ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

430K 59.8K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်ထားပါကြောင်း

Part 51

3K 466 2
By Swae_Nyoe

အခန်း (၅၁)

"ဒါပေမယ့် မင်းပြောခဲ့တယ်မလား ဟိုင်ရွှမ်းရဲ့ အစွမ်းက သိပ်မထင်ရှားဘူး သူကိုယ်တိုင်တောင် သတိမထားမိဘူးဆို ... ဒီလူတွေက ဘယ်လို သိသွားတာလဲ"

ယွင်ချဲ့ စကားမဆုံး​ သေးချိန်တွင် ယန်းဟွိုင်အန်း မေးလိုက်သည်။ ယွင်ချဲ့လည်း သက်ပြင်း တစ်ချက်ချကာ ..

"ဖြစ်နိုင်တာက သူ့ရဲ့အရင် စွမ်းအားက အရည်အသွေး ပြောင်းလဲလာတာမျိုး ဒါမှမဟုတ် ထူးခြားစွမ်းရည် အသစ်တစ်ခ ုရလာတာမျိုး ဖြစ်နိုင်တယ်"

"ယွင်ချဲ့ ပြောတာလည်း မှန်တယ် .. ဒါပေမယ့် စစ်တပ်ထဲက တစ်စုံတစ်ယောက်က ပြဿနာ ရှာလိုက်တာလည်း ဖြစ်နိုင်တယ် ... အဲဒါက လက်ရည် စမ်းသပ်ချင်တာလည်း ဖြစ်နိုင်သလို တစ်နည်းအားဖြင့် တစ်ဖက် တစ်လမ်းကနေ သတိပေးချင်တာမျိုးလည်း ဖြစ်နိုင်တယ် .. ငါတို့ ဒီအကြိမ်မှာ ဘာမှမလုပ်ဘူး ဆိုရင် နောက်တစ်ခါဆို သူတို့ သေနတ်ပြောင်းတွေက ငါတို့ အသင်းသားတွေဘက် လှည့်လာမှာပဲ"

ယွင်ချဲ့ ပြန်သွားရန်အတွက် တလှုပ်လှုပ် ဖြစ်​နေပြီး အမြန် အဆုံးသတ်​စေလို​ နေသည်ကို ရှင်းဖုန်း သတိထားမိ လိုက်သည်။ စခန်းတွင် လွှမ်းမိုးထားသော တပ်မိသားစု သုံးစုသည် မြို့တော်တွင် အင်အား တောင့်တင်းသော မိသားစုများ၏ အစွယ်အပွားများ ဖြစ်သည်။ သူ၏ ​ကျောက်ယန်း အဖွဲ့မှာ ​မော့ မိသားစုနှင့် ပေါင်းစည်း ထားသည်ဟု ထင်ရသော်လည်း အခြား အင်အားစုများနှင့် အဆင့်အတန်း အတူတူတွင်သာ ရှိသည်။

မြို့တော်အတွင်းတွင် ရှိသော ရှင်း မိသားစု​ နောက်ခံကို စဉ်းစားကြည့်လိုက်လျှင် ရှင်းဖုန်း သည် အနောက်တောင်ပိုင်း စခန်း၏ မမြင်နိုင်သော ပဉ္စမမြောက် အင်အားစု တစ်ခုနီးပါး ဖြစ်သည်။ ထို့အပြင် သူ၏အဖွဲ့သည် လူဦးရေ ထောင်နှင့်ချီရှိသော ​ကျောက်ယန်း ပြည်နယ် တစ်ခုလုံးအား ထိန်းချုပ် ထားသဖြင့် မနာလို အားကျဖွယ် ဖြစ်နေသည်မှာ သံသယ ဖြစ်နိုင်စရာ မရှိပေ။

"ငါတို့အားလုံး အနည်းဆုံး ဖြစ်နိုင်ချေလေး တစ်ခုကိုတောင် လွတ်သွားလို့ မဖြစ်ဘူး .. ဟွိုင်အန်းနဲ့ ​ကျောက်​ကောင်းက စစ်တပ်ကို စုံစမ်း စစ်ဆေးနေတယ် လူကြီးမင်း ​မော့နဲ့လည်း အဆက်သွယ် မပြတ်ပါစေနဲ့ .. ငါ ဟွိုင်ရွှမ်းကို ရှာဖို့လသုတေသနအသင်းဆီ သွားလိုက်ဉီးမယ်"

ကူးမင်ရွှမ်း ခေါင်းညိတ် ပြလိုက်ပြီး ရှင်းဖုန်း အတွက် ဆုံးဖြတ်ချက် တစ်ခု ပြုလုပ်​စေကာ လုပ်ငန်း တာဝန်များလည်း ခွဲဝေပေးလိုက်သည်။

"မဟုတ်ဘူး ဟွိုင်ရွှမ်း က ငါ့သူငယ်ချင်း ငါသူ့ကို သွားကယ်မယ် မင်းတို့အားလုံး ဟွိုင်ရွှမ်းကို ခေါ်သွားတဲ့ သူတွေကို လိုက်ရှာသင့်တယ် .. ငါခဏ လမ်းသွား လျှောက်လိုက်ဉီးမယ်"

ယွင်ချဲ့ မတ်တပ် ရပ်လိုက်ပြီး အခြားသူများ စိတ်ရှုပ်​ထွေးလျက် အပြင်ဘက်ရှိ ည​ကောင်းကင်ပြင်ကြီးကို ​မော့ကြည့် ကြ​လေသည်။ ညသန်းခေါင်ကြီး လမ်းသွား လျှောက်မယ်တဲ့လား။ သုတေသန အသင်းထံသို့ တစ်ယောက်တည်း အလျင်စလို သွားမှာများလား။ သူအလွန် မိုက်ရူးရဲ ဆန်သည်လား သို့မဟုတ် တစ်ဖက်လူကို ​လျော့တွက်​ နေသည်လား။

"ငါတို့ အတူသွားကြရ​အောင်"

စကား​ပြော​နေကြသည့် တစ်​လျှောက် တိတ်ဆိတ် နေခဲ့​သော လန်ယဲ့ဟန် တုံ့ဆိုင်းခြင်း မရှိဘဲ ယွင်ချဲ့ အနောက်မှ လိုက်ပါလာသည်။ ကျိုးဇယ်ယွီ သည်လည်း ထိုနည်းတူစွာပင်။ ယွင်ချဲ့ ​လမ်းလျှောက် ထွက်ခဲသည်ကို သူတို့အားလုံး သိကြသည်။ သူတို့မှာ တစ်ဖွဲ့တည်းသားချင်း ဖြစ်သည့်အတွက် အတူတူ ရင်ဆိုင် တိုက်ခိုက်ကြရမည်။

"ဘာလဲ .. ငါတို့လူ အများကြီး စု​နေရင် မ​ကောင်းဘူး ငါမကြာခင် ပြန်လာမှာပါ .. သွားအိပ်​နေကြ​တော့ မင်းတို့နိုးလာရင် ဟိုင်ရွှမ်းလည်း​ ရောက်​နေ​လောက်မှာ"

ယွင်ချဲ့သည် စိတ်ရှုပ်စရာ ကောင်းသော ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို ဝှေ့ယမ်း လိုက်သည်။

"ယွင်ချဲ့"

လန်ယဲ့ဟန် ဆက်မ​ရွေ့လျားတော့ဘဲ ယွင်ချဲ့အား စိုက်ကြည့် နေခဲ့သည်။ ကျိုးဇယ်ယွီ လည်း တစ်ခုခုပြောရန် ပြင်လိုက်​သော်လည်း ယွင်ချဲ့ ဟန့်တားလိုက်ပြီး ...

