Unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အပိုင်း (၆၁)
"ဟဲဟဲ ... ခင်ဗျား လာနောက်နေတာလား၊ ဒါမှမဟုတ် အပျော် လာပြောနေတာလား .. သူ့ကိုသတ်ပြီးတော့မှ ခင်ဗျားက ရှေ့တက်လာပြီး ဌာနမှာ လူသတ်ခွင့် မရှိဘူး ပြောနေတယ်။ ဒါပေမယ့် သူတို့ ကျုပ်ကို အသည်းအသန် တိုက်ခိုက်တုန်းက ခင်ဗျားတို့ ဘယ်ရောက်နေကြလဲ ... ကိုယ့်ကိုယ်ကို ကာကွယ်တာက ဒီကာလ မတိုင်ခင် ကတည်းက ဘယ်နေရာမဆို ခွင့်ပြုထားပြီးသား .. ဘယ်တုန်းကများ ရာဇဝင် ဖြစ်သွားရတာလဲ"
ယွင်ချဲ့ မဲ့ပြုံးပြုံးကာ သူ၏စကားများမှာလည်း မုန်းတီးခြင်းများ ပြည့်နှက်နေသည်။ အကယ်၍ အခြားသူများ သူ့ကိုရန်မစခဲ့လျှင် ယွင်ချဲ့လည်း လက်ဉီးမှုယူကာ တုံ့ပြန်ခဲ့မည် မဟုတ်ပေ။ အကြောင်းပြချက်မရှိ ရန်စခဲ့သည်က ထိုသက်လတ်ပိုင်း အမျိုးသမီးကြီးပင်။ သူမ၏ အစွမ်းကြောင့် မာန်တက်နေကာ ယွင်ချဲ့ကို ပညာချင်ခဲ့သော်လည်း ယွင်ချဲ့မှာ မိမိ အနာတရ ဖြစ်မည်ကို ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။
ကျန်းရှန်းယန်မှာ သူ၏လျှပ်စီးအစွမ်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင် သော်လည်း ယွင်ချဲ့က ပို၍ ကျွမ်းကျင်နေသဖြင့် ကျန်းရှန်းယန်၏ အစွမ်းက သူ့ကို နာကျင်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ မိမိထက် အစွမ်းကြီးသူကို သတ်ချင်ခဲ့သော ကျန်းရှန်းယန်၏ ရလဒ်ပင်။ အဓိကအချက်မှာ ကျန်းရှန်းယန်နှင့် သူ၏မိခင်သည် မည်သည့် အခါမှ သနားကြင်နာစိတ် မရှိသည့်အပြင် အလွန်သေးငယ်သော မကျေနပ်ချက်ကိုပင် ကြီးမားစွာ လက်တုံ့ပြန် တတ်ကြသဖြင့် အကယ်၍ ယနေ့လွှတ်ပေးလိုက်လျှင် တစ်ချိန်တွင် ထိုလွှတ်ပေး လိုက်သူမှာ ဆိုးဝါးစွာ ခံစားရလိမ့်မည်။ ရန်သူကို သနားလျှင် မိမိပင် ဒုက္ခတွင်း နက်တတ်ကြောင်း ယွင်ချဲ့ အတိတ်ဘဝမှ နားလည်ခဲ့သဖြင့် ယခုဘဝတွင် နောင်တရစေမည့် ကိစ္စများ ထပ်လုပ်တော့မည် မဟုတ်ပေ။
"မင်း ... လူသတ်တာ သတ်တာပဲ .. ဒီမှာ ဘယ်သူမှ စည်းကမ်း ချိုးဖောက်ခွင့် မရှိဘူး"
ယွင်ချဲ့ကို အာသွက်လျှာသွက် ဖြစ်လိမ့်မည်ဟု တပ်ကြပ်ကြီး မထင်ထားခဲ့သဖြင့် ဒေါသဖြစ်လာကာ ညာဘက်လက်ကို မြှောက်လိုက်ပြီး အနောက်ဘက်တွင် တပ်သားများကို ရှေ့တက်လာရန် အချက်ပြ လိုက်သော်လည်း ....
"ဟင် .... ဘယ်လိုဖြစ်တာ .... အသက်ရှူလို့... မရတော့ဘူး"
"အ... ကယ်..ကယ်ကြပါ ..."
လတ်တလော ဖြစ်စဉ်က တစ်ဖန် ဖြစ်ပေါ်လာကာ စစ်သားများမှာလည်း မိမိတို့လည်ပင်းများကို ကိုင်လျက် မြေပြင်ပေါ် လဲကျကုန်လေသည်။ ထိုအဖြစ်ကို မျက်မြင် တွေ့ခဲ့ကြသော လူအများမှာ အနောက် ဆုတ်သွားကြပြီး သူတို့၏ မျက်လုံးထဲတွင်လည်း အကြောက်တရားများ ပြည့်နှက် လာလေသည်။ အခြားသူ တချို့မှာ မည်သို့ ဖြစ်ပျက်နေသည်ကို ခွဲဖြာမရသဖြင့် ကြောင်အစွာ ကြည့်နေကြလေသည်။
"ပြောစမ်း ! မင်းဘာလုပ်လိုက်တာလဲ !"
ထိုတပ်ကြပ်ကြီးက ပစ္စတိုသေနတ်ကို ထုတ်လျက် ယွင်ချဲ့ကို ချိန်ရွယ် ထားလိုက်သည်။
"ခင်ဗျား နောက်နေတာလား ကျုပ်ကို ထိတောင်မထိရသေးဘဲ သူတို့ လဲကျသွားတာကို ဘာလို့ ကျုပ်ကြောင့်လို့ ထင်နေတာလဲ ... ခင်ဗျားဘာသာ ဘယ်လောက်ပဲ ကိုယ်ကျင့်သိက္ခာ မှန်ကန်တဲ့ စစ်သား ဖြစ်နေပါစေ တွေ့ရာလူကို ကြုံသလို အပြစ်ပုံလို့ မရဘူးလေ ဟုတ်တယ်မလား"
ယွင်ချဲ့ မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်လာကာ တပ်ကြပ်ကို ခနဲ့ကာ ပြောလိုက်သည်။ ထိုအဖြစ်တို့ကို ကြည့်နေခဲ့သော ကျိုးဇယ်ယွီ မှာ လုဟိုင်ရွှမ်း ထံသို့ ချန်ချန်ကို ချီစေလိုက်ပြီး သူ၏ခြေတံရှည်များနှင့် လျှောက်သွားကာ ...
