Unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၄၃)
ယွင်ချဲ့ တို့အဖွဲ့မှာ အလွန် အင်အားကြီးသဖြင့် အချိန်ခဏလေး အတွင်းတွင် လမ်းဆုံအလယ်သို့ ရောက်လာကြပြီး အနောက်တွင် အလောင်းများနှင့် ခန္ဓာကိုယ် အပိုင်းအပြတ်များသာ စုပုံနေလေသည်။
သို့သော်လည်း သူတို့ မသတ်ဖြတ်နိုင်ခဲ့သော ဖုတ်ကောင်များစွာလည်း ရှိနေသေးသည်။ ဖုတ်ကောင်များမှာ နာကျင်ခြင်းနှင့် ကြောက်လန့်ခြင်း ကင်းမဲ့သော်လည်း လူသားများ၏ အသွေးအသားနံ့များကို ကောင်းစွာ ခံစားနိုင်ကြသဖြင့် မကြာခင်တွင် စွမ်းအားနည်းလာတော့မည်ဖြစ်သော ယွင်ချဲ့နှင့် အခြားသူများ နောက်သို့ အပြေးလိုက် နေကြလေသည်။
မြင့်မားသော အဆောက်အအုံတစ်ခု၏ ထိပ်တွင် သာမန်မဟုတ်သော ဖုတ်ကောင် တစ်ကောင်ရှိနေပြီး ဘေးတွင်လည်း လူတစ်ယောက် ရပ်နေသည်။ ထိုလူမှာ ဖုတ်ကောင်၏ ပခုံးကို ထိကိုင်လိုက်ပြီး ...
"သွားတော့ .. သူတို့ရဲ့ခန္ဓာကိုယ်က အားရှိစေတော့ မင်းကို အဆင့်တိုးတက်အောင် လုပ်ပေးလိမ့်မယ်"
ထိုလူ၏အသံမှာ ကျိုးပဲ့နေသော မောင်းကဲ့သို့ ကွဲအက်နေပြီး သူ၏ စကားများမှာ ပို၍ရင်ထိတ်ဖွယ် ဖြစ်နေလေသည်။ အသက် ၃ဝ ဝန်းကျင်အရွယ်ဟု ယူဆရပြီး ရုပ်ရည်မှာလည်း ကြည့်ပျော်ရှုပျော် မဟုတ်သည့်အပြင် မျက်နှာမှာလည်း အသက်မဲ့နေ သကဲ့သို့ အေးစက်တည်ငြိမ် လွန်းလှသည်။ အကယ်၍ သူသာ စကားမပြောခဲ့လျှင် ဖုတ်ကောင်ဟု အထင်မှားမိလိမ့်မည်။
ထိုဖုတ်ကောင်လည်း အမိန့်ကို နာခံပြီးနောက် ဟိန်းဟောက်ကာ အောက်သို့ ဒိုင်ဗင်ထိုးဆင်း သွားလေသည်။
"အစ်ကို ချဲ့ ... ငါတို့အစွမ်းတွေ ကြာကြာ မတောင့်ခံနိုင်လောက်ဘူး"
ကျိုးဇယ်ယွီနှင့် အခြားသူများလည်း ပင်ပန်းနွမ်းနယ်ကာ ချွေးစေးများ ကျနေလေသည်။ သူတို့၏ အစွမ်းများ အားလျော့လာလျှင် ဖုတ်ကောင်များ၏ အစာဖြစ်လာမည်မှာ မလွဲပင်။
"ဟိုမှာ လာနေပြီ !"
"ဘာကြီးလဲ"
ဝုန်း
သူတို့ သတိမထားမိ လိုက်ချိန်တွင်ပင် ဘောလုံးအရွယ်ရှိ မီးလုံးကြီး တစ်လုံး ကျလာသော်လည်း ဖျတ်လတ်သော ယွင်ချဲ့မှာ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ထိုမီးလုံးကြီးကို ထက်ပိုင်း ပိုင်းချလိုက်သည်။
"ဟင် ..."
