Unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၄၅)
"မဖြစ်ဘူး ! မမ .. မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို ကြည့်ပါဉီး"
ယွင်ယောင် ကိုယ်ကို ယွင်ချဲ့ ထူမထားကာ အရူးတစ်ယောက် ကဲ့သို့ အော်နေမိသည်။ ယွင်ချန် ဖုတ်ကောင် ဖြစ်သွားစဉ်ကပင် သူမ ငိုခဲ့သော်လည်း ယခုမူ ယွင်ချဲ့ စိတ်မတင်း ထားနိုင်တော့ပေ။ သူအချိန်ကြာစွာ ကြိုတင်ပြင်ဆင် ခဲ့သော်လည်း သူ၏ညီ ဖုတ်ကောင် မဖြစ်စေရန်နှင့် အစ်မဖြစ်သူ ထိခိုက်ဒဏ်ရာ မဖြစ်စေရန် သူဘာကြောင့် မတားဆီးနိုင်တာလဲ။
"သေစမ်း"
အဆင့် ၃ ရှိသော ဖုတ်ကောင်က တိုက်ခိုက်ခြင်းကို မရပ်နားဘဲ သူ၏လက်သည်းဖြင့် ယွင်ချဲ့ တို့ကို ကုတ်ခြစ်ရန် ပြင်လိုက်စဉ် ဟေးယွီ ရောက်လာကာ ဖုတ်ကောင်၏လက်ကို တားလိုက်သည်။
"မေမေ ... မေမေ..."
"ငါထိန်းထားလိုက်မယ်"
ဖုတ်ကောင်က ပြန်လည် တိုက်ခိုက်ပြန်သဖြင့် ဟေးယွီလည်း ပြင်လိုက်စဉ်တွင် သူ့ထက်ပို၍ လျင်မြန်သော တစ်စုံတစ်ယောက်က ဝင်ရောက် တိုက်ခိုက်လေသည်။ ဟေးယွီ ကျောပေါ်တွင် ထိုင်နေသော ချန်ချန်မှာ ငိုနေပြီး ဟေးယွီ လှည့်ကြည့်လိုက်ရာ ယွင်ယောင် ပါးစပ်ထဲ ရေထည့်ပေးနေသော ယွင်ချဲ့ကို တွေ့လိုက်သည်။
"မမ .. ရေသောက်လိုက်နော် သောက်လိုက်ဉီး .. ဘာမှမဖြစ်ဘူး အရင်သောက်လိုက်နော်..."
ယွင်ချဲ့ စိတ်မထိန်း နိုင်တော့သည်ကို အခြားသူများလည်း ရိပ်မိနေကြသည်။
"သခင်..."
ထိုသို့သော ယွင်ချဲ့ ပုံစံကို ဟေးယွီ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယွင်ချဲ့ ပခုံးပေါ်ကို လက်အသာတင်ကာ နှစ်သိမ့်ပေးရုံက လွဲ၍ ဟေးယွီ မည်သို့ လုပ်ပေးရမည်ကို မသိတော့ပေ။
"ရှောင်ချဲ့ .... မ..မငိုပါနဲ့..."
စမ်းရေကြောင့် ယွင်ယောင် သတိပြန်လည် လာသည်။ သူမကြိုးစား ရုန်းကန် ပါသော်လည်း ရှောင်ချန်ကို သူမ မတွေ့ရသေး၊ ချန်ချန် ကြီးပြင်း လာသည်ကို သူမ မမြင်ရသေး၊ သူမ၏မောင်ဖြစ်သူတို့ မိသားစုကိုယ်စီ ဖြစ်သည်ကို သူမ မတွေ့ရသေးပေ။
ထို့အပြင် ကျိုးကျစ်ကျွင်းကို တွေ့ကာ သူမနှင့် သားလေးကို ဘာကြောင့် ဂရုမစိုက်သည့် အကြောင်း သူမ မေးလိုသေးသည်။ ဘုရားသခင်က သူမကို သနားသော အားဖြင့် အချိန်ထပ်မပေးနိုင်တော့လေသလား။
"မမ"
ယွင်ချဲ့ စိတ်မထိန်းနိုင်ဘဲ ငိုလိုက်မိသော်လည်း မျက်ရည်များကို သုတ်ပေးရန် ယွင်ယောင် အားမရှိတော့ပေ။ ထိုအချိန်တွင် ယွင်ယောင် အသက်ကို တစ်ချက်ရှိုက် လိုက်ကာ ...
"ရှောင်ချဲ့ .. ချန်ချန်နဲ့ ရှောင်ချန် ကိုရော ကိုယ့်ကိုယ်ကိုရော ဂရုစိုက်နော်"
သူမ၏လက်ကျန် အားအင်များကို အသုံးပြုလိုက်ရ သကဲ့သို့ သူမမျက်လုံးများကို မထိန်းချုပ် နိုင်တော့ဘဲ မှိတ်ကျ သွားလေသည်။
"ဟင့်အင်း .. သူတို့ကို မမကိုယ်တိုင် ဂရုစိုက်ပေးရမယ် .. မမ ထပါနော် ..."
ယွင်ယောင် စကားကြောင့် ယွင်ချဲ့ စမ်းရေဘူးကို ပြန်ယူကာ သူမပါးစပ်ထဲသို့ အနည်းငယ်လောင်းထည့် ပေးလေသည်။
"မမ ဒါသောက်လိုက်ဉီးနော် .."
ယွင်ချဲ့ စကားကြောင့် ယွင်ယောင်လည်း မသိလိုက်ဘဲနှင့် ပါးစပ်ဟ မိလိုက်သည်။ စမ်းရေသောက်လိုက်ပြီးသည်နှင့် ယွင်ယောင် ပုံမှန်အတိုင်း အသက်ရှူ နိုင်သည်ကို ယွင်ချဲ့ သတိမထားမိလိုက်ပေ။ ထို့အပြင် သူမအနာမှာလည်း သွေးအများအပြား မထွက်တော့ပေ။
"ရပြီ .. ရပြီ ..."