"ရော် ! စစ်သားက လူတွေကို အနိုင်ကျင့်နေပါလား။ ငါ့ရဲ့အစ်ကိုချဲ့နဲ့ သူတို့က မိုးနဲ့မြေလို ကွာခြားနေတယ ဆိုပေမယ့်လည်း နည်းနည်းလေးမှ အနားမကပ် နိုင်ကြပါလား။ ဒီလိုနဲ့များ ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ ... ဒီကအစ်ကိုကြီး .. သူ့ရဲ့ အစွမ်းလို့တော့ မပြောနဲ့နော် သူ့အစွမ်းက လျှပ်စီးဆိုတာ အားလုံး သိနေကြတာပဲ။ အခုလည်း သူအစွမ်းသုံးတာ မြင်မှမမြင်ရတာ သူ့ကြောင့်လို့ ဘယ်လို ပြောလို့ရမှာလဲ ... ခင်ဗျား ရုတ်တရက် လဲကျသွားရင် ကျွန်တော့်ကို သေနတ် မချိန်ထားနဲ့နော် မဟုတ်ရင် ကျွန်တော် ဓါးစာခံ ဖြစ်သွားလိမ့်မယ်"
ကျိုးဇယ်ယွီ၏ အကြောက်အလန့် ကင်းပုံမှာ တပ်ကြပ်ကြီးကို သေနတ်မောင်း ဆွဲလုနီးပါး ဖြစ်သွားစေပြီး ပတ်ဝန်းကျင်မှ လူအများလည်း ထိုစကားကြောင့် ရယ်မော ကြလေသည်။ ကပ်ဘေး ဆိုက်ပြီးသည့် အချိန်မှစ၍ စစ်သားများမှာ နိုင်ထက်စီးနင်း လုပ်ကာ အထက်စီးဆန် လာကြသဖြင့် လူများ ဝမ်းနည်းနေသော်လည်း အာမခံရဲခဲ့ကြသဖြင့် ယခုကဲ့သို့ ပြောဆိုရဲသူ ရှိလာသောအခါ စိတ်ပေါ့ပါး သွားကြလေသည်။
"ပေါက်ကရတွေ ! ရှန်းယန် အဖွဲ့ကို မင်းတို့ တိုက်ခိုက်ကြတုန်းက ကျန်းရှန်းယန် ကလွဲလို့ အကုန်လုံး ဒီလိုတစ်ပုံစံတည်း ဖြစ်ခဲ့ကြတာ .. သူ့ကြောင့် မဟုတ်ရင် ဘယ်သူ့ လက်ချက်ဖြစ်မှာလဲ"
တပ်ကြပ်ကြီးမှာ ဒေါသတကြီး ဖြစ်ကာ လက်တစ်ဖက်တွင် သေနတ် ကိုင်ထားလျက် ကျန်တစ်ဖက်မှာ ရှန်းယန် အဖွဲ့ကို လက်ညှိုးထိုးပြပြီး သူ၏စစ်သားများကိုလည်း တစ်ဖန် လက်ညှိုးထိုးကာ ပြောလေသည်။
"ခင်ဗျားက ဒီကို ရောက်လာတာ ခဏလေးပဲ ရှိသေးတယ်၊ ဒီလူတွေ ကျုပ်ကို အနိုင်ကျင့်ကြတယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ် သေချာသိမှာလဲ ... ဒါပေမယ့် ကျုပ်စဉ်းစားလို့ မရတာတစ်ခုက ဒီမိန်းမကြီးနဲ့ သူ့သားက ကျုပ်ကလေးရဲ့ သကြားလုံးကို အရှက်မရှိ လုယူချင်ပြီး ကျုပ်ကိုသတ်ဖို့ လုပ်နေတုန်းက ခင်ဗျား ဘာလို့မပေါ် လာရတာလဲ ... အာ .. အစမှာတော့ ခင်ဗျားလည်း သူတို့နဲ့တစ်ဖွဲ့တည်း ဖြစ်နိုင်တယ်မလား။ ဒီလိုမဟုတ်ရင် ကျုပ်အနိုင်ဖြစ်နေတော့မှ ဘာလို့ ပေါ်လာတာလဲ ... ကျုပ်မသိတာကိုတော့ သည်းခံပေးပါ။ ဒါပေမယ့် ဒုတပ်ကြပ်ကြီးက ဘယ်တုန်းကများ ရှန်းယန် အဖွဲ့ရဲ့ လူယုံတော် ဖြစ်သွားရတာလဲ ... ကျုပ်နယ်ဘက်မှာ နေတုန်းက ရုပ်သံလွှင့်တွေထဲ ကြားရတာကတော့ ကျုပ်တို့နိုင်ငံရဲ့ စစ်တပ်က သူတို့နိုင်ငံနဲ့ ပြည်သူပြည်သားတွေအပေါ် သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင် နေကြတာဆို ... အခုမြင်နေပုံ အရတော့ ရုပ်သံလွှင့်ကပဲ လိမ်ညာတာလား စစ်သားတွေကပဲ အကျင့်စာရိတ္တ ပျက်ပြားကုန်တာလား မသိတော့ပါဘူး"
အစပိုင်းတွင် ယွင်ချဲ့ သံသယရှိသဖြင့် တပ်ကြပ်ကို ထေ့ငေါ့ပြောဆို လှုံ့ဆွလေရာ တပ်ကြပ်ကြီးမှာ အမှန်ကို ပြောဆိုမိသည်အထိ တုံးအလိမ့်မည်ဟု ယွင်ချဲ့ မထင်ထားခဲ့ပေ။ ယွင်ချဲ့၏ စိတ်နေဟန်ထားအရ လက်တုံ့ပြန်ရန် အခွင့်အရေး ရထားလျက်နှင့် အလွယ်တကူလွှတ်ပေးမည့်သူ မဟုတ်ပေ။
"တောက် !... စစ်တပ်က အဖွဲ့ပြဿနာတွေမှာ ဝင်မစွက်ဖက်ဘူးလို့ ကြော်ငြာထားတာ မဟုတ်ဘူးလား .. သူတို့စိတ်ထဲ ရှန်းယန် တစ်ဖွဲ့ပဲ အစွမ်းရှိတယ် ထင်နေကြလား မသိဘူး"
"ရှန်းယန်က စစ်တပ်နဲ့ သဘောတူညီတာတွေ လုပ်ထားတော့ Top Ten အဖွဲ့ထဲ ဝင်ထားတာ ဘယ်ထူးဆန်းတော့မလဲ"
"ကွာ ..! ဒီကောင်တွေကို ငါသဘောမကျတာ တော်တော်ကြာပြီ"
"ဟုတ်တယ် .. စစ်တပ်က ဒါကို ဖြေရှင်းပေးသင့်တယ်။ မဟုတ်ရင် ငါတို့အဖွဲ့တွေ အကုန်ပေါင်းပြီး ဒီအခြေစိုက် စခန်းကို ပုန်ကန်မှာ"
"တောက် … ဖုတ်ကောင်တွေကြောင့် ရတက်မအေးရတဲ့ ကြားထဲ စစ်တပ်ကပါ မီးစာ ထပ်ထည့်ချင်နေတယ် ... ငါတို့ဘာကိုမှ အသာတကြည် မလုပ်နိုင်တော့ဘူး စစ်တပ်က ဖြေရှင်းချက် ထုတ်ပေးသင့်တယ်"
ယွင်ချဲ့ စကားက အဖွဲ့များစွာ၏ အတွေးကို ထိရိုက် သွားစေသည်။ ကပ်ဘေး ကာလတွင် အသက်ရှင် နေထိုင်ရန် အလွန်ခက်ခဲပြီး စစ်တပ်နှင့် ဆက်နွှယ် သူများကိုသာ ဘက်လိုက်၍ အခြားသူများကို အလွယ်တကူ ရှင်းလင်း ပစ်နိုင်လေသည်။ ပြည်သူများသည်လည်း မိမိတို့ကို ထိပါးလာပါက တိတ်ဆိတ်နေပြီး ကြည့်နေတော့မည် မဟုတ်ပေ။ ထိုကိစ္စကို ဖြစ်စေခဲ့သည့် ယွင်ချဲ့မှာ ကျိုးဇယ်ယွီ နှင့်အတူ ထွက်သွားလေသည်။
"မင်းပြောတဲ့နာမည် 'ထိပ်ဉီး' နဲ့ပဲ စာရင်းသွင်း ထားလိုက်"