"အဆင့် ၃ ဖုတ်ကောင် ? ငါမင်းကို စောင့်နေတာကြာပြီ"
မီးဘောလုံးကို ပိုင်းဖြတ် လိုက်ပြီးနောက်တွင် မီးတောက် လောင်နေသော ဖုတ်ကောင် တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးမှာ တိမ်မစွဲနေတော့ဘဲ အဖြူနှင့်အနက် ဖြစ်နေသောကြောင့် သူ၏အဆင့်ကို ယွင်ချဲ့ ခန့်မှန်း နိုင်လိုက်သည်။
ယွင်ချဲ့မှာ အတိတ်ဘဝတွင် ထိုသို့သော ဖုတ်ကောင်များစွာနှင့် တွေ့ကြုံခဲ့ဖူးသည်။ ယွင်ချဲ့ လက်ကောက်ဝတ်ကို အသာ ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်နှင့် အဖြူရောင် ရောနေသော လျှပ်စီးတန်း တစ်ခုက ဖုတ်ကောင်ထံသို့ တန်းတန်းမတ်မတ် ရောက်သွားလေသည်။
"ဟမ် !"
ဖုတ်ကောင်မှာ အော်ဟစ်လိုက်ပြီး ကိုယ်ပေါ်တွင် တောက်လောင်နေသော မီးတို့မှာလည်း မျက်စိတစ်မှိတ် အတွင်းတွင် ဖြတ်ပြေးသွားကာ ယွင်ချဲ့၏ လျှပ်စီးစွမ်းအားကို အန်တု ထားနိုင်လိုက်သည်။
ဖုန်း
လျှပ်စီးဓါးနှင်း မီးတို့ ပွတ်တိုက် မိကြချိန်တွင် မီးပွားစွာ စင်ထွက် ကုန်လေသည်။ ရှင်းဖုန်းလည်း အဖွဲ့သားများကို ကြိုတင်စုစည်း ထားလိုက်ပြီး ရွှေရောင် အကာအရံ တစ်ခုဖြင့် ထိုမီးပွားများကို ကာပေးလိုက်သည်။ သူ၏အဖွဲ့သားများ လုံခြုံစွာ ရှိနေသည်ကို သိထားသဖြင့် ယွင်ချဲ့ ပြန်လှည့်ကာ သူ၏ လေစွမ်းအားကို ထုတ်သုံးလေလျက် ပျံသန်းသွားလေသည်။
အဆင့် ၃ ရှိသော ဖုတ်ကောင်မှာ စွမ်းအားကို အသုံးပြု နိုင်သော်လည်း သူတို့မှာ ခံစားချက် မရှိသည့်အပြင် တွေးခေါ်နိုင်စွမ်းလည်း မရှိပေ။
ယွင်ချဲ့ ပျံသွားရာ နောက်သို့ ဖုတ်ကောင် အမီလိုက်ကာ မီးလုံးဖြင့် ပစ်ခတ်သော်လည်း ယွင်ချဲ့က ပို၍ လျင်မြန်သည့်အပြင် ထိုမီးများကိုလည်း ရှောင်ကွင်း နိုင်လိုက်သည်။ တစ်ချိန်တည်းတွင် ယွင်ချဲ့ သူ၏ညာလက်ကို ဝှေ့ယမ်းနေပြီး ဓါးသွားမှာလည်း တလက်လက်ဖြစ်နေသည်။
အဆင့်နိမ့်သော ဖုတ်ကောင်များမှာ သူတို့၏ခေါင်းကို ဓါးနှင့် မထိုးစိုက် ရသေးချိန်တွင်ပင် ပေါက်ကွဲ သွားတတ်ကြသည်။ ထိုအချိန် တိုက်တစ်တိုက်ပေါ်မှ တစ်စုံတစ်ယောက် ခုန်ချလာပြီး များစွာသော ဖုတ်ကောင်မှာလည်း ထိုသူအနောက်မှ လိုက်လာခဲ့ကြလေသည်။
"ခေါင်းဆောင်က ပေါ်လာပြီပဲ .. ကိုယ့်ခေါင်းကို မြေကြီးထဲ သွားစိုက်နေပါလား"
