Unicode
အခန်း (၇၆)
ကပ်ဘေး ဆိုက်သည်မှာ တစ်လပြည့်တော့မည် ဖြစ်သောကြောင့် မြို့ထဲတွင်လည်း လူသူ အလွန် ရှားပါးနေသည်။ ထုံထိုင်းသူပင်လျှင် မြို့ထဲမှ မထွက်ခွာမီ လိုအပ်သော အစားအသောက် ပစ္စည်းများ ယူသွားရမည်ဟု သဘောပေါက် ပေသည်။ ယွင်ချဲ့ သွားလိုသော ဆိုင်ကြီးများသည်လည်း ရှာဖွေမွေနှောက် ခံထားရပုံပင်။ ယန်းဟွိုင်အန်း ကြားသိထားသလောက်တွင် ထိုမြို့၏ လုံခြုံရေး စခန်းများမှာ ပဉ္စမပတ်လမ်း အပြင်ဘက်တွင် ရှိသည်။ အကယ်၍ လိုအပ်သည့် အရာများကို လာယူမည် ဆိုလျှင်တောင် တတိယပတ်လမ်းသို့ ရောက်လာနိုင်တော့မည် မဟုတ်ပေ။
ဉာဏ်ကောင်းသော ရှင်းဖုန်းနှင့် ယွင်ချဲ့တို့လည်း ရှုပ်ပွနေသော ဆိုင်ကြီးများမှ ပစ္စည်းများကို မသိမ်းဆည်းတော့ဘဲ ဆိုင်ကြီးများ အနောက်ရှိ ဂိုထောင်သို့သာ ပြေးသွားလေသည်။ ပုံမှန်အားဖြင့် ဈေးဝယ်စင်တာ ဆိုင်ကြီးများတွင် ပစ္စည်းများကို အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်ရန် ဂိုထောင်ကြီးတစ်ခု ထားရှိရပေသည်။ ယွင်ချဲ့တို့ ရွေးချယ်မှု မှန်ကန် သွားသည်ဟု ဆိုရမည်။ အခြားပစ္စည်းများမှာ ကောင်းမွန်စွာ ရှိနေပြီး ရေခဲရိုက်ထားသော အရာများသာ ဓါတ်အားပြတ်တောက်မှုကြောင့် ချို့ယွင်း ပျက်စီးကုန်သည်။ လှည့်ပတ်ကာ ရွေးယူမည့်အစား ဂိုထောင် တစ်ခုလုံးကို နေရာအနှံ့ ပတ်သွားကာ ဂိုထောင်ထဲရှိသည့် အရာအားလုံးကို သိမ်းယူကာ နယ်မြေထဲသို့ ပို့ထားလိုက်သည်။
ထို့နောက် ယွင်ချဲ့ သွားလိုသော ပရိဘောဂဆိုင်သို့ သွားရာ လမ်းတွင် ဖုတ်ကောင်များ ပြည့်နေပါလျက်နှင့် မည်သည့်အရာမှ မရှိနေသကဲ့သို့ လမ်းလျှောက် ဖြတ်သွား ကြလေသည်။ ထိုဖုတ်ကောင်များမှာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ယဉ်ပါးအောင် လုပ်ထားသကဲ့သို့ ကျိုးနွံနာခံလျက် ရှောင်ထွက် သွားကြပြီး ရန်မမူကြသည့်အပြင် လမ်းကိုလည်း ရှင်းလင်း ပေးကြလေသည်။ ထိုမြင်ကွင်းကို တစ်ယောက်ယောက် မြင်ခဲ့လျှင် ထိုလူသည် အလွန် အံ့ဩနေမည်မှာ အမှန်ပင်။
ပရိဘောဂ ဆိုင်ထဲတွင် ဟိုဟိုဒီဒီ သွားလောနေသော ဖုတ်ကောင်များမှလွဲ၍ လူတစ်ယောက်တောင်ပင် မရှိပေ။ ထိုဆိုင်ထဲရှိ ပရိဘောဂများမှာလည်း သပ်ရပ်စွာ စီရီထားရှိနေပြီး ယွင်ချဲ့ လိုအပ်သည်က ခုတင် တစ်မျိုးတည်း ဖြစ်သည်။ သို့သော် သူ၏အစ်မ၊ တူလေးနှင့် ယာဖေး တို့ကို စဉ်းစားမိလိုက်သည့် အခါ ဆိုင်ထဲရှိသည့် အရာအားလုံးကို သိမ်းဆည်း လိုက်ပြန်သည်။ ထိုမှသာ ကြိုက်နှစ်သက်ရာတို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်မည် ဖြစ်သည်။
တစ်နာရီ ကြာပြီးနောက်တွင် ကျန့်ယာဖေး၏ အိမ်သို့ ဘေးကင်းစွာပင် ပြန်လည်ရောက်ရှိ လာလေသည်။ အဖွဲ့သားတို့မှာ အိမ်ထဲတွင် ဆော့ကစားနေကြပြီး စားပွဲပေါ်တွင် မုန့်များစွာ စုပုံနေသဖြင့် ထိုနေရာတွင် ချူးဟောင်လင်း နေခဲ့သည်ဟု ထင်ရသည်။
"ဆရာ ကျွန်တော်တို့ သိခဲ့ရပြီ .. လုံယန် တောင်ခြေ လုံခြုံရေးစခန်းက လုံယန် ကောင်တီ အစိုးရက ဆောက်ထားတာ ဒီနယ်မြို့ဒေသထဲမှာ အကြီးဆုံးစခန်းပဲ စစ်တပ်လည်း အဲဒီကို အခြေမစိုက် ရသေးဘူးတဲ့ ... ကပ်မဆိုက်ခင် လုံယန်ကောင်တီက တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး သစ်သီးရင်းမြစ် ဖြစ်ခဲ့တာ လုံယန် တောင်တစ်ခုလုံးကလည်း သီးပင်တွေ အပြည့်ပဲ ... ရေဒီယိုနားထောင်ချက်အရ လုံယန်စခန်းက တောင်ရဲ့ဘေးမှာ ရှိတာတဲ့ တောင်အောက်ကိုဆင်းသွားရင် ကွင်းပြင်ကျယ်ကြီး ရှိသေးတယ်။ တောင်ပေါ်မှာလည်း တစ်နှစ်ပတ်လုံး သီးပင်တွေ အပြည့်ပဲဆိုတော့ အစားအသောက်ကို ကြည့်ရင် လုံယန်က မဆိုးဘူးပြောရမယ်"
မြေပုံကိုကြည့်ကာ အသံလွှင့်သည်ကို နားထောင်ပြီးနောက် ယန်းဟွိုင်အန်း တွေးဆကာ ပြောလေသည်။
ရှင်းဖုန်းနှင့် ယွင်ချဲ့လည်း ယန်းဟွိုင်အန်း အနားလာကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ယန်းဟွိုင်အန်း ရေးထားသော မှတ်စုများနှင့် မြေပုံကိုကြည့်လျက် ရှင်းဖုန်း ခေါင်းညိတ်ကာ ...