ယွင်ချဲ့ စာရွက်ကိုယူကာ ကျိုးဇယ်ယွီထံ ကမ်းပေးလိုက်ပြီး စူးစိုက်ကြည့်ကာ ပြောလေသည်။ ထူးချွန်သူ တစ်ယောက်က ရန်ရှာ တိုက်ခိုက်ခြင်းကို အမြဲကြုံတွေ့ရမည် ဖြစ်သည်။ အစပိုင်းတွင် ယွင်ချဲ့မှာ သာမန်လူ တစ်ယောက်ကဲ့သို့ နေထိုင် လိုသော်လည်း အဆင့်ရှိရှိ နေမှသာ သင့်တော်မည်ဟု မထင်ခဲ့သဖြင့် ထိုအခွင့်အရေးကို အရယူကာ အဆင့်မြင့်သူ တစ်ယောက်၏ အသွင်အပြင်ကို ပြသရမည်ဟု ယူဆလိုက်သည်။
"ရတာပေါ့"
ထိပ်ဉီးအဖွဲ့၊ ထိုအမည်နာမမှာ ကျိုးဇယ်ယွီ၏ အကြိုက် ဖြစ်သောကြောင့် တုံ့ဆိုင်းခြင်းမရှိ အမြန်ပြေး သွားလေသည်။
"ထိပ်ဉီးဆိုတဲ့ နာမည်က နာမည်ကောင်း တစ်ခုပဲ .. ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေပေမယ့် တခြားသူတွေ စိတ်ရှိတိုင်း ငါတို့ကို အနိုင်ကျင့်လို့ မရဘူး .. ဒီနေ့ဖြစ်ထားတာတွေကြောင့် စခန်းမှာ ငါတို့အဖွဲ့တော့ နာမည်ကြီး လာတော့မယ်"
ချန်ချန်ကို ချီထားလျက် လုဟိုင်ရွှမ်းမှာ ယွင်ချဲ့ကိုသာ တည်ကြည့်နေသည်။ ဘုရင်နှင့် ထိပ်ဉီးဆိုသော နာမည်များမှာ အလွန်မြင့်မားကြောင်း ခံစားမိသော်လည်း သူတို့ကို ချောင်ပိတ်ကာ အနိုင်ကျင့်ကြသဖြင့် ငြင်းခုံခြင်း မလုပ်တော့ဘဲ လူအများ၏ ဆန္ဒအတိုင်း ငြိမ်သက် နေပေးကြလိုက်သည်။ အနည်းဆုံးတော့ အနာဂတ်တွင် သူတို့ကို မည်သူမှ ရန်ပြုရဲကြတော့မည် မဟုတ်ပေ။
"ဟဲဟဲ .... နာမည်ကြီးတာကလည်း စစ်တပ် ဒါမဟုတ် အစိုးရ အဖွဲ့အစည်းတွေ အပြင် အခြားအဖွဲ့တွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်လေ .. အခုရော ဘယ်လို ခံစားရလဲ စိတ်လှုပ်ရှားနေတာလား ကြောက်နေတာလား"
အတူလမ်းလျှောက်လာပြီး ယွင်ချဲ့မှာ ကလေးကို ချီထားလျက် ပြုံးကာ ပြောလေသည်။ သို့သော် ခန်းမထဲ ကျန်ခဲ့သော သူများမှာ ဆူပူထကြွ နေလေသည်။
"သူတို့ရဲ့ ပစ်မှတ် ဖြစ်လာပြီးရင် ဘယ်လိုတွေ ဆက်ဖြစ် လာနိုင်မှာလဲ"
လုဟိုင်ရွှမ်းလည်း တုန်လှုပ်သွားကာ သူ၏လက်နှစ်ဖက်ကို ခေါင်းအနောက်တွင် ချိတ်ထားလိုက်သည်။
"အခြားအဖွဲ့တွေရဲ့ ပစ်မှတ်ထား ခံရပြီဆိုရင် ငါတို့ဘယ်သွားသွား နိုင်ငံရဲ့ ရတနာလို တန်ဖိုးထား ခံရလိမ့်မယ် .. စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရင် စစ်တပ်အတွက် အသုံးဝင်မယ့် သူကိုပဲ ရှာဖွေလိုက်ပြီး အဲဒီလူက ဘယ်တော့မှ လွတ်လပ်မှု ခံစားရမှာ မဟုတ်တော့ဘူး။ ငါတို့တွေ ရှုံးနိမ့်ပြီး အသက်ဆုံးရှုံးရတဲ့ အထိ တာဝန်တွေကို မနားတမ်း လုပ်နေရတော့မှာ ... အဖွဲ့အစည်းတွေကိုတော့ ငါပြောနေစရာတောင် မလိုဘူး။ သူတို့အတွက် ငါတို့က ပါမွှားသားကောင် သာသာပဲရှိတာ ငါတို့အဖမ်းခံရပြီ ဆိုတာနဲ့ တစ်နှစ်ပတ်လုံး စမ်းသပ် စားပွဲပေါ်မှာ ချုပ်နှောင် ခံထားရပြီး နေ့နေ့ညည ခွဲစိတ်ခံနေရမယ့်အပြင် သွေးတွေလည်း အများကြီး ယူထုတ်ကြလိမ့်မယ်"
ထိုစကားမှာ ဟာသများ ပြည့်နေသော်လည်း လုဟိုင်ရွှမ်းမှာ အဖွဲ့အစည်း တစ်ခုသို့ ရောက်ခဲ့ဖူးသောကြောင့် ယွင်ချဲ့ အမှန်အတိုင်း ပြောနေသည်ဟု သူယုံကြည်သည်။
"ကြောက်စရာကြီး ... ချန်ချန်ရော ကြောက်လား"
လုဟိုင်ရွှမ်း ကောင်းကင်ကို ကြည့်လျက် သက်ပြင်းချကာ မျက်လုံးကိုမှေးကာ ချန်ချန်ကို မေးလိုက်သည်။ ထိုကလေးမှာ သူတို့ထက်ပင် ပို၍ သန်မာနေသည်။ သူ၏စိတ်ထဲတွင် လူတစ်ယောက်က လူဆိုးဖြစ်သည်ဟု မှတ်လိုက်လျှင် ထိုသူကို တန်ပြန် ရင်ဆိုင်ရန် မကြောက်တတ်ပေ။ တစ်ခါတရံ သူ၏သတ္တိကို လုဟိုင်ရွှမ်း အားကျမိသည်။
"မကြောက်ဘူး .. ဉီးဉီးက သားနဲ့ ဉီးလေးလု တို့ကို ကာကွယ်ပေးမှာလေ"
မျှော်လင့်ထားသကဲ့သို့ ထိုကလေးမှာ ယွင်ချဲ့ကို သူ၏နှလုံးသား နှင့်အမျှ ယုံကြည်အားကိုးသည့်အပြင် ယွင်ချဲ့၏ ကာကွယ်မှု အရိပ်အောက်တွင် လုဟိုင်ရွှမ်းလည်း နေရာပေးရန် လုံးဝမမေ့
"အာ ... ဉီးလေးလုကို သားရဲ့ဉီးဉီး ကာကွယ်ပေးစရာ မလိုပါဘူး .. ဉီးဉီးက သန်မာအောင်ကြိုးစားပြီး သားကို အမြဲတမ်း ကာကွယ် ပေးနေမှာလေ"
ချန်ချန်၏ ပါးဖောင်းဖောင်းလေးကို အသာဖျစ်ညှစ်ကာ လုဟိုင်ရွှမ်း ချိုသာစွာ ပြောလေသည်။ အခြားသူများ မည်သို့ ထင်မြင်ကြပါစေ ကိုယ်ကိုယ့်ကို သန်မာရန် စွမ်းအား မြင့်ရန်အတွက် ကြိုးစားရမည် ဖြစ်သည်။ လူတစ်ယောက်က အလွန် စွမ်းအားကြီးနေလျှင် ထိုသူကို မည်သူကမှ မနာလိုဝန်တို မဖြစ်ရဲကြသည့်အပြင် မည်သူကမှလည်း ရန်မစရဲကြပေ။
"ဟုတ်ကဲ့"
ချန်ချန် သည်လည်း ယွင်ချဲ့ကို ယုံကြည်သကဲ့သို့ လုဟိုင်ရွှမ်းကိုလည်း ယုံကြည်လေသည်။
"အစ်ကို ချဲ့ .. စာရင်းသွင်းပြီးပြီ .. စာရင်းသွင်းထားတဲ့ အဖွဲ့သစ်က တရားဝင်အဖွဲ့ ဖြစ်ဖို့အတွက် တာဝန်တစ်ခုတော့ ပြီးအောင် လုပ်ရမယ်တဲ့ ... ငါတော့ အဆင့်နိမ့် ဖုတ်ကောင်တွေရဲ့ အမြုတေ ၁၀၀ကို စုဖို့ ရွေးခဲ့တယ် ဆုကြေးက ၂ ကီလိုခွဲ ဆန်အိတ်တဲ့ အမယ်လေး ..."
