Unicode
အခန်း (၅၉)
"မင်း အခုချက်ချင်း ထွက်သွားတော့"
စွမ်းအားရှင် အစည်းအရုံး၏ ရုံးခန်း တစ်နေရာတွင် ယွင်ချဲ့ အရှေ့တွင် ရှိသော စားပွဲကို မှောက်လှန် ပစ်လုနီးပါး ပေါက်ကွဲ နေလေသည်။
"အဟမ်း ဇယ်ယွီ ဖင်ဆောင့် ကန်သူများ ဆိုတဲ့ နာမည်က ငါတို့အဖွဲ့အတွက် မသင့်တော်ဘူးလို့ ထင်တယ်နော်"
ယွင်ချဲ့ရော လုဟိုင်ရွှမ်းပါ သည်းမခံ နိုင်တော့ပေ။ သူတို့ ဇီဇာကြောင်နေခြင်း မဟုတ်ဘဲ ကျိုးဇယ်ယွီ ပြောသမျှ နာမည်များမှာ အလွန် ရူးကြောင်ကြောင် နိုင်လှသည်။ ဥပမာ အနေဖြင့် ကမ္ဘာ့အင်အားကြီး အဖွဲ့၊ လွှမ်းမိုးသူများ၊ အာဏာရှင် စသော နာမည်များမှာ ရူးကြောင်ကြောင် ဆန်လွန်းသည်။ နောက်ဆုံး ပေးထားသော နာမည်ပင်လျှင် 'ဖင်ဆောင့်ကန်သူများ' ဟုပေးထားသဖြင့် ယွင်ချဲ့ ယခုအချိန်ထိ စိတ်လျော့ သည်းခံ ထားနိုင်သည်က အလွန်ကံကောင်းနေသည်။
"ဘာလို့လဲ နာမည်တွေက အမိုက်စားပဲကို .. အစ်ကိုချဲ့က တခြားသူတွေ အစ်ကို့ရဲ့ တိုက်ခိုက် စွမ်းရည်ကို သိမှာ ကြောက်နေတာလား"
ယွင်ချဲ့၏ အကြည့် စူးစူးများကြောင့် ကျိုးဇယ်ယွီ ကိုယ်လေး ကျုံသွားကာ အခြားကို လျှောက်ကြည့်နေပြီး ပါးစပ်မှလည်း သူပြောသော နာမည်များ မိုက်ကြောင်း တိုးတိုးလေး ရေရွတ်နေသည်။ ထိုနာမည်များကို ဂိမ်းထဲတွင် သုံးခဲ့သဖြင့် လက်တွေ့တွင်လည်း အသုံးချနိုင်သည် မဟုတ်လား။ သာမန် နာမည်များက ယွင်ချဲ့၏ စွမ်းရည်အတွက် သုံးရန် မသင့်တော်သောကြောင့် ထိုနာမည်များကို သူတို့အတွက် တွေးကာ ကျိုးဇယ်ယွီ ရွေးပေး ထားသည်ကို ယွင်ချဲ့ မသိတတ်ပေ။
"မင်းက အားလုံးကို သိစေချင်လို့လား"
ယွင်ချဲ့ ဒေါသစိတ်ကြောင့် သက်ပြင်း ချလိုက်ပြီး အကြည့် လွဲလိုက်သည်။ ချန်ချန်လည်း တစ်ခုခုကို စဉ်းစားမိသွားပုံဖြင့် ပါးစပ်ထဲမှ သကြားလုံးကို ထုတ်ကာ ယွင်ချဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"မငိုပါနဲ့ဦးဦး ဦးလေးကျိုးက တော်တော်ဆိုးတာပဲ"
"အမ်..."
ချန်ချန်က ဘယ်လိုလုပ်များ သူငိုတော့မည်ဟု ပြောရတာလဲ။
ယွင်ချဲ့ ဆွံ့အသွားရပြီး သူ၏ဒေါများကို အပြစ်ကင်းသော ချန်ချန် အပေါ် မပုံချလိုသောကြောင့် ချန်ချန် ခေါင်းကို အသာပုတ် လိုက်သည်။
"ဦးဦးမငိုပါဘူး ခဏစောင့်ဦးနော် စျေးကို ခေါ်သွားပေးမယ်"
"ကောင်းတယ် ဦးဦးလိမ္မာတယ်"
ချန်ချန် ခေါင်းညိတ်ကာ ယွင်ချဲ့ လက်မောင်းကို ပုတ်လျက် နှစ်သိမ့် ပေးပြီးနောက် အနောက်ပြန် လှည့်ကာ သကြားလုံးတစ်လုံး ယူထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
မကမ်းမလှမ်းတွင် အသက် ၅ နှစ် ၆ နှစ်အရွယ် အသားညိုသော ကလေးတစ်ယောက် ချန်ချန်ကို စိုက်ကြည့်နေသဖြင့် ချန်ချန်လည်း လှည့်ကြည့်ကာ သကြားလုံး စားနေလျက် ချိုသာစွာ ပြုံးပြလေသည်။ သို့သော် ထိုကလေးက မျက်နှာမဲ့ကာ လှည့်ထွက် သွားသဖြင့် ချန်ချန်လည်း ကြံရာမရ ဖြစ်သွားလေသည်။ ကလေးများသည် ထိုပုံစံအတိုင်းဟု ဆိုသော်လည်း ချန်ချန်မှာ သူတစ်ယောက်တည်း ဖြစ်သောကြောင့် ရွယ်တူ သူငယ်ချင်း တွေ့ရန် အလွန်ရှားသဖြင့် သူ့ကို မနှစ်သက်ဟန် လုပ်ပြသောကြောင့် ချန်ချန် စိတ်မကောင်း ဖြစ်သွားလေသည်။
"ဘွားဘွား သားသကြားလုံး စားချင်တယ် ... သူ့ဆီက သကြားလုံးတွေ အကုန်ယူပေး"
လှည့်ပြန်သွားသော ကလေးမှာ သက်လတ်ပိုင်း မိန်းမကြီး တစ်ယောက်အား ဂျီကျနေပုံကို ချန်ချန် မမြင်လိုက်တော့ပေ။ ထိုကလေး၏ အပြုအမူမှာ မကြာခဏ ဂျစ်တိုက်နေပုံပင်။ မဟုတ်ပါက ၅ နှစ် ၆ နှစ်အရွယ် ကလေး တစ်ယောက်က ပုံစံမပျက် လုပ်နိုင်ပါမလဲ။
"သကြားလုံး ဟုတ်လား"
ထိုကလေး လက်ညှိုး ညွှန်ရာသို့ ကြည့်လိုက်သည့်အခါ ယွင်ချဲ့ မြင်ပြီးနောက် ရုတ်တရက် မနာလို ဖြစ်သွားလေသည်။
"အမေ ဘာတွေ ကြည့်နေတာလဲ"
ထွားကျိုင်းသော ကိုယ်နှင့် အသက်နှစ်ဆယ် ဝန်းကျင် ယောကျ်ား တစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် ထိုမိန်းမကြီးက သူ့ထံ လှည့်ကြည့်ကာ ...