"ငါ့ကို ယုံပါ"

သူတို့နှစ်​ယောက် တွန့်ဆုတ်လျက် ရှိ​နေသည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ အရှေ့မှ ဝင်ကာ သူတို့ကို ​ဖျောင်းဖျ​လေသည်။

"ငါသူနဲ့ လိုက်သွားမယ် မင်းတို့နှစ်ယောက် သွားအိပ်တော့"

ထို့နောက် ယွင်ချဲ့ကို ရှင်းဖုန်း ဆွဲခေါ်သွားသဖြင့် လန်ယဲ့ဟန်နှင့် ကျိုးဇယ်ယွီတို့မှာ အမှောင်ထုကို ငေးမောလျက် ကျန်နေခဲ့ကြသည်။

"ဘာ"

ခေါင်းဆောင် နှစ်ယောက်သည် ခေါင်းကြီး သွားကြပြီး ချက်ချင်း ထထွက်သွားကြသဖြင့် ယန်းဟွိုင်အန်းလည်း ​ခေါင်းရှုပ် သွားရ​သည်။

"အဲဒါမှ ငါတို့ ခေါင်းဆောင်ပဲ သူက အမြဲ ခေါင်းမာတယ် ဒါ​ပေမယ့် ယွင်ချဲ့ ... သူက စိတ်ဝင်စားစရာ ကောင်းသား သူတို့နှစ်ယောက်ကို ကြည့်ရတာ ချစ်မိနေကြသလိုပဲ"

ကူးမင်ရွှမ်း သူ၏မေးစေ့ကို ပွတ်ကာ ​တွေးဆလျက် ပြောလိုက်သည်။ ရှင်းဖုန်းသည် အခြားသူများ အပေါ် ယခုကဲ့သို့ ဂရုစိုက်ခြင်း မရှိသည့်အပြင် ​တောင်းပန် ပြောဆိုခြင်းလည်း မရှိပေ။ ယွင်ချဲ့ အား သူ ချစ်နေခြင်းသာ ဖြစ်လိမ့်မည်။

"ငါတို့ လိုက်သွားသင့်လား"

သူတို့၏စကားကို ကျိုးဇယ်ယွီ ကြားလိုက်သော်လည်း တုံ့ပြန်ခြင်း မရှိဘဲ လန်ယဲ့ဟန် ဘက်သို့ လှည့်လိုက်သည်။

"မလိုက်နဲ့"

လန်ယဲ့ဟန်လည်း လမ်း​လျှောက် ထွက်သွားပြီး ကူးမင်ရွှမ်း ​​ဘေးမှ​ ကျော်တက် သွားပြီးလျှင် ​ခြေလှမ်းများကို ရပ်လိုက်ပြီး သူ၏ပါးလွှာ ဖျော့တော့သော နှုတ်ခမ်းတစ်စုံ လှုပ်ရှားလာသည်။

"ကိုယ့်အလုပ် ကိုယ်လုပ် နောက်တစ်ခါ ဘယ်တော့မှ ယွင်ချဲ့ အကြောင်း လျှောက်မပြောနဲ့"

"ဟမ်"

သူတို့ အဆူခံ လိုက်ရသည်လား။

ကူးမင်ရွှမ်းနှင့် သူ၏ အပေါင်းအသင်း များသည်လည်း အလွန် အံ့အားသင့် သွားကြ​လေသည်။ သူတို့ကို သူတို့၏ အထက်လူကြီးဖြစ်သူ ရှင်းဖုန်းက လွဲ၍ မည်သူမှ မဝေဖန်ရဲပေ။

"လန်ယဲ့ဟန် တဲ့လား သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ"

ကျိုးဇယ်ယွီနှင့် လန်ယဲ့ဟန်တို့ နှစ်ဦးစလုံး အပေါ်ထပ်သို့ တက်သွားသည့် အချိန်တွင် ကူးမင်ရွှမ်း ​တွေးကာ ပြောလိုက်သည်။ လန်ယဲ့ဟန်ကို သူမြင်ဖူးနေသကဲ့သို့ ခံစားရ​​သော်လည်း တိတိကျကျ စဉ်းစား၍ မရပေ။ သူသည် မှတ်ဉာဏ်ကောင်းသူ တစ်​ယောက် ဖြစ်ပါလျက် အကယ်၍ မြင်ဖူးခဲ့သည် ဆိုလျှင် သူ့အား မမှတ်မိနိုင်စရာ မရှိပေ။

"ငါမသိဘူး ... ဒါပေမယ့် သူအရမ်းတော့ မမောက်မာပါဘူး ငါတို့ မာန်တက်ခဲ့ သလောက်ပါပဲ"

ချူး​ဟောင်လင်း ပင်ပန်းနွမ်းနယ်စွာ ​ပြော၍ လှဲအိပ်လိုက်​လေသည်။ သူ၏မျက်ဝန်းများတွင် သဘောကျမှုများဖြင့် ပြည့်နှက်နေသည်။

ချူး​ဟောင်လင်း စကားမှာ မှန်ကန်​သော​ကြောင့် အခြားသူများလည်း နှစ်သက်စွာ ပြုံးလိုက်ကြသည်။ သူတို့အားလုံးသည် တစ်ချိန်က လန်ယဲ့ဟန် ကဲ့သို့ မာနကြီးခဲ့ကြဖူးသည်။

အဆောက်အအုံကြီး တစ်ခုလုံးမှာ လအလင်း​ရောင်​ အောက်တွင် ဖုံးကွယ်ကာဆီးခြင်း ခံထားရသည်။ ရှင်းဖုန်း နေထိုင်သော စံအိမ်၏ဘေးတွင် မည်သူမှ မရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်​နေပြီး တစ်ချိန်တည်းတွင် လေပြေလေညင်းများမှာ ညင်သာစွာ တိုက်ခတ်လျက် တိတ်ဆိတ် ခြောက်ကပ်ခြင်း၏ ရနံ့တို့ကို ယူဆောင် လာလေသည်။ ယွင်ချဲ့ နှင့် ရှင်းဖုန်းတို့သည် စံအိမ်ကို အနောက်တွင် ချန်ထားခဲ့ပြီး အုံ့မှိုင်း​နေ​သော လရောင်​အောက်သို့ ထွက်​ပြေး သွားကြ​လေသည်။ အဆောက်အအုံမှ ​ဝေးရာသို့ ရောက်သောအခါတွင် သူတို့အား သတိထားမိခြင်းမှ ရှောင်ကြဉ်နိုင်ရန် သူတို့ကိုယ်သူတို့ ပုန်းကွယ်ရန် လိုအပ်လာသည်။

မိနစ်အနည်းငယ် ကြာပြီး​နောက် အဆောက်အအုံ တစ်ခု၏ ထောင့်တွင် ရပ်လိုက်ကြ​လေသည်။ သူတို့ရောက်ရှိနေသော နေရာ၏ ဆန့်ကျင်ဘက် ညာဘက်အခြမ်းတွင် အစောင့်များ တင်းကျပ်စွာ စောင့်ကြပ်နေသော ခြံဝင်းတစ်ခု ရှိသည်။ ထိုနေရာသည် သုတေသန အသင်း၏ စခန်းဌာန ဖြစ်သည်။ ရှင်းဖုန်းလည်း လည်ပင်းကို ဆန့်ကာ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး တိတ်တိတ်နေရန် ခြေဟန်လက်ဟန် ပြလိုက်သည်။