သူတို့အနောက်မှ ကျိုးဇယ်ယွီ အမီလိုက်လာကာ စာရွက်ကို ယွင်ချဲ့ထံ တာဝန်အတွက် လက်မှတ်ထိုးရန် ကမ်းပေးလိုက်သည်။ အဆင့်နိမ့် အမြုတေ ၁၀၀ စုရသည်မှာ အဆင့်နိမ့်သော ဖုတ်ကောင် ၁၀၀ ကို သတ်ရမည်ဖြစ်ပြီး အလဲအလှယ် အနေနှင့် ၂ ကီလိုခွဲသာ ရှိသော ဆန်အိတ်ကိုရမည် ဖြစ်သည်။
"အမြုတေတွေက ငါတို့အတွက်တောင် မလောက်တာ .. ဘာလို့ ဒါကို ရွေးလိုက်တာလဲ"
ယွင်ချဲ့ မျက်မှောင်ကြုတ်ကာ မေးလေသည်။ အမြုတေ ၁၀၀ ကို ဘာမဟုတ်သော အကြောင်းကြောင့်နှင့် သူမလဲနိုင်ပေ။ ကျိုးဇယ်ယွီမှာ အလွန် ဖြုန်းတီးနိုင်သူပင်၊ အမြုတေ ၁၀၀မှာ ယွင်ချန် အတွက် နေ့တစ်ဝက်ကျော်ပင် အသုံးတည့်နိုင်သည်။
"ငါတို့တွေ နယ်မြို့ကို သွားကြတော့မှာပဲလေ .. အမြုတေ စုဆောင်းတာက အလွယ်ဆုံးနည်းပဲ ဆိုတော့ မနက်ဖြန်ကို ငါရယ် ယဲ့ဟန် .. ဟိုင်ရွှမ်း တို့နဲ့ အတူသွားရင် အမြန်ရနိုင်တာပဲကို"
ကျိုးဇယ်ယွီက ရိုးအစွာ ရှင်းပြလေသည်။ အမြုတေက သူတို့အရေးတာကို သူဘာကြောင့် မသိရတာလဲ။
"ထားလိုက်တော့ .. မင်းက ယုံကြည်လို့တောင် မရဘူး"
ကျိုးဇယ်ယွီ အပြစ်မဟုတ်မှန်း သိသော်လည်း ယွင်ချဲ့ စနောက်ကာ ဆူပူလိုက်သည်ကို ကျိုးဇယ်ယွီက အမှားလုပ်မိသည်ဟု ထင်ကာ မျက်ရည်ကျလုမတတ် ဖြစ်လာသည်။
"ဉီးဉီး လည်လည်သွားမယ် ... သား လည်လည်ထွက်ချင်တယ်"
ကားပါကင်နေရာသို့ သွားတော့မည်ကို သိလိုက်သောအခါ ချန်ချန်မှာ ယွင်ချဲ့က အပြင်လိုက်ပို့မည်ဟု ပြောခဲ့သည်ကို မှတ်မိသွားကာ ဂျီကျလေသည်။
"သိပါတယ် .. ကားထဲမှာ တစ်ခုခုသွားယူမယ်လေ"
"ဪ"
ချန်ချန် ရုတ်တရက် ငြိမ်ကျသွားသဖြင့် ယွင်ချဲ့ သဘောကျစွာ ရယ်မိလေသည်။ ဖြူစင်သော ကလေးတစ်ယောက်၏ မျက်ဝန်းများမှာ လမ်းသွားလမ်းလာများကို ကြည့်နေပြီး စိတ်လှုပ်ရှားမှုများလည်း ပြည့်နှက်နေသည်။
***
Zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အပိုင္း (၆၁)
"ဟဲဟဲ ... ခင္ဗ်ား လာေနာက္ေနတာလား၊ ဒါမွမဟုတ္ အေပ်ာ္ လာေျပာေနတာလား .. သူ႕ကိုသတ္ၿပီးေတာ့မွ ခင္ဗ်ားက ေ႐ွ႕တက္လာၿပီး ဌာနမွာ လူသတ္ခြင့္ မ႐ွိဘူး ေျပာေနတယ္။ ဒါေပမယ့္ သူတို႔ က်ဳပ္ကို အသည္းအသန္ တိုက္ခိုက္တုန္းက ခင္ဗ်ားတို႔ ဘယ္ေရာက္ေနၾကလဲ ... ကိုယ့္ကိုယ္ကို ကာကြယ္တာက ဒီကာလ မတိုင္ခင္ ကတည္းက ဘယ္ေနရာမဆို ခြင့္ျပဳထားၿပီးသား .. ဘယ္တုန္းကမ်ား ရာဇဝင္ ျဖစ္သြားရတာလဲ"
ယြင္ခ်ဲ႕ မဲ့ျပဳံးျပဳံးကာ သူ၏စကားမ်ားမွာလည္း မုန္းတီးျခင္းမ်ား ျပည့္ႏွက္ေနသည္။ အကယ္၍ အျခားသူမ်ား သူ႕ကိုရန္မစခဲ့လွ်င္ ယြင္ခ်ဲ႕လည္း လက္ဉီးမႈယူကာ တုံ႔ျပန္ခဲ့မည္ မဟုတ္ေပ။ အေၾကာင္းျပခ်က္မ႐ွိ ရန္စခဲ့သည္က ထိုသက္လတ္ပိုင္း အမ်ိဳးသမီးႀကီးပင္။ သူမ၏ အစြမ္းေၾကာင့္ မာန္တက္ေနကာ ယြင္ခ်ဲ႕ကို ပညာခ်င္ခဲ့ေသာ္လည္း ယြင္ခ်ဲ႕မွာ မိမိ အနာတရ ျဖစ္မည္ကို ထိုင္ေစာင့္ေနမည့္သူ မဟုတ္ေပ။