ယွင်ယောင် ချောင်းဆိုး လာသဖြင့် ငြင်းလိုက်ရသည်။
"မမ မမ ဘာမှမဖြစ်ရဘူးနော် ... အားတင်းထား မမ"
ယွင်ယောင် လက်ကိုကိုင်ကာ ယွင်ချဲ့ ငိုရှိုက်မိပြန်သည်။ အခုတစ်ခေါက်တွင် ဘုရားသခင်နှင့် ယှဉ်တိုက်ရမည် ဆိုလျှင်တောင် သူ၏အစ်မကို ယွင်ချဲ့ ရအောင် ကယ်မည်။
"သခင်ရူးနေပြီလား"
ယွင်ယောင်ကို သူ၏ မှော်နယ်မြေကို ပို့ရန် ကြိုးစားနေသည်ကို ဟေးယွီ ရိပ်မိလိုက်သဖြင့် အမြန်တားဆီး လိုက်သည်။ ယွင်ချန် နှင့်မတူသည်က ယွင်ယောင် သက်ရှိလူသား တစ်ယောက်ပင်။ အကယ်၍ ယွင်ချဲ့ အနေနှင့် ယွင်ယောင်ကို အားကုန်သုံးကာ နယ်မြေသို့ ပို့မည်ဆိုလျှင် ယွင်ချဲ့ သေမည်၊ သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည် ဖြစ်သည်။
"ငါဂရုမစိုက်ဘူး"
ယွင်ချဲ့ ကြိုးစားပြန်သည်။ သူတွေ့ကြုံခဲ့ရသမျှတွင် စမ်းရေကြည်ကို သောက်ပေးလျှင် အားပြန် ပြည့်လာကြောင်း သူသိရှိထားပြီး ဖြစ်သည်။ အကယ်၍ ယွင်ယောင်ကို စမ်းရေထဲတွင် စိမ်ပေးထားလျှင် သူမအနေနှင့် အလျဉ်းသက်သာ လာလိမ့်မည်။
အကယ်၍ သူမကို နယ်မြေထဲသို့ ပို့ထားလိုက်လျှင် သူမကို ကယ်ဆယ်နိုင်မည် ဖြစ်သည်။ သို့သော် ယခုတစ်ခါတွင် သူ၏ကိုယ်တွင်း အသွေးအသားများ ဆူပွက်နေသည်ဟု ခံစားမိနေသည်။ ယွင်ချဲ့ နာကျင်မှုကို ခံစားရသော်လည်း သူလက်မလျော့ချင်ပေ။ ပါးစပ်တွင် စီးကျနေသော သွေးများကို သုတ်ပစ်လိုက်ပြီး နောက်တစ်ကြိမ် ကြိုးစားရန် ပြင်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ရှင်းဖုန်းက သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
"ဖယ်စမ်းပါ"
ယွင်ယောင်ကို ကယ်တင်ရန်သာ အရေးကြီး နေသဖြင့် ရှင်းဖုန်းကို သူအာရုံမစိုက်လိုပေ။ ခဏတာ စောင့်လိုက်ပြီးနောက် ရှင်းဖုန်း ဒူးထောက် ထိုင်ချလိုက်ပြီး ယွင်ယောင် အခြေအနေကိုကြည့်ကာ ...
"စခန်းကို ခေါ်သွားရအောင် .. သူ့ကို ဘယ်လို ကယ်ရမလဲဆိုတာ ငါသိတယ်"
ထပ်မံကြိုးစားရန် ပြင်နေသော ယွင်ချဲ့ ရုတ်တရက် ရပ်လိုက်ပြီး ရှင်းဖုန်း ကြည့်လိုက်သောအခါ ယွင်ချဲ့ မျက်ဝန်းများကြောင့် ရှင်းဖုန်း စိတ်မကောင်း ဖြစ်သွားရလေသည်။ အနည်းငယ် ကြာပြီးနောက်တွင် ...
"မင်း စွမ်းအားတွေ အကြောင်း အကုန် မသိသေးဘူးမလား .. ရောဂါ မကူးစက်သေး သရွေ့ အလင်းစွမ်းအား ပိုင်ရှင်က ဘယ်စွမ်းအား ပိုင်ရှင်ရဲ့ ဘယ်လို ဒဏ်ရာကိုမဆို ကုသပေးနိုင်တယ် .. ငါ့အဖွဲ့ထဲမှာ တစ်ယောက်ရှိတယ်"
အလင်းစွမ်းအား ပိုင်ရှင်မှာ အလွန်ရှားပါးပြီး လူတစ်သန်းတွင် တစ်ယောက်သာ ဖြစ်နိုင်ချေရှိသည့်အပြင် အဖွဲ့တစ်ဖွဲ့တွင် အလင်းစွမ်းအား ပိုင်ရှင် တစ်ယောက်ရှိလျှင် ထိုအဖွဲ့၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခုပင်။ စခန်း၏ ဗိုလ်ချုပ်ဖြစ်ပြီး ရှင်းဖုန်းနှင့် အရင်းနှီးဆုံး ဖြစ်သည့် အစ်ကိုဝမ်းကွဲ မော့ဝမ်းယန်ပင် ထိုအကြောင်းကို လုံးဝမသိပေ။
"တကယ်လား"
ရှင်းဖုန်း၏ မျက်လုံးများကို ကြည့်ကာ ယွင်ချဲ့ ကွဲအက်နေသော အသံဖြင့် မေးလေသည်။ ယွင်ချဲ့ အတိတ်ဘဝတွင် ၄ နှစ်ကြာအောင် နေခဲ့သော်လည်း တစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ သူတို့မှာ အလွန် ရှားပါးလှသည်။ အကယ်၍ တစ်ယောက် ရှိနေကြောင်း သိသွားခဲ့လျှင် စစ်တပ်က သူ၏လက်အောက်တွင် ထားရန် အစွမ်းကုန် လုပ်လိမ့်မည်။ အကယ်၍ ရှင်းဖုန်း အဖွဲ့တွင် အလင်းစွမ်းအား ပိုင်ရှင် တစ်ယောက်ရှိနေလျှင် သူ၏အစ်မကို ကယ်တင် ပေးနိုင်လိမ့်မည်။
"တကယ်ပေါ့ .. ငါက ရွှေခြေထောက်ပါကွ"
ရှင်းဖုန်း အလွယ်တကူပင် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် !"