"လုံယန်တောင်က လုံမန်တောင်တန်းမှာ ရှိတာပဲ တပ်ဖွဲ့အများစုက အနောက်တောင်စခန်းမှာ နေကြတာ တကယ်လို့ တောင်ခြေစခန်းမှာ တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တောင် မြို့ကိုကာကွယ်ပေးတဲ့ အဖွဲ့တွေပဲရှိမှာ .. ဒါပေမယ့်လည်း ဘယ်စခန်းမဆို ရဲတွေကတော့ ရှိနေမှာပဲ အစိုးရက ဆောက်ထားတာ ဆိုတော့ လူတွေလည်း သာတူညီမျှ ဆက်ဆံခံရဖို့ များတော့ ငါတို့ မျှော်လင့်လို့ ရပါသေးတယ်"
အကယ်၍ ကျန့်ယာဖေး မိဘများ သက်ရှိထင်ရှား ရှိနေသေးလျှင် ပြဿနာ ထူးထူးခြားခြား ရှိမည်မဟုတ်ပေ။
"အင်း ညစာစားပြီး စောစော အိပ်ကြရအောင် .. မနက်ဖြန်မနက် စောစောထွက်ကြမယ်"
ယွင်ချဲ့လည်း အသံတိုးသွားသည်နှင့် ထရပ်ကာ ဝရံတာသို့ ထွက်သွားသည်။ လုံယန်တောင်တွင် သီးပင်ပေါများသည် ဆိုသော ယန်းဟွိုင်အန်း၏ စကားကို သူသတိမထား မိလိုက်ပေ။ သူ၏အတိတ်ဘဝတွင် ဖြစ်ခဲ့သည့် အကြောင်းကို ရက်အတိအကျ မမှတ်မိသော်လည်း စခန်းတစ်ခုမှာ ဗီဇပြောင်း အပင်များကြောင့် တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရသည်ဟု သူကြားခဲ့သည်။
ထိုစခန်း၏ အုပ်ချုပ်သုများ လျှို့ဝှက်စွာ ထွက်ပြေး သွားခဲ့ပြီး သုံးပုံတစ်ပုံထက် နည်းသော လူဉီးရေ အနည်းငယ်သာလျှင် အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။ ထို့နောက် ထိုလူတို့သည် အခြားစခန်း တစ်ခုသို့ ပြောင်းရွေ့ သွားသည်ဟု ယွင်ချဲ့ တာဝန် ထမ်းဆောင်နေစဉ် ထိုအကြောင်းကို ကြားခဲ့ရသည်။
အကယ်၍ လုံယန်တောင်ပေါ်တွင် သီးပင်များစွာ ရှိနေသည်ဆိုလျှင် ဗီဇပြောင်း ပျိုးပင်များစွာကို ပို၍ကြုံတွေ့ရမည် ဖြစ်သောကြောင့် လုံယန် စခန်းမှာ သူကြားခဲ့ရသော စခန်းဖြစ်ပေလိမ့်မည်။ သို့သော် ယွင်ချဲ့သည် မည်သူကိုမှ ထိုအကြောင်း မပြောရသေးပေ။ ထိုနေရာတွင် ကျန့်ယာဖေး၏ မိဘတို့ ရှိနေနိုင်သဖြင့် သူမကို ကြောက်လန့်စေမည် ဆိုးသောကြောင့် လူကိုအန္တရာယ် ပေးနိုင်သော ဗီဇပြောင်း အပင်များ အကြောင်းကိုပင် သတိမပေးနိုင် ဖြစ်နေသည်။ အကယ်၍ ထိုနေရာတွင် ယွင်ယောင် သို့မဟုတ် ယွင်ချန် ရှိနေလျှင် ယွင်ချဲ့ စိတ်တုန်လှုပ် နေမည်မှာ အသေအချာပင်။
"ဗီဇပြောင်း အပင်တွေကို စိတ်ပူနေတာလား"
ဘယ်သူမှ မသိလိုက်ချိန်တွင် ယွင်ချဲ့ အနောက်မှ ရှင်းဖုန်း လိုက်လာခဲ့ပြီး ဆေးလိပ်ကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ဝရံတာ လက်တန်းကို မှီကာ အခန်းထဲတွင် ပျော်ရွှင်နေကြသော သူငယ်ချင်းများကို ကြည့်နေလေသည်။
"အင်း ဒါပေမယ့် စိတ်ပူရုံနဲ့လည်း ဘာမှလုပ်လို့မရဘဲ ... ဒီညချက်ချင်းအလောတကြီး သွားရင်တောင် ညတွင်းချင်းတော့ မရောက်နိုင်ဘူးလေ .. ပြီးတော့ ဒီလောက်လည်း ကံမဆိုးနိုင်ပါဘူး ကျွန်တော်ကပဲ အရေးမပါတာကို ကြောက်လန့်နေတာလား မသိဘူး"
လက်တန်းပေါ်တွင် တံတောင်နှင့်မှီထားလျက် ယွင်ချဲ့ ပြုံးကာ ပြောလေသည်။
"အင်း... ယာဖေးက မိန်းမကောင်းလေးပါ .. ဒီလို ကပ်ဖြစ်နေတာတောင် ရုန်းကန် ကြိုးစားပြီး သတ္တိရှိရှိ အသက်ရှင် နေတာကိုက တော်တော်လေးစားစရာ ကောင်းနေပြီ"
မျက်လုံးများ မို့မောက်နေသည့်တိုင် သူငယ်ချင်းများကို စိတ်မပူစေရန် ကြိုးစားပြုံးပြနေသော ကျန့်ယာဖေးကိုကြည့်ကာ ရှင်းဖုန်း သက်ပြင်း ချလိုက်သည်။ သူသည် စစ်တပ်ထဲတွင် ကြီးပြင်းခဲ့သည့် အပြင် သန်မာရဲစွမ်း သတ္တိရှိသော အမျိုးသမီး တပ်သားများကို တွေ့ဖူးခဲ့သဖြင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း မရှိပေ။
တစ်ခါတစ်ရံ အလွန်သန်မာသော သူများကိုပင် တွေ့ခဲ့ရသည်။ ခွန်အားနှင့် ယှဉ်လျှင် အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အားနည်းစွာ မွေးဖွား လာကြသည်မှာ အငြင်းပွားဖွယ် မရှိပေ။ သို့သော် အကြောင်းကိစ္စ ကြုံလာလျှင် သူတို့မွေးရာပါ အားနည်းခြင်းနှင့် ကြောက်လန့်ခြင်း ဗီဇများကို အနိုင်ယူ ကျော်လွှားကာ အမျိုးသားများ နည်းတူ သန်မာလာကြပေသည်။