က်န္း႐ွန္းယန္မွာ သူ၏လွ်ပ္စီးအစြမ္းကို ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္ ေသာ္လည္း ယြင္ခ်ဲ႕က ပို၍ ကြၽမ္းက်င္ေနသျဖင့္ က်န္း႐ွန္းယန္၏ အစြမ္းက သူ႕ကို နာက်င္ေစရန္ မစြမ္းေဆာင္ႏိုင္ခဲ့ေပ။ မိမိထက္ အစြမ္းႀကီးသူကို သတ္ခ်င္ခဲ့ေသာ က်န္း႐ွန္းယန္၏ ရလဒ္ပင္။ အဓိကအခ်က္မွာ က်န္း႐ွန္းယန္ႏွင့္ သူ၏မိခင္သည္ မည္သည့္ အခါမွ သနားၾကင္နာစိတ္ မ႐ွိသည့္အျပင္ အလြန္ေသးငယ္ေသာ မေက်နပ္ခ်က္ကိုပင္ ႀကီးမားစြာ လက္တုံ႔ျပန္ တတ္ၾကသျဖင့္ အကယ္၍ ယေန႔လႊတ္ေပးလိုက္လွ်င္ တစ္ခ်ိန္တြင္ ထိုလႊတ္ေပး လိုက္သူမွာ ဆိုးဝါးစြာ ခံစားရလိမ့္မည္။ ရန္သူကို သနားလွ်င္ မိမိပင္ ဒုကၡတြင္း နက္တတ္ေၾကာင္း ယြင္ခ်ဲ႕ အတိတ္ဘဝမွ နားလည္ခဲ့သျဖင့္ ယခုဘဝတြင္ ေနာင္တရေစမည့္ ကိစၥမ်ား ထပ္လုပ္ေတာ့မည္ မဟုတ္ေပ။
"မင္း ... လူသတ္တာ သတ္တာပဲ .. ဒီမွာ ဘယ္သူမွ စည္းကမ္း ခ်ိဳးေဖာက္ခြင့္ မ႐ွိဘူး"
ယြင္ခ်ဲ႕ကို အာသြက္လွ်ာသြက္ ျဖစ္လိမ့္မည္ဟု တပ္ၾကပ္ႀကီး မထင္ထားခဲ့သျဖင့္ ေဒါသျဖစ္လာကာ ညာဘက္လက္ကို ေျမႇာက္လိုက္ၿပီး အေနာက္ဘက္တြင္ တပ္သားမ်ားကို ေ႐ွ႕တက္လာရန္ အခ်က္ျပ လိုက္ေသာ္လည္း ....
"ဟင္ .... ဘယ္လိုျဖစ္တာ .... အသက္႐ွဴလို႔... မရေတာ့ဘူး"
"အ... ကယ္..ကယ္ၾကပါ ..."
လတ္တေလာ ျဖစ္စဥ္က တစ္ဖန္ ျဖစ္ေပၚလာကာ စစ္သားမ်ားမွာလည္း မိမိတို႔လည္ပင္းမ်ားကို ကိုင္လ်က္ ေျမျပင္ေပၚ လဲက်ကုန္ေလသည္။ ထိုအျဖစ္ကို မ်က္ျမင္ ေတြ႕ခဲ့ၾကေသာ လူအမ်ားမွာ အေနာက္ ဆုတ္သြားၾကၿပီး သူတို႔၏ မ်က္လုံးထဲတြင္လည္း အေၾကာက္တရားမ်ား ျပည့္ႏွက္ လာေလသည္။ အျခားသူ တခ်ိဳ႕မွာ မည္သို႔ ျဖစ္ပ်က္ေနသည္ကို ခြဲျဖာမရသျဖင့္ ေၾကာင္အစြာ ၾကည့္ေနၾကေလသည္။
"ေျပာစမ္း ! မင္းဘာလုပ္လိုက္တာလဲ !"
ထိုတပ္ၾကပ္ႀကီးက ပစၥတိုေသနတ္ကို ထုတ္လ်က္ ယြင္ခ်ဲ႕ကို ခ်ိန္႐ြယ္ ထားလိုက္သည္။
"ခင္ဗ်ား ေနာက္ေနတာလား က်ဳပ္ကို ထိေတာင္မထိရေသးဘဲ သူတို႔ လဲက်သြားတာကို ဘာလို႔ က်ဳပ္ေၾကာင့္လို႔ ထင္ေနတာလဲ ... ခင္ဗ်ားဘာသာ ဘယ္ေလာက္ပဲ ကိုယ္က်င့္သိကၡာ မွန္ကန္တဲ့ စစ္သား ျဖစ္ေနပါေစ ေတြ႕ရာလူကို ၾကဳံသလို အျပစ္ပုံလို႔ မရဘူးေလ ဟုတ္တယ္မလား"
ယြင္ခ်ဲ႕ မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္ၿပီး ႐ုတ္တရက္ စိတ္ထဲတြင္ အေတြးတစ္ခု ျဖစ္လာကာ တပ္ၾကပ္ကို ခနဲ႔ကာ ေျပာလိုက္သည္။ ထိုအျဖစ္တို႔ကို ၾကည့္ေနခဲ့ေသာ က်ိဳးဇယ္ယြီ မွာ လုဟိုင္႐ႊမ္း ထံသို႔ ခ်န္ခ်န္ကို ခ်ီေစလိုက္ၿပီး သူ၏ေျခတံ႐ွည္မ်ားႏွင့္ ေလွ်ာက္သြားကာ ...