ရှင်းဖုန်း မလိမ်ကြောင်း အတည်ပြု ပြီးသည်နှင့် အစ်မကို ယွင်ချဲ့ ကိုယ်တိုင် ပွေ့ချီလိုသော်လည်း သူ၏ဒဏ်ရာကို သတိလက်လွတ် ဖြစ်နေမိသည်။ ထိုသို့ ဖြစ်နေသည့်တိုင် သူကြံ့ကြံ့ခံနိုင်သည်က အလွန် ဆန်းကြယ်လှနေပြီ။ ယွင်ယောင်ကို ရှင်းဖုန်း ပွေ့ချီလိုက်သည်။
"သူ့ကို ဟေးယွီ ပေါ်တင်လိုက် .. မငိုနဲ့နော် ချန်ချန် .. မေမေ ဘာမှမဖြစ်ဘူးနော်"
ဟေးယွီကို အားပြုကာ ယိုင်နဲ့စွာ ထရပ်နေသဖြင့် ရှင်းဖုန်း အလွန် စိတ်ပူနေမိပြီး ယွင်ချဲ့ကို ချစ်မိနေပြီ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ရိပ်မိလိုက်သည်။
ချန်ချန်၏ မျက်လုံးများတွင် မျက်ရည် တွဲခိုနေသော်လည်း ပါးစပ်ကို သူ၏လက်သေးသေးလေးများနှင့် အုပ်ထားပြီး အသံမထွက်စေရန် ထိန်းထားလေသည်။
"ဟေးယွီ"
ဟေးယွီ ကို ယွင်ချဲ့ ပုတ်လိုက်ပြီး သူ့ကို ယုံကြည်လိမ့်မည်ကို သိသည်။
"သခင် ကျွန်တော့်ကို ချော့ကလက်တွေ ကျွေးရမှာ မမေ့နဲ့နော် !"
ယွင်ချဲ့ကို နက်နဲစွာ ကြည့်လိုက်ပြီး ဟေးယွီ လျှာထုတ်ကာ ယွင်ချဲ့ မျက်နှာကို လျက်လိုက်သည်။ သူ့အသံမှာ ဝမ်းနည်းမှုများ ပြည့်နေသဖြင့် မကောင်းသော အရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု ယွင်ချဲ့ သတိပြုမိလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ"
ဟေးယွီ တစ်ခုခုမူမမှန် ဖြစ်နေသည်။
"ကျွန်တော်က ဘာလုပ်ရမှာလဲ ဖုတ်ကောင်တွေကို သတ်မလို့ပေါ့ ... သခင်က သူတို့ကိုသတ်ဖို့ အားရှိသေးလို့လား"
ယွင်ချဲ့ အကြည့်များကို ရှောင်ကာ ရုတ်တရက် ရှင်းဖုန်း ကိုကြည့်လျက် ...
"သူတို့ကို ခေါ်သွားလိုက်ပါ ... သူ့ကို ကျုပ်ကိုယ်တိုင် တိုက်မယ် ကျန်တဲ့သူတွေနဲ့ ပြေးတော့"
ပြတ်သားစွာ ဆုံးဖြတ်ထားသကဲ့သို့ ဟေးယွီ ပြောလေသည်။
"အင်း ..."
ရှင်းဖုန်း ဂရုတစိုက် ခေါင်းညိတ် ပြလေသည်။
မကြာခင် အားလုံးအတူ စုမိကြပြီးနောက် ဟေးယွီက ချန်ချန်ကို ကျန့်ယာဖေးထံ ကမ်းပေးလိုက်သည်။ အဆင့် ၃ ဖုတ်ကောင်မှ စတင် မတိုက်ခိုက်ချိန်တွင် ဟေးယွီ စူးရဲစွာ ဟိန်းဟောက်လိုက်ပြီး ပါးစပ်ထဲတွင် အမျိုးအမည် မသိသော ဓါတ်ငွေ့များ စုစည်းလာသည်။ ဟေးယွီ အနောက်တွင် ပုန်းကွယ်နေကြသော ရှင်းဖုန်းနှင့် အခြားသူများမှာလည်း နှလုံးခုန်များ မြန်ဆန်လာကြပြီး သူတို့၏အစွမ်းများ ပြန်လည် ပြည့်တင်းလာသည်ဟု ခံစားနေရသည်။
"ဟေးယွီ"
ရှင်းဖုန်းလည်း ယွင်ယောင်ကို လန်ယဲ့ဟန် ထံသို့ ကမ်းပေးလိုက်သည်။ အစတွင် ယွင်ချဲ့ အထိတ်တလန့် ဖြစ်သွားသော်လည်း ဟေးယွီကို စိတ်ပူလာမိသည်။ ထိုခွန်အားမှာ အလွန် ကြီးမားလှသဖြင့် ဟေးယွီ အန္တရာယ် ကင်းပါ့မလား။
သို့သော် ယွင်ချဲ့မှာ ဟေးယွီကို မတားဆီးနိုင်တော့ဘဲ အားအင်များ စုစည်းနေသည်ကိုသာ အတိုင်းသား ကြည့်နေရတော့သည်။
ဝုန်း
ဟေးယွီ ပါးစပ်မှ အလင်းတန်းများ ထွက်လာပြီး လမ်းပေါ်တွင်ရှိသော ဖုတ်ကောင်များမှာလည်း သွေးများ ကိုယ်များပင် မကျန်တော့ဘဲ ပျောက်ကွယ် ကုန်လေသည်။ ထိုအဖြစ်ကို မျက်မြင် မြင်တွေ့ လိုက်သူများမှာလည်း သူတို့တွေ့ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ထိုစွမ်းအားမှာ အလွန် ကြီးမားလှသဖြင့် သူတို့၏ သိမြင်နိုင်စွမ်းထက် ပို၍သာလွန်နေသည်။
ဟေးယွီ တစ်ချက်ဟိန်း လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး သေးငယ်သော ခွေးငယ်တစ်ကောင်အဖြစ် ပြောင်းလဲကာ ပြုတ်ကျလာသည်။
"ဟေးယွီ !"
ရှင်းဖုန်းကို ယွင်ချဲ့ တွန်းထုတ်လိုက်ပြီး အမြန်ပြေးကာ ဟေးယွီ မြေပေါ်မကျခင် အမြန်ဖမ်းယူကာ ထွေးပွေ့ထားလိုက်သည်။
"ဟေးယွီ ..."
ယွင်ချဲ့ မျက်ရည်များ ကျလာပြန်ပြီး အားနည်းနေခဲ့သော ကိုယ့်ကိုယ်ကို ပထမဆုံးအကြိမ် မုန်းတီးမိပြီး ပိုမိုသန်မာအောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ် ထားလိုက်သည်။
ဟေးယွီ၏ အစွမ်းကြောင့် အခြားသူများလည်း အံ့အားသင့် ကုန်လေသည်။ ထိုအစွမ်းမှာ အဏုမြူဗုံးကဲ့သို့ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ပြောရန်စကားများပင် ပျောက်ဆုံးနေသည်။ ဟေးယွီ စွမ်းအား မည်မျှကြီးမား သန်မာလှသည်ကို ပထမဉီးစွာ သိလိုက်ရခြင်း ဖြစ်သည်။
"သွားကြစို့ !"