"နင်ပြောတော့ နင်က Top Ten ဝင်တဲ့ အဖွဲ့တစ်ဖွဲ့ထဲကဆို ... အခုတော့ ကြည့်ဉီး အဲဒီကောင်တွေကမှ နင့်ထက် သာသေးတယ် မောက်ကျစ်က နင့်သား ဖြစ်နေတာ သနားစရာပဲ သကြားလုံးတောင် မစားနိုင်ရှာဘူး ... နင်က တကယ်ကို ညံ့တဲ့အဖေပဲ နင့်ကို ပျိုးထောင်ခဲ့ရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်"
အမေနှင့် သားက တစ်ယောက်ကို တစ်ယောက် အော်ပြောနေသည့် အပြင် အမေ ဖြစ်သူကလည်း အသံကို မလျော့သောကြောင့် လူအများ၏ အာရုံက သူတို့ထံ ကျရောက်လာသည်။ မိမိဘာသာ အဖွဲ့နာမည် ရွေးနေသော ယွင်ချဲ့ အပါအဝင် ချန်ချန်လည်း လန့်ကာ ကြောက်လန့်သွားပြီး ယွင်ချဲ့ထံသို့ ကပ်သွားလေသည်။
"အမေရာ သကြားလုံးလေးပဲကို .. နောက်တစ်ခါ အဖွဲ့နဲ့ အပြင်သွားရင် ဝယ်လာခဲ့ပေးမယ်"
ထိုသူမှာ အဆင့်မြင့်သူ တစ်ယောက် ဖြစ်သောကြောင့် အမေဖြစ်သူ ယခုကဲ့သို့ အော်ပြောနေခြင်းက သူ့ကို အရှက်ရစေသည်။ ယွင်ချဲ့တို့ အသွင်အပြင်ကြောင့် မနာလိုဖြစ်သော်လည်း သကြားလုံးလေး အတွက် တောင်းဆိုရသည်မှာ သူ့အတွက် မျက်နှာ ပျက်စရာပင်။
"မရဘူး အခုလိုချင်တာ သားမှာကျမရှိဘဲ သူ့မှာ ဘာလို့ ရှိနေရတာလဲ ... ဘွားဘွား"
အဖေဖြစ်သူ အရှက်ရမည်ကို နားမလည်သဖြင့် အဘွားဖြစ်သူ၏ လက်ကို ကိုင်လျက် ဂျီကျနေလေသည်။ ကပ်ဘေး မတိုင်ခင်က အလွန် အလိုလိုက်ခံ ထားရသဖြင့် သူလိုချင်သည့် မည်သည့် အရာမဆို အလွယ်တကူ ရနိုင်မည်ဟု ထင်နေပုံပင်။
"ဟုတ်ပါပြီ မြေးလေးရဲ့ ယူပေးမှာပေါ့"
ထိုအမျိုးသမီးမှာ သားဖြစ်သူကို ခက်ထန်စွာ ကြည့်တတ်သော်လည်း မြေးလေးကိုမူ အလွန် ချစ်ပြလေသည်။ သူမ၏မြေးကို ဖက်ကာ ချော့မြူလိုက်ပြီး သားဖြစ်သူကို စိုက်ကြည့်ကာ ကလေးလက်ကို ဆွဲလျက် ယွင်ချဲ့တို့ထံ သွားလေသည်။
ထိုအဖြစ်ကို မြင်လိုက်သော ခန်းမထဲမှ လူများ ကျေနပ် နေကြလေသည်။ ယခုကဲ့သို့ ကပ်ဆိုးကာလတွင် သူတို့မှာ သူတောင်းစားပုံ ဖြစ်နေကြသော်လည်း ယွင်ချဲ့တို့မှာ သန့်ပြန့်ကာကြည့်ကောင်း နေသဖြင့် သူတို့မခံမသာ ဖြစ်နေကြသည်။ ကပ်ဘေး ဆိုက်သည်ဖြစ်စေ မဆိုက်သည်ဖြစ်စေ လူတို့မှာ သူတို့ထက် ကောင်းမွန်စွာ နေနိုင်ကြသူများကို မြင်လျှင် မစ္ဆရိယ ပွားကြသည်မှာ လူတို့၏ သဘာဝပင်။
"မင်းဆက်ဆိုတဲ့ နာမည်ကို ဖယ်လိုက်တော့ .. မင်းပြောတဲ့ ထဲကပဲ ရွေးချင်တယ်ဆိုရင် ငါ့အထင်တော့ ..."
ယွင်ချဲ့ ဘာမှမဖြစ်ဟန်နှင့် ချန်ချန်ကို ချီလိုက်ပြီး ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့နှင့် နာမည်ကိစ္စ ဆွေးနွေးနေသည်။ သို့သော် ယွင်ချဲ့ စကားဆုံးအောင် မပြောရချိန်တွင် ထိုအမျိုးသမီးက သူတို့အနား ရောက်လာလေသည်။
ဘုန်း
"ဟဲ့ကောင် ငါ့မြေးကို သကြားလုံး နည်းနည်း ပေးလိုက်စမ်း !"