"ေရာ္ ! စစ္သားက လူေတြကို အႏိုင္က်င့္ေနပါလား။ ငါ့ရဲ႕အစ္ကိုခ်ဲ႕နဲ႔ သူတို႔က မိုးနဲ႔ေျမလို ကြာျခားေနတယ ဆိုေပမယ့္လည္း နည္းနည္းေလးမွ အနားမကပ္ ႏိုင္ၾကပါလား။ ဒီလိုနဲ႔မ်ား ဘယ္လိုလုပ္ၿပီး ရင္ဆိုင္ႏိုင္မွာလဲ ... ဒီကအစ္ကိုႀကီး .. သူ႕ရဲ႕ အစြမ္းလို႔ေတာ့ မေျပာနဲ႔ေနာ္ သူ႕အစြမ္းက လွ်ပ္စီးဆိုတာ အားလုံး သိေနၾကတာပဲ။ အခုလည္း သူအစြမ္းသုံးတာ ျမင္မွမျမင္ရတာ သူ႕ေၾကာင့္လို႔ ဘယ္လို ေျပာလို႔ရမွာလဲ ... ခင္ဗ်ား ႐ုတ္တရက္ လဲက်သြားရင္ ကြၽန္ေတာ္႕ကို ေသနတ္ မခ်ိန္ထားနဲ႔ေနာ္ မဟုတ္ရင္ ကြၽန္ေတာ္ ဓါးစာခံ ျဖစ္သြားလိမ့္မယ္"
က်ိဳးဇယ္ယြီ၏ အေၾကာက္အလန္႔ ကင္းပုံမွာ တပ္ၾကပ္ႀကီးကို ေသနတ္ေမာင္း ဆြဲလုနီးပါး ျဖစ္သြားေစၿပီး ပတ္ဝန္းက်င္မွ လူအမ်ားလည္း ထိုစကားေၾကာင့္ ရယ္ေမာ ၾကေလသည္။ ကပ္ေဘး ဆိုက္ၿပီးသည့္ အခ်ိန္မွစ၍ စစ္သားမ်ားမွာ ႏိုင္ထက္စီးနင္း လုပ္ကာ အထက္စီးဆန္ လာၾကသျဖင့္ လူမ်ား ဝမ္းနည္းေနေသာ္လည္း အာမခံရဲခဲ့ၾကသျဖင့္ ယခုကဲ့သို႔ ေျပာဆိုရဲသူ ႐ွိလာေသာအခါ စိတ္ေပါ့ပါး သြားၾကေလသည္။
"ေပါက္ကရေတြ ! ႐ွန္းယန္ အဖြဲ႕ကို မင္းတို႔ တိုက္ခိုက္ၾကတုန္းက က်န္း႐ွန္းယန္ ကလြဲလို႔ အကုန္လုံး ဒီလိုတစ္ပုံစံတည္း ျဖစ္ခဲ့ၾကတာ .. သူ႕ေၾကာင့္ မဟုတ္ရင္ ဘယ္သူ႕ လက္ခ်က္ျဖစ္မွာလဲ"
တပ္ၾကပ္ႀကီးမွာ ေဒါသတႀကီး ျဖစ္ကာ လက္တစ္ဖက္တြင္ ေသနတ္ ကိုင္ထားလ်က္ က်န္တစ္ဖက္မွာ ႐ွန္းယန္ အဖြဲ႕ကို လက္ညိႇဳးထိုးျပၿပီး သူ၏စစ္သားမ်ားကိုလည္း တစ္ဖန္ လက္ညိႇဳးထိုးကာ ေျပာေလသည္။
"ခင္ဗ်ားက ဒီကို ေရာက္လာတာ ခဏေလးပဲ ႐ွိေသးတယ္၊ ဒီလူေတြ က်ဳပ္ကို အႏိုင္က်င့္ၾကတယ္ဆိုတာ ခင္ဗ်ား ဘယ္လိုလုပ္ ေသခ်ာသိမွာလဲ ... ဒါေပမယ့္ က်ဳပ္စဥ္းစားလို႔ မရတာတစ္ခုက ဒီမိန္းမႀကီးနဲ႔ သူ႕သားက က်ဳပ္ကေလးရဲ႕ သၾကားလုံးကို အ႐ွက္မ႐ွိ လုယူခ်င္ၿပီး က်ဳပ္ကိုသတ္ဖို႔ လုပ္ေနတုန္းက ခင္ဗ်ား ဘာလို႔မေပၚ လာရတာလဲ ... အာ .. အစမွာေတာ့ ခင္ဗ်ားလည္း သူတို႔နဲ႔တစ္ဖြဲ႕တည္း ျဖစ္ႏိုင္တယ္မလား။ ဒီလိုမဟုတ္ရင္ က်ဳပ္အႏိုင္ျဖစ္ေနေတာ့မွ ဘာလို႔ ေပၚလာတာလဲ ... က်ဳပ္မသိတာကိုေတာ့ သည္းခံေပးပါ။ ဒါေပမယ့္ ဒုတပ္ၾကပ္ႀကီးက ဘယ္တုန္းကမ်ား ႐ွန္းယန္ အဖြဲ႕ရဲ႕ လူယုံေတာ္ ျဖစ္သြားရတာလဲ ... က်ဳပ္နယ္ဘက္မွာ ေနတုန္းက ႐ုပ္သံလႊင့္ေတြထဲ ၾကားရတာကေတာ့ က်ဳပ္တို႔ႏိုင္ငံရဲ႕ စစ္တပ္က သူတို႔ႏိုင္ငံနဲ႔ ျပည္သူျပည္သားေတြအေပၚ သစၥာ႐ွိ႐ွိနဲ႔ တာဝန္ထမ္းေဆာင္ ေနၾကတာဆို ... အခုျမင္ေနပုံ အရေတာ့ ႐ုပ္သံလႊင့္ကပဲ လိမ္ညာတာလား စစ္သားေတြကပဲ အက်င့္စာရိတၱ ပ်က္ျပားကုန္တာလား မသိေတာ့ပါဘူး"
အစပိုင္းတြင္ ယြင္ခ်ဲ႕ သံသယ႐ွိသျဖင့္ တပ္ၾကပ္ကို ေထ့ေငါ့ေျပာဆို လႈံ႕ဆြေလရာ တပ္ၾကပ္ႀကီးမွာ အမွန္ကို ေျပာဆိုမိသည္အထိ တုံးအလိမ့္မည္ဟု ယြင္ခ်ဲ႕ မထင္ထားခဲ့ေပ။ ယြင္ခ်ဲ႕၏ စိတ္ေနဟန္ထားအရ လက္တုံ႔ျပန္ရန္ အခြင့္အေရး ရထားလ်က္ႏွင့္ အလြယ္တကူလႊတ္ေပးမည့္သူ မဟုတ္ေပ။
"ေတာက္ !... စစ္တပ္က အဖြဲ႕ျပႆနာေတြမွာ ဝင္မစြက္ဖက္ဘူးလို႔ ေၾကာ္ျငာထားတာ မဟုတ္ဘူးလား .. သူတို႔စိတ္ထဲ ႐ွန္းယန္ တစ္ဖြဲ႕ပဲ အစြမ္း႐ွိတယ္ ထင္ေနၾကလား မသိဘူး"
"႐ွန္းယန္က စစ္တပ္နဲ႔ သေဘာတူညီတာေတြ လုပ္ထားေတာ့ Top Ten အဖြဲ႕ထဲ ဝင္ထားတာ ဘယ္ထူးဆန္းေတာ့မလဲ"
"ကြာ ..! ဒီေကာင္ေတြကို ငါသေဘာမက်တာ ေတာ္ေတာ္ၾကာၿပီ"
"ဟုတ္တယ္ .. စစ္တပ္က ဒါကို ေျဖ႐ွင္းေပးသင့္တယ္။ မဟုတ္ရင္ ငါတို႔အဖြဲ႕ေတြ အကုန္ေပါင္းၿပီး ဒီအေျခစိုက္ စခန္းကို ပုန္ကန္မွာ"