ရှင်းဖုန်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲမှ ကားနှစ်စီး ပေါ်လာပြီး ယွင်ချဲ့ထံ အမြန်ပြေးကာ ပွေ့ချီလျက် ကားပေါ်သို့ အမြန်တက် လိုက်သည်။ အခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ကားပေါ်တက်ကာ ရှင်းလင်းနေသော လမ်းမှဖြတ်၍ အနောက်တောင်စခန်းသို့ ဉီးတည် မောင်းနှင် ကြလေသည်။
အနောက်တောင် လုံခြုံရေးစခန်းမှာ လင်းမြစ်နှင့် လုံမန် တောင်တန်းများကြား တည်ရှိပြီး ကမ္ဘာပျက်ကပ် ဆိုက်သည်နှင့် စစ်သား အများအပြားကို ခေါ်ယူကာ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေတို့ကို ရှာဖွေစုစည်းရန် အမိန့်ထုတ်ခဲ့သည်။
လုံခြုံရေးစခန်း၏ တံတိုင်းကို ၃ ရက်အတွင်း တည်ဆောက်ခဲ့ပြီး စခန်းကိုလည်း အပြင်ဘက်မှ အထဲသို့ စုစည်းသည့် ပုံစံဖြင့် ဆောက်လုပ်ခဲ့သည်။ တစ်ချိန်တည်းတွင်လည်း အသက်ရှင် ကျန်ရစ်သူများကို ခေါ်ယူရန် ခေါင်းဆောင်ပိုင်းရှိ လူများက ဆုံးဖြတ်ခဲ့ကြသည်။
ကမ္ဘာပျက်ကပ် ဆိုက်ပြီးနောက်တွင် လူများစွာ အကြောက်တရားနှင့် နေထိုင်ခဲ့ရသဖြင့် လုံခြုံရေးစခန်းမှာ ဆင်းရဲသူများ အတွက် ချီးမြှောက်ခြင်း ဖြစ်မည်မှာ မလွဲပင်။ ထိုတစ်ခုတည်းသော အသက် လွတ်မြောက်ရာ လမ်းကို မည်သူမဆို ပြင်းထန်စွာ ဆုပ်ကိုင် ထားကြမည် ဖြစ်သည်။
ထိုသို့ ကြေညာပြီးနောက် အသက်ရှင် ကျန်ခဲ့သူများ နေ့စဉ်မပြတ် စခန်း ရောက်လာကြလေသည်။ သို့သော် စခန်း၏ တင်းကျပ်သော စည်းမျဉ်းအရ ရောက်လာသူ မည်သူမဆို အစစ်ဆေးခံရမည် ဖြစ်သည်။ ဒဏ်ရာ အနာတရရှိလျှင် ဖုတ်ကောင် အကိုက်ရခြင်း ဟုတ်သည် မဟုတ်သည်ဟု မခွဲခြားဘဲ ထိုသူတို့သည် ၆ နာရီကြာ ပိတ်လှောင် စောင့်ကြည့် ခံရမည်ဖြစ်ပြီး ပြောင်းလဲခြင်း မရှိသူမှသာ စခန်းထဲသို့ ဝင်ခွင့်ရမည်ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ထိုနေရာတွင်ပင် လက်စဖျောက် ခံရပေမည်။ အကယ်၍ လူတစ်ယောက်က စွမ်းအား ရှိနေသည်ဆိုလျှင် စစ်တပ်က ထိုသူကို အချိုသပ် ထားမည်ဖြစ်ပြီး ထိုသူသည် စစ်တပ် လက်အောက်တွင် အလုပ်လုပ်နိုင်သည် မလုပ်နိုင်သည်ကို ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
***
Zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၄၅)
"မျဖစ္ဘူး ! မမ .. မ်က္လုံးဖြင့္ၿပီး ကြၽန္ေတာ္႕ကို ၾကည့္ပါဉီး"
ယြင္ေယာင္ ကိုယ္ကို ယြင္ခ်ဲ႕ ထူမထားကာ အ႐ူးတစ္ေယာက္ ကဲ့သို႔ ေအာ္ေနမိသည္။ ယြင္ခ်န္ ဖုတ္ေကာင္ ျဖစ္သြားစဥ္ကပင္ သူမ ငိုခဲ့ေသာ္လည္း ယခုမူ ယြင္ခ်ဲ႕ စိတ္မတင္း ထားႏိုင္ေတာ့ေပ။ သူအခ်ိန္ၾကာစြာ ႀကိဳတင္ျပင္ဆင္ ခဲ့ေသာ္လည္း သူ၏ညီ ဖုတ္ေကာင္ မျဖစ္ေစရန္ႏွင့္ အစ္မျဖစ္သူ ထိခိုက္ဒဏ္ရာ မျဖစ္ေစရန္ သူဘာေၾကာင့္ မတားဆီးႏိုင္တာလဲ။
"ေသစမ္း"
အဆင့္ ၃ ႐ွိေသာ ဖုတ္ေကာင္က တိုက္ခိုက္ျခင္းကို မရပ္နားဘဲ သူ၏လက္သည္းျဖင့္ ယြင္ခ်ဲ႕ တို႔ကို ကုတ္ျခစ္ရန္ ျပင္လိုက္စဥ္ ေဟးယြီ ေရာက္လာကာ ဖုတ္ေကာင္၏လက္ကို တားလိုက္သည္။
"ေမေမ ... ေမေမ..."
"ငါထိန္းထားလိုက္မယ္"
ဖုတ္ေကာင္က ျပန္လည္ တိုက္ခိုက္ျပန္သျဖင့္ ေဟးယြီလည္း ျပင္လိုက္စဥ္တြင္ သူ႕ထက္ပို၍ လ်င္ျမန္ေသာ တစ္စုံတစ္ေယာက္က ဝင္ေရာက္ တိုက္ခိုက္ေလသည္။ ေဟးယြီ ေက်ာေပၚတြင္ ထိုင္ေနေသာ ခ်န္ခ်န္မွာ ငိုေနၿပီး ေဟးယြီ လွည့္ၾကည့္လိုက္ရာ ယြင္ေယာင္ ပါးစပ္ထဲ ေရထည့္ေပးေနေသာ ယြင္ခ်ဲ႕ကို ေတြ႕လိုက္သည္။
"မမ .. ေရေသာက္လိုက္ေနာ္ ေသာက္လိုက္ဉီး .. ဘာမွမျဖစ္ဘူး အရင္ေသာက္လိုက္ေနာ္..."
