ေစလိုသည္က ရွင္းဖုန္း အႀကီးမားဆုံးေသာ ဆႏၵပင္။

"ကြၽန္ေတာ္တို႔ ပ်င္းေတာ့မွ အဲဒီအေၾကာင္း ေျပာၾကမလား"

"ဟဲဟဲ ..."

ရွင္းဖုန္း ရယ္ေမာကာ လက္ကို ဆန့္ထုတ္လ်က္ ယြင္ခ်ဲ့၏ လက္ကိုကိုင္ကာ လက္ေခ်ာင္းမ်ားကို တင္းက်ပ္စြာ ယွက္ထားလိုက္သည္။ သူထုံအသူ မဟုတ္ေပ၊ လြန္ခဲ့ေသာ အခ်ိန္မ်ားကပင္ ယြင္ခ်ဲ့က သူ႕ကို လက္ခံထားၿပီးေၾကာင္း ရွင္းဖုန္း သိထားသည္။ သို႔ေသာ္ ေလာဘႀကီးသည္ဟု ဆိုပါေစ၊ ယြင္ခ်ဲ့ကို ဝန္ခံေစခ်င္သည္။
***

Continue Reading

You'll Also Like

42.3K 5K 74
This is not my own story English Title- Mr Rong's lovelorn Diary Author - 桃白百 Translator - IQ Team
157K 22.5K 46
His mother was my crush in the past, but her son gave his heart to me,how luckily I am!!
1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
27.4K 2.7K 40
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...