ယွင်ချဲ့လည်း အလောင်းကောင်တွင် ထိုးစိုက်နေသော သူ၏ဓါးကို ပြန်ခေါ်ယူလိုက်ပြီး ထိုသူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ခြေဖနောင့်ကို ဆောင့်နင်းလိုက်ပြီး လေအဟုန်ကို စီးကာ ရှင်းဖုန်း တို့ထံ ပျံသန်းသွားလေသည်။
ထိုလူသည် အဆင့် ၃ ရှိသော ဖုတ်ကောင်သို့ ဉီးတည် သွားလိုက်ရာ အနောက်မှလည်း ဖုတ်ကောင်များစွာက ကိုယ်ရံတော်သဖွယ် လိုက်လာကြလေသည်။ ထူးဆန်းစွာပင် ဖုတ်ကောင်များမှာ ယွင်ချဲ့နှင့် အခြားသူများ၏ အသွေးအသားများကို ဆာလောင် နေသော်လည်း ယွင်ချဲ့ တို့အပေါ် ခုန်အုပ်ခြင်း မရှိဘဲ ယဉ်ပါးနေသကဲ့သို့ အော်ဟစ်နေရုံသာ လုပ်နေကြလေသည်။
ထိုအဖြစ်မှာ ထူးဆန်းနေသဖြင့် ယွင်ချဲ့တို့ အဖွဲ့လည်း စိတ်မလွတ်စေရန် သတိကပ်စွာ စောင့်ကြည့် နေကြလေသည်။ မယုံနိုင်ဖွယ်ရာ ဆိုသော်လည်း ဖုတ်ကောင်များမှာ ထိုလူ၏ထိန်းချုပ်မှု အောက်တွင် ရှိနေသည်မှာ အထင်အရှားပင်။
"ဟေးယွီ .. ချန်ချန် ကို ဂရုစိုက်ထားဉီး"
ယွင်ချဲ့လည်း ကြိုးကို ဖြေလျော့လိုက်ပြီး ဟေးယွီ ကျောပေါ်တွင် ချန်ချန်ကို မြဲမြံစွာ ချည်နှောင် ထားလိုက်သည်။ ထို့နောက် တစ်ဖက်လူကိုသာ အာရုံစူးစိုက် ထားလိုက်သည်။
"ဟွိုင်အန်း .. ရှောင်ချဲ့ကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးလိုက် ပြီးတော့ ဖုတ်ကောင်တွေကိုလည်း သတိထားဉီး ... သူတို့က အတော်လျင်တယ်"
ရှင်းဖုန်း၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ အရှေ့ကိုသာ စိုက်ကြည့်နေလေသည်။ ယန်းဟွိုင်အန်းနှင့် အခြားကျန်သော ၃ ယောက်မှာလည်း တိတ်ဆိတ်စွာ ရှေ့တိုးလာကြပြီး ရှင်းဖုန်း ဘေးတွင် ရပ်နေကြလေသည်။ ယွင်ချဲ့လည်း တစ်ဖက်လှည့်ကာ ....
"ဇယ်ယွီ .. မင်းတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဉီး"
ယွင်ချဲ့၏ ခန့်မှန်းချက်အရ ထိုလူအနောက်မှ လိုက်လာကြသော ဖုတ်ကောင်များမှာ အဆင့် ၂ နှင့်အထက် ရှိကြလိမ့်မည်။ ကျိုးဇယ်ယွီနှင့် အခြားသူများ၏ အစွမ်းမှာ အဆင့် ၂ရောက်နှင့်ကြပြီး ဖြစ်သော်လည်း ဖုတ်ကောင်များနှင့် ရင်ဆိုင်တိုက်ခိုက် ထားရသဖြင့် စွမ်းအားများ လျော့ကျနေလေသည်။
"အင်း ကောင်းပြီ"
"မင်းတို့အားလုံး သေရမယ်"
ထိုလူမှာ ဖုတ်ကောင်ကို ခေါင်းအစ ခြေအဆုံး ပွတ်သပ်လိုက်ပြီး အနာတရရှိမရှိ စစ်ဆေးလိုက်သည်။ ထို့နောက် ယွင်ချဲ့ကို လှည့်ကြည့်ကာ မှုန်ကုပ်စွာ ကြည့်လိုက်ပြီး သူ၏ မျက်နှာမှာလည်း ပြောင်းလဲ သွားလေသည်။
"လာစမ်းပါ !"