ယြင္ခ်ဲ႕ စိတ္မထိန္း ႏိုင္ေတာ့သည္ကို အျခားသူမ်ားလည္း ရိပ္မိေနၾကသည္။
"သခင္..."
ထိုသို႔ေသာ ယြင္ခ်ဲ႕ ပုံစံကို ေဟးယြီ တစ္ခါမွ မျမင္ဖူးခဲ့ေပ။ ယြင္ခ်ဲ႕ ပခုံးေပၚကို လက္အသာတင္ကာ ႏွစ္သိမ့္ေပး႐ုံက လြဲ၍ ေဟးယြီ မည္သို႔ လုပ္ေပးရမည္ကို မသိေတာ့ေပ။
"ေ႐ွာင္ခ်ဲ႕ .... မ..မငိုပါနဲ႔..."
စမ္းေရေၾကာင့္ ယြင္ေယာင္ သတိျပန္လည္ လာသည္။ သူမႀကိဳးစား ႐ုန္းကန္ ပါေသာ္လည္း ေ႐ွာင္ခ်န္ကို သူမ မေတြ႕ရေသး၊ ခ်န္ခ်န္ ႀကီးျပင္း လာသည္ကို သူမ မျမင္ရေသး၊ သူမ၏ေမာင္ျဖစ္သူတို႔ မိသားစုကိုယ္စီ ျဖစ္သည္ကို သူမ မေတြ႕ရေသးေပ။
ထို႔အျပင္ က်ိဳးက်စ္ကြၽင္းကို ေတြ႕ကာ သူမႏွင့္ သားေလးကို ဘာေၾကာင့္ ဂ႐ုမစိုက္သည့္ အေၾကာင္း သူမ ေမးလိုေသးသည္။ ဘုရားသခင္က သူမကို သနားေသာ အားျဖင့္ အခ်ိန္ထပ္မေပးႏိုင္ေတာ့ေလသလား။
"မမ"
ယြင္ခ်ဲ႕ စိတ္မထိန္းႏိုင္ဘဲ ငိုလိုက္မိေသာ္လည္း မ်က္ရည္မ်ားကို သုတ္ေပးရန္ ယြင္ေယာင္ အားမ႐ွိေတာ့ေပ။ ထိုအခ်ိန္တြင္ ယြင္ေယာင္ အသက္ကို တစ္ခ်က္႐ိႈက္ လိုက္ကာ ...
"ေ႐ွာင္ခ်ဲ႕ .. ခ်န္ခ်န္နဲ႔ ေ႐ွာင္ခ်န္ ကိုေရာ ကိုယ့္ကိုယ္ကိုေရာ ဂ႐ုစိုက္ေနာ္"
သူမ၏လက္က်န္ အားအင္မ်ားကို အသုံးျပဳလိုက္ရ သကဲ့သို႔ သူမမ်က္လုံးမ်ားကို မထိန္းခ်ဳပ္ ႏိုင္ေတာ့ဘဲ မွိတ္က် သြားေလသည္။
"ဟင့္အင္း .. သူတို႔ကို မမကိုယ္တိုင္ ဂ႐ုစိုက္ေပးရမယ္ .. မမ ထပါေနာ္ ..."
ယြင္ေယာင္ စကားေၾကာင့္ ယြင္ခ်ဲ႕ စမ္းေရဘူးကို ျပန္ယူကာ သူမပါးစပ္ထဲသို႔ အနည္းငယ္ေလာင္းထည့္ ေပးေလသည္။
"မမ ဒါေသာက္လိုက္ဉီးေနာ္ .."
ယြင္ခ်ဲ႕ စကားေၾကာင့္ ယြင္ေယာင္လည္း မသိလိုက္ဘဲႏွင့္ ပါးစပ္ဟ မိလိုက္သည္။ စမ္းေရေသာက္လိုက္ၿပီးသည္ႏွင့္ ယြင္ေယာင္ ပုံမွန္အတိုင္း အသက္႐ွဴ ႏိုင္သည္ကို ယြင္ခ်ဲ႕ သတိမထားမိလိုက္ေပ။ ထို႔အျပင္ သူမအနာမွာလည္း ေသြးအမ်ားအျပား မထြက္ေတာ့ေပ။
"ရၿပီ .. ရၿပီ ..."