ထိုအမျိုးသမီးက စားပွဲကို ဘုန်းခနဲ ထုလိုက်ပြီး ခက်ထန်စွာ ပြောလိုက်သဖြင့် ချန်ချန် လန့်သွားကာ ယွင်ချဲ့ လက်မောင်းများကို ဆုပ်ကိုင်လိုက်ချိန် ထိုအမျိုးသမီးနှင့် ပါလာသော ကလေးမှာ တခစ်ခစ် ရယ်မောနေသည်။
ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ စားပွဲပေါ် မေးထောက်ကာ အသာကြည့် နေလိုက်ကြသည်။ ထိုမိန်းမကြီး ကိုယ့်သေတွင်းကို တူးမိလေပြီ။ မည်သူကမှ သူတို့၏ အစ်ကိုချဲ့ ထံတွင် တစ်ခုခုကို ယခုကဲ့သို့ မာမာထန်ထန် မတောင်းရဲကြပေ။ ပိုဆိုးသည်မှာ သူမ လိုချင်နေသည်က ယွင်ချဲ့၏ အသည်းကျော်လေး ပိုင်ဆိုင်သော အရာဆိုလျှင် ထိုမိန်းမကြီး ရှုမြင်မကောင်းစွာ သေရတော့မည်ဟု သူတို့တပ်အပ် ပြောနိုင်သည်။
"ဦးဦး"
ဉီးလေးဖြစ်သူမှာ ဖုတ်ကောင်များအား ရှင်းလင်းခဲ့ပုံကို မြင်ခဲ့ရပြီ ဖြစ်သော်လည်း ချန်ချန် ကြောက်လန့် နေမိသည်။ ဖုတ်ကောင်များမှာ လူများကို လိုက်ကိုက် တတ်သော လူဆိုးများဖြစ်သဖြင့် ဦးလေးက သတ်ဖြတ် ရှင်းလင်းခြင်း ဖြစ်သည်ဟု မှတ်ယူထားသည်။ သို့သော် ယခုမှာ လူဆိုးပုံ မဟုတ်သော ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့် ချန်ချန် အနည်းငယ်ကြောက်ရွံ့နေမိသည်။
"ဘာမှမဖြစ်ဘူးနော် သူတို့ကလည်း လူဆိုးတွေပဲလေ ... လူဆိုးတွေကို ဉီးဉီး အပြစ်ပေးတာ ချန်ချန် ကြည့်ချင်မယ်မလား"
နားပူနာဆာ လုပ်နေသော မိန်းမကြီးကို လျစ်လျူရှုလျက် ယွင်ချဲ့ ပြုံးကာ ချန်ချန်ကိုချီလိုက်သော်လည်း အကြည့်များမှာ ခက်ထန် နေလျက်ပင်။
"ဒါပေမယ့် ဒီကိုကိုက ...."
ထိုကလေးကို ကြည့်ကာ ချန်ချန် ခေါင်းရှုပ် သွားလေသည်။ သူနှင့် မတိမ်းမယိမ်း ရှိသော ကောင်လေးက ဘယ်လိုကြောင့် လူဆိုးဖြစ်နိုင်မှာလဲ။
"လူဆိုးဆိုတာ အရွယ်မျိုးစုံပဲ .. အဘွားအိမ်က ချန်ချန်ကို အနိုင်ကျင့်တဲ့ ကိုကို မမတွေကို မှတ်မိသေးလား .. သူတို့တွေကရော လူကောင်းတွေ ဟုတ်လို့လား"
ချန်ချန် ခေါင်းရှုပ် နေပုံရသဖြင့် ကျိုးမိသားစု အကြောင်း ယွင်ချဲ့ ပြောပြလိုက်သည်။ ထိုအခါမှ ချန်ချန် တွန့်ဆုတ်ခြင်း မရှိတော့ဘဲ ...
"သား ကိုကိုနဲ့ မမတွေက ဆိုးတယ် မေမေနဲ့သားကို အနိုင်ကျင့်ကြတယ် သားကို ရိုက်လည်း ရိုက်တယ်"
နှိုင်းပြလိုက်သည့် အခါမှ ချန်ချန် နားလည်သွားကာ ထိုကောင်လေးကိုလည်း ဖော်ရွေစွာ မကြည့်တော့ပေ။ သူတို့အားလုံး လူဆိုးများဖြစ်ကြပြီး သူတို့ကို ချန်ချန် ဘယ်သောအခါမှ ကြောက်တော့မည် မဟုတ်။
"နောက်မှသူတိူ့ကို ဦးဦး လက်စားချေပေးမယ် ... ဦးဦးကျိုးဆီ ပြန်သွားနော်"
ချန်ချန် တင်လေးကို အသာပုတ်ကာ ကျိုးဇယ်ယွီထံ ပြန်သွားခိုင်းလိုက်ရာ လိမ္မာသော ချန်ချန်က သူပြောသမျှကို တစ်သဝေမတိမ်း နားထောင်လေသည်။
"ကောင်စုတ် ... နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
လျစ်လျူရှု ခံထားရသော အမျိုးသမီးက ရုတ်တရက် ထအော်ကာ ယွင်ချဲ့ကို လက်သီးနှင့် ထိုးရန် ရွယ်လိုက်သော်လည်း ယွင်ချဲ့ ရှောင်တိမ်း လိုက်သဖြင့် ထိုမိန်းမကြီးမှာ ဆိုဖာပေါ်သို့ ကျသွားလေသည်။ အခြားသူများ အမြင်တွင် ယွင်ချဲ့ ကံကောင်းသဖြင့် ရှောင်တိမ်း နိုင်လိုက်သည်ဟု ထင်ကြသော်လည်း အလွယ်တကူ ရှောင်နိုင် လိုက်သည်ကို သူကိုယ်တိုင်နှင့် ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့သာ သိကြလေသည်။
"ခင်ဗျားက အင်အားဆိုတဲ့ အစွမ်းရှိနေတာကြောင့် မောက်မာနေတာပဲ"
လက်ကို ပြန်ဆွဲထုတ် မရတော့သည်ကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်ပြီး လှောင်ပြုံးပြုံးကာ အခန်းအလယ်သို့ လျှောက်သွားလေသည်။
"ရွှီး"
"အစ်ကိုချဲ့က အရမ်းတော်တာပဲ"
ချန်ချန်ကိုချီလျက် ကျိုးဇယ်ယွီ လေချွန် လိုက်သဖြင့် ထိုမိန်းမကြီးက သူ့ကိုသတ်စား အလား ကြည့်လိုက်သော်လည်း ဖင်ဆောင့်ကန်သူများ ဆိုသော အမည်ကိုပင် ပေးနိုင်သူ ဖြစ်သောကြောင့် ထိုအကြည့်ကို သူမဖြုံပေ၊ ကြည့်နေသူက ယွင်ချဲ့ မဟုတ်ခဲ့လျှင်ပေါ့။ အခြားသူများ မည်သို့သော အကြည့်နှင့် စိုက်ကြည့်နေပါစေ သူဂရုမစိုက်စွာ လှောင်ရယ် ပစ်လိုက်မည်။
"ဘွားဘွား သားသကြားလုံး လိုချင်တယ်"
အဘွားဖြစ်သူက သကြားလုံး ယူရန် တွန့်ဆုတ် နေသဖြင့် ထိုကလေးက သူမလက်ကို ဆွဲကာ ဂျီကျလေတော့သည်။
"အင်းပါ ဘွားဘွား အခုချက်ချင်း ယူပေးမယ်နော်"
သူမမြေး၏ အော်သံကို သည်းမခံနိုင်တော့သဖြင့် ထိုမိန်းမကြီးက ချန်ချန်ကို ခက်ထန်စွာ ကြည့်လိုက်သည်။
"ဟေ့ ကလေး .. နင့်ရဲ့ ..."