အထူးသဖြင့် ယခုကဲ့သို့ ကပ်ဘေးဆိုက်စဉ် လက်နက်ဆွဲကာ ဖုတ်ကောင်များကို တိုက်ခိုက်သည့် အမျိုးသမီးများက သက်သေပင်။ ကျောက်ယန်း အဖွဲ့တွင်လည်း ထိုကဲ့သို့ အမျိုးသမီး အချို့ရှိပြီး ဖုတ်ကောင်များကို တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့တွင် ယောကျ်ားသားများ နည်းတူ အလွန်ရဲရင့် သန်မာလှသည်။ သူ၏အဖွဲ့တွင် ကျန့်ယာဖေး သည်လည်း ထိုအမျိုးသမီးများကဲ့သို့ ရဲစွမ်းပေသည်။
"ခင်ဗျား သူ့ကိုကြိုက်လို့လား"
ယွင်ချဲ့ မရိုးသားသော အပြုံးများဖြင့် ရှင်းဖုန်းကို စွေစောင်းကြည့်ကာ မေးလိုက်သည်။ အတိတ်ဘဝတွင် ကျန့်ယာဖေးသည် ရှင်းဖုန်း၏ ငယ်သားများထဲမှ အမျိုးသမီးများ၏ တစ်ဉီးတည်းသော ခေါင်းဆောင်ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့်ပင် ယွင်ချဲ့တို့ နှင့်အတူ ကျန့်ယာဖေး လိုက်လိုကြောင်း ပြောခဲ့သည့်အချိန်က သူလက်ခံခဲ့ခြင်း ဖြစ်သည်။ ရှင်းဖုန်း၏ ဉာဏ်ကောင်းသော ငယ်သား တစ်ယောက် အနေနှင့် သူမသည် အလွန်ထက်မြက် ပေလိမ့်မည်။
ထို့နောက် အတူတကွ ရင်ဆိုင်ကျော်ဖြတ် လာပြီးနောက် ယွင်ချဲ့နှင့် ကျန့်ယာဖေးတို့ သူငယ်ချင်း ဖြစ်ခဲ့ကြကာ ကျန့်ယာဖေးကိုလည်း သာမန်အကူ တစ်ယောက်ဟု မမှတ်ယူထားတော့ပေ။ ထို့ကြောင့်သာ သူမ၏မိဘတို့ကို ရှာဖွေရန် အသက်ကိုပင် စွန့်စားခဲ့ခြင်း ဖြစ်သည်။
"မင်းသူ့ကိုမကြိုက်ဖို့ပဲ မျှော်လင့်တယ်"
ယွင်ချဲ့ စနောက် ပြောဆိုသည်ကို သိသဖြင့် ရှင်းဖုန်းလည်း ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ ယွင်ချဲ့သည် သူတစ်ယောက်တည်းတွင်သာ ခံစားချက်ရှိရမည်။
"အာ .. ခင်ဗျားကို တစ်ခုခု ပြောဖူးသလားလို့ .. ကျွန်တော်က မိန်းကလေးတွေ စိတ်မဝင်စားဘူးလေ"
ရှင်းဖုန်းကို လှည့်ကြည့်လျက် ယွင်ချဲ့ ထူးဆန်းသော အပြုံးနှင့် သူ၏လိင်စိတ် ခံယူချက်ကို ပြောလေရာ ရှင်းဖုန်း မျက်မှောင်ကြုတ်လျက် ယွင်ချဲ့ နဖူးကို တောက်လိုက်သည်။
"ဘာလို့ငါ့ကို စောစော မပြောတာလဲ"
အကယ်၍ သူသိခဲ့လျှင် အချစ်စစ်ပွဲအတွက် ပြိုင်ဘက် နည်းပါးကြောင်းကိုလည်း သိကာ စိတ်ချနိုင်ခဲ့လိမ့်မည်။
"ပြောပုံက ကျွန်တော်က ယာဖေး ဒါမှမဟုတ် တခြား မိန်းကလေးတွေကို စိတ်ဝင်စားမှာ စိုးရိမ်နေပုံပဲ"
နဖူးတောက် ခံရသော်လည်း ယွင်ချဲ့ စနောက် နေလျက်ပင်။ ကပ်ဘေး ကာလတွင် မကောင်းဆိုးဝါးများကို သတ်ဖြတ် နှိမ်နင်းရသည့် အချိန်က အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။ အချိန်မှာလည်း နေဝင်ချိန် ရောက်ရန် ၃ နာရီပင် လိုသေးသည်။
"မင်းအဲဒီလို ကြည့်တိုင်း ငါဘယ်လို ခံစားရလဲသိလား"
ယွင်ချဲ့ အမေးကို လျစ်လျူရှုလျက် လက်တန်းကို မှီကာ လှည့်ကြည့်လိုက်ပြီး ရှင်းဖုန်း မေးသည်ကို ယွင်ချဲ့ မျက်မှောင်ကြုတ်လျက် ပြန်မေးလေသည်။
"ဘယ်လို ခံစားရတာလဲ"
"ငါ့အထင် မင်းငါ့ကို မြူဆွယ်နေသလိုပဲ"
"သေလေ ..."
ထိုအချိန်ကိုက်မှာပင် ဆိုဖာပေါ်တွင် ထိုင်နေသော ကျိုးဇယ်ယွီမှာ ဒရမ်မာဆန်ဆန် ပြုတ်ကျသွားပြီး ချူးဟောင်လင်း၏ ပါးစပ်ထဲမှ ကွတ်ကီးလည်း ပြုတ်ကျ သွားလေသည်။ ယန်းဟွိုင်အန်းလည်း မှတ်စု စာရွက်များကို ယောင်ယမ်းကာ ဖြဲမိလိုက်ပြီး ရေသောက်နေသော ရှန်းရွေလည်း ချောင်းဆိုးသွားလေသည်။ ယွီဝမ်းချင် နှင့်အတူ အခြားအဖွဲ့သားများလည်း အံ့ဩတကြီးဖြစ်ကာ ဆွံ့အကုန်သည်။
သူတို့သိခဲ့လျှင် ခိုးနားထောင်မည် မဟုတ်သောကြောင့် အလွန်ပင် နောင်တရနေကြလေသည်။ ယန်းဟွိုင်အန်းပင် ဘာမှမပြောနိုင်တော့ပေ။ သူတို့၏ဆရာ ရှင်းဖုန်း အလွန်ပင် စည်းကျော်နေသည်။ ယွင်ချဲ့ကမူ သူမည်သူနှင့် စနောက် နေသည်ကို အလေးမထားပုံပင်။ သူအမြဲပင် အခြားသူများကိုလည်း ထိုသို့ ပရောပရီ လုပ်တတ်သည်လား။ ရှင်းဖုန်း အလွန် စိတ်ကူးယဉ် တတ်သည်၊ အလွန်ပင် စိတ်ကူးယဉ်လွန်းသည်။