ယွင်ချဲ့လည်း အချိန်မဖြုန်း လိုသဖြင့် လက်ကိုမြှောက်ကာ ဓါးကို ထိုလူသို့ ချိန်ရွယ်ထားလေသည်။
"သွားကြ"
ထိုလူမှာ စကားနည်းပုံ ရသည်။ လက်ယပ်ကာ အချက်ပြ လိုက်သည်နှင့် အနောက်မှ ဖုတ်ကောင်များမှာ အုံကြွလာလေသည်။ အဆင့်နိမ့်သော ဖုတ်ကောင်များထက် အဆင့် ၂ ရှိသော ဖုတ်ကောင်များမှာ ပို၍သန်မာ မြန်ဆန်ကြသဖြင့် သူတို့၏ ဉီးတည်ရာကို အမြန်ပင် နီးကပ်လာလေသည်။
"ပစ်တော့"
ဒိုင်း ဒိုင်း
ရှင်းဖုန်း သေနတ် ပစ်လိုက်သည်နှင့် ယန်းဟွိုင်အန်းနှင့် ကျန်သော နောက်လိုက်တို့မှာလည်း သူတို့၏ စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်လေသည်။ သို့သော် ဖုတ်ကောင် အများစုမှာ အလွန် မြန်ဆန်လှသဖြင့် လွတ်မြောက်သွားပြီး သူတို့နှင့် ပို၍ နီးကပ်လာသည်။
"သေစမ်း !"
ဝုန်း
ယွင်ချဲ့ သူ၏စွမ်းအားများကို ဓါးပေါ်တွင် စုစည်းလိုက်ပြီး လက်တစ်ချက် အဝှေ့တွင် ဓါးမှာ အရှိန်ဖြင့် လေထဲတွင် ဖြတ်ပြေး သွားလေသည်။
"ဟမ် ..."
ယွင်ချဲ့၏ ဓါးရှည်မှာ ဖုတ်ကောင် နှစ်ကောင်ကို ခါးမှပိုင်းဖြတ် လိုက်ပြီး ကိုယ်တစ်ပိုင်းစီ ဖြစ်သွားသည့်အပြင် ရှင်းဖုန်းလည်း ချက်ချင်းပင် သေနတ်များနှင့် ပစ်ခတ်လေသည်။
"ဟေးယွီ မင်းအရင်သွားနှင့် ... ကျန်တဲ့သူတွေ ပြန်ဆုတ်ကြ"
ဖုတ်ကောင်များစွာ ဝိုင်းရံလာသဖြင့် ယွင်ချဲ့ ဓါးကို မြဲစွာဆုပ်ကိုင်ပြီး အော်ပြောလေသည်။ ဟေးယွီလည်း အခြေအနေကို သဘောပေါက်ကာ သူ၏ လက်သည်းကြီးများဖြင့် ဖုတ်ကောင်များအား ကုတ်ဖဲ့လေသည်။ ကျိုးဇယ်ယွီနှင့် အခြားသူများလည်း ပူးပေါင်းကာ နောက်ဆုတ်ရင်းဖြင့် ဟေးယွီကို ကူညီတိုက်ခိုက် ပေးကြလေသည်။
ဝုန်း
"သေစမ်း ဒီကောင်တွေက သံနဲ့ လုပ်ထားတာလား"
ဖုတ်ကောင်များ၏ အသံများနှင့် သေနတ်သံများ ရောနှောနေသည်။ ပစ်မှတ်များ နီးကပ်လာလေ သေနတ်များမှာလည်း အလုပ်မဖြစ်တော့ သောကြောင့် ယန်းဟွိုင်အန်းတို့ ဓါးများထုတ်ကာ တိုက်ခိုက် ကြသော်လည်း ဓါးများမှာ ဖုတ်ကောင်များကို မနှိမ်နင်းနိုင်ပေ။