"ေတာက္ … ဖုတ္ေကာင္ေတြေၾကာင့္ ရတက္မေအးရတဲ့ ၾကားထဲ စစ္တပ္ကပါ မီးစာ ထပ္ထည့္ခ်င္ေနတယ္ ... ငါတို႔ဘာကိုမွ အသာတၾကည္ မလုပ္ႏိုင္ေတာ့ဘူး စစ္တပ္က ေျဖ႐ွင္းခ်က္ ထုတ္ေပးသင့္တယ္"
ယြင္ခ်ဲ႕ စကားက အဖြဲ႕မ်ားစြာ၏ အေတြးကို ထိ႐ိုက္ သြားေစသည္။ ကပ္ေဘး ကာလတြင္ အသက္႐ွင္ ေနထိုင္ရန္ အလြန္ခက္ခဲၿပီး စစ္တပ္ႏွင့္ ဆက္ႏႊယ္ သူမ်ားကိုသာ ဘက္လိုက္၍ အျခားသူမ်ားကို အလြယ္တကူ ႐ွင္းလင္း ပစ္ႏိုင္ေလသည္။ ျပည္သူမ်ားသည္လည္း မိမိတို႔ကို ထိပါးလာပါက တိတ္ဆိတ္ေနၿပီး ၾကည့္ေနေတာ့မည္ မဟုတ္ေပ။ ထိုကိစၥကို ျဖစ္ေစခဲ့သည့္ ယြင္ခ်ဲ႕မွာ က်ိဳးဇယ္ယြီ ႏွင့္အတူ ထြက္သြားေလသည္။
"မင္းေျပာတဲ့နာမည္ 'ထိပ္ဉီး' နဲ႔ပဲ စာရင္းသြင္း ထားလိုက္"
ယြင္ခ်ဲ႕ စာ႐ြက္ကိုယူကာ က်ိဳးဇယ္ယြီထံ ကမ္းေပးလိုက္ၿပီး စူးစိုက္ၾကည့္ကာ ေျပာေလသည္။ ထူးခြၽန္သူ တစ္ေယာက္က ရန္႐ွာ တိုက္ခိုက္ျခင္းကို အၿမဲၾကဳံေတြ႕ရမည္ ျဖစ္သည္။ အစပိုင္းတြင္ ယြင္ခ်ဲ႕မွာ သာမန္လူ တစ္ေယာက္ကဲ့သို႔ ေနထိုင္ လိုေသာ္လည္း အဆင့္႐ွိ႐ွိ ေနမွသာ သင့္ေတာ္မည္ဟု မထင္ခဲ့သျဖင့္ ထိုအခြင့္အေရးကို အရယူကာ အဆင့္ျမင့္သူ တစ္ေယာက္၏ အသြင္အျပင္ကို ျပသရမည္ဟု ယူဆလိုက္သည္။
"ရတာေပါ့"
ထိပ္ဉီးအဖြဲ႕၊ ထိုအမည္နာမမွာ က်ိဳးဇယ္ယြီ၏ အႀကိဳက္ ျဖစ္ေသာေၾကာင့္ တုံ႔ဆိုင္းျခင္းမ႐ွိ အျမန္ေျပး သြားေလသည္။
"ထိပ္ဉီးဆိုတဲ့ နာမည္က နာမည္ေကာင္း တစ္ခုပဲ .. ကိုယ့္ကိုယ္ကို ႏွိမ့္ခ်ၿပီး ေနေပမယ့္ တျခားသူေတြ စိတ္႐ွိတိုင္း ငါတို႔ကို အႏိုင္က်င့္လို႔ မရဘူး .. ဒီေန႔ျဖစ္ထားတာေတြေၾကာင့္ စခန္းမွာ ငါတို႔အဖြဲ႕ေတာ့ နာမည္ႀကီး လာေတာ့မယ္"
ခ်န္ခ်န္ကို ခ်ီထားလ်က္ လုဟိုင္႐ႊမ္းမွာ ယြင္ခ်ဲ႕ကိုသာ တည္ၾကည့္ေနသည္။ ဘုရင္ႏွင့္ ထိပ္ဉီးဆိုေသာ နာမည္မ်ားမွာ အလြန္ျမင့္မားေၾကာင္း ခံစားမိေသာ္လည္း သူတို႔ကို ေခ်ာင္ပိတ္ကာ အႏိုင္က်င့္ၾကသျဖင့္ ျငင္းခုံျခင္း မလုပ္ေတာ့ဘဲ လူအမ်ား၏ ဆႏၵအတိုင္း ၿငိမ္သက္ ေနေပးၾကလိုက္သည္။ အနည္းဆုံးေတာ့ အနာဂတ္တြင္ သူတို႔ကို မည္သူမွ ရန္ျပဳရဲၾကေတာ့မည္ မဟုတ္ေပ။
"ဟဲဟဲ .... နာမည္ႀကီးတာကလည္း စစ္တပ္ ဒါမဟုတ္ အစိုးရ အဖြဲ႕အစည္းေတြ အျပင္ အျခားအဖြဲ႕ေတြရဲ႕ ပစ္မွတ္ ျဖစ္လာႏိုင္တယ္ေလ .. အခုေရာ ဘယ္လို ခံစားရလဲ စိတ္လႈပ္႐ွားေနတာလား ေၾကာက္ေနတာလား"
အတူလမ္းေလွ်ာက္လာၿပီး ယြင္ခ်ဲ႕မွာ ကေလးကို ခ်ီထားလ်က္ ျပဳံးကာ ေျပာေလသည္။ သို႔ေသာ္ ခန္းမထဲ က်န္ခဲ့ေသာ သူမ်ားမွာ ဆူပူထႂကြ ေနေလသည္။
"သူတို႔ရဲ႕ ပစ္မွတ္ ျဖစ္လာၿပီးရင္ ဘယ္လိုေတြ ဆက္ျဖစ္ လာႏိုင္မွာလဲ"
လုဟိုင္႐ႊမ္းလည္း တုန္လႈပ္သြားကာ သူ၏လက္ႏွစ္ဖက္ကို ေခါင္းအေနာက္တြင္ ခ်ိတ္ထားလိုက္သည္။
"အျခားအဖြဲ႕ေတြရဲ႕ ပစ္မွတ္ထား ခံရၿပီဆိုရင္ ငါတို႔ဘယ္သြားသြား ႏိုင္ငံရဲ႕ ရတနာလို တန္ဖိုးထား ခံရလိမ့္မယ္ .. စစ္တပ္ရဲ႕ ပစ္မွတ္ျဖစ္သြားခဲ့ရင္ စစ္တပ္အတြက္ အသုံးဝင္မယ့္ သူကိုပဲ ႐ွာေဖြလိုက္ၿပီး အဲဒီလူက ဘယ္ေတာ့မွ လြတ္လပ္မႈ ခံစားရမွာ မဟုတ္ေတာ့ဘူး။ ငါတို႔ေတြ ႐ႈံးနိမ့္ၿပီး အသက္ဆုံး႐ႈံးရတဲ့ အထိ တာဝန္ေတြကို မနားတမ္း လုပ္ေနရေတာ့မွာ ... အဖြဲ႕အစည္းေတြကိုေတာ့ ငါေျပာေနစရာေတာင္ မလိုဘူး။ သူတို႔အတြက္ ငါတို႔က ပါမႊားသားေကာင္ သာသာပဲ႐ွိတာ ငါတို႔အဖမ္းခံရၿပီ ဆိုတာနဲ႔ တစ္ႏွစ္ပတ္လုံး စမ္းသပ္ စားပြဲေပၚမွာ ခ်ဳပ္ေႏွာင္ ခံထားရၿပီး ေန႔ေန႔ညည ခြဲစိတ္ခံေနရမယ့္အျပင္ ေသြးေတြလည္း အမ်ားႀကီး ယူထုတ္ၾကလိမ့္မယ္"
ထိုစကားမွာ ဟာသမ်ား ျပည့္ေနေသာ္လည္း လုဟိုင္႐ႊမ္းမွာ အဖြဲ႕အစည္း တစ္ခုသို႔ ေရာက္ခဲ့ဖူးေသာေၾကာင့္ ယြင္ခ်ဲ႕ အမွန္အတိုင္း ေျပာေနသည္ဟု သူယုံၾကည္သည္။