"သူတို့အပြုအမူကို ကြည့်ရုံနဲ့တင် တော်တော် ရှင်းနေပါပြီ .. ခင်ဗျား အကြောင်းပြောဖို့ ရှက်တောင်ရှက်တယ်"
အခန်းထဲရှိ ကသုတ်ကရုတ် ဖြစ်နေသော အဖွဲ့သားများကို ကြည့်ကာ ရယ်မောနေသည်။ ရှင်းဖုန်းက ထိုသို့ ပွင့်လင်းစွာ ပြောတတ်သည်ကို သူတို့ထက် ယွင်ချဲ့ ပိုသိထားသဖြင့် သူ့အတွက် အံ့ဩဖွယ်မရှိပေ။
"အင်း ... သူတို့တွေ အချိန်ဖြုန်းတာ များနေပြီဆိုတော့ ငါတို့ပြန်ရောက်ရင် သူတို့ကို လင်းကျန်းမြို့ထဲက လိုအပ်တာတွေ စုခိုင်းတာမျိုး၊ နယ်မြို့ဒေသတွေကို မကြာမကြာ သွားခိုင်းတာမျိုး ဒီလိုခက်ခဲတာတွေ တာဝန်ခွဲပေးဖို့ မင်ရွှမ်းကို ပြောရမယ်"
ရှင်းဖုန်းလည်း သူတို့စကားကို ဂရုမစိုက်ဘဲ မှေးကိုပွတ်လျက် အခန်းထဲမှ လူများ ကြားနိုင်လောက်သည့် အသံဖြင့် အော်ပြောလိုက်သည်။
သူကထိုသို့သော အကြောင်းလေးနှင့် လက်စားချေ တတ်သည်လား။
ချူးဟောင်လင်းနှင့် သူ၏အဖွဲ့သားတို့ ညည်းတွား လိုက်ကြချိန် ကျိုးဇယ်ယွီနှင့် သူ၏အဖွဲ့သားတို့မှာ ကျောက်ယန်း အဖွဲ့ဝင် မဟုတ်သောကြောင့် ကံကောင်းသည်ဟု ခံစားရကာ ရင်ဘတ်ကို အသာပုတ် လိုက်သည်။
"မင်းရဲ့အဖွဲ့သားတွေက အစွမ်းကြီးကြတယ် ဆိုပေမယ့် လုပ်ဆောင်မှု အားနည်းတော့ ငါတို့အဖွဲ့နဲ့ ပူးပေါင်း သင့်တယ်လို့ ထင်တယ်"
"ဘာ"
ခဏအကြာတွင် ရှင်းဖုန်းက တွေးဆဟန်နှင့် အကြံပေးသကဲ့သို့ ပြန်ပြောလေရာ ကျိုးဇယ်ယွီနှင့် အဖွဲ့သားများ မှင်သက် ကုန်လေသည်။ တကယ်ကြီးလား။ သူဘာကြောင့် ဒီလို လက်စားချေ တတ်ရတာလဲ။
"အင်း ... ဟုတ်သား .. သူတို့လည်း များများ ပူးပေါင်းတတ်ဖို့ လိုတယ်"
"ဟို ... ချဲ့ စိတ်လိုက်မာန်ပါ လုပ်တာက ဒုက္ခရောက်တတ်တယ်တဲ့ .. စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်"
ထိုအကြံကို ယွင်ချဲ့ သဘောတူတော့မည့် အရိပ်အယောင် ပြလိုက်သဖြင့် ကျိုးဇယ်ယွီ ချက်ချင်း ထလာကာ ပြေးလာခဲ့သည်။ အကယ်၍ သူတို့သာ မြို့တစ်မြို့ သို့မဟုတ် နယ်မြို့သို့ သွားရမည်ဆိုလျှင် နောက်တစ်နှစ်အထိ သူတို့အသက်ရှင် နိုင်ပါဉီးမလား။
"ဘာကိုစိတ်လိုက်မာန်ပါ လုပ်လို့လဲ မင်းတို့တွေ ဒီထက်တောင် ပိုပြီး လုပ်ဆောင်သင့်တာ .. ချဲ့ .. ဒါအကောင်းဆုံးပဲလို့ ထင်တယ် နည်းနည်းလောက် စဉ်းစားကြည့်ပါလား .. စိတ်မပူပါနဲ့ တကယ်လို့ ပူးပေါင်း ဆောင်ရွက်ဖို့ သေချာပြီဆိုရင် သူတို့ကိုငါကိုယ်တိုင် လေ့ကျင့်ပေးမယ် သူတို့ရဲ့ တိုက်ခိုက်ရည်လည်း တစ်နေ့ထက်တစ်နေ့ သာစေရမယ်လို့ အာမခံတယ်"
ထိုအဖြစ်ကို မြင်သောကြောင့် ချူးဟောင်လင်းလည်း အပြေးလာပြီး ရယ်မောကာပြောဆိုလိုက်သည်။
"ဟေ့ ချူး ... မင်းမှာ ဝင်ပြောဖို့ စကားတွေ မရှိတော့ဘူးလား"
ချူးဟောင်လင်းမှာ ယွင်ယောင် ချက်ပြုတ်ပေးခဲ့သော စားစရာများကို အာရုံရောက်နေလေသည်။
"အဲဒါက ဘာလဲ စားလို့ရလား မရဘူးဆိုရင် ဘာလို့မေးနေသေးလဲ... အဆင်ပြေသလိုလုပ်လိုက်ပေါ့"
အစားကျူးသူ ရှေ့တွင် စည်းကမ်းအကြောင်း ပြောဆိုနေခြင်းက ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲရာ ရောက်လွန်းသည်။ ချူးဟောင်လင်း သေချာ ပြောလိုက်သဖြင့် ကျိုးဇယ်ယွီ လည်း ထပ်မပြောနိုင်တော့ပေ။ ယွင်ချဲ့ကိုသာ အရာရာ ဆုံးဖြတ်နိုင်စွမ်း ရှိခြင်းကြောင့် လုဟိုင်ရွှမ်း၊ လန်ယဲ့ဟန် နှင့် ကျန့်ယာဖေးတို့ အငြင်းမပွား ကြတော့ပေ။
"အင်း .. ချူးဟောင်လင်းနဲ့ ကျိုးဇယ်ယွီတို့ ရှိနေသရွေ့တော့ ဒီလိုကပ်ဘေးကြီးမှာနေရလည်း ငါတို့တွေ မပျင်းရတော့ဘူး"
ရှင်းဖုန်းကို လှည့်ကြည့်ကာ ယွင်ချဲ့ သူ၏ အနက်ရှိုင်း ခံစားချက်တို့ကို ပြောပြလိုက်သည်။
"အင်း"
ရှင်းဖုန်း လက်ကို ဆန့်ထုတ်ကာ ယွင်ချဲ့ လက်ကို အုပ်ကိုင်လျက် ချူးဟောင်လင်းနှင့် ကျိုးဇယ်ယွီတို့ စနောက် ဆော့ကစားနေသည်ကို တွေ့လိုက်သည်။ ယခုကဲ့သို့ ကပ်ဘေးဆိုက်နေသော်လည်း သူတို့ပျော်ရွှင်စွာ နေထိုင်နိုင်ကြပေသေးသည်။
***
Zawgyi
အခန္း (၇၆)