ဝှီး
ဓါးတစ်ချောင်းမှာ လေထုကို ခွင်းကာ ဖြတ်သန်းလာပြီး လူအများ အာရုံစိုက် နေစဉ်ပင် ဓါးရှည် တစ်ချောင်းက မိုးကြိုး အလျင်ကဲ့သို့ ထိုမိန်းမကြီးဆီ ဦးတည် သွားလေသည်။ မတွေးဆနိုင်သော အရှိန်နှင့် မျက်စိတစ်မှိတ် အတွင်းပင် ဓါးမှာ သူ၏ ဉီးတည်ရာသို့ ရောက်သွားလေသည်။
"အား .."
"အား ! ငါ့ ... ငါ့လကျ အား !"
ပတ်ဝန်းကျင်မှ မယုံကြည်နိုင်ဟန် အံ့ဩနေဟန် အသံများ ထွက်ပေါ်လာပြီး မိန်းမကြီး၏ အော်သံနှင့်အတူ လက်တစ်ဖက် ပြတ်သွားကာ သွေးများလည်း ပန်းထွက် လာလေသည်။ ခန်းမထဲရှိ သူများ တိတ်ဆိတ်သွားပြီး လက်ကိုပင် ဖြတ်ပစ်လိုက်သူ၏ ရက်စက်မှုကို မယုံနိုင်ဖြစ်နေကြလေသည်။
ယွင်ချဲ့ကို မနာလိုဖြစ်စွာ ကံဆိုးပါစေဟု ဆုတောင်း နေကြသူများလည်း အရိုးထဲ စိမ့်အောင် ကြောက်သွားကြသဖြင့် ခြေလှမ်းများ အလိုလို ဆုတ်သွားကြသည်။ အားကျ နေကြသူများသည်လည်း အသိစိတ် ရှိနေကြကာ ယွင်ချဲ့ စွမ်းအားနှင့် ပတ်သက်၍ စိုးရိမ်နေကြလေသည်။ တိုက်ဆိုင်ခြင်း ဖြစ်သည်ဟု အများက တွေးကြသော်လည်း တိုက်ဆိုင်မှုများမှာ လိုအပ်၍ ဖြစ်လာရသည်ကို လူအနည်းငယ်သာ သတိထားမိကြသည်။
"ကျုပ်ကလေးကို ထိရင် ခင်ဗျားသေရမယ် !"
ပြတ်သွားတဲ့ လက်ကိုဖိပြီး မြေပေါ်လှိမ့်ကာ အော်နေသော မိန်းမကြီးကို ဓားနှင့်ရွယ်လျက် ယွင်ချဲ့ သတိပေးသည်။ ယွင်ချဲ့ အသံက နူးညံ့နေသော်လည်း ထူးဆန်းနေပြီး သူ၏အသံက အားလုံး၏ နားစည်ထဲထိ ထိုးဖောက် ဝင်ရောက် သွားလေသည်။
***
Zawgyi
အခန္း (၅၉)
"မင္း အခုခ်က္ခ်င္း ထြက္သြားေတာ့"
စြမ္းအား႐ွင္ အစည္းအ႐ုံး၏ ႐ုံးခန္း တစ္ေနရာတြင္ ယြင္ခ်ဲ႕ အေ႐ွ႕တြင္ ႐ွိေသာ စားပြဲကို ေမွာက္လွန္ ပစ္လုနီးပါး ေပါက္ကြဲ ေနေလသည္။
"အဟမ္း ဇယ္ယြီ ဖင္ေဆာင့္ ကန္သူမ်ား ဆိုတဲ့ နာမည္က ငါတို႔အဖြဲ႕အတြက္ မသင့္ေတာ္ဘူးလို႔ ထင္တယ္ေနာ္"
ယြင္ခ်ဲ႕ေရာ လုဟိုင္႐ႊမ္းပါ သည္းမခံ ႏိုင္ေတာ့ေပ။ သူတို႔ ဇီဇာေၾကာင္ေနျခင္း မဟုတ္ဘဲ က်ိဳးဇယ္ယြီ ေျပာသမွ် နာမည္မ်ားမွာ အလြန္ ႐ူးေၾကာင္ေၾကာင္ ႏိုင္လွသည္။ ဥပမာ အေနျဖင့္ ကမ႓ာ့အင္အားႀကီး အဖြဲ႕၊ လႊမ္းမိုးသူမ်ား၊ အာဏာ႐ွင္ စေသာ နာမည္မ်ားမွာ ႐ူးေၾကာင္ေၾကာင္ ဆန္လြန္းသည္။ ေနာက္ဆုံး ေပးထားေသာ နာမည္ပင္လွ်င္ 'ဖင္ေဆာင့္ကန္သူမ်ား' ဟုေပးထားသျဖင့္ ယြင္ခ်ဲ႕ ယခုအခ်ိန္ထိ စိတ္ေလ်ာ့ သည္းခံ ထားႏိုင္သည္က အလြန္ကံေကာင္းေနသည္။
"ဘာလို႔လဲ နာမည္ေတြက အမိုက္စားပဲကို .. အစ္ကိုခ်ဲ႕က တျခားသူေတြ အစ္ကို႔ရဲ႕ တိုက္ခိုက္ စြမ္းရည္ကို သိမွာ ေၾကာက္ေနတာလား"
