Unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၅၂)
ဓာတ်ခွဲစမ်းသပ်ခန်းမှ လုဟိုင်ရွှမ်း ပျောက်ဆုံး သွားခြင်းကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း အခြားအင်အားစု အားလုံးမှ သိထားပြီးသား ဖြစ်သည်။ ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ရှင်းဖုန်း ပြဿနာကြီးစေရန် တမင်ရည်ရွယ် ပြုလုပ်ခဲ့သည်။ ရှင်းဖုန်းသည် သူ၏အသင်းနှင့် မော့ မိသားစုများကို လုဟိုင်ရွှမ်းအား ရှာဖွေရန် မနေ့ညက စုဝေးစေခဲ့ပြီး စခန်းတွင် ဆိုးဝါးသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
အစပိုင်းတွင် စစ်တပ်သည် မသိဟန်ဆောင်ရန် ရည်ရွယ် ထားသော်လည်း ရက်အနည်းငယ် ကြာပြီးနောက် ရှင်းဖုန်းသည် သူစုဆောင်းထားသော ပစ္စည်းကိရိယာများကို မလွှဲပြောင်း ပေးသည့်အပြင် ဓာတ်ခွဲ စမ်းသပ်ခန်းသို့ လာရောက်ရန် ငြင်းဆိုခဲ့သည့် အတွက် ဓာတ်ခွဲ စမ်းသပ်ခန်း၏ ဒါရိုက်တာဖြစ်သူ သူတို့ထံသို့ ရောက်လာခဲ့ရသည်။
သူတို့သည် ယခုအချိန်တွင် အင်အားစုများကို ပြောင်းလဲရန် လိုသည်။ အရေးပေါ် ဖြစ်နေသော အချိန်မျိုးတွင် အရင်းအမြစ် ပစ္စည်းများသည် အလွန် တန်ဖိုးကြီးလှသည့်အပြင် ရှင်းဖုန်း စုဆောင်းထားသော ပစ္စည်းကိရိယာများသည်လည်း အရည်အသွေး မြင့်မားလှသဖြင့် ထိုပစ္စည်းများကို မဖြစ်မနေ လိုအပ်နေသည်။ အကယ်၍ ရှင်းဖုန်းသာ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့လျှင် သုတေသန လုပ်ငန်းများကို ရပ်ထားရမည် ဖြစ်သည်။
ဖုတ်ကောင်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ရန် အတွက် သုတေသန လုပ်ငန်းများသည် အလွန် လိုအပ်ပေသည်။ ဇွမ်ဘီ ဗိုင်းရပ်စ်များ တစ်ဟုန်ထိုး ပွားများ ပျံ့နှံ့လာရခြင်း၏ အခြေခံ အကြောင်းတရားကို သိရှိလာရန်နှင့် ကာကွယ်ဆေးကို ဖော်စပ် ထုတ်လုပ်ရန် လိုအပ်သည်။ ထို့ကြောင့် မော့ မိသားစုများမှ လွဲ၍ အခြားသော အင်အားစု ခေါင်းဆောင်များ ရှင်းဖုန်း ထံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
လုဟိုင်ရွှမ်းကို ကယ်ဆယ် ခေါ်ဆောင်လာပြီး နောက်တစ်နေ့တွင် ယွင်ယောင် သတိပြန်လည် လာသည်။ ယွင်ချဲ့လည်း စိတ်သက်သာရာ ရကာ ရှင်းဖုန်း ထံတွင် အိမ်ရာတစ်ခုတောင်းဆိုလေသဖြင့် ရှင်းဖုန်းက သူ၏ဘေးတစ်ဖက်ရှိ အိမ်တွင် နေထိုင်စေသည်။
ရှင်းဖုန်းမှာ တစ်ခါဆုံးဖြတ်ပြီးလျှင် နောက်တစ်ကြိမ် မစဉ်းစားတော့သောကြောင့် သူ၏အိမ်နီးချင်းအဖြစ် နေထိုင်ရန် ယွင်ချဲ့ လက်ခံခဲ့သည်။ ထို့နောက် သူ့အတွက် အလုပ်သမား များစွာကို ရှာဖွေပေးခဲ့ပြီး အချို့မှာ ခြံဝင်းထဲတွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးပေးကာ အချို့မှာ လိုအပ်သော ပစ္စည်းများကို တပ်ဆင်ပေးလေသည်။
"ဉီးလေး ရှင်း .. ကျုပ်ကို တစ်ခုလောက် ကူညီပေးဉီး"
ရက်အတော်ကြာ ပြန်လည် ပြင်ဆင်မွမ်းမံ လိုက်ပြီးနောက် ခြံဝင်းမှာ အရင်နှင့်မတူဘဲ ပြောင်းလဲ သွားလေသည်။ ခြံဝင်း၏ မျက်နှာချင်းဆိုင်တွင် ရှိသော ဥယျာဉ်နှင့် ဆည်ကို ဖယ်ရှားလိုက်ပြီး သစ်ပင်ပန်းမန် စိုက်ပျိုးသော မှန်မိုးကာ ဖန်လုံအိမ် နှစ်ခုကို ခြံအတွင်း တစ်ဖက် တစ်ချက်တွင် တည်ဆောက်ထားပြီး အိမ်နှစ်လုံး ကြားတွင် လူတစ်ယောက် ဖြတ်သွားနိုင်ရုံမျှသာ ကျယ်သော ကျောက်ခင်း လမ်းသွယ်လေး တစ်ခုသာ ရှိလေသည်။