ကပ္ေဘး ဆိုက္သည္မွာ တစ္လျပည့္ေတာ့မည္ ျဖစ္ေသာေၾကာင့္ ၿမိဳ႕ထဲတြင္လည္း လူသူ အလြန္ ရွားပါးေနသည္။ ထုံထိုင္းသူပင္လွ်င္ ၿမိဳ႕ထဲမွ မထြက္ခြာမီ လိုအပ္ေသာ အစားအေသာက္ ပစၥည္းမ်ား ယူသြားရမည္ဟု သေဘာေပါက္ ေပသည္။ ယြင္ခ်ဲ့ သြားလိုေသာ ဆိုင္ႀကီးမ်ားသည္လည္း ရွာေဖြေမြေႏွာက္ ခံထားရပုံပင္။ ယန္းဟြိုင္အန္း ၾကားသိထားသေလာက္တြင္ ထိုၿမိဳ႕၏ လုံၿခဳံေရး စခန္းမ်ားမွာ ပၪၥမပတ္လမ္း အျပင္ဘက္တြင္ ရွိသည္။ အကယ္၍ လိုအပ္သည့္ အရာမ်ားကို လာယူမည္ ဆိုလွ်င္ေတာင္ တတိယပတ္လမ္းသို႔ ေရာက္လာနိုင္ေတာ့မည္ မဟုတ္ေပ။
ဉာဏ္ေကာင္းေသာ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔လည္း ရႈပ္ပြေနေသာ ဆိုင္ႀကီးမ်ားမွ ပစၥည္းမ်ားကို မသိမ္းဆည္းေတာ့ဘဲ ဆိုင္ႀကီးမ်ား အေနာက္ရွိ ဂိုေထာင္သို႔သာ ေျပးသြားေလသည္။ ပုံမွန္အားျဖင့္ ေဈးဝယ္စင္တာ ဆိုင္ႀကီးမ်ားတြင္ ပစၥည္းမ်ားကို အခ်ိန္မေ႐ြး ျပန္လည္ ျဖည့္တင္းနိုင္ရန္ ဂိုေထာင္ႀကီးတစ္ခု ထားရွိရေပသည္။ ယြင္ခ်ဲ့တို႔ ေ႐ြးခ်ယ္မႈ မွန္ကန္ သြားသည္ဟု ဆိုရမည္။ အျခားပစၥည္းမ်ားမွာ ေကာင္းမြန္စြာ ရွိေနၿပီး ေရခဲရိုက္ထားေသာ အရာမ်ားသာ ဓါတ္အားျပတ္ေတာက္မႈေၾကာင့္ ခ်ိဳ႕ယြင္း ပ်က္စီးကုန္သည္။ လွည့္ပတ္ကာ ေ႐ြးယူမည့္အစား ဂိုေထာင္ တစ္ခုလုံးကို ေနရာအႏွံ႕ ပတ္သြားကာ ဂိုေထာင္ထဲရွိသည့္ အရာအားလုံးကို သိမ္းယူကာ နယ္ေျမထဲသို႔ ပို႔ထားလိုက္သည္။
ထို႔ေနာက္ ယြင္ခ်ဲ့ သြားလိုေသာ ပရိေဘာဂဆိုင္သို႔ သြားရာ လမ္းတြင္ ဖုတ္ေကာင္မ်ား ျပည့္ေနပါလ်က္ႏွင့္ မည္သည့္အရာမွ မရွိေနသကဲ့သို႔ လမ္းေလွ်ာက္ ျဖတ္သြား ၾကေလသည္။ ထိုဖုတ္ေကာင္မ်ားမွာ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔က ယဥ္ပါးေအာင္ လုပ္ထားသကဲ့သို႔ က်ိဳးႏြံနာခံလ်က္ ေရွာင္ထြက္ သြားၾကၿပီး ရန္မမူၾကသည့္အျပင္ လမ္းကိုလည္း ရွင္းလင္း ေပးၾကေလသည္။ ထိုျမင္ကြင္းကို တစ္ေယာက္ေယာက္ ျမင္ခဲ့လွ်င္ ထိုလူသည္ အလြန္ အံ့ဩေနမည္မွာ အမွန္ပင္။
ပရိေဘာဂ ဆိုင္ထဲတြင္ ဟိုဟိုဒီဒီ သြားေလာေနေသာ ဖုတ္ေကာင္မ်ားမွလြဲ၍ လူတစ္ေယာက္ေတာင္ပင္ မရွိေပ။ ထိုဆိုင္ထဲရွိ ပရိေဘာဂမ်ားမွာလည္း သပ္ရပ္စြာ စီရီထားရွိေနၿပီး ယြင္ခ်ဲ့ လိုအပ္သည္က ခုတင္ တစ္မ်ိဳးတည္း ျဖစ္သည္။ သို႔ေသာ္ သူ၏အစ္မ၊ တူေလးႏွင့္ ယာေဖး တို႔ကို စဥ္းစားမိလိုက္သည့္ အခါ ဆိုင္ထဲရွိသည့္ အရာအားလုံးကို သိမ္းဆည္း လိုက္ျပန္သည္။ ထိုမွသာ ႀကိဳက္ႏွစ္သက္ရာတို႔ကို လြတ္လပ္စြာ ေ႐ြးခ်ယ္နိုင္မည္ ျဖစ္သည္။
တစ္နာရီ ၾကာၿပီးေနာက္တြင္ က်န့္ယာေဖး၏ အိမ္သို႔ ေဘးကင္းစြာပင္ ျပန္လည္ေရာက္ရွိ လာေလသည္။ အဖြဲ႕သားတို႔မွာ အိမ္ထဲတြင္ ေဆာ့ကစားေနၾကၿပီး စားပြဲေပၚတြင္ မုန့္မ်ားစြာ စုပုံေနသျဖင့္ ထိုေနရာတြင္ ခ်ဴးေဟာင္လင္း ေနခဲ့သည္ဟု ထင္ရသည္။
"ဆရာ ကြၽန္ေတာ္တို႔ သိခဲ့ရၿပီ .. လုံယန္ ေတာင္ေျခ လုံၿခဳံေရးစခန္းက လုံယန္ ေကာင္တီ အစိုးရက ေဆာက္ထားတာ ဒီနယ္ၿမိဳ႕ေဒသထဲမွာ အႀကီးဆုံးစခန္းပဲ စစ္တပ္လည္း အဲဒီကို အေျခမစိုက္ ရေသးဘူးတဲ့ ... ကပ္မဆိုက္ခင္ လုံယန္ေကာင္တီက တ႐ုတ္နိုင္ငံရဲ႕ အႀကီးမားဆုံး သစ္သီးရင္းျမစ္ ျဖစ္ခဲ့တာ လုံယန္ ေတာင္တစ္ခုလုံးကလည္း သီးပင္ေတြ အျပည့္ပဲ ... ေရဒီယိုနားေထာင္ခ်က္အရ လုံယန္စခန္းက ေတာင္ရဲ႕ေဘးမွာ ရွိတာတဲ့ ေတာင္ေအာက္ကိုဆင္းသြားရင္ ကြင္းျပင္က်ယ္ႀကီး ရွိေသးတယ္။ ေတာင္ေပၚမွာလည္း တစ္ႏွစ္ပတ္လုံး သီးပင္ေတြ အျပည့္ပဲဆိုေတာ့ အစားအေသာက္ကို ၾကည့္ရင္ လုံယန္က မဆိုးဘူးေျပာရမယ္"
ေျမပုံကိုၾကည့္ကာ အသံလႊင့္သည္ကို နားေထာင္ၿပီးေနာက္ ယန္းဟြိုင္အန္း ေတြးဆကာ ေျပာေလသည္။
ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့လည္း ယန္းဟြိုင္အန္း အနားလာကာ မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ၿပီး ယန္းဟြိုင္အန္း ေရးထားေသာ မွတ္စုမ်ားႏွင့္ ေျမပုံကိုၾကည့္လ်က္ ရွင္းဖုန္း ေခါင္းညိတ္ကာ ...