"ဒါတွေက အဆင့် ၂ ဖုတ်ကောင်တွေ ရုပ်ရှင်တွေထဲကလို သန်မာကြတယ် ... ရိုးရိုးသာမန် ဓါးလောက်နဲ့ သူတို့ကို မသတ်နိုင်ဘူး ငါတို့ရဲ့ အစွမ်းတွေ ထည့်သုံးမှ သတ်နိုင်မှာ"
ယွင်ချဲ့လည်း ဖုတ်ကောင် တစ်ကောင်၏ ခေါင်းကို ဖြတ်လိုက်ပြီး လေအစွမ်းဖြင့် ဖုတ်ကောင်ခေါင်းထဲမှ အမြုတေကို ယူထုတ်လိုက်သည်။ အဆင့် ၂ ရှိသော ဖုတ်ကောင်၏ အမြုတေမှာ ဖန်ဘောလုံး အရွယ်ရှိနေပြီး အခုတစ်ကြိမ်တွင် မသိမ်းဆည်းတော့ဘဲ ယန်းဟွိုင်အန်းကို ပစ်ပေးလိုက်သည်။
"ဒါ မီးအစွမ်းအမြုတေပဲ .. မင်းလက်ထဲ ကိုင်ထားပြီး အစွမ်းကို ထုတ်ထားလိုက် ... မင်းရဲ့အစွမ်းကို ပိုတိုးတက် လာစေလိမ့်မယ်"
"အစ်ကိုယွင် .. ဘာလို့ စောစောက မပြောတာလဲ"
အမြုတေကို ကိုင်ထားလျက်ဖြင့် ယန်းဟွိုင်အန်း မျက်ရည် ကျလုမတတ် ဖြစ်လာသည်။ သူတို့ ကြိုသိခဲ့လျှင် အမြုတေများကို ကြိုတင်စုစည်း နိုင်ခဲ့လိမ့်မည်။ ထို့အပြင် သူတို့၏ စွမ်းအားများ ကုန်ဆုံးသွားမည် စိုးသောကြောင့်လည်း စွမ်းအားများကို အသုံးမပြုခဲ့ကြပေ။
"မင်းတို့ကို ပြောလိုက်ရင် ငါတို့က ဘယ်လိုလုပ် စုလို့ရတော့မှာလဲ"
ထိုအဖြေမှာ အနည်းငယ် ကသိကအောက် နိုင်လှသဖြင့် ယန်းဟွိုင်အန်း ခွန်းတုံ့ပြန်ရန် စကားပင် ရှာမရတော့ပေ။ ရှင်းဖုန်းလည်း ပြုံးကာ လက်လျော့ လိုက်ရသည်။ ယွင်ချဲ့ ခေါင်းမာမှုမှာ သူ့အတွက် မထူးဆန်းတော့သည့် အပြင် သူကိုယ်တိုင်လည်း ယွင်ချဲ့ ကဲ့သို့ ခေါင်းမာသူ တစ်ယောက်ပင်။
အဆင့် ၂ဖုတ်ကောင်များကို မည်သို့ အနိုင်ယူနိုင်ကြောင်း သိပြီးနောက် စွမ်းအား ကုန်ခန်းမည်ကိုလည်း မစိုးရိမ်ကြတော့ပေ။ သူတို့ ယုံကြည်ချက်ရှိရှိ တိုက်ခိုက်ကြသဖြင့် ဖုတ်ကောင်များစွာကို ရှင်းပစ် နိုင်လိုက်သည်။ ယခုတစ်ကြိမ်တွင် ဖုတ်ကောင်များ၏ ခေါင်းများကို ဖောက်ထုတ်ရခြင်းကို အတွန့်မတက် ကြတော့ဘဲ ဖုတ်ကောင် တစ်ကောင် သေပြီးလျှင် ခေါင်းထဲမှ အမြုတေများကို ဖောက်ထုတ် ယူကြလေသည်။ အမြုတေ အားလုံးမှာ အသုံးပြု၍ မရသော်လည်း သူတို့၏အစွမ်းနှင့် သက်ဆိုင်သော အမြုတေများကို သာလျှင် စုပ်ယူစုဆောင်း ရနိုင်သည်။
ဝုန်း