ထို့အပြင် အထပ် တစ်ခုစီ၏ နောက်ဖေး ကွက်လပ်နှင့် လေသာဆောင်များကိုလည်း ဖန်လုံအိမ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ယွင်ချဲ့ သည် အနက်ရောင် မြေဩဇာ မြေဆီမြေနှစ်များကို သယ်ဆောင်လာပြီး မြေပြင်ပေါ်သို့ ဖြန့်ချလိုက်ပုံမှာ အိမ်ထဲတွင် စိုက်ပျိုးရန် ပြင်ဆင်နေပုံပင်။
အပြင်ဘက် နံရံများကိုလည်း ပြင်ဆင်မွမ်းမံ ထားသည်။ မခိုင်ခံ့သော နံရံများကို ပို၍ထူသော မြင့်သော အရာများနှင့် အစားထိုးပေးရန် ကျန့်ယာဖေးကို ယွင်ချဲ့ တောင်းဆိုလိုက်သည်။ ကြီးမားသော သိုးမွေးပုံစံ ဝါယာကြိုးခွေများကို စံအိမ်၏ လေးထပ်ဆောင် မှတစ်ဆင့် တန်းလန်း ချိတ်ဆွဲထားပြီး အဆောက်အဦ တစ်ခုလုံးကို ကာရံထားသည်။ သို့သော် အတွင်းပိုင်းတွင်မူ လျှပ်စစ်ပစ္စည်း အသုံးအဆာင် အသစ်များ တပ်ဆင်ခြင်းနှင့် အပေါ်ဆုံး အထပ်တွင် ရေလှောင်ကန် တစ်ခု ထားရှိခြင်းမှလွဲ၍ အရင်အတိုင်းသာ ဖြစ်သည်။
"မင်းဘာလိုချင်လို့လဲ"
ရှင်းဖုန်းလည်း tablet ကိုဘေးချကာ ခြေချိတ်လျက် ထိုင်လိုက်သည်။ ယွင်ချဲ့ အနားကပ်လာကာ ရှင်းဖုန်းကို နှိပ်နယ် ပေးလိုက်သည်။
"ဒီလိုမပြောပါနဲ့ အိမ်နီးနားချင်းတွေပဲ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးသင့်တာပေါ့"
ယွင်ချဲ့ တစ်ခါမှ မျက်နှာချို မသွေးတတ်သဖြင့် ရှင်းဖုန်း သတိကြီးကြီး ထားနေသော်လည်း ယခုကဲ့သို့ ထိတွေ့ နီးစပ်မှုမျိုးကို သူခံနိုင်ရည်မရှိပေ။
"ဒီနေရာလေးကို .. ခပ်ကြမ်းကြမ်းလေးနှိပ် ... ဟုတ်ပြီ"
ရှင်းဖုန်း၏ မျက်လုံးလေးများ မှေးစင်းလာပြီး ကြုံတောင့်ကြုံခဲဖြစ်သော ထိုထိတွေ့မှုတွင် ပျော်ဝင်နေလေသည်။
"ဉီးလေး ရှင်း .. ကျွန်တော် ခင်ဗျားဆီကနေ လူတစ်ယောက်လောက် ငှားလို့ရမလား"
ယွင်ချဲ့ ခဏနှိပ်နယ် ပေးပြီးနောက် စားပွဲကိုမှီကာ မေးလိုက်သဖြင့် ရှင်းဖုန်း သူ၏နဖူးကို အသာပုတ်ကာ ပြန်မေးလိုက်သည်။
"ဘယ်သူ့ကိုလဲ"
"ခင်ဗျားကို"
ယွင်ချဲ့ ပြုံးပြကာ သူ့ကို လက်ညှိုး ထိုးပြလေသည်။
"ငါ ?"
ရှင်းဖုန်း ဘေးတွင် ယွင်ချဲ့ ထိုင်လိုက်ပြီး ...
"အိမ်ရဲ့အောက်ခြေမှာ သတ္တုချပ်ပြား တစ်ခု ကျွန်တော် ဆောက်ချင်တယ် အဲဒါက အိမ်တစ်ခုလုံးကို အပေါ်ကနေ အောက်အထိ ထိန်းထားလိမ့်မယ် .. ကျွန်တော် ရွှေအစွမ်းကို လိုအပ်လို့ ခင်ဗျားကို အကူအညီ တောင်းကြည့်တာ ကျွန်တော့်ကို ကူညီပေးပါလား"
ယွင်ချဲ့ အသေအချာ ရှင်းပြလိုက်သည်။ အခြားသူများ အမြင်တွင် စံအိမ်အား စိုက်ပျိုးလယ်ကွက် အဖြစ် ပြောင်းလဲရန် စဉ်းစားနေပြီး ရုပ်ဆိုးသော ဝါယာကြိုးခွေများဖြင့် ကာရံထားသော ယွင်ချဲ့ကို ရူးနေပြီဟု တွေးကောင်း တွေးလိမ့်မည်။ ထိုအရာသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင် နေခြင်းသာ ဖြစ်သည်ကို ယွင်ချဲ့ တစ်ဦးတည်းသာ သိထားသည်။
တစ်နေ့တွင် သစ်ပင်များ သန္ဓေပြောင်းလာကာ မြေဆီမြေနှစ်များလည်း ညစ်ညမ်း လာလိမ့်မည်။ ငှက်နှင့်ကြွက်တို့မှာလည်း ဖုတ်ကောင် အသွင်ပြောင်းကာ နေရာအနှံ့တွင် ရှိလာလိမ့်မည်။ ထိုအချိန်တွင် သူ၏ စိုက်ပျိုးမြေကွက်သည် အန္တရာယ် ကင်းသော ခံတပ်တစ်ခု ဖြစ်လာကာ ဖန်လုံအိမ်များကိုလည်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူတို့၏ နေရာတွင် ဟင်းသီးဟင်းရွက်များ အလုံအလောက် ရှိနေသော်လည်း ထိုအသီးအရွက်များကို ဖန်လုံအိမ်များမှ ရလာရန် ရည်ရွယ်ထားသည်။