ယြင္ခ်ဲ႕၏ အၾကည့္ စူးစူးမ်ားေၾကာင့္ က်ိဳးဇယ္ယြီ ကိုယ္ေလး က်ံဳသြားကာ အျခားကို ေလွ်ာက္ၾကည့္ေနၿပီး ပါးစပ္မွလည္း သူေျပာေသာ နာမည္မ်ား မိုက္ေၾကာင္း တိုးတိုးေလး ေရ႐ြတ္ေနသည္။ ထိုနာမည္မ်ားကို ဂိမ္းထဲတြင္ သုံးခဲ့သျဖင့္ လက္ေတြ႕တြင္လည္း အသုံးခ်ႏိုင္သည္ မဟုတ္လား။ သာမန္ နာမည္မ်ားက ယြင္ခ်ဲ႕၏ စြမ္းရည္အတြက္ သုံးရန္ မသင့္ေတာ္ေသာေၾကာင့္ ထိုနာမည္မ်ားကို သူတို႔အတြက္ ေတြးကာ က်ိဳးဇယ္ယြီ ေ႐ြးေပး ထားသည္ကို ယြင္ခ်ဲ႕ မသိတတ္ေပ။
"မင္းက အားလုံးကို သိေစခ်င္လို႔လား"
ယြင္ခ်ဲ႕ ေဒါသစိတ္ေၾကာင့္ သက္ျပင္း ခ်လိုက္ၿပီး အၾကည့္ လြဲလိုက္သည္။ ခ်န္ခ်န္လည္း တစ္ခုခုကို စဥ္းစားမိသြားပုံျဖင့္ ပါးစပ္ထဲမွ သၾကားလုံးကို ထုတ္ကာ ယြင္ခ်ဲ႕ ပါးစပ္ထဲသို႔ ထည့္ေပးလိုက္သည္။
"မငိုပါနဲ႔ဦးဦး ဦးေလးက်ိဳးက ေတာ္ေတာ္ဆိုးတာပဲ"
"အမ္..."
ခ်န္ခ်န္က ဘယ္လိုလုပ္မ်ား သူငိုေတာ့မည္ဟု ေျပာရတာလဲ။
ယြင္ခ်ဲ႕ ဆြံ႕အသြားရၿပီး သူ၏ေဒါမ်ားကို အျပစ္ကင္းေသာ ခ်န္ခ်န္ အေပၚ မပုံခ်လိုေသာေၾကာင့္ ခ်န္ခ်န္ ေခါင္းကို အသာပုတ္ လိုက္သည္။
"ဦးဦးမငိုပါဘူး ခဏေစာင့္ဦးေနာ္ ေစ်းကို ေခၚသြားေပးမယ္"
"ေကာင္းတယ္ ဦးဦးလိမၼာတယ္"
ခ်န္ခ်န္ ေခါင္းညိတ္ကာ ယြင္ခ်ဲ႕ လက္ေမာင္းကို ပုတ္လ်က္ ႏွစ္သိမ့္ ေပးၿပီးေနာက္ အေနာက္ျပန္ လွည့္ကာ သၾကားလုံးတစ္လုံး ယူထုတ္ၿပီး ပါးစပ္ထဲ ထည့္လိုက္သည္။
မကမ္းမလွမ္းတြင္ အသက္ ၅ ႏွစ္ ၆ ႏွစ္အ႐ြယ္ အသားညိဳေသာ ကေလးတစ္ေယာက္ ခ်န္ခ်န္ကို စိုက္ၾကည့္ေနသျဖင့္ ခ်န္ခ်န္လည္း လွည့္ၾကည့္ကာ သၾကားလုံး စားေနလ်က္ ခ်ိဳသာစြာ ျပဳံးျပေလသည္။ သို႔ေသာ္ ထိုကေလးက မ်က္ႏွာမဲ့ကာ လွည့္ထြက္ သြားသျဖင့္ ခ်န္ခ်န္လည္း ၾကံရာမရ ျဖစ္သြားေလသည္။ ကေလးမ်ားသည္ ထိုပုံစံအတိုင္းဟု ဆိုေသာ္လည္း ခ်န္ခ်န္မွာ သူတစ္ေယာက္တည္း ျဖစ္ေသာေၾကာင့္ ႐ြယ္တူ သူငယ္ခ်င္း ေတြ႕ရန္ အလြန္႐ွားသျဖင့္ သူ႕ကို မႏွစ္သက္ဟန္ လုပ္ျပေသာေၾကာင့္ ခ်န္ခ်န္ စိတ္မေကာင္း ျဖစ္သြားေလသည္။
"ဘြားဘြား သားသၾကားလုံး စားခ်င္တယ္ ... သူ႕ဆီက သၾကားလုံးေတြ အကုန္ယူေပး"
လွည့္ျပန္သြားေသာ ကေလးမွာ သက္လတ္ပိုင္း မိန္းမႀကီး တစ္ေယာက္အား ဂ်ီက်ေနပုံကို ခ်န္ခ်န္ မျမင္လိုက္ေတာ့ေပ။ ထိုကေလး၏ အျပဳအမူမွာ မၾကာခဏ ဂ်စ္တိုက္ေနပုံပင္။ မဟုတ္ပါက ၅ ႏွစ္ ၆ ႏွစ္အ႐ြယ္ ကေလး တစ္ေယာက္က ပုံစံမပ်က္ လုပ္ႏိုင္ပါမလဲ။
"သၾကားလုံး ဟုတ္လား"
ထိုကေလး လက္ညိႇဳး ၫႊန္ရာသို႔ ၾကည့္လိုက္သည့္အခါ ယြင္ခ်ဲ႕ ျမင္ၿပီးေနာက္ ႐ုတ္တရက္ မနာလို ျဖစ္သြားေလသည္။
"အေမ ဘာေတြ ၾကည့္ေနတာလဲ"
ထြားက်ိဳင္းေသာ ကိုယ္ႏွင့္ အသက္ႏွစ္ဆယ္ ဝန္းက်င္ ေယာက်္ား တစ္ေယာက္က လွမ္းေခၚလိုက္သျဖင့္ ထိုမိန္းမႀကီးက သူ႕ထံ လွည့္ၾကည့္ကာ ...