"လုံယန္ေတာင္က လုံမန္ေတာင္တန္းမွာ ရွိတာပဲ တပ္ဖြဲ႕အမ်ားစုက အေနာက္ေတာင္စခန္းမွာ ေနၾကတာ တကယ္လို႔ ေတာင္ေျခစခန္းမွာ တပ္ဖြဲ႕ေတြ ရွိမယ္ဆိုရင္ေတာင္ ၿမိဳ႕ကိုကာကြယ္ေပးတဲ့ အဖြဲ႕ေတြပဲရွိမွာ .. ဒါေပမယ့္လည္း ဘယ္စခန္းမဆို ရဲေတြကေတာ့ ရွိေနမွာပဲ အစိုးရက ေဆာက္ထားတာ ဆိုေတာ့ လူေတြလည္း သာတူညီမွ် ဆက္ဆံခံရဖို႔ မ်ားေတာ့ ငါတို႔ ေမွ်ာ္လင့္လို႔ ရပါေသးတယ္"
အကယ္၍ က်န့္ယာေဖး မိဘမ်ား သက္ရွိထင္ရွား ရွိေနေသးလွ်င္ ျပႆနာ ထူးထူးျခားျခား ရွိမည္မဟုတ္ေပ။
"အင္း ညစာစားၿပီး ေစာေစာ အိပ္ၾကရေအာင္ .. မနက္ျဖန္မနက္ ေစာေစာထြက္ၾကမယ္"
ယြင္ခ်ဲ့လည္း အသံတိုးသြားသည္ႏွင့္ ထရပ္ကာ ဝရံတာသို႔ ထြက္သြားသည္။ လုံယန္ေတာင္တြင္ သီးပင္ေပါမ်ားသည္ ဆိုေသာ ယန္းဟြိုင္အန္း၏ စကားကို သူသတိမထား မိလိုက္ေပ။ သူ၏အတိတ္ဘဝတြင္ ျဖစ္ခဲ့သည့္ အေၾကာင္းကို ရက္အတိအက် မမွတ္မိေသာ္လည္း စခန္းတစ္ခုမွာ ဗီဇေျပာင္း အပင္မ်ားေၾကာင့္ တိုက္ခိုက္ ဖ်က္ဆီး ခံခဲ့ရသည္ဟု သူၾကားခဲ့သည္။
ထိုစခန္း၏ အုပ္ခ်ဳပ္သုမ်ား လွ်ို႔ဝွက္စြာ ထြက္ေျပး သြားခဲ့ၿပီး သုံးပုံတစ္ပုံထက္ နည္းေသာ လူဉီးေရ အနည္းငယ္သာလွ်င္ အသက္ရွင္လ်က္ လြတ္ေျမာက္ခဲ့သည္။ ထို႔ေနာက္ ထိုလူတို႔သည္ အျခားစခန္း တစ္ခုသို႔ ေျပာင္းေ႐ြ႕ သြားသည္ဟု ယြင္ခ်ဲ့ တာဝန္ ထမ္းေဆာင္ေနစဥ္ ထိုအေၾကာင္းကို ၾကားခဲ့ရသည္။
အကယ္၍ လုံယန္ေတာင္ေပၚတြင္ သီးပင္မ်ားစြာ ရွိေနသည္ဆိုလွ်င္ ဗီဇေျပာင္း ပ်ိဳးပင္မ်ားစြာကို ပို၍ႀကဳံေတြ႕ရမည္ ျဖစ္ေသာေၾကာင့္ လုံယန္ စခန္းမွာ သူၾကားခဲ့ရေသာ စခန္းျဖစ္ေပလိမ့္မည္။ သို႔ေသာ္ ယြင္ခ်ဲ့သည္ မည္သူကိုမွ ထိုအေၾကာင္း မေျပာရေသးေပ။ ထိုေနရာတြင္ က်န့္ယာေဖး၏ မိဘတို႔ ရွိေနနိုင္သျဖင့္ သူမကို ေၾကာက္လန့္ေစမည္ ဆိုးေသာေၾကာင့္ လူကိုအႏၲရာယ္ ေပးနိုင္ေသာ ဗီဇေျပာင္း အပင္မ်ား အေၾကာင္းကိုပင္ သတိမေပးနိုင္ ျဖစ္ေနသည္။ အကယ္၍ ထိုေနရာတြင္ ယြင္ေယာင္ သို႔မဟုတ္ ယြင္ခ်န္ ရွိေနလွ်င္ ယြင္ခ်ဲ့ စိတ္တုန္လႈပ္ ေနမည္မွာ အေသအခ်ာပင္။
"ဗီဇေျပာင္း အပင္ေတြကို စိတ္ပူေနတာလား"
ဘယ္သူမွ မသိလိုက္ခ်ိန္တြင္ ယြင္ခ်ဲ့ အေနာက္မွ ရွင္းဖုန္း လိုက္လာခဲ့ၿပီး ေဆးလိပ္ကို ဖယ္ထုတ္လိုက္သည္။ ထို႔ေနာက္ ဝရံတာ လက္တန္းကို မွီကာ အခန္းထဲတြင္ ေပ်ာ္႐ႊင္ေနၾကေသာ သူငယ္ခ်င္းမ်ားကို ၾကည့္ေနေလသည္။
"အင္း ဒါေပမယ့္ စိတ္ပူ႐ုံနဲ႕လည္း ဘာမွလုပ္လို႔မရဘဲ ... ဒီညခ်က္ခ်င္းအေလာတႀကီး သြားရင္ေတာင္ ညတြင္းခ်င္းေတာ့ မေရာက္နိုင္ဘူးေလ .. ၿပီးေတာ့ ဒီေလာက္လည္း ကံမဆိုးနိုင္ပါဘူး ကြၽန္ေတာ္ကပဲ အေရးမပါတာကို ေၾကာက္လန့္ေနတာလား မသိဘူး"
လက္တန္းေပၚတြင္ တံေတာင္ႏွင့္မွီထားလ်က္ ယြင္ခ်ဲ့ ၿပဳံးကာ ေျပာေလသည္။
"အင္း... ယာေဖးက မိန္းမေကာင္းေလးပါ .. ဒီလို ကပ္ျဖစ္ေနတာေတာင္ ႐ုန္းကန္ ႀကိဳးစားၿပီး သတၱိရွိရွိ အသက္ရွင္ ေနတာကိုက ေတာ္ေတာ္ေလးစားစရာ ေကာင္းေနၿပီ"
မ်က္လုံးမ်ား မို႔ေမာက္ေနသည့္တိုင္ သူငယ္ခ်င္းမ်ားကို စိတ္မပူေစရန္ ႀကိဳးစားၿပဳံးျပေနေသာ က်န့္ယာေဖးကိုၾကည့္ကာ ရွင္းဖုန္း သက္ျပင္း ခ်လိဳက္သည္။ သူသည္ စစ္တပ္ထဲတြင္ ႀကီးျပင္းခဲ့သည့္ အျပင္ သန္မာရဲစြမ္း သတၱိရွိေသာ အမ်ိဳးသမီး တပ္သားမ်ားကို ေတြ႕ဖူးခဲ့သျဖင့္ အမ်ိဳးသမီးမ်ားကို ခြဲျခားဆက္ဆံျခင္း မရွိေပ။
တစ္ခါတစ္ရံ အလြန္သန္မာေသာ သူမ်ားကိုပင္ ေတြ႕ခဲ့ရသည္။ ခြန္အားႏွင့္ ယွဥ္လွ်င္ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ ပို၍အားနည္းစြာ ေမြးဖြား လာၾကသည္မွာ အျငင္းပြားဖြယ္ မရွိေပ။ သို႔ေသာ္ အေၾကာင္းကိစၥ ႀကဳံလာလွ်င္ သူတို႔ေမြးရာပါ အားနည္းျခင္းႏွင့္ ေၾကာက္လန့္ျခင္း ဗီဇမ်ားကို အနိုင္ယူ ေက်ာ္လႊားကာ အမ်ိဳးသားမ်ား နည္းတူ သန္မာလာၾကေပသည္။