"အင်း .. ဒါလည်း ဖြစ်နိုင်တာပဲ ကြွက်တွေက ဖုတ်ကောင်အဖြစ် ပြောင်းပြီး မြေအောက်ထဲကနေ အိမ်ထဲကို ဝင်လာကြလိမ့်မယ် .. မင်ရွှမ်း .. ရှန်းရွေ ကို ပြန်ခေါ်လိုက်ပါ ပြီးတော့ သူ့ကို သတ္တုချပ်ပြား တည်ဆောက်ခွင့် ပြုလိုက်"
ရှင်းဖုန်း သူ၏မေးစေ့ကို ပွတ်လျက် ဆုံးဖြတ် ပေးလိုက်သည်။
သူ၏ ဆရာသမားမှာ ယွင်ချဲ့ ကဲ့သို့ ပြောရဆိုရ ခက်ခဲနေသဖြင့် ကူးမင်ရွှမ်း စိတ်ဖိစီးလာသည်။ ယွင်ချဲ့ သူ၏ဥယျာဉ်ကို ရွှေ့ပြောင်း လိုက်စဉ်က ခြံဝင်းထဲတွင် ရှိသော အပင်များ အားလုံးကို တူးယူပစ်ရန် သူတို့ကို တောင်းဆိုခဲ့သည်။ ယခုတစ်ခါတွင် မြေအောက်နှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းကြရပေဉီးမည်။ ဆရာ၏ အမျိုးသမီး အသစ်မှာ ပြောဆိုရခက်လှပြီး နောက်ပိုင်းတွင် ပို၍ ဆိုးဝါးလာလိမ့်မည်။
ကူးမင်ရွှမ်း မျှော်လင့်ချက် မဲ့နေသကဲ့သို့ ခံစားရကာ အနားယူရန်ပင် တွေးမိနေသည်။
“မင်းရောဘယ်လိုလဲ”
သူမေးလိုက်မိသည့် အတွက် နောင်တရ သွားသည်။ သူ၏ဆရာသမားမှာ ယခုအချိန်တွင် ယွင်ချဲ့၏ ကလေးထိန်း သာသာသာ ဖြစ်နေသည်။
မြေအောက်တွင် သတ္တုပြား ထားရှိနိုင်ရန်အတွက် ထူးခြားစွမ်းရည် ပမာဏများစွာနှင့် သံမဏိတန်းများစွာ လိုအပ်ပေသည်။ ယွင်ချဲ့ စုဆောင်းခဲ့သော ပစ္စည်းများမှာ စားသောက်ဖွယ်ရာ များသာ များပြားနေပြီး သံမဏိတန်းများ မရှိပေ။ ရှင်းဖုန်းလည်း ယွင်ချဲ့ နှင့်အတူ စံအိမ်ပတ်လည်ကို သွားကာ လိုအပ်မည့် သံမဏိတန်း အရေအတွက်ကို ခန့်မှန်းနေသည်။
သူတို့ ပြန်ရောက်လာသည့် အချိန်တွင် ခန်းမထဲ၌ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးဦး ရောက်ရှိနေပြီး သူတို့ထဲမှ နှစ်ဦးသည် တူညီဝတ်စုံကို ဝတ်ဆင်ထားကာ ဗိုလ်ကြီးများ ဖြစ်ဟန်တူသည်။ ကျန်တစ်ဦးသည် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထား၍ သူ၏ဗိုက်မှာလည်း စူထွက်နေသည်။
"ဆရာ ဖုန်း ... မတွေ့တာ ကြာပြီနော် .. မင်းဘာလို့ ငါတို့ဆီမလာတာလဲ .. ငါ့ရဲစစ်သားတွေက မင်းကို အရမ်း သဘောကျကြတာ"
"ဟုတ်တယ် ဆရာဖုန်း .. ငါတို့ မင်းရဲ့ အကူအညီ လိုနေတယ်"
"အစ်ကို ရှင်း"
ရှင်းဖုန်း ဝင်လာသည့် အချိန်တွင် ထိုသူသုံးဦးမှာ မျက်နှာချို သွေးရန် ကြိုးစားနေကြသည်။ ယွင်ချဲ့လည်း နှုတ်ခမ်းကို တွန့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး ထိုသူတို့ကို မမြင်ဟန်ဖြင့် ရှင်းဖုန်း၏ tablet ကို ယူကာ ထိုင်ကစား နေလေသည်။ ယွင်ချဲ့မှာ စစ်တပ်မှ မည်သူ့ကိုမဆို အလွန် မုန်းတီးနေသည်။ ကျိုးကျစ်ကျွင်းမှာ အစ်မ၏အချစ်ကို အလွဲသုံးစား လုပ်သည်။ လုဟိုင်ရွှမ်းလည်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထို့ကြောင့် ယွင်ချဲ့ မှုန်ကုပ်ကုပ်သာ ကြည့်နေသည်။
"ဒီလူက ..."
သုံးဉီးအနက်မှ တစ်ယောက်မှာ ယဉ်ကျေးစွာ မေးလိုက်ပြီး ကျန်နှစ်ဦးမှာ ယွင်ချဲ့ကို ခေါင်းအစ ခြေအဆုံး ကြည့်နေကြသည်။ သို့သော် ယွင်ချဲ့မှာ သူတို့ ရှိမနေသကဲ့သို့ ဆိုဖာပေါ်တွင် ကွေးအိပ်ကာ ဆေးလိပ်ကို မီးညှိလိုက်သည်။
"မင်းတို့ ဒီကို မိတ်ဆွဖွဲ့ဖို့ လာတာလား"
ရှင်းဖုန်းသည် ထိုသူတို့ကို ယွင်ချဲ့နှင့် မမိတ်ဆက် ပေးလိုသဖြင့် စိတ်မရှည်စွာ မေးလိုက်သည်။
"ဟို...."