"နင္ေျပာေတာ့ နင္က Top Ten ဝင္တဲ့ အဖြဲ႕တစ္ဖြဲ႕ထဲကဆို ... အခုေတာ့ ၾကည့္ဉီး အဲဒီေကာင္ေတြကမွ နင့္ထက္ သာေသးတယ္ ေမာက္က်စ္က နင့္သား ျဖစ္ေနတာ သနားစရာပဲ သၾကားလုံးေတာင္ မစားႏိုင္႐ွာဘူး ... နင္က တကယ္ကို ညံ့တဲ့အေဖပဲ နင့္ကို ပ်ိဳးေထာင္ခဲ့ရတာ အခ်ိန္ကုန္တာပဲ အဖတ္တင္တယ္"
အေမႏွင့္ သားက တစ္ေယာက္ကို တစ္ေယာက္ ေအာ္ေျပာေနသည့္ အျပင္ အေမ ျဖစ္သူကလည္း အသံကို မေလ်ာ့ေသာေၾကာင့္ လူအမ်ား၏ အာ႐ုံက သူတို႔ထံ က်ေရာက္လာသည္။ မိမိဘာသာ အဖြဲ႕နာမည္ ေ႐ြးေနေသာ ယြင္ခ်ဲ႕ အပါအဝင္ ခ်န္ခ်န္လည္း လန္႔ကာ ေၾကာက္လန္႔သြားၿပီး ယြင္ခ်ဲ႕ထံသို႔ ကပ္သြားေလသည္။
"အေမရာ သၾကားလုံးေလးပဲကို .. ေနာက္တစ္ခါ အဖြဲ႕နဲ႔ အျပင္သြားရင္ ဝယ္လာခဲ့ေပးမယ္"
ထိုသူမွာ အဆင့္ျမင့္သူ တစ္ေယာက္ ျဖစ္ေသာေၾကာင့္ အေမျဖစ္သူ ယခုကဲ့သို႔ ေအာ္ေျပာေနျခင္းက သူ႕ကို အ႐ွက္ရေစသည္။ ယြင္ခ်ဲ႕တို႔ အသြင္အျပင္ေၾကာင့္ မနာလိုျဖစ္ေသာ္လည္း သၾကားလုံးေလး အတြက္ ေတာင္းဆိုရသည္မွာ သူ႕အတြက္ မ်က္ႏွာ ပ်က္စရာပင္။
"မရဘူး အခုလိုခ်င္တာ သားမွာက်မ႐ွိဘဲ သူ႕မွာ ဘာလို႔ ႐ွိေနရတာလဲ ... ဘြားဘြား"
အေဖျဖစ္သူ အ႐ွက္ရမည္ကို နားမလည္သျဖင့္ အဘြားျဖစ္သူ၏ လက္ကို ကိုင္လ်က္ ဂ်ီက်ေနေလသည္။ ကပ္ေဘး မတိုင္ခင္က အလြန္ အလိုလိုက္ခံ ထားရသျဖင့္ သူလိုခ်င္သည့္ မည္သည့္ အရာမဆို အလြယ္တကူ ရႏိုင္မည္ဟု ထင္ေနပုံပင္။
"ဟုတ္ပါၿပီ ေျမးေလးရဲ႕ ယူေပးမွာေပါ့"
ထိုအမ်ိဳးသမီးမွာ သားျဖစ္သူကို ခက္ထန္စြာ ၾကည့္တတ္ေသာ္လည္း ေျမးေလးကိုမူ အလြန္ ခ်စ္ျပေလသည္။ သူမ၏ေျမးကို ဖက္ကာ ေခ်ာ့ျမဴလိုက္ၿပီး သားျဖစ္သူကို စိုက္ၾကည့္ကာ ကေလးလက္ကို ဆြဲလ်က္ ယြင္ခ်ဲ႕တို႔ထံ သြားေလသည္။
ထိုအျဖစ္ကို ျမင္လိုက္ေသာ ခန္းမထဲမွ လူမ်ား ေက်နပ္ ေနၾကေလသည္။ ယခုကဲ့သို႔ ကပ္ဆိုးကာလတြင္ သူတို႔မွာ သူေတာင္းစားပုံ ျဖစ္ေနၾကေသာ္လည္း ယြင္ခ်ဲ႕တို႔မွာ သန္႔ျပန္႔ကာၾကည့္ေကာင္း ေနသျဖင့္ သူတို႔မခံမသာ ျဖစ္ေနၾကသည္။ ကပ္ေဘး ဆိုက္သည္ျဖစ္ေစ မဆိုက္သည္ျဖစ္ေစ လူတို႔မွာ သူတို႔ထက္ ေကာင္းမြန္စြာ ေနႏိုင္ၾကသူမ်ားကို ျမင္လွ်င္ မစၧရိယ ပြားၾကသည္မွာ လူတို႔၏ သဘာဝပင္။
"မင္းဆက္ဆိုတဲ့ နာမည္ကို ဖယ္လိုက္ေတာ့ .. မင္းေျပာတဲ့ ထဲကပဲ ေ႐ြးခ်င္တယ္ဆိုရင္ ငါ့အထင္ေတာ့ ..."
ယြင္ခ်ဲ႕ ဘာမွမျဖစ္ဟန္ႏွင့္ ခ်န္ခ်န္ကို ခ်ီလိုက္ၿပီး က်ိဳးဇယ္ယြီ၊ လုဟိုင္႐ႊမ္း တို႔ႏွင့္ နာမည္ကိစၥ ေဆြးေႏြးေနသည္။ သို႔ေသာ္ ယြင္ခ်ဲ႕ စကားဆုံးေအာင္ မေျပာရခ်ိန္တြင္ ထိုအမ်ိဳးသမီးက သူတို႔အနား ေရာက္လာေလသည္။
ဘုန္း
"ဟဲ့ေကာင္ ငါ့ေျမးကို သၾကားလုံး နည္းနည္း ေပးလိုက္စမ္း !"