ဖုတ်ကောင်များစွာကို သတ်ဖြတ် ရှင်းလင်းပြီး နေချိန်တွင် ရုတ်တရက် သူတို့အပေါ်သို့ မီးဓါးများ မိုးရွာသကဲ့သို့ ကျဆင်း လာလေသည်။ ကျောက်ကောင်း နှင့် အခြားသူများ မီးစွဲလောင်ကာ အနာတရ ဖြစ်သွားကြပြီး မီးစွမ်းအား ပိုင်ရှင်ဖြစ်သော ယန်းဟွိုင်အန်း တစ်ယောက်တည်းသာ ထိုမီးများမှ လွတ်သွားလေသည်။ သူတို့ အနောက်တွင် ရှိနေသော ယွင်ယောင်မှာ ချက်ချင်းပင် ကြီးမားသော ရေလုံး ၂ လုံး ဖန်တီးကာ သူတို့ထဲ ပစ်လိုက်ရာ မီးငြိမ်းသွားပြီး ဒဏ်ရာများသာ ကျန်ခဲ့လေသည်။
"ဉီးလေး ရှင်း ... ဒါကို ကျုပ်ရှင်းလိုက်မယ် ကျန်တဲ့ သူတွေကို ဂရုစိုက်လိုက်"
ပြေးလာနေသော အဆင့် ၃ ရှိ ဖုတ်ကောင်ကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
"မင်းငါ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်မလား"
ယွင်ချဲ့ အနောက်ကို ရှင်းဖုန်း လိုက်သွားပြီး လက်ကို ဝှေ့ယမ်းကာ ဓါးများလည်း ဘေးတွင် ပျံသန်းနေလေသည်။
"ခင်ဗျား အရှက်မမဲ့နဲ့ .. ခင်ဗျားက ရွှေအစွမ်း ရှိနေတာ ကျွန်တော်သိတယ် အဲဒါက စွမ်းအားတွေထဲမှာ အစွမ်းအထက်ဆုံးပဲ"
ယွင်ချဲ့ စကားပြောကာ ဖုတ်ကောင် တစ်ကောင်ကို ဓါးနှင့် ထိုးစိုက်လိုက်သည်။ ဖုတ်ကောင်များကို စုစည်းနေသော လူတစ်ယောက်ကို ယွင်ချဲ့ အမြန်ကြည့်လိုက်ပြီး ထိုသူမှာ ဝိညာဉ် ချုပ်ထိန်းသူထက် ဖုတ်ကောင်များကို စုစည်းသော သာမန်လူ တစ်ယောက် ဖြစ်မည်ဟု ယူဆလိုက်သည်။
ပြန်ပြောရလျှင် ဖုတ်ကောင် စုစည်းသူမှာ ဝိညာဉ်ထိန်းချုပ်သူ၏ လက်အောက်ခံ ဖြစ်နေပြီး ဖုတ်ကောင်များကိုသာ ထိန်းချုပ် နိုင်သော်လည်း လူသားများအပေါ် မသက်ရောက်နိုင်ပေ။ ထို့ကြောင့် ဖုတ်ကောင် စုစည်းသူဟုသာ အမည်ရထားခြင်း ဖြစ်သည်။
"မင်းမသိတာ ဘာရှိသေးလဲ"
ရှင်းဖုန်း နှစ်သက်စွာ ရယ်မောလိုက်သည်။ ယွင်ချဲ့သည် စွမ်းအားများ အကြောင်းကို ထိုမျှသိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် သူ၏ရွှေအစွမ်းမှ ဓါးများကို ဖွဲ့စည်းလိုက်ပြီး အနားတစ်ဝိုက်ရှိ ဖုတ်ကောင်များထံသို့ ပစ်ခတ်လိုက်သည်။ ထိုဖုတ်ကောင်များမှာ အဆင့်နိမ့်ကြပြီး ပို၍ အားနည်းကြသည်။
"တောက် !"