ထိုသုံးယောက် စိတ်မကြည်မလင် ဖြစ်သွားသော်လည်း ဟန်ဆောင် ပြုံးပြကြလေသည်။
"အစ်ကို ရှင်း ... ကျွန်တော်တို့ ဝင်လာတုန်းက ခင်ဗျားလူတွေ ပန်းပင်တွေကို တူးနေကြတာတွေ့ခဲ့တယ် ဘာဖြစ်လို့လဲ"
အစိုးရ ခေါင်းဆောင်တစ်ဦးမှ မေးလိုက်သည်။
"ဘာလဲ မင်းက အခု ငါ့ပန်းပင်တွေကိုပါ ဝင်စွက်ဖက် ချင်နေတာလား"
ရှင်းဖုန်း ခံစားချက်မဲ့စွာ လက်ဖက်ရည် ဖျော်နေလေသည်။
"ဟား….ဟား…."
ထိုသုံးယောက်ကို ယွင်ချဲ့ သဘောမကျသော်လည်း သူတို့ အရှက်တကွဲ ဖြစ်နေပုံကို မြင်ရသည်မှာ ပျော်စရာ ကောင်းလှသဖြင့် ယွင်ချဲ့ ရယ်မောမိလေသည်။ ယခုအချိန်တွင် ထိုသုံးဦးမှာ အမှန်တကယ် စော်ကား ခံလိုက်ရသည်။ ထိုနေရာမှ ချက်ချင်း ထွက်သွားချင်သော်လည်း ဆက်နေရမည်။
"မင်းတို့ ဘာမှပြောစရာ မရှိရင် သွားကြတော့ .. ငါမအားဘူး"
ရှင်းဖုန်း မတ်တပ် ရပ်လိုက်သည့်အခါ ဝေ့ မိသားစု၏ ကိုယ်စားလှယ်ဖြစ်သော ဝေ့ခန် က ရှင်းဖုန်းကို ဆွဲထားလိုက်ပြီး ....
"ဆရာ ဖုန်း ကျွန်တော်တို့ ဒီကို ရောက်လာတာက ခင်ဗျား စုဆောင်းထားတဲ့ ပစ္စည်းကိရိယာတွေ အတွက်ပဲ အဲဒါတွေ ကျွန်တော်တို့ကို ပေးလို့ရမလား"
ဝေ့ခန် သူတို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောမှရတော့မည်။ မဟုတ်လျှင် သူတို့ကို ရှင်းဖုန်း ချက်ချင်း မောင်းထုတ်တော့မည်။
"ဪ နားလည်ပြီ ... မင်းတို့မသိဘူးလား ငါတို့ လင်းကျန်း မြို့ကို မသွားခင် လမ်းမှာ ဖုတ်ကောင်တွေ တိုက်ခိုက်တာကို ခံလိုက်ရလို့ ငါတို့အားလုံး ဒဏ်ရာရပြီး ပစ္စည်းတွေလည်း အကုန် ဆုံးရှုံးလိုက်ရတယ်"
ရှင်းဖုန်း ဝမ်းနည်းဟန် ဆောင်ကာ လိမ်ညာ ပြောလိုက်သည်။ သူဒဏ်ရာရသည့် အကြောင်းကို တမင်ရည်ရွယ်ကာ ပြောလိုက်ပြီး ဝင်ပေါက်ကို ပိတ်ရပ်လိုက်သည်။ ဆိုလိုသည်မှာ စစ်တပ်အား အခုထိ ဒေါသထွက် နေသေးကြောင်းနှင့် ပစ္စည်းကိရိယာများကို ပေးမည် မဟုတ်ကြောင်း ရည်ရွယ်ပြောဆို လိုက်ခြင်းပင် ဖြစ်သည်။
***
Zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၅၂)
ဓာတ္ခြဲစမ္းသပ္ခန္းမွ လုဟိုင္႐ႊမ္း ေပ်ာက္ဆုံး သြားျခင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္း မ႐ွိေသာ္လည္း အျခားအင္အားစု အားလုံးမွ သိထားၿပီးသား ျဖစ္သည္။ ထိုလွ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းႏိုင္ရန္ ရည္႐ြယ္ခဲ့ေသာ္လည္း ႐ွင္းဖုန္း ျပႆနာႀကီးေစရန္ တမင္ရည္႐ြယ္ ျပဳလုပ္ခဲ့သည္။ ႐ွင္းဖုန္းသည္ သူ၏အသင္းႏွင့္ ေမာ့ မိသားစုမ်ားကို လုဟိုင္႐ႊမ္းအား ႐ွာေဖြရန္ မေန႔ညက စုေဝးေစခဲ့ၿပီး စခန္းတြင္ ဆိုးဝါးေသာ ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚေစခဲ့သည္။