အထူးသျဖင့္ ယခုကဲ့သို႔ ကပ္ေဘးဆိုက္စဥ္ လက္နက္ဆြဲကာ ဖုတ္ေကာင္မ်ားကို တိုက္ခိုက္သည့္ အမ်ိဳးသမီးမ်ားက သက္ေသပင္။ ေက်ာက္ယန္း အဖြဲ႕တြင္လည္း ထိုကဲ့သို႔ အမ်ိဳးသမီး အခ်ိဳ႕ရွိၿပီး ဖုတ္ေကာင္မ်ားကို တိုက္ခိုက္ျခင္းႏွင့္ သတ္ျဖတ္ျခင္းတို႔တြင္ ေယာက်္ားသားမ်ား နည္းတူ အလြန္ရဲရင့္ သန္မာလွသည္။ သူ၏အဖြဲ႕တြင္ က်န့္ယာေဖး သည္လည္း ထိုအမ်ိဳးသမီးမ်ားကဲ့သို႔ ရဲစြမ္းေပသည္။
"ခင္ဗ်ား သူ႕ကိုႀကိဳက္လို႔လား"
ယြင္ခ်ဲ့ မရိုးသားေသာ အၿပဳံးမ်ားျဖင့္ ရွင္းဖုန္းကို ေစြေစာင္းၾကည့္ကာ ေမးလိုက္သည္။ အတိတ္ဘဝတြင္ က်န့္ယာေဖးသည္ ရွင္းဖုန္း၏ ငယ္သားမ်ားထဲမွ အမ်ိဳးသမီးမ်ား၏ တစ္ဉီးတည္းေသာ ေခါင္းေဆာင္ျဖစ္ခဲ့သည္။ ထိုအခ်က္ေၾကာင့္ပင္ ယြင္ခ်ဲ့တို႔ ႏွင့္အတူ က်န့္ယာေဖး လိုက္လိုေၾကာင္း ေျပာခဲ့သည့္အခ်ိန္က သူလက္ခံခဲ့ျခင္း ျဖစ္သည္။ ရွင္းဖုန္း၏ ဉာဏ္ေကာင္းေသာ ငယ္သား တစ္ေယာက္ အေနႏွင့္ သူမသည္ အလြန္ထက္ျမက္ ေပလိမ့္မည္။
ထို႔ေနာက္ အတူတကြ ရင္ဆိုင္ေက်ာ္ျဖတ္ လာၿပီးေနာက္ ယြင္ခ်ဲ့ႏွင့္ က်န့္ယာေဖးတို႔ သူငယ္ခ်င္း ျဖစ္ခဲ့ၾကကာ က်န့္ယာေဖးကိုလည္း သာမန္အကူ တစ္ေယာက္ဟု မမွတ္ယူထားေတာ့ေပ။ ထို႔ေၾကာင့္သာ သူမ၏မိဘတို႔ကို ရွာေဖြရန္ အသက္ကိုပင္ စြန့္စားခဲ့ျခင္း ျဖစ္သည္။
"မင္းသူ႕ကိုမႀကိဳက္ဖို႔ပဲ ေမွ်ာ္လင့္တယ္"
ယြင္ခ်ဲ့ စေနာက္ ေျပာဆိုသည္ကို သိသျဖင့္ ရွင္းဖုန္းလည္း ခပ္ေပါ့ေပါ့ပင္ ျပန္ေျဖလိုက္သည္။ ယြင္ခ်ဲ့သည္ သူတစ္ေယာက္တည္းတြင္သာ ခံစားခ်က္ရွိရမည္။
"အာ .. ခင္ဗ်ားကို တစ္ခုခု ေျပာဖူးသလားလို႔ .. ကြၽန္ေတာ္က မိန္းကေလးေတြ စိတ္မဝင္စားဘူးေလ"
ရွင္းဖုန္းကို လွည့္ၾကည့္လ်က္ ယြင္ခ်ဲ့ ထူးဆန္းေသာ အၿပဳံးႏွင့္ သူ၏လိင္စိတ္ ခံယူခ်က္ကို ေျပာေလရာ ရွင္းဖုန္း မ်က္ေမွာင္ၾကဳတ္လ်က္ ယြင္ခ်ဲ့ နဖူးကို ေတာက္လိုက္သည္။
"ဘာလို႔ငါ့ကို ေစာေစာ မေျပာတာလဲ"
အကယ္၍ သူသိခဲ့လွ်င္ အခ်စ္စစ္ပြဲအတြက္ ၿပိဳင္ဘက္ နည္းပါးေၾကာင္းကိုလည္း သိကာ စိတ္ခ်နိဳင္ခဲ့လိမ့္မည္။
"ေျပာပုံက ကြၽန္ေတာ္က ယာေဖး ဒါမွမဟုတ္ တျခား မိန္းကေလးေတြကို စိတ္ဝင္စားမွာ စိုးရိမ္ေနပုံပဲ"
နဖူးေတာက္ ခံရေသာ္လည္း ယြင္ခ်ဲ့ စေနာက္ ေနလ်က္ပင္။ ကပ္ေဘး ကာလတြင္ မေကာင္းဆိုးဝါးမ်ားကို သတ္ျဖတ္ ႏွိမ္နင္းရသည့္ အခ်ိန္က အလြန္ပင္ စက္ဆုပ္ဖြယ္ေကာင္းလွသည္။ အခ်ိန္မွာလည္း ေနဝင္ခ်ိန္ ေရာက္ရန္ ၃ နာရီပင္ လိုေသးသည္။
"မင္းအဲဒီလို ၾကည့္တိုင္း ငါဘယ္လို ခံစားရလဲသိလား"
ယြင္ခ်ဲ့ အေမးကို လ်စ္လ်ဴရႈလ်က္ လက္တန္းကို မွီကာ လွည့္ၾကည့္လိုက္ၿပီး ရွင္းဖုန္း ေမးသည္ကို ယြင္ခ်ဲ့ မ်က္ေမွာင္ၾကဳတ္လ်က္ ျပန္ေမးေလသည္။
"ဘယ္လို ခံစားရတာလဲ"
"ငါ့အထင္ မင္းငါ့ကို ျမဴဆြယ္ေနသလိုပဲ"
"ေသေလ ..."
ထိုအခ်ိန္ကိုက္မွာပင္ ဆိုဖာေပၚတြင္ ထိုင္ေနေသာ က်ိဳးဇယ္ယြီမွာ ဒရမ္မာဆန္ဆန္ ျပဳတ္က်သြားၿပီး ခ်ဴးေဟာင္လင္း၏ ပါးစပ္ထဲမွ ကြတ္ကီးလည္း ျပဳတ္က် သြားေလသည္။ ယန္းဟြိုင္အန္းလည္း မွတ္စု စာ႐ြက္မ်ားကို ေယာင္ယမ္းကာ ၿဖဲမိလိုက္ၿပီး ေရေသာက္ေနေသာ ရွန္းေ႐ြလည္း ေခ်ာင္းဆိုးသြားေလသည္။ ယြီဝမ္းခ်င္ ႏွင့္အတူ အျခားအဖြဲ႕သားမ်ားလည္း အံ့ဩတႀကီးျဖစ္ကာ ဆြံ႕အကုန္သည္။
သူတို႔သိခဲ့လွ်င္ ခိုးနားေထာင္မည္ မဟုတ္ေသာေၾကာင့္ အလြန္ပင္ ေနာင္တရေနၾကေလသည္။ ယန္းဟြိုင္အန္းပင္ ဘာမွမေျပာနိုင္ေတာ့ေပ။ သူတို႔၏ဆရာ ရွင္းဖုန္း အလြန္ပင္ စည္းေက်ာ္ေနသည္။ ယြင္ခ်ဲ့ကမူ သူမည္သူႏွင့္ စေနာက္ ေနသည္ကို အေလးမထားပုံပင္။ သူအၿမဲပင္ အျခားသူမ်ားကိုလည္း ထိုသို႔ ပေရာပရီ လုပ္တတ္သည္လား။ ရွင္းဖုန္း အလြန္ စိတ္ကူးယဥ္ တတ္သည္၊ အလြန္ပင္ စိတ္ကူးယဥ္လြန္းသည္။