ထိုအမ်ိဳးသမီးက စားပြဲကို ဘုန္းခနဲ ထုလိုက္ၿပီး ခက္ထန္စြာ ေျပာလိုက္သျဖင့္ ခ်န္ခ်န္ လန္႔သြားကာ ယြင္ခ်ဲ႕ လက္ေမာင္းမ်ားကို ဆုပ္ကိုင္လိုက္ခ်ိန္ ထိုအမ်ိဳးသမီးႏွင့္ ပါလာေသာ ကေလးမွာ တခစ္ခစ္ ရယ္ေမာေနသည္။
က်ိဳးဇယ္ယြီႏွင့္ လုဟိုင္႐ႊမ္းတို႔မွာ စားပြဲေပၚ ေမးေထာက္ကာ အသာၾကည့္ ေနလိုက္ၾကသည္။ ထိုမိန္းမႀကီး ကိုယ့္ေသတြင္းကို တူးမိေလၿပီ။ မည္သူကမွ သူတို႔၏ အစ္ကိုခ်ဲ႕ ထံတြင္ တစ္ခုခုကို ယခုကဲ့သို႔ မာမာထန္ထန္ မေတာင္းရဲၾကေပ။ ပိုဆိုးသည္မွာ သူမ လိုခ်င္ေနသည္က ယြင္ခ်ဲ႕၏ အသည္းေက်ာ္ေလး ပိုင္ဆိုင္ေသာ အရာဆိုလွ်င္ ထိုမိန္းမႀကီး ႐ႈျမင္မေကာင္းစြာ ေသရေတာ့မည္ဟု သူတို႔တပ္အပ္ ေျပာႏိုင္သည္။
"ဦးဦး"
ဉီးေလးျဖစ္သူမွာ ဖုတ္ေကာင္မ်ားအား ႐ွင္းလင္းခဲ့ပုံကို ျမင္ခဲ့ရၿပီ ျဖစ္ေသာ္လည္း ခ်န္ခ်န္ ေၾကာက္လန္႔ ေနမိသည္။ ဖုတ္ေကာင္မ်ားမွာ လူမ်ားကို လိုက္ကိုက္ တတ္ေသာ လူဆိုးမ်ားျဖစ္သျဖင့္ ဦးေလးက သတ္ျဖတ္ ႐ွင္းလင္းျခင္း ျဖစ္သည္ဟု မွတ္ယူထားသည္။ သို႔ေသာ္ ယခုမွာ လူဆိုးပုံ မဟုတ္ေသာ ကေလးတစ္ေယာက္ ျဖစ္ေနျခင္းေၾကာင့္ ခ်န္ခ်န္ အနည္းငယ္ေၾကာက္႐ြံ႕ေနမိသည္။
"ဘာမွမျဖစ္ဘူးေနာ္ သူတို႔ကလည္း လူဆိုးေတြပဲေလ ... လူဆိုးေတြကို ဉီးဉီး အျပစ္ေပးတာ ခ်န္ခ်န္ ၾကည့္ခ်င္မယ္မလား"
နားပူနာဆာ လုပ္ေနေသာ မိန္းမႀကီးကို လ်စ္လ်ဴ႐ႈလ်က္ ယြင္ခ်ဲ႕ ျပဳံးကာ ခ်န္ခ်န္ကိုခ်ီလိုက္ေသာ္လည္း အၾကည့္မ်ားမွာ ခက္ထန္ ေနလ်က္ပင္။
"ဒါေပမယ့္ ဒီကိုကိုက ...."
ထိုကေလးကို ၾကည့္ကာ ခ်န္ခ်န္ ေခါင္း႐ႈပ္ သြားေလသည္။ သူႏွင့္ မတိမ္းမယိမ္း ႐ွိေသာ ေကာင္ေလးက ဘယ္လိုေၾကာင့္ လူဆိုးျဖစ္ႏိုင္မွာလဲ။
"လူဆိုးဆိုတာ အ႐ြယ္မ်ိဳးစုံပဲ .. အဘြားအိမ္က ခ်န္ခ်န္ကို အႏိုင္က်င့္တဲ့ ကိုကို မမေတြကို မွတ္မိေသးလား .. သူတို႔ေတြကေရာ လူေကာင္းေတြ ဟုတ္လို႔လား"
ခ်န္ခ်န္ ေခါင္း႐ႈပ္ ေနပုံရသျဖင့္ က်ိဳးမိသားစု အေၾကာင္း ယြင္ခ်ဲ႕ ေျပာျပလိုက္သည္။ ထိုအခါမွ ခ်န္ခ်န္ တြန္႔ဆုတ္ျခင္း မ႐ွိေတာ့ဘဲ ...
"သား ကိုကိုနဲ႔ မမေတြက ဆိုးတယ္ ေမေမနဲ႔သားကို အႏိုင္က်င့္ၾကတယ္ သားကို ႐ိုက္လည္း ႐ိုက္တယ္"
ႏိႈင္းျပလိုက္သည့္ အခါမွ ခ်န္ခ်န္ နားလည္သြားကာ ထိုေကာင္ေလးကိုလည္း ေဖာ္ေ႐ြစြာ မၾကည့္ေတာ့ေပ။ သူတို႔အားလုံး လူဆိုးမ်ားျဖစ္ၾကၿပီး သူတို႔ကို ခ်န္ခ်န္ ဘယ္ေသာအခါမွ ေၾကာက္ေတာ့မည္ မဟုတ္။
"ေနာက္မွသူတိူ႕ကို ဦးဦး လက္စားေခ်ေပးမယ္ ... ဦးဦးက်ိဳးဆီ ျပန္သြားေနာ္"
ခ်န္ခ်န္ တင္ေလးကို အသာပုတ္ကာ က်ိဳးဇယ္ယြီထံ ျပန္သြားခိုင္းလိုက္ရာ လိမၼာေသာ ခ်န္ခ်န္က သူေျပာသမွ်ကို တစ္သေဝမတိမ္း နားေထာင္ေလသည္။
"ေကာင္စုတ္ ... နင္က ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ"