အစပိုင္းတြင္ စစ္တပ္သည္ မသိဟန္ေဆာင္ရန္ ရည္႐ြယ္ ထားေသာ္လည္း ရက္အနည္းငယ္ ၾကာၿပီးေနာက္ ႐ွင္းဖုန္းသည္ သူစုေဆာင္းထားေသာ ပစၥည္းကိရိယာမ်ားကို မလႊဲေျပာင္း ေပးသည့္အျပင္ ဓာတ္ခြဲ စမ္းသပ္ခန္းသို႔ လာေရာက္ရန္ ျငင္းဆိုခဲ့သည့္ အတြက္ ဓာတ္ခြဲ စမ္းသပ္ခန္း၏ ဒါ႐ိုက္တာျဖစ္သူ သူတို႔ထံသို႔ ေရာက္လာခဲ့ရသည္။
သူတို႔သည္ ယခုအခ်ိန္တြင္ အင္အားစုမ်ားကို ေျပာင္းလဲရန္ လိုသည္။ အေရးေပၚ ျဖစ္ေနေသာ အခ်ိန္မ်ိဳးတြင္ အရင္းအျမစ္ ပစၥည္းမ်ားသည္ အလြန္ တန္ဖိုးႀကီးလွသည့္အျပင္ ႐ွင္းဖုန္း စုေဆာင္းထားေသာ ပစၥည္းကိရိယာမ်ားသည္လည္း အရည္အေသြး ျမင့္မားလွသျဖင့္ ထိုပစၥည္းမ်ားကို မျဖစ္မေန လိုအပ္ေနသည္။ အကယ္၍ ႐ွင္းဖုန္းသာ လႊဲေျပာင္းေပးရန္ ျငင္းဆိုခဲ့လွ်င္ သုေတသန လုပ္ငန္းမ်ားကို ရပ္ထားရမည္ ျဖစ္သည္။
ဖုတ္ေကာင္မ်ားႏွင့္ ယွဥ္ၿပိဳင္ တိုက္ခိုက္ႏိုင္ရန္ အတြက္ သုေတသန လုပ္ငန္းမ်ားသည္ အလြန္ လိုအပ္ေပသည္။ ဇြမ္ဘီ ဗိုင္းရပ္စ္မ်ား တစ္ဟုန္ထိုး ပြားမ်ား ပ်ံ႕ႏွံ႔လာရျခင္း၏ အေျခခံ အေၾကာင္းတရားကို သိ႐ွိလာရန္ႏွင့္ ကာကြယ္ေဆးကို ေဖာ္စပ္ ထုတ္လုပ္ရန္ လိုအပ္သည္။ ထို႔ေၾကာင့္ ေမာ့ မိသားစုမ်ားမွ လြဲ၍ အျခားေသာ အင္အားစု ေခါင္းေဆာင္မ်ား ႐ွင္းဖုန္း ထံသို႔ သြားရန္ ဆုံးျဖတ္လိုက္သည္။
လုဟိုင္႐ႊမ္းကို ကယ္ဆယ္ ေခၚေဆာင္လာၿပီး ေနာက္တစ္ေန႔တြင္ ယြင္ေယာင္ သတိျပန္လည္ လာသည္။ ယြင္ခ်ဲ႕လည္း စိတ္သက္သာရာ ရကာ ႐ွင္းဖုန္း ထံတြင္ အိမ္ရာတစ္ခုေတာင္းဆိုေလသျဖင့္ ႐ွင္းဖုန္းက သူ၏ေဘးတစ္ဖက္႐ွိ အိမ္တြင္ ေနထိုင္ေစသည္။
႐ွင္းဖုန္းမွာ တစ္ခါဆုံးျဖတ္ၿပီးလွ်င္ ေနာက္တစ္ႀကိမ္ မစဥ္းစားေတာ့ေသာေၾကာင့္ သူ၏အိမ္နီးခ်င္းအျဖစ္ ေနထိုင္ရန္ ယြင္ခ်ဲ႕ လက္ခံခဲ့သည္။ ထို႔ေနာက္ သူ႕အတြက္ အလုပ္သမား မ်ားစြာကို ႐ွာေဖြေပးခဲ့ၿပီး အခ်ိဳ႕မွာ ျခံဝင္းထဲတြင္ သစ္ပင္ပန္းမန္မ်ား စိုက္ပ်ိဳးေပးကာ အခ်ိဳ႕မွာ လိုအပ္ေသာ ပစၥည္းမ်ားကို တပ္ဆင္ေပးေလသည္။
"ဉီးေလး ႐ွင္း .. က်ဳပ္ကို တစ္ခုေလာက္ ကူညီေပးဉီး"
ရက္အေတာ္ၾကာ ျပန္လည္ ျပင္ဆင္မြမ္းမံ လိုက္ၿပီးေနာက္ ျခံဝင္းမွာ အရင္ႏွင့္မတူဘဲ ေျပာင္းလဲ သြားေလသည္။ ျခံဝင္း၏ မ်က္ႏွာခ်င္းဆိုင္တြင္ ႐ွိေသာ ဥယ်ာဥ္ႏွင့္ ဆည္ကို ဖယ္႐ွားလိုက္ၿပီး သစ္ပင္ပန္းမန္ စိုက္ပ်ိဳးေသာ မွန္မိုးကာ ဖန္လုံအိမ္ ႏွစ္ခုကို ျခံအတြင္း တစ္ဖက္ တစ္ခ်က္တြင္ တည္ေဆာက္ထားၿပီး အိမ္ႏွစ္လုံး ၾကားတြင္ လူတစ္ေယာက္ ျဖတ္သြားႏိုင္႐ုံမွ်သာ က်ယ္ေသာ ေက်ာက္ခင္း လမ္းသြယ္ေလး တစ္ခုသာ ႐ွိေလသည္။
ထို႔အျပင္ အထပ္ တစ္ခုစီ၏ ေနာက္ေဖး ကြက္လပ္ႏွင့္ ေလသာေဆာင္မ်ားကိုလည္း ဖန္လုံအိမ္အျဖစ္သို႔ ေျပာင္းလဲလိုက္သည္။ ယြင္ခ်ဲ႕ သည္ အနက္ေရာင္ ေျမဩဇာ ေျမဆီေျမႏွစ္မ်ားကို သယ္ေဆာင္လာၿပီး ေျမျပင္ေပၚသို႔ ျဖန္႔ခ်လိုက္ပုံမွာ အိမ္ထဲတြင္ စိုက္ပ်ိဳးရန္ ျပင္ဆင္ေနပုံပင္။