ဒိုင်း
တိုက်ပွဲမှာ အလွန် လွယ်ကူသည်ဟု ထင်ရသော်လည်း ကြာရှည်စွာ တိုက်ခိုက်ခဲ့ရသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ မောပန်းနေကြပြီ ဖြစ်သည်။ စွမ်းအင်များကို များစွာ အသုံးပြုခဲ့ရသဖြင့် အမြုတေများပင်လျှင် အကျိုး မထိရောက်ပေ။ ယွင်ချဲ့ သူ၏ဓါးချက်ကို အောင်မြင်စွာ မလုပ်ဆောင် နိုင်ခဲ့သည့်အပြင် မလွတ်မီ အချိန်တွင် မီးဘောလုံးနှင့် ထိမှန်ခဲ့ရသည်။ သူ၏သေးသွယ်သော ခန္ဓာကိုယ်မှာ အနာတရ ဖြစ်သွားပြီး မြေပြင်ပေါ် လဲကျသွားလေသည်။
***
Zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၄၃)
ယြင္ခ်ဲ႕ တို႔အဖြဲ႕မွာ အလြန္ အင္အားႀကီးသျဖင့္ အခ်ိန္ခဏေလး အတြင္းတြင္ လမ္းဆုံအလယ္သို႔ ေရာက္လာၾကၿပီး အေနာက္တြင္ အေလာင္းမ်ားႏွင့္ ခႏၶာကိုယ္ အပိုင္းအျပတ္မ်ားသာ စုပုံေနေလသည္။
သို႔ေသာ္လည္း သူတို႔ မသတ္ျဖတ္ႏိုင္ခဲ့ေသာ ဖုတ္ေကာင္မ်ားစြာလည္း ႐ွိေနေသးသည္။ ဖုတ္ေကာင္မ်ားမွာ နာက်င္ျခင္းႏွင့္ ေၾကာက္လန္႔ျခင္း ကင္းမဲ့ေသာ္လည္း လူသားမ်ား၏ အေသြးအသားနံ႔မ်ားကို ေကာင္းစြာ ခံစားႏိုင္ၾကသျဖင့္ မၾကာခင္တြင္ စြမ္းအားနည္းလာေတာ့မည္ျဖစ္ေသာ ယြင္ခ်ဲ႕ႏွင့္ အျခားသူမ်ား ေနာက္သို႔ အေျပးလိုက္ ေနၾကေလသည္။
ျမင့္မားေသာ အေဆာက္အအုံတစ္ခု၏ ထိပ္တြင္ သာမန္မဟုတ္ေသာ ဖုတ္ေကာင္ တစ္ေကာင္႐ွိေနၿပီး ေဘးတြင္လည္း လူတစ္ေယာက္ ရပ္ေနသည္။ ထိုလူမွာ ဖုတ္ေကာင္၏ ပခုံးကို ထိကိုင္လိုက္ၿပီး ...
"သြားေတာ့ .. သူတို႔ရဲ႕ခႏၶာကိုယ္က အား႐ွိေစေတာ့ မင္းကို အဆင့္တိုးတက္ေအာင္ လုပ္ေပးလိမ့္မယ္"
ထိုလူ၏အသံမွာ က်ိဳးပဲ့ေနေသာ ေမာင္းကဲ့သို႔ ကြဲအက္ေနၿပီး သူ၏ စကားမ်ားမွာ ပို၍ရင္ထိတ္ဖြယ္ ျဖစ္ေနေလသည္။ အသက္ ၃ဝ ဝန္းက်င္အ႐ြယ္ဟု ယူဆရၿပီး ႐ုပ္ရည္မွာလည္း ၾကည့္ေပ်ာ္႐ႈေပ်ာ္ မဟုတ္သည့္အျပင္ မ်က္ႏွာမွာလည္း အသက္မဲ့ေန သကဲ့သို႔ ေအးစက္တည္ၿငိမ္ လြန္းလွသည္။ အကယ္၍ သူသာ စကားမေျပာခဲ့လွ်င္ ဖုတ္ေကာင္ဟု အထင္မွားမိလိမ့္မည္။
ထိုဖုတ္ေကာင္လည္း အမိန္႔ကို နာခံၿပီးေနာက္ ဟိန္းေဟာက္ကာ ေအာက္သို႔ ဒိုင္ဗင္ထိုးဆင္း သြားေလသည္။
"အစ္ကို ခ်ဲ႕ ... ငါတို႔အစြမ္းေတြ ၾကာၾကာ မေတာင့္ခံႏိုင္ေလာက္ဘူး"
က်ိဳးဇယ္ယြီႏွင့္ အျခားသူမ်ားလည္း ပင္ပန္းႏြမ္းနယ္ကာ ေခြၽးေစးမ်ား က်ေနေလသည္။ သူတို႔၏ အစြမ္းမ်ား အားေလ်ာ့လာလွ်င္ ဖုတ္ေကာင္မ်ား၏ အစာျဖစ္လာမည္မွာ မလြဲပင္။
"ဟိုမွာ လာေနၿပီ !"
"ဘာႀကီးလဲ"
ဝုန္း
သူတို႔ သတိမထားမိ လိုက္ခ်ိန္တြင္ပင္ ေဘာလုံးအ႐ြယ္႐ွိ မီးလုံးႀကီး တစ္လုံး က်လာေသာ္လည္း ဖ်တ္လတ္ေသာ ယြင္ခ်ဲ႕မွာ ဓါးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္ၿပီး ထိုမီးလုံးႀကီးကို ထက္ပိုင္း ပိုင္းခ်လိုက္သည္။
"ဟင္ ..."