ယြင္ေယာင္ ေခ်ာင္းဆိုး လာသျဖင့္ ျငင္းလိုက္ရသည္။
"မမ မမ ဘာမွမျဖစ္ရဘူးေနာ္ ... အားတင္းထား မမ"
ယြင္ေယာင္ လက္ကိုကိုင္ကာ ယြင္ခ်ဲ႕ ငို႐ိႈက္မိျပန္သည္။ အခုတစ္ေခါက္တြင္ ဘုရားသခင္ႏွင့္ ယွဥ္တိုက္ရမည္ ဆိုလွ်င္ေတာင္ သူ၏အစ္မကို ယြင္ခ်ဲ႕ ရေအာင္ ကယ္မည္။
"သခင္႐ူးေနၿပီလား"
ယြင္ေယာင္ကို သူ၏ ေမွာ္နယ္ေျမကို ပို႔ရန္ ႀကိဳးစားေနသည္ကို ေဟးယြီ ရိပ္မိလိုက္သျဖင့္ အျမန္တားဆီး လိုက္သည္။ ယြင္ခ်န္ ႏွင့္မတူသည္က ယြင္ေယာင္ သက္႐ွိလူသား တစ္ေယာက္ပင္။ အကယ္၍ ယြင္ခ်ဲ႕ အေနႏွင့္ ယြင္ေယာင္ကို အားကုန္သုံးကာ နယ္ေျမသို႔ ပို႔မည္ဆိုလွ်င္ ယြင္ခ်ဲ႕ ေသမည္၊ သို႔မဟုတ္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရမည္ ျဖစ္သည္။
"ငါဂ႐ုမစိုက္ဘူး"
ယြင္ခ်ဲ႕ ႀကိဳးစားျပန္သည္။ သူေတြ႕ၾကဳံခဲ့ရသမွ်တြင္ စမ္းေရၾကည္ကို ေသာက္ေပးလွ်င္ အားျပန္ ျပည့္လာေၾကာင္း သူသိ႐ွိထားၿပီး ျဖစ္သည္။ အကယ္၍ ယြင္ေယာင္ကို စမ္းေရထဲတြင္ စိမ္ေပးထားလွ်င္ သူမအေနႏွင့္ အလ်ဥ္းသက္သာ လာလိမ့္မည္။
အကယ္၍ သူမကို နယ္ေျမထဲသို႔ ပို႔ထားလိုက္လွ်င္ သူမကို ကယ္ဆယ္ႏိုင္မည္ ျဖစ္သည္။ သို႔ေသာ္ ယခုတစ္ခါတြင္ သူ၏ကိုယ္တြင္း အေသြးအသားမ်ား ဆူပြက္ေနသည္ဟု ခံစားမိေနသည္။ ယြင္ခ်ဲ႕ နာက်င္မႈကို ခံစားရေသာ္လည္း သူလက္မေလ်ာ့ခ်င္ေပ။ ပါးစပ္တြင္ စီးက်ေနေသာ ေသြးမ်ားကို သုတ္ပစ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ ႀကိဳးစားရန္ ျပင္လိုက္သည္။
"မင္းဘာလုပ္ေနတာလဲ"
႐ွင္းဖုန္းက သူ၏လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး ေဒါသတႀကီး ေမးလိုက္သည္။
"ဖယ္စမ္းပါ"
ယြင္ေယာင္ကို ကယ္တင္ရန္သာ အေရးႀကီး ေနသျဖင့္ ႐ွင္းဖုန္းကို သူအာ႐ုံမစိုက္လိုေပ။ ခဏတာ ေစာင့္လိုက္ၿပီးေနာက္ ႐ွင္းဖုန္း ဒူးေထာက္ ထိုင္ခ်လိုက္ၿပီး ယြင္ေယာင္ အေျခအေနကိုၾကည့္ကာ ...
"စခန္းကို ေခၚသြားရေအာင္ .. သူ႕ကို ဘယ္လို ကယ္ရမလဲဆိုတာ ငါသိတယ္"
ထပ္မံႀကိဳးစားရန္ ျပင္ေနေသာ ယြင္ခ်ဲ႕ ႐ုတ္တရက္ ရပ္လိုက္ၿပီး ႐ွင္းဖုန္း ၾကည့္လိုက္ေသာအခါ ယြင္ခ်ဲ႕ မ်က္ဝန္းမ်ားေၾကာင့္ ႐ွင္းဖုန္း စိတ္မေကာင္း ျဖစ္သြားရေလသည္။ အနည္းငယ္ ၾကာၿပီးေနာက္တြင္ ...
"မင္း စြမ္းအားေတြ အေၾကာင္း အကုန္ မသိေသးဘူးမလား .. ေရာဂါ မကူးစက္ေသး သေ႐ြ႕ အလင္းစြမ္းအား ပိုင္႐ွင္က ဘယ္စြမ္းအား ပိုင္႐ွင္ရဲ႕ ဘယ္လို ဒဏ္ရာကိုမဆို ကုသေပးႏိုင္တယ္ .. ငါ့အဖြဲ႕ထဲမွာ တစ္ေယာက္႐ွိတယ္"
အလင္းစြမ္းအား ပိုင္႐ွင္မွာ အလြန္႐ွားပါးၿပီး လူတစ္သန္းတြင္ တစ္ေယာက္သာ ျဖစ္ႏိုင္ေခ်႐ွိသည့္အျပင္ အဖြဲ႕တစ္ဖြဲ႕တြင္ အလင္းစြမ္းအား ပိုင္႐ွင္ တစ္ေယာက္႐ွိလွ်င္ ထိုအဖြဲ႕၏ အႀကီးမားဆုံး လွ်ိဳ႕ဝွက္ခ်က္မ်ားထဲမွ တစ္ခုပင္။ စခန္း၏ ဗိုလ္ခ်ဳပ္ျဖစ္ၿပီး ႐ွင္းဖုန္းႏွင့္ အရင္းႏွီးဆုံး ျဖစ္သည့္ အစ္ကိုဝမ္းကြဲ ေမာ့ဝမ္းယန္ပင္ ထိုအေၾကာင္းကို လုံးဝမသိေပ။
"တကယ္လား"
႐ွင္းဖုန္း၏ မ်က္လုံးမ်ားကို ၾကည့္ကာ ယြင္ခ်ဲ႕ ကြဲအက္ေနေသာ အသံျဖင့္ ေမးေလသည္။ ယြင္ခ်ဲ႕ အတိတ္ဘဝတြင္ ၄ ႏွစ္ၾကာေအာင္ ေနခဲ့ေသာ္လည္း တစ္ေယာက္ကိုမွ မေတြ႕ခဲ့ရေပ။ သူတို႔မွာ အလြန္ ႐ွားပါးလွသည္။ အကယ္၍ တစ္ေယာက္ ႐ွိေနေၾကာင္း သိသြားခဲ့လွ်င္ စစ္တပ္က သူ၏လက္ေအာက္တြင္ ထားရန္ အစြမ္းကုန္ လုပ္လိမ့္မည္။ အကယ္၍ ႐ွင္းဖုန္း အဖြဲ႕တြင္ အလင္းစြမ္းအား ပိုင္႐ွင္ တစ္ေယာက္႐ွိေနလွ်င္ သူ၏အစ္မကို ကယ္တင္ ေပးႏိုင္လိမ့္မည္။
"တကယ္ေပါ့ .. ငါက ေ႐ႊေျခေထာက္ပါကြ"
႐ွင္းဖုန္း အလြယ္တကူပင္ ေျပာလိုက္သည္။
"ေက်းဇူးတင္ပါတယ္ !"