လ်စ္လ်ဴ႐ႈ ခံထားရေသာ အမ်ိဳးသမီးက ႐ုတ္တရက္ ထေအာ္ကာ ယြင္ခ်ဲ႕ကို လက္သီးႏွင့္ ထိုးရန္ ႐ြယ္လိုက္ေသာ္လည္း ယြင္ခ်ဲ႕ ေ႐ွာင္တိမ္း လိုက္သျဖင့္ ထိုမိန္းမႀကီးမွာ ဆိုဖာေပၚသို႔ က်သြားေလသည္။ အျခားသူမ်ား အျမင္တြင္ ယြင္ခ်ဲ႕ ကံေကာင္းသျဖင့္ ေ႐ွာင္တိမ္း ႏိုင္လိုက္သည္ဟု ထင္ၾကေသာ္လည္း အလြယ္တကူ ေ႐ွာင္ႏိုင္ လိုက္သည္ကို သူကိုယ္တိုင္ႏွင့္ က်ိဳးဇယ္ယြီ၊ လုဟိုင္႐ႊမ္း တို႔သာ သိၾကေလသည္။
"ခင္ဗ်ားက အင္အားဆိုတဲ့ အစြမ္း႐ွိေနတာေၾကာင့္ ေမာက္မာေနတာပဲ"
လက္ကို ျပန္ဆြဲထုတ္ မရေတာ့သည္ကို ၾကည့္ကာ ယြင္ခ်ဲ႕ ေျပာလိုက္ၿပီး ေလွာင္ျပဳံးျပဳံးကာ အခန္းအလယ္သို႔ ေလွ်ာက္သြားေလသည္။
"႐ႊီး"
"အစ္ကိုခ်ဲ႕က အရမ္းေတာ္တာပဲ"
ခ်န္ခ်န္ကိုခ်ီလ်က္ က်ိဳးဇယ္ယြီ ေလခြၽန္ လိုက္သျဖင့္ ထိုမိန္းမႀကီးက သူ႕ကိုသတ္စား အလား ၾကည့္လိုက္ေသာ္လည္း ဖင္ေဆာင့္ကန္သူမ်ား ဆိုေသာ အမည္ကိုပင္ ေပးႏိုင္သူ ျဖစ္ေသာေၾကာင့္ ထိုအၾကည့္ကို သူမျဖဳံေပ၊ ၾကည့္ေနသူက ယြင္ခ်ဲ႕ မဟုတ္ခဲ့လွ်င္ေပါ့။ အျခားသူမ်ား မည္သို႔ေသာ အၾကည့္ႏွင့္ စိုက္ၾကည့္ေနပါေစ သူဂ႐ုမစိုက္စြာ ေလွာင္ရယ္ ပစ္လိုက္မည္။
"ဘြားဘြား သားသၾကားလုံး လိုခ်င္တယ္"
အဘြားျဖစ္သူက သၾကားလုံး ယူရန္ တြန္႔ဆုတ္ ေနသျဖင့္ ထိုကေလးက သူမလက္ကို ဆြဲကာ ဂ်ီက်ေလေတာ့သည္။
"အင္းပါ ဘြားဘြား အခုခ်က္ခ်င္း ယူေပးမယ္ေနာ္"
သူမေျမး၏ ေအာ္သံကို သည္းမခံႏိုင္ေတာ့သျဖင့္ ထိုမိန္းမႀကီးက ခ်န္ခ်န္ကို ခက္ထန္စြာ ၾကည့္လိုက္သည္။
"ေဟ့ ကေလး .. နင့္ရဲ႕ ..."
ဝွီး
ဓါးတစ္ေခ်ာင္းမွာ ေလထုကို ခြင္းကာ ျဖတ္သန္းလာၿပီး လူအမ်ား အာ႐ုံစိုက္ ေနစဥ္ပင္ ဓါး႐ွည္ တစ္ေခ်ာင္းက မိုးႀကိဳး အလ်င္ကဲ့သို႔ ထိုမိန္းမႀကီးဆီ ဦးတည္ သြားေလသည္။ မေတြးဆႏိုင္ေသာ အ႐ွိန္ႏွင့္ မ်က္စိတစ္မွိတ္ အတြင္းပင္ ဓါးမွာ သူ၏ ဉီးတည္ရာသို႔ ေရာက္သြားေလသည္။
"အား .."
"အား ! ငါ့ ... ငါ့လက် အား !"
ပတ္ဝန္းက်င္မွ မယုံၾကည္ႏိုင္ဟန္ အံ့ဩေနဟန္ အသံမ်ား ထြက္ေပၚလာၿပီး မိန္းမႀကီး၏ ေအာ္သံႏွင့္အတူ လက္တစ္ဖက္ ျပတ္သြားကာ ေသြးမ်ားလည္း ပန္းထြက္ လာေလသည္။ ခန္းမထဲ႐ွိ သူမ်ား တိတ္ဆိတ္သြားၿပီး လက္ကိုပင္ ျဖတ္ပစ္လိုက္သူ၏ ရက္စက္မႈကို မယုံႏိုင္ျဖစ္ေနၾကေလသည္။
ယြင္ခ်ဲ႕ကို မနာလိုျဖစ္စြာ ကံဆိုးပါေစဟု ဆုေတာင္း ေနၾကသူမ်ားလည္း အ႐ိုးထဲ စိမ့္ေအာင္ ေၾကာက္သြားၾကသျဖင့္ ေျခလွမ္းမ်ား အလိုလို ဆုတ္သြားၾကသည္။ အားက် ေနၾကသူမ်ားသည္လည္း အသိစိတ္ ႐ွိေနၾကကာ ယြင္ခ်ဲ႕ စြမ္းအားႏွင့္ ပတ္သက္၍ စိုးရိမ္ေနၾကေလသည္။ တိုက္ဆိုင္ျခင္း ျဖစ္သည္ဟု အမ်ားက ေတြးၾကေသာ္လည္း တိုက္ဆိုင္မႈမ်ားမွာ လိုအပ္၍ ျဖစ္လာရသည္ကို လူအနည္းငယ္သာ သတိထားမိၾကသည္။
"က်ဳပ္ကေလးကို ထိရင္ ခင္ဗ်ားေသရမယ္ !"
ျပတ္သြားတဲ့ လက္ကိုဖိၿပီး ေျမေပၚလွိမ့္ကာ ေအာ္ေနေသာ မိန္းမႀကီးကို ဓားႏွင့္႐ြယ္လ်က္ ယြင္ခ်ဲ႕ သတိေပးသည္။ ယြင္ခ်ဲ႕ အသံက ႏူးညံ့ေနေသာ္လည္း ထူးဆန္းေနၿပီး သူ၏အသံက အားလုံး၏ နားစည္ထဲထိ ထိုးေဖာက္ ဝင္ေရာက္ သြားေလသည္။
***