"သူတို႔အျပဳအမူကို ၾကည့္႐ုံနဲ႕တင္ ေတာ္ေတာ္ ရွင္းေနပါၿပီ .. ခင္ဗ်ား အေၾကာင္းေျပာဖို႔ ရွက္ေတာင္ရွက္တယ္"
အခန္းထဲရွိ ကသုတ္က႐ုတ္ ျဖစ္ေနေသာ အဖြဲ႕သားမ်ားကို ၾကည့္ကာ ရယ္ေမာေနသည္။ ရွင္းဖုန္းက ထိုသို႔ ပြင့္လင္းစြာ ေျပာတတ္သည္ကို သူတို႔ထက္ ယြင္ခ်ဲ့ ပိုသိထားသျဖင့္ သူ႕အတြက္ အံ့ဩဖြယ္မရွိေပ။
"အင္း ... သူတို႔ေတြ အခ်ိန္ျဖဳန္းတာ မ်ားေနၿပီဆိုေတာ့ ငါတို႔ျပန္ေရာက္ရင္ သူတို႔ကို လင္းက်န္းၿမိဳ႕ထဲက လိုအပ္တာေတြ စုခိုင္းတာမ်ိဳး၊ နယ္ၿမိဳ႕ေဒသေတြကို မၾကာမၾကာ သြားခိုင္းတာမ်ိဳး ဒီလိုခက္ခဲတာေတြ တာဝန္ခြဲေပးဖို႔ မင္႐ႊမ္းကို ေျပာရမယ္"
ရွင္းဖုန္းလည္း သူတို႔စကားကို ဂ႐ုမစိုက္ဘဲ ေမွးကိုပြတ္လ်က္ အခန္းထဲမွ လူမ်ား ၾကားနိုင္ေလာက္သည့္ အသံျဖင့္ ေအာ္ေျပာလိုက္သည္။
သူကထိုသို႔ေသာ အေၾကာင္းေလးႏွင့္ လက္စားေခ် တတ္သည္လား။
ခ်ဴးေဟာင္လင္းႏွင့္ သူ၏အဖြဲ႕သားတို႔ ညည္းတြား လိုက္ၾကခ်ိန္ က်ိဳးဇယ္ယြီႏွင့္ သူ၏အဖြဲ႕သားတို႔မွာ ေက်ာက္ယန္း အဖြဲ႕ဝင္ မဟုတ္ေသာေၾကာင့္ ကံေကာင္းသည္ဟု ခံစားရကာ ရင္ဘတ္ကို အသာပုတ္ လိုက္သည္။
"မင္းရဲ႕အဖြဲ႕သားေတြက အစြမ္းႀကီးၾကတယ္ ဆိုေပမယ့္ လုပ္ေဆာင္မႈ အားနည္းေတာ့ ငါတို႔အဖြဲ႕နဲ႕ ပူးေပါင္း သင့္တယ္လို႔ ထင္တယ္"
"ဘာ"
ခဏအၾကာတြင္ ရွင္းဖုန္းက ေတြးဆဟန္ႏွင့္ အႀကံေပးသကဲ့သို႔ ျပန္ေျပာေလရာ က်ိဳးဇယ္ယြီႏွင့္ အဖြဲ႕သားမ်ား မွင္သက္ ကုန္ေလသည္။ တကယ္ႀကီးလား။ သူဘာေၾကာင့္ ဒီလို လက္စားေခ် တတ္ရတာလဲ။
"အင္း ... ဟုတ္သား .. သူတို႔လည္း မ်ားမ်ား ပူးေပါင္းတတ္ဖို႔ လိုတယ္"
"ဟို ... ခ်ဲ့ စိတ္လိုက္မာန္ပါ လုပ္တာက ဒုကၡေရာက္တတ္တယ္တဲ့ .. စိတ္လိုက္မာန္ပါ မလုပ္နဲ႕ေနာ္"
ထိုအႀကံကို ယြင္ခ်ဲ့ သေဘာတူေတာ့မည့္ အရိပ္အေယာင္ ျပလိုက္သျဖင့္ က်ိဳးဇယ္ယြီ ခ်က္ခ်င္း ထလာကာ ေျပးလာခဲ့သည္။ အကယ္၍ သူတို႔သာ ၿမိဳ႕တစ္ၿမိဳ႕ သို႔မဟုတ္ နယ္ၿမိဳ႕သို႔ သြားရမည္ဆိုလွ်င္ ေနာက္တစ္ႏွစ္အထိ သူတို႔အသက္ရွင္ နိုင္ပါဉီးမလား။
"ဘာကိုစိတ္လိုက္မာန္ပါ လုပ္လို႔လဲ မင္းတို႔ေတြ ဒီထက္ေတာင္ ပိုၿပီး လုပ္ေဆာင္သင့္တာ .. ခ်ဲ့ .. ဒါအေကာင္းဆုံးပဲလို႔ ထင္တယ္ နည္းနည္းေလာက္ စဥ္းစားၾကည့္ပါလား .. စိတ္မပူပါနဲ႕ တကယ္လို႔ ပူးေပါင္း ေဆာင္႐ြက္ဖို႔ ေသခ်ာၿပီဆိုရင္ သူတို႔ကိုငါကိုယ္တိုင္ ေလ့က်င့္ေပးမယ္ သူတို႔ရဲ႕ တိုက္ခိုက္ရည္လည္း တစ္ေန႕ထက္တစ္ေန႕ သာေစရမယ္လို႔ အာမခံတယ္"
ထိုအျဖစ္ကို ျမင္ေသာေၾကာင့္ ခ်ဴးေဟာင္လင္းလည္း အေျပးလာၿပီး ရယ္ေမာကာေျပာဆိုလိုက္သည္။
"ေဟ့ ခ်ဴး ... မင္းမွာ ဝင္ေျပာဖို႔ စကားေတြ မရွိေတာ့ဘူးလား"
ခ်ဴးေဟာင္လင္းမွာ ယြင္ေယာင္ ခ်က္ျပဳတ္ေပးခဲ့ေသာ စားစရာမ်ားကို အာ႐ုံေရာက္ေနေလသည္။
"အဲဒါက ဘာလဲ စားလို႔ရလား မရဘူးဆိုရင္ ဘာလို႔ေမးေနေသးလဲ... အဆင္ေျပသလိုလုပ္လိုက္ေပါ့"
အစားက်ဴးသူ ေရွ႕တြင္ စည္းကမ္းအေၾကာင္း ေျပာဆိုေနျခင္းက ကိုယ့္ကိုယ္ကိုယ္ ညွဥ္းဆဲရာ ေရာက္လြန္းသည္။ ခ်ဴးေဟာင္လင္း ေသခ်ာ ေျပာလိုက္သျဖင့္ က်ိဳးဇယ္ယြီ လည္း ထပ္မေျပာနိုင္ေတာ့ေပ။ ယြင္ခ်ဲ့ကိုသာ အရာရာ ဆုံးျဖတ္နိုင္စြမ္း ရွိျခင္းေၾကာင့္ လုဟိုင္႐ႊမ္း၊ လန္ယဲ့ဟန္ ႏွင့္ က်န့္ယာေဖးတို႔ အျငင္းမပြား ၾကေတာ့ေပ။
"အင္း .. ခ်ဴးေဟာင္လင္းနဲ႕ က်ိဳးဇယ္ယြီတို႔ ရွိေနသေ႐ြ႕ေတာ့ ဒီလိုကပ္ေဘးႀကီးမွာေနရလည္း ငါတို႔ေတြ မပ်င္းရေတာ့ဘူး"
ရွင္းဖုန္းကို လွည့္ၾကည့္ကာ ယြင္ခ်ဲ့ သူ၏ အနက္ရွိုင္း ခံစားခ်က္တို႔ကို ေျပာျပလိုက္သည္။
"အင္း"
ရွင္းဖုန္း လက္ကို ဆန့္ထုတ္ကာ ယြင္ခ်ဲ့ လက္ကို အုပ္ကိုင္လ်က္ ခ်ဴးေဟာင္လင္းႏွင့္ က်ိဳးဇယ္ယြီတို႔ စေနာက္ ေဆာ့ကစားေနသည္ကို ေတြ႕လိုက္သည္။ ယခုကဲ့သို႔ ကပ္ေဘးဆိုက္ေနေသာ္လည္း သူတို႔ေပ်ာ္႐ႊင္စြာ ေနထိုင္နိုင္ၾကေပေသးသည္။
***