အျပင္ဘက္ နံရံမ်ားကိုလည္း ျပင္ဆင္မြမ္းမံ ထားသည္။ မခိုင္ခံ့ေသာ နံရံမ်ားကို ပို၍ထူေသာ ျမင့္ေသာ အရာမ်ားႏွင့္ အစားထိုးေပးရန္ က်န္႔ယာေဖးကို ယြင္ခ်ဲ႕ ေတာင္းဆိုလိုက္သည္။ ႀကီးမားေသာ သိုးေမြးပုံစံ ဝါယာႀကိဳးေခြမ်ားကို စံအိမ္၏ ေလးထပ္ေဆာင္ မွတစ္ဆင့္ တန္းလန္း ခ်ိတ္ဆြဲထားၿပီး အေဆာက္အဦ တစ္ခုလုံးကို ကာရံထားသည္။ သို႔ေသာ္ အတြင္းပိုင္းတြင္မူ လွ်ပ္စစ္ပစၥည္း အသုံးအဆာင္ အသစ္မ်ား တပ္ဆင္ျခင္းႏွင့္ အေပၚဆုံး အထပ္တြင္ ေရေလွာင္ကန္ တစ္ခု ထား႐ွိျခင္းမွလြဲ၍ အရင္အတိုင္းသာ ျဖစ္သည္။
"မင္းဘာလိုခ်င္လို႔လဲ"
႐ွင္းဖုန္းလည္း tablet ကိုေဘးခ်ကာ ေျခခ်ိတ္လ်က္ ထိုင္လိုက္သည္။ ယြင္ခ်ဲ႕ အနားကပ္လာကာ ႐ွင္းဖုန္းကို ႏွိပ္နယ္ ေပးလိုက္သည္။
"ဒီလိုမေျပာပါနဲ႔ အိမ္နီးနားခ်င္းေတြပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ ကူညီေပးသင့္တာေပါ့"
ယြင္ခ်ဲ႕ တစ္ခါမွ မ်က္ႏွာခ်ိဳ မေသြးတတ္သျဖင့္ ႐ွင္းဖုန္း သတိႀကီးႀကီး ထားေနေသာ္လည္း ယခုကဲ့သို႔ ထိေတြ႕ နီးစပ္မႈမ်ိဳးကို သူခံႏိုင္ရည္မ႐ွိေပ။
"ဒီေနရာေလးကို .. ခပ္ၾကမ္းၾကမ္းေလးႏွိပ္ ... ဟုတ္ၿပီ"
႐ွင္းဖုန္း၏ မ်က္လုံးေလးမ်ား ေမွးစင္းလာၿပီး ၾကဳံေတာင့္ၾကဳံခဲျဖစ္ေသာ ထိုထိေတြ႕မႈတြင္ ေပ်ာ္ဝင္ေနေလသည္။
"ဉီးေလး ႐ွင္း .. ကြၽန္ေတာ္ ခင္ဗ်ားဆီကေန လူတစ္ေယာက္ေလာက္ ငွားလို႔ရမလား"
ယြင္ခ်ဲ႕ ခဏႏွိပ္နယ္ ေပးၿပီးေနာက္ စားပြဲကိုမွီကာ ေမးလိုက္သျဖင့္ ႐ွင္းဖုန္း သူ၏နဖူးကို အသာပုတ္ကာ ျပန္ေမးလိုက္သည္။
"ဘယ္သူ႕ကိုလဲ"
"ခင္ဗ်ားကို"
ယြင္ခ်ဲ႕ ျပဳံးျပကာ သူ႕ကို လက္ညိႇဳး ထိုးျပေလသည္။
"ငါ ?"
႐ွင္းဖုန္း ေဘးတြင္ ယြင္ခ်ဲ႕ ထိုင္လိုက္ၿပီး ...
"အိမ္ရဲ႕ေအာက္ေျခမွာ သတၱဳခ်ပ္ျပား တစ္ခု ကြၽန္ေတာ္ ေဆာက္ခ်င္တယ္ အဲဒါက အိမ္တစ္ခုလုံးကို အေပၚကေန ေအာက္အထိ ထိန္းထားလိမ့္မယ္ .. ကြၽန္ေတာ္ ေ႐ႊအစြမ္းကို လိုအပ္လို႔ ခင္ဗ်ားကို အကူအညီ ေတာင္းၾကည့္တာ ကြၽန္ေတာ့္ကို ကူညီေပးပါလား"
ယြင္ခ်ဲ႕ အေသအခ်ာ ႐ွင္းျပလိုက္သည္။ အျခားသူမ်ား အျမင္တြင္ စံအိမ္အား စိုက္ပ်ိဳးလယ္ကြက္ အျဖစ္ ေျပာင္းလဲရန္ စဥ္းစားေနၿပီး ႐ုပ္ဆိုးေသာ ဝါယာႀကိဳးေခြမ်ားျဖင့္ ကာရံထားေသာ ယြင္ခ်ဲ႕ကို ႐ူးေနၿပီဟု ေတြးေကာင္း ေတြးလိမ့္မည္။ ထိုအရာသည္ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ ေနျခင္းသာ ျဖစ္သည္ကို ယြင္ခ်ဲ႕ တစ္ဦးတည္းသာ သိထားသည္။
တစ္ေန႔တြင္ သစ္ပင္မ်ား သေႏၶေျပာင္းလာကာ ေျမဆီေျမႏွစ္မ်ားလည္း ညစ္ညမ္း လာလိမ့္မည္။ ငွက္ႏွင့္ႂကြက္တို႔မွာလည္း ဖုတ္ေကာင္ အသြင္ေျပာင္းကာ ေနရာအႏွံ႔တြင္ ႐ွိလာလိမ့္မည္။ ထိုအခ်ိန္တြင္ သူ၏ စိုက္ပ်ိဳးေျမကြက္သည္ အႏၲရာယ္ ကင္းေသာ ခံတပ္တစ္ခု ျဖစ္လာကာ ဖန္လုံအိမ္မ်ားကိုလည္း ဟင္းသီးဟင္း႐ြက္မ်ား စိုက္ပ်ိဳးရန္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ သူတို႔၏ ေနရာတြင္ ဟင္းသီးဟင္း႐ြက္မ်ား အလုံအေလာက္ ႐ွိေနေသာ္လည္း ထိုအသီးအ႐ြက္မ်ားကို ဖန္လုံအိမ္မ်ားမွ ရလာရန္ ရည္႐ြယ္ထားသည္။