"ဟိုင်ရွှမ်း ဒီမှာ ရှိတာသေချာလား"

ထို​နေရာကို အလွယ်တကူ ချိုးဖောက်ဝင်ရောက် နိုင်သော်လည်း အကယ်၍ လုဟိုင်ရွှမ်းသည် ထို​နေရာတွင် မရှိလျှင် သူတို့ကြိုးစားခဲ့သမျှ အချည်းနှီးသာ ဖြစ်ကုန်လိမ့်မည်။

"ငါတို့အထဲကို မဝင်ဘဲနဲ့ သူရှိမရှိဆိုတာ ဘယ်လို​ သေချာသိရမှာလဲ"

ယွင်ချဲ့လည်း မျက်နှာဖုံးနှစ်ခုကို ထုတ်ကာ ရှင်းဖုန်းကို တစ်ခု လှမ်းပေးလိုက်သည်။ ထို့နောက် ကျန်​သော မျက်နှာဖုံး တစ်ခုကို တပ်လျက် ဦးထုပ်ကို ဆောင်းလိုက်သည်။ ခဏ စဉ်းစားလိုက်ပြီး​နောက် ဦးထုပ် တစ်ခုကို ယူထုတ်လိုက်ပြီး ခြေဖျား​ထောက်ကာ ရှင်းဖုန်း ဝတ်ဆင် ပေးလိုက်သည်။

"ရပြီ အခုသွားကြစို့"

"အမ်"

ညအ​မှောင်ကို အခွင့်​ကောင်း ယူကာ တံခါးတွင်ရှိသော အစောင့်များကို လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။ သူတို့နှစ်ဦး အဆောက်အဦး အတွင်းသို့ ဝင်လာသော အခါတွင် ရှင်းဖုန်း၏ အနောက်တွင် အမြဲနေခဲ့သော ယွင်ချဲ့မှာ ယခုတစ်ခါတွင် အရှေ့မှ လျှောက်၍ သူ့အနောက်မှ လိုက်လာရန် ရှင်းဖုန်းအား မျက်စိမှိတ်ပြ လိုက်သည်။ သူသည် ပတ်ဝန်းကျင် တစ်ခုလုံးနှင့် အသားကျ ရင်းနှီးပြီးသူ တစ်​ယောက်ကဲ့သို့ မြေအောက်တွင် ရှိသော ဓာတ်ခွဲစမ်းသပ်ခန်းသို့ ဦးတည်သော ဓာတ်လှေကားအတွင်း​ ရောက်​အောင် တိုက်ရိုက် ပြေးဝင်သွားသည်။

အနောက်တောင် စခန်းဌာနချုပ်သည် အကြီးဆုံး လုံခြုံရေး ဌာနချုပ်အဖြစ် ခေါ်ဆိုထိုက်ပေသည်။ ယခုကဲ့သို့ နေရာတိုင်း၌ စွမ်းအား လျော့နည်းနေသည့် အချိန်မှာပင် ဓာတ်လှေကားသည် ယခုထိပင် အသုံးပြု၍ ရနေသေးသည်။ စစ်တပ်သည် ဌာနချုပ်အား ဆောက်လုပ်ခဲ့သည့် အချိန်တွင် အစိုးရသည် လင်းကျန်း မြစ်ကြောင်း တစ်လျှောက်တွင် ရဲတပ်ရင်းများကို နေရာဖြန့်ကြက် ချထားပြီးလျှင် စွမ်းအင်ဌာန စခန်းတစ်ခုစီကို ဆောက်လုပ်စေခဲ့သည်။ ယခုအချိန်တွင် ရုံးဌာနများနှင့် အချို့သော အထူးဌာနများတွင်သာ ရရှိနိုင်တော့သည်။

ယွင်ချဲ့ကို ရှင်းဖုန်း အလုံးစုံ ရှင်းပြခဲ့သည်။

"ဟမ် .. ငါတို့က အရင်းရှင် စနစ်ဆီ ​နောက်ပြန် သွား​နေကြတာလား .. တကယ်လို့ ​အခြေခံ လူတန်းစား တော်လှန်ရေးသမားတွေ ဒီအကြောင်းကို သိခဲ့ရင် ဒေါသဖြစ်လွန်းလို့ အုတ်ဂူထဲက ပြန်ထွက်လာကြလိမ့်မယ်"

ဘုန်း

သူတို့ ဓာတ်လှေကား အတွင်းသို့ ဝင်ရောက်သည့် အချိန်တွင် ယွင်ချဲ့သည် ဓာတ်လှေကား အတွင်းရှိ​နေသော စောင့်ကြည့်ရေး ကင်မရာကို ချက်ချင်း ဖျက်ဆီး လိုက်သည်။ ဓာတ်လှေကား အတွင်းတွင် ရှိနေသော ခလုတ်များသည် မြေအောက် ဓာတ်ခွဲ စမ်းသပ်ခန်းတွင် အထပ်သုံးထပ် ရှိသည်ကို ဖော်ပြနေသည်။ ဒါကိုကြည့်ခြင်းဖြင့် လူသားများ၏ ဆန်းသစ် တီထွင်မှုများသည် အလွန်သင့်တင့် ကောင်းမွန်လှသည် ဟူ၍ မဆိုနိုင်ပေ။

တင်း

သူတို့​ ရောက်လာခဲ့ကြ​သော်လည်း ဓာတ်လှေကား အတွင်းမှ မထွက်ခင် ထိုနေရာတွင် မည်သူမှ မရှိသည်ကို သေချာစေရန် ခေတ္တ စောင့်ကြည့်လိုက်သည်။ အချိန်မှာ မနက်ခင်း သုံးနာရီဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်ခန်း သည်လည်း မှောင်မည်း​နေသဖြင့် စောင့်ကြည့်ရေး ကင်မရာများကို ရှောင်တိမ်းနိုင်ရန် အတွက် အခြေအနေ ကောင်းပင်။ ယခုအကြိမ်တွင် ကင်မရာများကို ယွင်ချဲ့ မဖျက်ဆီးတော့ဘဲ ရှောင်တိမ်း၍ သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။

တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်သည် ရှိုက်၍ ငိုကြွေးလာပြီး ထိုအသံကို တဖြည်းဖြည်း ပြတ်သားစွာ ကြားလာရသည်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အသံကို နားစွင့်လျက် လာခဲ့ရာ သံတံခါးမကြီး တစ်ခုသို့ ရောက်လာကြ​လေသည်။

"ဉီး​လေး ရှင်း ဒီတစ်ခါ ခင်ဗျားအလှည့်"

ယွင်ချဲ့ အ​နောက်ကို အနည်းငယ် ဆုတ်ကာ ကြွပါဟူ​သော ခြေဟန်လက်ဟန်နှင့် လုပ်ပြ​လေသည်။ ရွှေအစွမ်းကဲ့သို့ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်သည် အခြားသော သတ္တုပစ္စည်း အဟန့်အတားများကို လွယ်ကူစွာပင် ဖျက်ဆီးနိုင်သည်။ ရှင်းဖုန်းသည် သူ၏ ထူးခြားစွမ်းရည်အား စတင် အသုံးပြု လိုက်သည့်အခါ သံတံခါးမကြီးမှာ တဖြည်းဖြည်းချင်း အရည်ပျော် ကျလာပြီး လက်ရန်းတစ်ခုကို ဆွဲယူလိုက်သည့် အခါတွင် ကြီးမားသော ဝင်ပေါက်တစ်ခု ပေါ်ပေါက်လာသည်။