႐ွင္းဖုန္း မလိမ္ေၾကာင္း အတည္ျပဳ ၿပီးသည္ႏွင့္ အစ္မကို ယြင္ခ်ဲ႕ ကိုယ္တိုင္ ေပြ႕ခ်ီလိုေသာ္လည္း သူ၏ဒဏ္ရာကို သတိလက္လြတ္ ျဖစ္ေနမိသည္။ ထိုသို႔ ျဖစ္ေနသည့္တိုင္ သူၾကံ့ၾကံ့ခံႏိုင္သည္က အလြန္ ဆန္းၾကယ္လွေနၿပီ။ ယြင္ေယာင္ကို ႐ွင္းဖုန္း ေပြ႕ခ်ီလိုက္သည္။
"သူ႕ကို ေဟးယြီ ေပၚတင္လိုက္ .. မငိုနဲ႔ေနာ္ ခ်န္ခ်န္ .. ေမေမ ဘာမွမျဖစ္ဘူးေနာ္"
ေဟးယြီကို အားျပဳကာ ယိုင္နဲ႔စြာ ထရပ္ေနသျဖင့္ ႐ွင္းဖုန္း အလြန္ စိတ္ပူေနမိၿပီး ယြင္ခ်ဲ႕ကို ခ်စ္မိေနၿပီ ျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကို ရိပ္မိလိုက္သည္။
ခ်န္ခ်န္၏ မ်က္လုံးမ်ားတြင္ မ်က္ရည္ တြဲခိုေနေသာ္လည္း ပါးစပ္ကို သူ၏လက္ေသးေသးေလးမ်ားႏွင့္ အုပ္ထားၿပီး အသံမထြက္ေစရန္ ထိန္းထားေလသည္။
"ေဟးယြီ"
ေဟးယြီ ကို ယြင္ခ်ဲ႕ ပုတ္လိုက္ၿပီး သူ႕ကို ယုံၾကည္လိမ့္မည္ကို သိသည္။
"သခင္ ကြၽန္ေတာ္႕ကို ေခ်ာ့ကလက္ေတြ ေကြၽးရမွာ မေမ့နဲ႔ေနာ္ !"
ယြင္ခ်ဲ႕ကို နက္နဲစြာ ၾကည့္လိုက္ၿပီး ေဟးယြီ လွ်ာထုတ္ကာ ယြင္ခ်ဲ႕ မ်က္ႏွာကို လ်က္လိုက္သည္။ သူ႕အသံမွာ ဝမ္းနည္းမႈမ်ား ျပည့္ေနသျဖင့္ မေကာင္းေသာ အရာတစ္ခုခု ျဖစ္ပ်က္ေတာ့မည္ဟု ယြင္ခ်ဲ႕ သတိျပဳမိလိုက္သည္။
"မင္း ဘာလုပ္မလို႔လဲ"
ေဟးယြီ တစ္ခုခုမူမမွန္ ျဖစ္ေနသည္။
"ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ ဖုတ္ေကာင္ေတြကို သတ္မလို႔ေပါ့ ... သခင္က သူတို႔ကိုသတ္ဖို႔ အား႐ွိေသးလို႔လား"
ယြင္ခ်ဲ႕ အၾကည့္မ်ားကို ေ႐ွာင္ကာ ႐ုတ္တရက္ ႐ွင္းဖုန္း ကိုၾကည့္လ်က္ ...
"သူတို႔ကို ေခၚသြားလိုက္ပါ ... သူ႕ကို က်ဳပ္ကိုယ္တိုင္ တိုက္မယ္ က်န္တဲ့သူေတြနဲ႔ ေျပးေတာ့"
ျပတ္သားစြာ ဆုံးျဖတ္ထားသကဲ့သို႔ ေဟးယြီ ေျပာေလသည္။
"အင္း ..."
႐ွင္းဖုန္း ဂ႐ုတစိုက္ ေခါင္းညိတ္ ျပေလသည္။
မၾကာခင္ အားလုံးအတူ စုမိၾကၿပီးေနာက္ ေဟးယြီက ခ်န္ခ်န္ကို က်န္႔ယာေဖးထံ ကမ္းေပးလိုက္သည္။ အဆင့္ ၃ ဖုတ္ေကာင္မွ စတင္ မတိုက္ခိုက္ခ်ိန္တြင္ ေဟးယြီ စူးရဲစြာ ဟိန္းေဟာက္လိုက္ၿပီး ပါးစပ္ထဲတြင္ အမ်ိဳးအမည္ မသိေသာ ဓါတ္ေငြ႕မ်ား စုစည္းလာသည္။ ေဟးယြီ အေနာက္တြင္ ပုန္းကြယ္ေနၾကေသာ ႐ွင္းဖုန္းႏွင့္ အျခားသူမ်ားမွာလည္း ႏွလုံးခုန္မ်ား ျမန္ဆန္လာၾကၿပီး သူတို႔၏အစြမ္းမ်ား ျပန္လည္ ျပည့္တင္းလာသည္ဟု ခံစားေနရသည္။
"ေဟးယြီ"
႐ွင္းဖုန္းလည္း ယြင္ေယာင္ကို လန္ယဲ့ဟန္ ထံသို႔ ကမ္းေပးလိုက္သည္။ အစတြင္ ယြင္ခ်ဲ႕ အထိတ္တလန္႔ ျဖစ္သြားေသာ္လည္း ေဟးယြီကို စိတ္ပူလာမိသည္။ ထိုခြန္အားမွာ အလြန္ ႀကီးမားလွသျဖင့္ ေဟးယြီ အႏၲရာယ္ ကင္းပါ့မလား။
သို႔ေသာ္ ယြင္ခ်ဲ႕မွာ ေဟးယြီကို မတားဆီးႏိုင္ေတာ့ဘဲ အားအင္မ်ား စုစည္းေနသည္ကိုသာ အတိုင္းသား ၾကည့္ေနရေတာ့သည္။
ဝုန္း
ေဟးယြီ ပါးစပ္မွ အလင္းတန္းမ်ား ထြက္လာၿပီး လမ္းေပၚတြင္႐ွိေသာ ဖုတ္ေကာင္မ်ားမွာလည္း ေသြးမ်ား ကိုယ္မ်ားပင္ မက်န္ေတာ့ဘဲ ေပ်ာက္ကြယ္ ကုန္ေလသည္။ ထိုအျဖစ္ကို မ်က္ျမင္ ျမင္ေတြ႕ လိုက္သူမ်ားမွာလည္း သူတို႔ေတြ႕ရသည္ကို မယုံၾကည္ႏိုင္ ျဖစ္ေနၾကေလသည္။ ထိုစြမ္းအားမွာ အလြန္ ႀကီးမားလွသျဖင့္ သူတို႔၏ သိျမင္ႏိုင္စြမ္းထက္ ပို၍သာလြန္ေနသည္။
ေဟးယြီ တစ္ခ်က္ဟိန္း လိုက္ၿပီးေနာက္ ေကာင္းကင္ေပၚသို႔ လ်င္ျမန္စြာ တက္သြားၿပီး ေသးငယ္ေသာ ေခြးငယ္တစ္ေကာင္အျဖစ္ ေျပာင္းလဲကာ ျပဳတ္က်လာသည္။
"ေဟးယြီ !"