"အင္း .. ဒါလည္း ျဖစ္ႏိုင္တာပဲ ႂကြက္ေတြက ဖုတ္ေကာင္အျဖစ္ ေျပာင္းၿပီး ေျမေအာက္ထဲကေန အိမ္ထဲကို ဝင္လာၾကလိမ့္မယ္ .. မင္႐ႊမ္း .. ႐ွန္းေ႐ြ ကို ျပန္ေခၚလိုက္ပါ ၿပီးေတာ့ သူ႕ကို သတၱဳခ်ပ္ျပား တည္ေဆာက္ခြင့္ ျပဳလိုက္"
႐ွင္းဖုန္း သူ၏ေမးေစ့ကို ပြတ္လ်က္ ဆုံးျဖတ္ ေပးလိုက္သည္။
သူ၏ ဆရာသမားမွာ ယြင္ခ်ဲ႕ ကဲ့သို႔ ေျပာရဆိုရ ခက္ခဲေနသျဖင့္ ကူးမင္႐ႊမ္း စိတ္ဖိစီးလာသည္။ ယြင္ခ်ဲ႕ သူ၏ဥယ်ာဥ္ကို ေ႐ႊ႕ေျပာင္း လိုက္စဥ္က ျခံဝင္းထဲတြင္ ႐ွိေသာ အပင္မ်ား အားလုံးကို တူးယူပစ္ရန္ သူတို႔ကို ေတာင္းဆိုခဲ့သည္။ ယခုတစ္ခါတြင္ ေျမေအာက္ႏွင့္ ပတ္သက္၍ ကိုင္တြယ္ ေျဖ႐ွင္းၾကရေပဉီးမည္။ ဆရာ၏ အမ်ိဳးသမီး အသစ္မွာ ေျပာဆိုရခက္လွၿပီး ေနာက္ပိုင္းတြင္ ပို၍ ဆိုးဝါးလာလိမ့္မည္။
ကူးမင္႐ႊမ္း ေမွ်ာ္လင့္ခ်က္ မဲ့ေနသကဲ့သို႔ ခံစားရကာ အနားယူရန္ပင္ ေတြးမိေနသည္။
“မင္းေရာဘယ္လိုလဲ”
သူေမးလိုက္မိသည့္ အတြက္ ေနာင္တရ သြားသည္။ သူ၏ဆရာသမားမွာ ယခုအခ်ိန္တြင္ ယြင္ခ်ဲ႕၏ ကေလးထိန္း သာသာသာ ျဖစ္ေနသည္။
ေျမေအာက္တြင္ သတၱဳျပား ထား႐ွိႏိုင္ရန္အတြက္ ထူးျခားစြမ္းရည္ ပမာဏမ်ားစြာႏွင့္ သံမဏိတန္းမ်ားစြာ လိုအပ္ေပသည္။ ယြင္ခ်ဲ႕ စုေဆာင္းခဲ့ေသာ ပစၥည္းမ်ားမွာ စားေသာက္ဖြယ္ရာ မ်ားသာ မ်ားျပားေနၿပီး သံမဏိတန္းမ်ား မ႐ွိေပ။ ႐ွင္းဖုန္းလည္း ယြင္ခ်ဲ႕ ႏွင့္အတူ စံအိမ္ပတ္လည္ကို သြားကာ လိုအပ္မည့္ သံမဏိတန္း အေရအတြက္ကို ခန္႔မွန္းေနသည္။
သူတို႔ ျပန္ေရာက္လာသည့္ အခ်ိန္တြင္ ခန္းမထဲ၌ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသုံးဦး ေရာက္႐ွိေနၿပီး သူတို႔ထဲမွ ႏွစ္ဦးသည္ တူညီဝတ္စုံကို ဝတ္ဆင္ထားကာ ဗိုလ္ႀကီးမ်ား ျဖစ္ဟန္တူသည္။ က်န္တစ္ဦးသည္ မီးခိုးေရာင္ ဝတ္စုံကို ဝတ္ဆင္ထား၍ သူ၏ဗိုက္မွာလည္း စူထြက္ေနသည္။
"ဆရာ ဖုန္း ... မေတြ႕တာ ၾကာၿပီေနာ္ .. မင္းဘာလို႔ ငါတို႔ဆီမလာတာလဲ .. ငါ့ရဲစစ္သားေတြက မင္းကို အရမ္း သေဘာက်ၾကတာ"
"ဟုတ္တယ္ ဆရာဖုန္း .. ငါတို႔ မင္းရဲ႕ အကူအညီ လိုေနတယ္"
"အစ္ကို ႐ွင္း"
႐ွင္းဖုန္း ဝင္လာသည့္ အခ်ိန္တြင္ ထိုသူသုံးဦးမွာ မ်က္ႏွာခ်ိဳ ေသြးရန္ ႀကိဳးစားေနၾကသည္။ ယြင္ခ်ဲ႕လည္း ႏႈတ္ခမ္းကို တြန္႔ကာ မဲ့ျပဳံးျပဳံးလိုက္ၿပီး ထိုသူတို႔ကို မျမင္ဟန္ျဖင့္ ႐ွင္းဖုန္း၏ tablet ကို ယူကာ ထိုင္ကစား ေနေလသည္။ ယြင္ခ်ဲ႕မွာ စစ္တပ္မွ မည္သူ႕ကိုမဆို အလြန္ မုန္းတီးေနသည္။ က်ိဳးက်စ္ကြၽင္းမွာ အစ္မ၏အခ်စ္ကို အလြဲသုံးစား လုပ္သည္။ လုဟိုင္႐ႊမ္းလည္း စစ္တပ္၏ ဖမ္းဆီးျခင္းကို ခံရသည္။ ထို႔ေၾကာင့္ ယြင္ခ်ဲ႕ မႈန္ကုပ္ကုပ္သာ ၾကည့္ေနသည္။
"ဒီလူက ..."