ယွင်ချဲ့လည်း လက်မထောင် ပြလိုက်ပြီး​နောက် သူတို့နှစ်ဦး ဝင်ပေါက် အတွင်းသို့ ဝင်ခဲ့ကြသည်။ တံခါး၏ အတွင်းဘက်တွင် အခန်းသေးသေးလေးများ များစွာရှိနေပြီး အခန်းတစ်ခုစီသည် သံဖြင့်ပြုလုပ်ထားပြီး လက်​ဗွေစနစ်​ သော့များကိုသာ အသုံးပြုထားသည်။

တံခါးတစ်ခုစီတွင် A4 စာရွက်အရွယ် မှန်ချပ်များရှိ​နေပြီး ထိုမှန်များမှတဆင့် အတွင်းဘက်သို့ ကောင်းစွာ မြင်နေရသည်။ အတွင်းဘက်သို့ ဝင်ရောက် လာသည်နှင့် ပို၍ဒေါသ ထွက်လာကြရသည်။ ထိုနေရာတွင် ဒဏ်ရာများနှင့် ပတ်တီး စည်းထားရသော လူများအပြင် ဒေါသပြင်းထန် ဆာလောင်နေကြသော ဖုတ်​ကောင်များ ရှိလေသည်။ ဖုတ်​ကောင်များ၏ မျက်လုံးများမှာ သူတို့သည် အဆင့် ၁ သို့မဟုတ် အဆင့် ၂ ရှိသော ဖုတ်​ကောင်များ ဖြစ်သည်ကို ပြသနေသည်။ သူတို့ကို အဆင့်မြှင့်တင် ပြီးသည့်အခါတွင် ထိုဖုတ်​ကောင်များကို ဓာတ်ခွဲ စမ်းသပ်ခန်းတွင် ဆက်လက်၍ ချုပ်နှောင် ထားနိုင်မည် မဟုတ်​တော့​ပေ။

"သေစမ်း"

ကြောက်စရာ ကောင်းသော ဖုတ်​ကောင်များ၏ မျက်လုံးများကို မြင်လိုက်ရသည်နှင့် ရှင်းဖုန်း ချက်ချင်းပင် ဆဲဆိုလိုက်သည်။ ယွင်ချဲ့ စကားများ အားလုံး မှန်ကန်​နေခဲ့သည်။ အမည်ခံ သိပ္ပံပညာရှင်များမှာ အသိဉာဏ် ကင်းမဲ့လွန်းလှသည်။

ယွင်ချဲ့ ဘာမှမ​ပြော​တော့​ပေ။ သူ၏ အတိတ်ဘဝတွင် ထိုအရာများနှင့် ကျင့်သားရနေပြီးသား ဖြစ်သည်။

"ဟိုင်ရွှမ်း"

သူတို့သည် နောက်ဆုံး အခန်းသို့ ​ရောက်​တော့မှသာ လုဟိုင်ရွှမ်းကို ရှာ​တွေ့သွား​လေသည်။ လုဟိုင်ရွှမ်းမှာ အခန်းထဲရှိ အိပ်ရာ တစ်ခုပေါ်တွင် ချည်နှောင်ခြင်း ခံထားရပြီး ကိုယ်ကို လူးလှိမ့်ကာ လွတ်မြောက်စေရန် ရုန်းကန်နေသည်။

လုဟိုင်ရွှမ်းလည်း သူတို့ကို မြင်လိုက်သဖြင့် ပို၍ ပြင်းထန်စွာ ရုန်း​သော်လည်း သူ၏ ပါးစပ်တွင် တိတ်များဖြင့် ပိတ်ထားသဖြင့် အသံကျယ်စွာ အော်၍မရပေ။ ရှင်းဖုန်းမှာ သတ္တုတံခါးကို တစ်ဝက်လောက်ထိ ဆွဲဖောက်လိုက်ရာ ယွင်ချဲ့သည် ပြေးဝင်သွားပြီး တိတ်များကိုဖြဲ၍ ကြိုးများကို ဖြတ်ပေးလိုက်သည်။

"အစ်ကို ချဲ့ ... ဒီတစ်ခါ ငါတကယ် အသတ်ခံရပြီ ထင်တာ ဒီခွေး​ကောင်​တွေက ငါ့ခေါင်းကို ဖွင့်ပြီး ငါ့ဦးနှောက်ကို ဆေးထဲမှာ ထည့်ဖော်ကြမှာ ... ဒါ​ပေမယ့် ကြည့်ရတာ သူတို့ကြားထဲမှာကို ပြဿနာ ဖြစ်နေကြတဲ့ပုံပဲ မဟုတ်ရင် ငါသေတာကြာပြီ"

လုဟိုင်ရွှမ်းသည် ငရဲမှ ပြန်လည် ကယ်တင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားရကာ ယွင်ချဲ့ကို ဝမ်းသာအားရ ဖက်လိုက်သည်။

"အရင်ဆုံး ငါတို့ သွားကြစို့"

ရှင်းဖုန်း သည်လည်း ယွင်ချဲ့ လက်ကို ဆုပ်ကိုင်ထား​သော လုဟိုင်ရွှမ်း၏ လက်ကို စိုက်ကြည့်ကာ မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ယွင်ချဲ့ကို အပြင်သို့ ဆွဲခေါ်လာသည်။

"ဟေ့ ! နေကြပါဉီး ! ငါ့ကို တစ်ယောက်တည်း မထားခဲ့နဲ့​​လေ !"

လုဟိုင်ရွှမ်းလည်း ​အော်ဟစ်ငို​ကြွေးကာ အနောက်မှ လိုက်လာလေတော့သည်။

*** 

အခန္း (၅၁)

"ဒါေပမယ့္ မင္းေျပာခဲ့တယ္မလား ဟိုင္႐ႊမ္းရဲ႕ အစြမ္းက သိပ္မထင္ရွားဘူး သူကိုယ္တိုင္ေတာင္ သတိမထားမိဘူးဆို ... ဒီလူေတြက ဘယ္လို သိသြားတာလဲ"

ယြင္ခ်ဲ႕ စကားမဆုံး ေသးခ်ိန္တြင္ ယန္းဟြိဳင္အန္း ေမးလိုက္သည္။ ယြင္ခ်ဲ႕လည္း သက္ျပင္း တစ္ခ်က္ခ်ကာ ..

"ျဖစ္ႏိုင္တာက သူ႔ရဲ႕အရင္ စြမ္းအားက အရည္အေသြး ေျပာင္းလဲလာတာမ်ိဳး ဒါမွမဟုတ္ ထူးျခားစြမ္းရည္ အသစ္တစ္ခ ုရလာတာမ်ိဳး ျဖစ္ႏိုင္တယ္"

"ယြင္ခ်ဲ႕ ေျပာတာလည္း မွန္တယ္ .. ဒါေပမယ့္ စစ္တပ္ထဲက တစ္စုံတစ္ေယာက္က ျပႆနာ ရွာလိုက္တာလည္း ျဖစ္ႏိုင္တယ္ ... အဲဒါက လက္ရည္ စမ္းသပ္ခ်င္တာလည္း ျဖစ္ႏိုင္သလို တစ္နည္းအားျဖင့္ တစ္ဖက္ တစ္လမ္းကေန သတိေပးခ်င္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ .. ငါတို႔ ဒီအႀကိမ္မွာ ဘာမွမလုပ္ဘူး ဆိုရင္ ေနာက္တစ္ခါဆို သူတို႔ ေသနတ္ေျပာင္းေတြက ငါတို႔ အသင္းသားေတြဘက္ လွည့္လာမွာပဲ"