"ေၾကာက္စရာႀကီး ... ခ်န္ခ်န္ေရာ ေၾကာက္လား"
လုဟိုင္႐ႊမ္း ေကာင္းကင္ကို ၾကည့္လ်က္ သက္ျပင္းခ်ကာ မ်က္လုံးကိုေမွးကာ ခ်န္ခ်န္ကို ေမးလိုက္သည္။ ထိုကေလးမွာ သူတို႔ထက္ပင္ ပို၍ သန္မာေနသည္။ သူ၏စိတ္ထဲတြင္ လူတစ္ေယာက္က လူဆိုးျဖစ္သည္ဟု မွတ္လိုက္လွ်င္ ထိုသူကို တန္ျပန္ ရင္ဆိုင္ရန္ မေၾကာက္တတ္ေပ။ တစ္ခါတရံ သူ၏သတၱိကို လုဟိုင္႐ႊမ္း အားက်မိသည္။
"မေၾကာက္ဘူး .. ဉီးဉီးက သားနဲ႔ ဉီးေလးလု တို႔ကို ကာကြယ္ေပးမွာေလ"
ေမွ်ာ္လင့္ထားသကဲ့သို႔ ထိုကေလးမွာ ယြင္ခ်ဲ႕ကို သူ၏ႏွလုံးသား ႏွင့္အမွ် ယုံၾကည္အားကိုးသည့္အျပင္ ယြင္ခ်ဲ႕၏ ကာကြယ္မႈ အရိပ္ေအာက္တြင္ လုဟိုင္႐ႊမ္းလည္း ေနရာေပးရန္ လုံးဝမေမ့
"အာ ... ဉီးေလးလုကို သားရဲ႕ဉီးဉီး ကာကြယ္ေပးစရာ မလိုပါဘူး .. ဉီးဉီးက သန္မာေအာင္ႀကိဳးစားၿပီး သားကို အၿမဲတမ္း ကာကြယ္ ေပးေနမွာေလ"
ခ်န္ခ်န္၏ ပါးေဖာင္းေဖာင္းေလးကို အသာဖ်စ္ညႇစ္ကာ လုဟိုင္႐ႊမ္း ခ်ိဳသာစြာ ေျပာေလသည္။ အျခားသူမ်ား မည္သို႔ ထင္ျမင္ၾကပါေစ ကိုယ္ကိုယ့္ကို သန္မာရန္ စြမ္းအား ျမင့္ရန္အတြက္ ႀကိဳးစားရမည္ ျဖစ္သည္။ လူတစ္ေယာက္က အလြန္ စြမ္းအားႀကီးေနလွ်င္ ထိုသူကို မည္သူကမွ မနာလိုဝန္တို မျဖစ္ရဲၾကသည့္အျပင္ မည္သူကမွလည္း ရန္မစရဲၾကေပ။
"ဟုတ္ကဲ့"
ခ်န္ခ်န္ သည္လည္း ယြင္ခ်ဲ႕ကို ယုံၾကည္သကဲ့သို႔ လုဟိုင္႐ႊမ္းကိုလည္း ယုံၾကည္ေလသည္။
"အစ္ကို ခ်ဲ႕ .. စာရင္းသြင္းၿပီးၿပီ .. စာရင္းသြင္းထားတဲ့ အဖြဲ႕သစ္က တရားဝင္အဖြဲ႕ ျဖစ္ဖို႔အတြက္ တာဝန္တစ္ခုေတာ့ ၿပီးေအာင္ လုပ္ရမယ္တဲ့ ... ငါေတာ့ အဆင့္နိမ့္ ဖုတ္ေကာင္ေတြရဲ႕ အျမဳေတ ၁၀၀ကို စုဖို႔ ေ႐ြးခဲ့တယ္ ဆုေၾကးက ၂ ကီလိုခြဲ ဆန္အိတ္တဲ့ အမယ္ေလး ..."
သူတို႔အေနာက္မွ က်ိဳးဇယ္ယြီ အမီလိုက္လာကာ စာ႐ြက္ကို ယြင္ခ်ဲ႕ထံ တာဝန္အတြက္ လက္မွတ္ထိုးရန္ ကမ္းေပးလိုက္သည္။ အဆင့္နိမ့္ အျမဳေတ ၁၀၀ စုရသည္မွာ အဆင့္နိမ့္ေသာ ဖုတ္ေကာင္ ၁၀၀ ကို သတ္ရမည္ျဖစ္ၿပီး အလဲအလွယ္ အေနႏွင့္ ၂ ကီလိုခြဲသာ ႐ွိေသာ ဆန္အိတ္ကိုရမည္ ျဖစ္သည္။
"အျမဳေတေတြက ငါတို႔အတြက္ေတာင္ မေလာက္တာ .. ဘာလို႔ ဒါကို ေ႐ြးလိုက္တာလဲ"
ယြင္ခ်ဲ႕ မ်က္ေမွာင္ၾကဳတ္ကာ ေမးေလသည္။ အျမဳေတ ၁၀၀ ကို ဘာမဟုတ္ေသာ အေၾကာင္းေၾကာင့္ႏွင့္ သူမလဲႏိုင္ေပ။ က်ိဳးဇယ္ယြီမွာ အလြန္ ျဖဳန္းတီးႏိုင္သူပင္၊ အျမဳေတ ၁၀၀မွာ ယြင္ခ်န္ အတြက္ ေန႔တစ္ဝက္ေက်ာ္ပင္ အသုံးတည့္ႏိုင္သည္။
"ငါတို႔ေတြ နယ္ၿမိဳ႕ကို သြားၾကေတာ့မွာပဲေလ .. အျမဳေတ စုေဆာင္းတာက အလြယ္ဆုံးနည္းပဲ ဆိုေတာ့ မနက္ျဖန္ကို ငါရယ္ ယဲ့ဟန္ .. ဟိုင္႐ႊမ္း တို႔နဲ႔ အတူသြားရင္ အျမန္ရႏိုင္တာပဲကို"
က်ိဳးဇယ္ယြီက ႐ိုးအစြာ ႐ွင္းျပေလသည္။ အျမဳေတက သူတို႔အေရးတာကို သူဘာေၾကာင့္ မသိရတာလဲ။
"ထားလိုက္ေတာ့ .. မင္းက ယုံၾကည္လို႔ေတာင္ မရဘူး"
က်ိဳးဇယ္ယြီ အျပစ္မဟုတ္မွန္း သိေသာ္လည္း ယြင္ခ်ဲ႕ စေနာက္ကာ ဆူပူလိုက္သည္ကို က်ိဳးဇယ္ယြီက အမွားလုပ္မိသည္ဟု ထင္ကာ မ်က္ရည္က်လုမတတ္ ျဖစ္လာသည္။
"ဉီးဉီး လည္လည္သြားမယ္ ... သား လည္လည္ထြက္ခ်င္တယ္"
ကားပါကင္ေနရာသို႔ သြားေတာ့မည္ကို သိလိုက္ေသာအခါ ခ်န္ခ်န္မွာ ယြင္ခ်ဲ႕က အျပင္လိုက္ပို႔မည္ဟု ေျပာခဲ့သည္ကို မွတ္မိသြားကာ ဂ်ီက်ေလသည္။
"သိပါတယ္ .. ကားထဲမွာ တစ္ခုခုသြားယူမယ္ေလ"
"ဪ"
ခ်န္ခ်န္ ႐ုတ္တရက္ ၿငိမ္က်သြားသျဖင့္ ယြင္ခ်ဲ႕ သေဘာက်စြာ ရယ္မိေလသည္။ ျဖဴစင္ေသာ ကေလးတစ္ေယာက္၏ မ်က္ဝန္းမ်ားမွာ လမ္းသြားလမ္းလာမ်ားကို ၾကည့္ေနၿပီး စိတ္လႈပ္႐ွားမႈမ်ားလည္း ျပည့္ႏွက္ေနသည္။
***