႐ွင္းဖုန္းကို ယြင္ခ်ဲ႕ တြန္းထုတ္လိုက္ၿပီး အျမန္ေျပးကာ ေဟးယြီ ေျမေပၚမက်ခင္ အျမန္ဖမ္းယူကာ ေထြးေပြ႕ထားလိုက္သည္။
"ေဟးယြီ ..."
ယြင္ခ်ဲ႕ မ်က္ရည္မ်ား က်လာျပန္ၿပီး အားနည္းေနခဲ့ေသာ ကိုယ့္ကိုယ္ကို ပထမဆုံးအႀကိမ္ မုန္းတီးမိၿပီး ပိုမိုသန္မာေအာင္ ႀကိဳးစားမည္ဟု စိတ္ပိုင္းျဖတ္ ထားလိုက္သည္။
ေဟးယြီ၏ အစြမ္းေၾကာင့္ အျခားသူမ်ားလည္း အံ့အားသင့္ ကုန္ေလသည္။ ထိုအစြမ္းမွာ အဏုျမဴဗုံးကဲ့သို႔ အလြန္ ေၾကာက္မက္ဖြယ္ ေကာင္းလွၿပီး ေျပာရန္စကားမ်ားပင္ ေပ်ာက္ဆုံးေနသည္။ ေဟးယြီ စြမ္းအား မည္မွ်ႀကီးမား သန္မာလွသည္ကို ပထမဉီးစြာ သိလိုက္ရျခင္း ျဖစ္သည္။
"သြားၾကစို႔ !"
႐ွင္းဖုန္း သူ၏လက္ကို ေဝွ႔ယမ္းလိုက္ရာ ေလထုထဲမွ ကားႏွစ္စီး ေပၚလာၿပီး ယြင္ခ်ဲ႕ထံ အျမန္ေျပးကာ ေပြ႕ခ်ီလ်က္ ကားေပၚသို႔ အျမန္တက္ လိုက္သည္။ အျခားသူမ်ားလည္း တစ္ေယာက္ၿပီး တစ္ေယာက္ ကားေပၚတက္ကာ ႐ွင္းလင္းေနေသာ လမ္းမွျဖတ္၍ အေနာက္ေတာင္စခန္းသို႔ ဉီးတည္ ေမာင္းႏွင္ ၾကေလသည္။
အေနာက္ေတာင္ လုံျခဳံေရးစခန္းမွာ လင္းျမစ္ႏွင့္ လုံမန္ ေတာင္တန္းမ်ားၾကား တည္႐ွိၿပီး ကမ႓ာပ်က္ကပ္ ဆိုက္သည္ႏွင့္ စစ္သား အမ်ားအျပားကို ေခၚယူကာ ဘိလပ္ေျမ၊ သဲ၊ ေက်ာက္၊ ေရတို႔ကို ႐ွာေဖြစုစည္းရန္ အမိန္႔ထုတ္ခဲ့သည္။
လုံျခဳံေရးစခန္း၏ တံတိုင္းကို ၃ ရက္အတြင္း တည္ေဆာက္ခဲ့ၿပီး စခန္းကိုလည္း အျပင္ဘက္မွ အထဲသို႔ စုစည္းသည့္ ပုံစံျဖင့္ ေဆာက္လုပ္ခဲ့သည္။ တစ္ခ်ိန္တည္းတြင္လည္း အသက္႐ွင္ က်န္ရစ္သူမ်ားကို ေခၚယူရန္ ေခါင္းေဆာင္ပိုင္း႐ွိ လူမ်ားက ဆုံးျဖတ္ခဲ့ၾကသည္။
ကမ႓ာပ်က္ကပ္ ဆိုက္ၿပီးေနာက္တြင္ လူမ်ားစြာ အေၾကာက္တရားႏွင့္ ေနထိုင္ခဲ့ရသျဖင့္ လုံျခဳံေရးစခန္းမွာ ဆင္းရဲသူမ်ား အတြက္ ခ်ီးေျမႇာက္ျခင္း ျဖစ္မည္မွာ မလြဲပင္။ ထိုတစ္ခုတည္းေသာ အသက္ လြတ္ေျမာက္ရာ လမ္းကို မည္သူမဆို ျပင္းထန္စြာ ဆုပ္ကိုင္ ထားၾကမည္ ျဖစ္သည္။
ထိုသို႔ ေၾကညာၿပီးေနာက္ အသက္႐ွင္ က်န္ခဲ့သူမ်ား ေန႔စဥ္မျပတ္ စခန္း ေရာက္လာၾကေလသည္။ သို႔ေသာ္ စခန္း၏ တင္းက်ပ္ေသာ စည္းမ်ဥ္းအရ ေရာက္လာသူ မည္သူမဆို အစစ္ေဆးခံရမည္ ျဖစ္သည္။ ဒဏ္ရာ အနာတရ႐ွိလွ်င္ ဖုတ္ေကာင္ အကိုက္ရျခင္း ဟုတ္သည္ မဟုတ္သည္ဟု မခြဲျခားဘဲ ထိုသူတို႔သည္ ၆ နာရီၾကာ ပိတ္ေလွာင္ ေစာင့္ၾကည့္ ခံရမည္ျဖစ္ၿပီး ေျပာင္းလဲျခင္း မ႐ွိသူမွသာ စခန္းထဲသို႔ ဝင္ခြင့္ရမည္ျဖစ္သည္။
ထိုသို႔မဟုတ္လွ်င္ ထိုေနရာတြင္ပင္ လက္စေဖ်ာက္ ခံရေပမည္။ အကယ္၍ လူတစ္ေယာက္က စြမ္းအား ႐ွိေနသည္ဆိုလွ်င္ စစ္တပ္က ထိုသူကို အခ်ိဳသပ္ ထားမည္ျဖစ္ၿပီး ထိုသူသည္ စစ္တပ္ လက္ေအာက္တြင္ အလုပ္လုပ္ႏိုင္သည္ မလုပ္ႏိုင္သည္ကို ေ႐ြးခ်ယ္ ဆုံးျဖတ္ပိုင္ခြင့္ ႐ွိသည္။
***