ယြင္ခ်ဲ႕ ျပန္သြားရန္အတြက္ တလႈပ္လႈပ္ ျဖစ္ေနၿပီး အျမန္ အဆုံးသတ္ေစလို ေနသည္ကို ရွင္းဖုန္း သတိထားမိ လိုက္သည္။ စခန္းတြင္ လႊမ္းမိုးထားေသာ တပ္မိသားစု သုံးစုသည္ ၿမိဳ႕ေတာ္တြင္ အင္အား ေတာင့္တင္းေသာ မိသားစုမ်ား၏ အစြယ္အပြားမ်ား ျဖစ္သည္။ သူ၏ ေက်ာက္ယန္း အဖြဲ႕မွာ ေမာ့ မိသားစုႏွင့္ ေပါင္းစည္း ထားသည္ဟု ထင္ရေသာ္လည္း အျခား အင္အားစုမ်ားႏွင့္ အဆင့္အတန္း အတူတူတြင္သာ ရွိသည္။

ၿမိဳ႕ေတာ္အတြင္းတြင္ ရွိေသာ ရွင္း မိသားစု ေနာက္ခံကို စဥ္းစားၾကည့္လိုက္လွ်င္ ရွင္းဖုန္း သည္ အေနာက္ေတာင္ပိုင္း စခန္း၏ မျမင္ႏိုင္ေသာ ပၪၥမေျမာက္ အင္အားစု တစ္ခုနီးပါး ျဖစ္သည္။ ထို႔အျပင္ သူ၏အဖြဲ႕သည္ လူဦးေရ ေထာင္ႏွင့္ခ်ီရွိေသာ ေက်ာက္ယန္း ျပည္နယ္ တစ္ခုလုံးအား ထိန္းခ်ဳပ္ ထားသျဖင့္ မနာလို အားက်ဖြယ္ ျဖစ္ေနသည္မွာ သံသယ ျဖစ္ႏိုင္စရာ မရွိေပ။

"ငါတို႔အားလုံး အနည္းဆုံး ျဖစ္ႏိုင္ေခ်ေလး တစ္ခုကိုေတာင္ လြတ္သြားလို႔ မျဖစ္ဘူး .. ဟြိဳင္အန္းနဲ႔ ေက်ာက္ေကာင္းက စစ္တပ္ကို စုံစမ္း စစ္ေဆးေနတယ္ လူႀကီးမင္း ေမာ့နဲ႔လည္း အဆက္သြယ္ မျပတ္ပါေစနဲ႔ .. ငါ ဟြိဳင္႐ႊမ္းကို ရွာဖို႔လသုေတသနအသင္းဆီ သြားလိုက္ဉီးမယ္"

ကူးမင္႐ႊမ္း ေခါင္းညိတ္ ျပလိုက္ၿပီး ရွင္းဖုန္း အတြက္ ဆုံးျဖတ္ခ်က္ တစ္ခု ျပဳလုပ္ေစကာ လုပ္ငန္း တာဝန္မ်ားလည္း ခြဲေဝေပးလိုက္သည္။

"မဟုတ္ဘူး ဟြိဳင္႐ႊမ္း က ငါ့သူငယ္ခ်င္း ငါသူ႔ကို သြားကယ္မယ္ မင္းတို႔အားလုံး ဟြိဳင္႐ႊမ္းကို ေခၚသြားတဲ့ သူေတြကို လိုက္ရွာသင့္တယ္ .. ငါခဏ လမ္းသြား ေလွ်ာက္လိုက္ဉီးမယ္"

ယြင္ခ်ဲ႕ မတ္တပ္ ရပ္လိုက္ၿပီး အျခားသူမ်ား စိတ္ရႈပ္ေထြးလ်က္ အျပင္ဘက္ရွိ ညေကာင္းကင္ျပင္ႀကီးကို ေမာ့ၾကည့္ ၾကေလသည္။ ညသန္းေခါင္ႀကီး လမ္းသြား ေလွ်ာက္မယ္တဲ့လား။ သုေတသန အသင္းထံသို႔ တစ္ေယာက္တည္း အလ်င္စလို သြားမွာမ်ားလား။ သူအလြန္ မိုက္႐ူးရဲ ဆန္သည္လား သို႔မဟုတ္ တစ္ဖက္လူကို ေလ်ာ့တြက္ ေနသည္လား။

"ငါတို႔ အတူသြားၾကရေအာင္"

စကားေျပာေနၾကသည့္ တစ္ေလွ်ာက္ တိတ္ဆိတ္ ေနခဲ့ေသာ လန္ယဲ့ဟန္ တုံ႔ဆိုင္းျခင္း မရွိဘဲ ယြင္ခ်ဲ႕ အေနာက္မွ လိုက္ပါလာသည္။ က်ိဳးဇယ္ယြီ သည္လည္း ထိုနည္းတူစြာပင္။ ယြင္ခ်ဲ႕ လမ္းေလွ်ာက္ ထြက္ခဲသည္ကို သူတို႔အားလုံး သိၾကသည္။ သူတို႔မွာ တစ္ဖြဲ႕တည္းသားခ်င္း ျဖစ္သည့္အတြက္ အတူတူ ရင္ဆိုင္ တိုက္ခိုက္ၾကရမည္။

"ဘာလဲ .. ငါတို႔လူ အမ်ားႀကီး စုေနရင္ မေကာင္းဘူး ငါမၾကာခင္ ျပန္လာမွာပါ .. သြားအိပ္ေနၾကေတာ့ မင္းတို႔ႏိုးလာရင္ ဟိုင္႐ႊမ္းလည္း ေရာက္ေနေလာက္မွာ"

ယြင္ခ်ဲ႕သည္ စိတ္ရႈပ္စရာ ေကာင္းေသာ ယင္ေကာင္မ်ားကို ေမာင္းထုတ္သကဲ့သို႔ လက္ကို ေဝွ႔ယမ္း လိုက္သည္။

"ယြင္ခ်ဲ႕"

လန္ယဲ့ဟန္ ဆက္မေ႐ြ႕လ်ားေတာ့ဘဲ ယြင္ခ်ဲ႕အား စိုက္ၾကည့္ ေနခဲ့သည္။ က်ိဳးဇယ္ယြီ လည္း တစ္ခုခုေျပာရန္ ျပင္လိုက္ေသာ္လည္း ယြင္ခ်ဲ႕ ဟန႔္တားလိုက္ၿပီး ...

"ငါ့ကို ယုံပါ"

သူတို႔ႏွစ္ေယာက္ တြန္႔ဆုတ္လ်က္ ရွိေနသည္။ ရွင္းဖုန္းလည္း ယြင္ခ်ဲ႕ အေရွ႕မွ ဝင္ကာ သူတို႔ကို ေဖ်ာင္းဖ်ေလသည္။

"ငါသူနဲ႔ လိုက္သြားမယ္ မင္းတို႔ႏွစ္ေယာက္ သြားအိပ္ေတာ့"

ထို႔ေနာက္ ယြင္ခ်ဲ႕ကို ရွင္းဖုန္း ဆြဲေခၚသြားသျဖင့္ လန္ယဲ့ဟန္ႏွင့္ က်ိဳးဇယ္ယြီတို႔မွာ အေမွာင္ထုကို ေငးေမာလ်က္ က်န္ေနခဲ့ၾကသည္။

"ဘာ"

ေခါင္းေဆာင္ ႏွစ္ေယာက္သည္ ေခါင္းႀကီး သြားၾကၿပီး ခ်က္ခ်င္း ထထြက္သြားၾကသျဖင့္ ယန္းဟြိဳင္အန္းလည္း ေခါင္းရႈပ္ သြားရသည္။