သုံးဉီးအနက္မွ တစ္ေယာက္မွာ ယဥ္ေက်းစြာ ေမးလိုက္ၿပီး က်န္ႏွစ္ဦးမွာ ယြင္ခ်ဲ႕ကို ေခါင္းအစ ေျခအဆုံး ၾကည့္ေနၾကသည္။ သို႔ေသာ္ ယြင္ခ်ဲ႕မွာ သူတို႔ ႐ွိမေနသကဲ့သို႔ ဆိုဖာေပၚတြင္ ေကြးအိပ္ကာ ေဆးလိပ္ကို မီးညႇိလိုက္သည္။
"မင္းတို႔ ဒီကို မိတ္ဆြဖြဲ႕ဖို႔ လာတာလား"
႐ွင္းဖုန္းသည္ ထိုသူတို႔ကို ယြင္ခ်ဲ႕ႏွင့္ မမိတ္ဆက္ ေပးလိုသျဖင့္ စိတ္မ႐ွည္စြာ ေမးလိုက္သည္။
"ဟို...."
ထိုသုံးေယာက္ စိတ္မၾကည္မလင္ ျဖစ္သြားေသာ္လည္း ဟန္ေဆာင္ ျပဳံးျပၾကေလသည္။
"အစ္ကို ႐ွင္း ... ကြၽန္ေတာ္တို႔ ဝင္လာတုန္းက ခင္ဗ်ားလူေတြ ပန္းပင္ေတြကို တူးေနၾကတာေတြ႕ခဲ့တယ္ ဘာျဖစ္လို႔လဲ"
အစိုးရ ေခါင္းေဆာင္တစ္ဦးမွ ေမးလိုက္သည္။
"ဘာလဲ မင္းက အခု ငါ့ပန္းပင္ေတြကိုပါ ဝင္စြက္ဖက္ ခ်င္ေနတာလား"
႐ွင္းဖုန္း ခံစားခ်က္မဲ့စြာ လက္ဖက္ရည္ ေဖ်ာ္ေနေလသည္။
"ဟား….ဟား…."
ထိုသုံးေယာက္ကို ယြင္ခ်ဲ႕ သေဘာမက်ေသာ္လည္း သူတို႔ အ႐ွက္တကြဲ ျဖစ္ေနပုံကို ျမင္ရသည္မွာ ေပ်ာ္စရာ ေကာင္းလွသျဖင့္ ယြင္ခ်ဲ႕ ရယ္ေမာမိေလသည္။ ယခုအခ်ိန္တြင္ ထိုသုံးဦးမွာ အမွန္တကယ္ ေစာ္ကား ခံလိုက္ရသည္။ ထိုေနရာမွ ခ်က္ခ်င္း ထြက္သြားခ်င္ေသာ္လည္း ဆက္ေနရမည္။
"မင္းတို႔ ဘာမွေျပာစရာ မ႐ွိရင္ သြားၾကေတာ့ .. ငါမအားဘူး"
႐ွင္းဖုန္း မတ္တပ္ ရပ္လိုက္သည့္အခါ ေဝ့ မိသားစု၏ ကိုယ္စားလွယ္ျဖစ္ေသာ ေဝ့ခန္ က ႐ွင္းဖုန္းကို ဆြဲထားလိုက္ၿပီး ....
"ဆရာ ဖုန္း ကြၽန္ေတာ္တို႔ ဒီကို ေရာက္လာတာက ခင္ဗ်ား စုေဆာင္းထားတဲ့ ပစၥည္းကိရိယာေတြ အတြက္ပဲ အဲဒါေတြ ကြၽန္ေတာ္တို႔ကို ေပးလို႔ရမလား"
ေဝ့ခန္ သူတို႔ လာေရာက္ရသည့္ ရည္႐ြယ္ခ်က္ကို ေျပာမွရေတာ့မည္။ မဟုတ္လွ်င္ သူတို႔ကို ႐ွင္းဖုန္း ခ်က္ခ်င္း ေမာင္းထုတ္ေတာ့မည္။
"ဪ နားလည္ၿပီ ... မင္းတို႔မသိဘူးလား ငါတို႔ လင္းက်န္း ၿမိဳ႕ကို မသြားခင္ လမ္းမွာ ဖုတ္ေကာင္ေတြ တိုက္ခိုက္တာကို ခံလိုက္ရလို႔ ငါတို႔အားလုံး ဒဏ္ရာရၿပီး ပစၥည္းေတြလည္း အကုန္ ဆုံး႐ႈံးလိုက္ရတယ္"
႐ွင္းဖုန္း ဝမ္းနည္းဟန္ ေဆာင္ကာ လိမ္ညာ ေျပာလိုက္သည္။ သူဒဏ္ရာရသည့္ အေၾကာင္းကို တမင္ရည္႐ြယ္ကာ ေျပာလိုက္ၿပီး ဝင္ေပါက္ကို ပိတ္ရပ္လိုက္သည္။ ဆိုလိုသည္မွာ စစ္တပ္အား အခုထိ ေဒါသထြက္ ေနေသးေၾကာင္းႏွင့္ ပစၥည္းကိရိယာမ်ားကို ေပးမည္ မဟုတ္ေၾကာင္း ရည္႐ြယ္ေျပာဆို လိုက္ျခင္းပင္ ျဖစ္သည္။
***