"အဲဒါမွ ငါတို႔ ေခါင္းေဆာင္ပဲ သူက အၿမဲ ေခါင္းမာတယ္ ဒါေပမယ့္ ယြင္ခ်ဲ႕ ... သူက စိတ္ဝင္စားစရာ ေကာင္းသား သူတို႔ႏွစ္ေယာက္ကို ၾကည့္ရတာ ခ်စ္မိေနၾကသလိုပဲ"

ကူးမင္႐ႊမ္း သူ၏ေမးေစ့ကို ပြတ္ကာ ေတြးဆလ်က္ ေျပာလိုက္သည္။ ရွင္းဖုန္းသည္ အျခားသူမ်ား အေပၚ ယခုကဲ့သို႔ ဂ႐ုစိုက္ျခင္း မရွိသည့္အျပင္ ေတာင္းပန္ ေျပာဆိုျခင္းလည္း မရွိေပ။ ယြင္ခ်ဲ႕ အား သူ ခ်စ္ေနျခင္းသာ ျဖစ္လိမ့္မည္။

"ငါတို႔ လိုက္သြားသင့္လား"

သူတို႔၏စကားကို က်ိဳးဇယ္ယြီ ၾကားလိုက္ေသာ္လည္း တုံ႔ျပန္ျခင္း မရွိဘဲ လန္ယဲ့ဟန္ ဘက္သို႔ လွည့္လိုက္သည္။

"မလိုက္နဲ႔"

လန္ယဲ့ဟန္လည္း လမ္းေလွ်ာက္ ထြက္သြားၿပီး ကူးမင္႐ႊမ္း ေဘးမွ ေက်ာ္တက္ သြားၿပီးလွ်င္ ေျခလွမ္းမ်ားကို ရပ္လိုက္ၿပီး သူ၏ပါးလႊာ ေဖ်ာ့ေတာ့ေသာ ႏႈတ္ခမ္းတစ္စုံ လႈပ္ရွားလာသည္။

"ကိုယ့္အလုပ္ ကိုယ္လုပ္ ေနာက္တစ္ခါ ဘယ္ေတာ့မွ ယြင္ခ်ဲ႕ အေၾကာင္း ေလွ်ာက္မေျပာနဲ႔"

"ဟမ္"

သူတို႔ အဆူခံ လိုက္ရသည္လား။

ကူးမင္႐ႊမ္းႏွင့္ သူ၏ အေပါင္းအသင္း မ်ားသည္လည္း အလြန္ အံ့အားသင့္ သြားၾကေလသည္။ သူတို႔ကို သူတို႔၏ အထက္လူႀကီးျဖစ္သူ ရွင္းဖုန္းက လြဲ၍ မည္သူမွ မေဝဖန္ရဲေပ။

"လန္ယဲ့ဟန္ တဲ့လား သူ႔ကိုၾကည့္ရတာ ရင္းႏွီးေနသလိုပဲ"

က်ိဳးဇယ္ယြီႏွင့္ လန္ယဲ့ဟန္တို႔ ႏွစ္ဦးစလုံး အေပၚထပ္သို႔ တက္သြားသည့္ အခ်ိန္တြင္ ကူးမင္႐ႊမ္း ေတြးကာ ေျပာလိုက္သည္။ လန္ယဲ့ဟန္ကို သူျမင္ဖူးေနသကဲ့သို႔ ခံစားရေသာ္လည္း တိတိက်က် စဥ္းစား၍ မရေပ။ သူသည္ မွတ္ဉာဏ္ေကာင္းသူ တစ္ေယာက္ ျဖစ္ပါလ်က္ အကယ္၍ ျမင္ဖူးခဲ့သည္ ဆိုလွ်င္ သူ႔အား မမွတ္မိႏိုင္စရာ မရွိေပ။

"ငါမသိဘူး ... ဒါေပမယ့္ သူအရမ္းေတာ့ မေမာက္မာပါဘူး ငါတို႔ မာန္တက္ခဲ့ သေလာက္ပါပဲ"

ခ်ဴးေဟာင္လင္း ပင္ပန္းႏြမ္းနယ္စြာ ေျပာ၍ လွဲအိပ္လိုက္ေလသည္။ သူ၏မ်က္ဝန္းမ်ားတြင္ သေဘာက်မႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

ခ်ဴးေဟာင္လင္း စကားမွာ မွန္ကန္ေသာေၾကာင့္ အျခားသူမ်ားလည္း ႏွစ္သက္စြာ ၿပဳံးလိုက္ၾကသည္။ သူတို႔အားလုံးသည္ တစ္ခ်ိန္က လန္ယဲ့ဟန္ ကဲ့သို႔ မာနႀကီးခဲ့ၾကဖူးသည္။

အေဆာက္အအုံႀကီး တစ္ခုလုံးမွာ လအလင္းေရာင္ ေအာက္တြင္ ဖုံးကြယ္ကာဆီးျခင္း ခံထားရသည္။ ရွင္းဖုန္း ေနထိုင္ေသာ စံအိမ္၏ေဘးတြင္ မည္သူမွ မရွိသကဲ့သို႔ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး တစ္ခ်ိန္တည္းတြင္ ေလေျပေလညင္းမ်ားမွာ ညင္သာစြာ တိုက္ခတ္လ်က္ တိတ္ဆိတ္ ေျခာက္ကပ္ျခင္း၏ ရနံ႔တို႔ကို ယူေဆာင္ လာေလသည္။ ယြင္ခ်ဲ႕ ႏွင့္ ရွင္းဖုန္းတို႔သည္ စံအိမ္ကို အေနာက္တြင္ ခ်န္ထားခဲ့ၿပီး အုံ႔မႈိင္းေနေသာ လေရာင္ေအာက္သို႔ ထြက္ေျပး သြားၾကေလသည္။ အေဆာက္အအုံမွ ေဝးရာသို႔ ေရာက္ေသာအခါတြင္ သူတို႔အား သတိထားမိျခင္းမွ ေရွာင္ၾကဥ္ႏိုင္ရန္ သူတို႔ကိုယ္သူတို႔ ပုန္းကြယ္ရန္ လိုအပ္လာသည္။

မိနစ္အနည္းငယ္ ၾကာၿပီးေနာက္ အေဆာက္အအုံ တစ္ခု၏ ေထာင့္တြင္ ရပ္လိုက္ၾကေလသည္။ သူတို႔ေရာက္ရွိေနေသာ ေနရာ၏ ဆန႔္က်င္ဘက္ ညာဘက္အျခမ္းတြင္ အေစာင့္မ်ား တင္းက်ပ္စြာ ေစာင့္ၾကပ္ေနေသာ ၿခံဝင္းတစ္ခု ရွိသည္။ ထိုေနရာသည္ သုေတသန အသင္း၏ စခန္းဌာန ျဖစ္သည္။ ရွင္းဖုန္းလည္း လည္ပင္းကို ဆန႔္ကာ ေဘးပတ္ဝန္းက်င္ကို ေလ့လာလိုက္ၿပီး တိတ္တိတ္ေနရန္ ေျခဟန္လက္ဟန္ ျပလိုက္သည္။

"ဟိုင္႐ႊမ္း ဒီမွာ ရွိတာေသခ်ာလား"

ထိုေနရာကို အလြယ္တကူ ခ်ိဳးေဖာက္ဝင္ေရာက္ ႏိုင္ေသာ္လည္း အကယ္၍ လုဟိုင္႐ႊမ္းသည္ ထိုေနရာတြင္ မရွိလွ်င္ သူတို႔ႀကိဳးစားခဲ့သမွ် အခ်ည္းႏွီးသာ ျဖစ္ကုန္လိမ့္မည္။

"ငါတို႔အထဲကို မဝင္ဘဲနဲ႔ သူရွိမရွိဆိုတာ ဘယ္လို ေသခ်ာသိရမွာလဲ"

ယြင္ခ်ဲ႕လည္း မ်က္ႏွာဖုံးႏွစ္ခုကို ထုတ္ကာ ရွင္းဖုန္းကို တစ္ခု လွမ္းေပးလိုက္သည္။ ထို႔ေနာက္ က်န္ေသာ မ်က္ႏွာဖုံး တစ္ခုကို တပ္လ်က္ ဦးထုပ္ကို ေဆာင္းလိုက္သည္။ ခဏ စဥ္းစားလိုက္ၿပီးေနာက္ ဦးထုပ္ တစ္ခုကို ယူထုတ္လိုက္ၿပီး ေျခဖ်ားေထာက္ကာ ရွင္းဖုန္း ဝတ္ဆင္ ေပးလိုက္သည္။

"ရၿပီ အခုသြားၾကစို႔"

"အမ္"

ညအေမွာင္ကို အခြင့္ေကာင္း ယူကာ တံခါးတြင္ရွိေသာ အေစာင့္မ်ားကို လြယ္ကူစြာ ရွင္းလင္းႏိုင္ခဲ့သည္။ သူတို႔ႏွစ္ဦး အေဆာက္အဦး အတြင္းသို႔ ဝင္လာေသာ အခါတြင္ ရွင္းဖုန္း၏ အေနာက္တြင္ အၿမဲေနခဲ့ေသာ ယြင္ခ်ဲ႕မွာ ယခုတစ္ခါတြင္ အေရွ႕မွ ေလွ်ာက္၍ သူ႔အေနာက္မွ လိုက္လာရန္ ရွင္းဖုန္းအား မ်က္စိမွိတ္ျပ လိုက္သည္။ သူသည္ ပတ္ဝန္းက်င္ တစ္ခုလုံးႏွင့္ အသားက် ရင္းႏွီးၿပီးသူ တစ္ေယာက္ကဲ့သို႔ ေျမေအာက္တြင္ ရွိေသာ ဓာတ္ခြဲစမ္းသပ္ခန္းသို႔ ဦးတည္ေသာ ဓာတ္ေလွကားအတြင္း ေရာက္ေအာင္ တိုက္႐ိုက္ ေျပးဝင္သြားသည္။

အေနာက္ေတာင္ စခန္းဌာနခ်ဳပ္သည္ အႀကီးဆုံး လုံၿခဳံေရး ဌာနခ်ဳပ္အျဖစ္ ေခၚဆိုထိုက္ေပသည္။ ယခုကဲ့သို႔ ေနရာတိုင္း၌ စြမ္းအား ေလ်ာ့နည္းေနသည့္ အခ်ိန္မွာပင္ ဓာတ္ေလွကားသည္ ယခုထိပင္ အသုံးျပဳ၍ ရေနေသးသည္။ စစ္တပ္သည္ ဌာနခ်ဳပ္အား ေဆာက္လုပ္ခဲ့သည့္ အခ်ိန္တြင္ အစိုးရသည္ လင္းက်န္း ျမစ္ေၾကာင္း တစ္ေလွ်ာက္တြင္ ရဲတပ္ရင္းမ်ားကို ေနရာျဖန႔္ၾကက္ ခ်ထားၿပီးလွ်င္ စြမ္းအင္ဌာန စခန္းတစ္ခုစီကို ေဆာက္လုပ္ေစခဲ့သည္။ ယခုအခ်ိန္တြင္ ႐ုံးဌာနမ်ားႏွင့္ အခ်ိဳ႕ေသာ အထူးဌာနမ်ားတြင္သာ ရရွိႏိုင္ေတာ့သည္။

ယြင္ခ်ဲ႕ကို ရွင္းဖုန္း အလုံးစုံ ရွင္းျပခဲ့သည္။

"ဟမ္ .. ငါတို႔က အရင္းရွင္ စနစ္ဆီ ေနာက္ျပန္ သြားေနၾကတာလား .. တကယ္လို႔ အေျခခံ လူတန္းစား ေတာ္လွန္ေရးသမားေတြ ဒီအေၾကာင္းကို သိခဲ့ရင္ ေဒါသျဖစ္လြန္းလို႔ အုတ္ဂူထဲက ျပန္ထြက္လာၾကလိမ့္မယ္"

ဘုန္း

သူတို႔ ဓာတ္ေလွကား အတြင္းသို႔ ဝင္ေရာက္သည့္ အခ်ိန္တြင္ ယြင္ခ်ဲ႕သည္ ဓာတ္ေလွကား အတြင္းရွိေနေသာ ေစာင့္ၾကည့္ေရး ကင္မရာကို ခ်က္ခ်င္း ဖ်က္ဆီး လိုက္သည္။ ဓာတ္ေလွကား အတြင္းတြင္ ရွိေနေသာ ခလုတ္မ်ားသည္ ေျမေအာက္ ဓာတ္ခြဲ စမ္းသပ္ခန္းတြင္ အထပ္သုံးထပ္ ရွိသည္ကို ေဖာ္ျပေနသည္။ ဒါကိုၾကည့္ျခင္းျဖင့္ လူသားမ်ား၏ ဆန္းသစ္ တီထြင္မႈမ်ားသည္ အလြန္သင့္တင့္ ေကာင္းမြန္လွသည္ ဟူ၍ မဆိုႏိုင္ေပ။

တင္း

သူတို႔ ေရာက္လာခဲ့ၾကေသာ္လည္း ဓာတ္ေလွကား အတြင္းမွ မထြက္ခင္ ထိုေနရာတြင္ မည္သူမွ မရွိသည္ကို ေသခ်ာေစရန္ ေခတၱ ေစာင့္ၾကည့္လိုက္သည္။ အခ်ိန္မွာ မနက္ခင္း သုံးနာရီျဖစ္ၿပီး ဓာတ္ခြဲစမ္းသပ္ခန္း သည္လည္း ေမွာင္မည္းေနသျဖင့္ ေစာင့္ၾကည့္ေရး ကင္မရာမ်ားကို ေရွာင္တိမ္းႏိုင္ရန္ အတြက္ အေျခအေန ေကာင္းပင္။ ယခုအႀကိမ္တြင္ ကင္မရာမ်ားကို ယြင္ခ်ဲ႕ မဖ်က္ဆီးေတာ့ဘဲ ေရွာင္တိမ္း၍ သတိႀကီးစြာျဖင့္ ေလွ်ာက္လာခဲ့သည္။

တိတ္ဆိတ္ ၿငိမ္သက္ေနခ်ိန္တြင္ ႐ုတ္တရက္ တစ္စုံတစ္ေယာက္သည္ ရႈိက္၍ ငိုေႂကြးလာၿပီး ထိုအသံကို တျဖည္းျဖည္း ျပတ္သားစြာ ၾကားလာရသည္။ သူတို႔ႏွစ္ဦး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး အသံကို နားစြင့္လ်က္ လာခဲ့ရာ သံတံခါးမႀကီး တစ္ခုသို႔ ေရာက္လာၾကေလသည္။

"ဉီးေလး ရွင္း ဒီတစ္ခါ ခင္ဗ်ားအလွည့္"

ယြင္ခ်ဲ႕ အေနာက္ကို အနည္းငယ္ ဆုတ္ကာ ႂကြပါဟူေသာ ေျခဟန္လက္ဟန္ႏွင့္ လုပ္ျပေလသည္။ ေ႐ႊအစြမ္းကဲ့သို႔ ထူးျခားစြမ္းရည္ကို ပိုင္ဆိုင္ထားသူ တစ္ေယာက္သည္ အျခားေသာ သတၱဳပစၥည္း အဟန႔္အတားမ်ားကို လြယ္ကူစြာပင္ ဖ်က္ဆီးႏိုင္သည္။ ရွင္းဖုန္းသည္ သူ၏ ထူးျခားစြမ္းရည္အား စတင္ အသုံးျပဳ လိုက္သည့္အခါ သံတံခါးမႀကီးမွာ တျဖည္းျဖည္းခ်င္း အရည္ေပ်ာ္ က်လာၿပီး လက္ရန္းတစ္ခုကို ဆြဲယူလိုက္သည့္ အခါတြင္ ႀကီးမားေသာ ဝင္ေပါက္တစ္ခု ေပၚေပါက္လာသည္။

ယြင္ခ်ဲ႕လည္း လက္မေထာင္ ျပလိုက္ၿပီးေနာက္ သူတို႔ႏွစ္ဦး ဝင္ေပါက္ အတြင္းသို႔ ဝင္ခဲ့ၾကသည္။ တံခါး၏ အတြင္းဘက္တြင္ အခန္းေသးေသးေလးမ်ား မ်ားစြာရွိေနၿပီး အခန္းတစ္ခုစီသည္ သံျဖင့္ျပဳလုပ္ထားၿပီး လက္ေဗြစနစ္ ေသာ့မ်ားကိုသာ အသုံးျပဳထားသည္။

တံခါးတစ္ခုစီတြင္ A4 စာ႐ြက္အ႐ြယ္ မွန္ခ်ပ္မ်ားရွိေနၿပီး ထိုမွန္မ်ားမွတဆင့္ အတြင္းဘက္သို႔ ေကာင္းစြာ ျမင္ေနရသည္။ အတြင္းဘက္သို႔ ဝင္ေရာက္ လာသည္ႏွင့္ ပို၍ေဒါသ ထြက္လာၾကရသည္။ ထိုေနရာတြင္ ဒဏ္ရာမ်ားႏွင့္ ပတ္တီး စည္းထားရေသာ လူမ်ားအျပင္ ေဒါသျပင္းထန္ ဆာေလာင္ေနၾကေသာ ဖုတ္ေကာင္မ်ား ရွိေလသည္။ ဖုတ္ေကာင္မ်ား၏ မ်က္လုံးမ်ားမွာ သူတို႔သည္ အဆင့္ ၁ သို႔မဟုတ္ အဆင့္ ၂ ရွိေသာ ဖုတ္ေကာင္မ်ား ျဖစ္သည္ကို ျပသေနသည္။ သူတို႔ကို အဆင့္ျမႇင့္တင္ ၿပီးသည့္အခါတြင္ ထိုဖုတ္ေကာင္မ်ားကို ဓာတ္ခြဲ စမ္းသပ္ခန္းတြင္ ဆက္လက္၍ ခ်ဳပ္ေႏွာင္ ထားႏိုင္မည္ မဟုတ္ေတာ့ေပ။

"ေသစမ္း"

ေၾကာက္စရာ ေကာင္းေသာ ဖုတ္ေကာင္မ်ား၏ မ်က္လုံးမ်ားကို ျမင္လိုက္ရသည္ႏွင့္ ရွင္းဖုန္း ခ်က္ခ်င္းပင္ ဆဲဆိုလိုက္သည္။ ယြင္ခ်ဲ႕ စကားမ်ား အားလုံး မွန္ကန္ေနခဲ့သည္။ အမည္ခံ သိပၸံပညာရွင္မ်ားမွာ အသိဉာဏ္ ကင္းမဲ့လြန္းလွသည္။

ယြင္ခ်ဲ႕ ဘာမွမေျပာေတာ့ေပ။ သူ၏ အတိတ္ဘဝတြင္ ထိုအရာမ်ားႏွင့္ က်င့္သားရေနၿပီးသား ျဖစ္သည္။

"ဟိုင္႐ႊမ္း"

သူတို႔သည္ ေနာက္ဆုံး အခန္းသို႔ ေရာက္ေတာ့မွသာ လုဟိုင္႐ႊမ္းကို ရွာေတြ႕သြားေလသည္။ လုဟိုင္႐ႊမ္းမွာ အခန္းထဲရွိ အိပ္ရာ တစ္ခုေပၚတြင္ ခ်ည္ေႏွာင္ျခင္း ခံထားရၿပီး ကိုယ္ကို လူးလွိမ့္ကာ လြတ္ေျမာက္ေစရန္ ႐ုန္းကန္ေနသည္။

လုဟိုင္႐ႊမ္းလည္း သူတို႔ကို ျမင္လိုက္သျဖင့္ ပို၍ ျပင္းထန္စြာ ႐ုန္းေသာ္လည္း သူ၏ ပါးစပ္တြင္ တိတ္မ်ားျဖင့္ ပိတ္ထားသျဖင့္ အသံက်ယ္စြာ ေအာ္၍မရေပ။ ရွင္းဖုန္းမွာ သတၱဳတံခါးကို တစ္ဝက္ေလာက္ထိ ဆြဲေဖာက္လိုက္ရာ ယြင္ခ်ဲ႕သည္ ေျပးဝင္သြားၿပီး တိတ္မ်ားကိုၿဖဲ၍ ႀကိဳးမ်ားကို ျဖတ္ေပးလိုက္သည္။

"အစ္ကို ခ်ဲ႕ ... ဒီတစ္ခါ ငါတကယ္ အသတ္ခံရၿပီ ထင္တာ ဒီေခြးေကာင္ေတြက ငါ့ေခါင္းကို ဖြင့္ၿပီး ငါ့ဦးေႏွာက္ကို ေဆးထဲမွာ ထည့္ေဖာ္ၾကမွာ ... ဒါေပမယ့္ ၾကည့္ရတာ သူတို႔ၾကားထဲမွာကို ျပႆနာ ျဖစ္ေနၾကတဲ့ပုံပဲ မဟုတ္ရင္ ငါေသတာၾကာၿပီ"

လုဟိုင္႐ႊမ္းသည္ ငရဲမွ ျပန္လည္ ကယ္တင္ျခင္း ခံလိုက္ရသကဲ့သို႔ ခံစားရကာ ယြင္ခ်ဲ႕ကို ဝမ္းသာအားရ ဖက္လိုက္သည္။

"အရင္ဆုံး ငါတို႔ သြားၾကစို႔"

ရွင္းဖုန္း သည္လည္း ယြင္ခ်ဲ႕ လက္ကို ဆုပ္ကိုင္ထားေသာ လုဟိုင္႐ႊမ္း၏ လက္ကို စိုက္ၾကည့္ကာ မ်က္ေမွာင္တစ္ခ်က္ ၾကဳတ္လိုက္ၿပီး ယြင္ခ်ဲ႕ကို အျပင္သို႔ ဆြဲေခၚလာသည္။

"ေဟ့ ! ေနၾကပါဉီး ! ငါ့ကို တစ္ေယာက္တည္း မထားခဲ့နဲ႔ေလ !"

လုဟိုင္႐ႊမ္းလည္း ေအာ္ဟစ္ငိုေႂကြးကာ အေနာက္မွ လိုက္လာေလေတာ့သည္။

*** 

Continue Reading

You'll Also Like

479K 40.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
181K 24.5K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
59.5K 9.3K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်