"အဆင့္ ၃ ဖုတ္ေကာင္ ? ငါမင္းကို ေစာင့္ေနတာၾကာၿပီ"
မီးေဘာလုံးကို ပိုင္းျဖတ္ လိုက္ၿပီးေနာက္တြင္ မီးေတာက္ ေလာင္ေနေသာ ဖုတ္ေကာင္ တစ္ေကာင္ကို ေတြ႕လိုက္ရသည္။ သူ၏မ်က္လုံးမွာ တိမ္မစြဲေနေတာ့ဘဲ အျဖဴႏွင့္အနက္ ျဖစ္ေနေသာေၾကာင့္ သူ၏အဆင့္ကို ယြင္ခ်ဲ႕ ခန္႔မွန္း ႏိုင္လိုက္သည္။
ယြင္ခ်ဲ႕မွာ အတိတ္ဘဝတြင္ ထိုသို႔ေသာ ဖုတ္ေကာင္မ်ားစြာႏွင့္ ေတြ႕ၾကဳံခဲ့ဖူးသည္။ ယြင္ခ်ဲ႕ လက္ေကာက္ဝတ္ကို အသာ ေဝွ႔ယမ္းလိုက္ရာ ခရမ္းေရာင္ႏွင့္ အျဖဴေရာင္ ေရာေနေသာ လွ်ပ္စီးတန္း တစ္ခုက ဖုတ္ေကာင္ထံသို႔ တန္းတန္းမတ္မတ္ ေရာက္သြားေလသည္။
"ဟမ္ !"
ဖုတ္ေကာင္မွာ ေအာ္ဟစ္လိုက္ၿပီး ကိုယ္ေပၚတြင္ ေတာက္ေလာင္ေနေသာ မီးတို႔မွာလည္း မ်က္စိတစ္မွိတ္ အတြင္းတြင္ ျဖတ္ေျပးသြားကာ ယြင္ခ်ဲ႕၏ လွ်ပ္စီးစြမ္းအားကို အန္တု ထားႏိုင္လိုက္သည္။
ဖုန္း
လွ်ပ္စီးဓါးႏွင္း မီးတို႔ ပြတ္တိုက္ မိၾကခ်ိန္တြင္ မီးပြားစြာ စင္ထြက္ ကုန္ေလသည္။ ႐ွင္းဖုန္းလည္း အဖြဲ႕သားမ်ားကို ႀကိဳတင္စုစည္း ထားလိုက္ၿပီး ေ႐ႊေရာင္ အကာအရံ တစ္ခုျဖင့္ ထိုမီးပြားမ်ားကို ကာေပးလိုက္သည္။ သူ၏အဖြဲ႕သားမ်ား လုံျခဳံစြာ ႐ွိေနသည္ကို သိထားသျဖင့္ ယြင္ခ်ဲ႕ ျပန္လွည့္ကာ သူ၏ ေလစြမ္းအားကို ထုတ္သုံးေလလ်က္ ပ်ံသန္းသြားေလသည္။
အဆင့္ ၃ ႐ွိေသာ ဖုတ္ေကာင္မွာ စြမ္းအားကို အသုံးျပဳ ႏိုင္ေသာ္လည္း သူတို႔မွာ ခံစားခ်က္ မ႐ွိသည့္အျပင္ ေတြးေခၚႏိုင္စြမ္းလည္း မ႐ွိေပ။
ယြင္ခ်ဲ႕ ပ်ံသြားရာ ေနာက္သို႔ ဖုတ္ေကာင္ အမီလိုက္ကာ မီးလုံးျဖင့္ ပစ္ခတ္ေသာ္လည္း ယြင္ခ်ဲ႕က ပို၍ လ်င္ျမန္သည့္အျပင္ ထိုမီးမ်ားကိုလည္း ေ႐ွာင္ကြင္း ႏိုင္လိုက္သည္။ တစ္ခ်ိန္တည္းတြင္ ယြင္ခ်ဲ႕ သူ၏ညာလက္ကို ေဝွ႔ယမ္းေနၿပီး ဓါးသြားမွာလည္း တလက္လက္ျဖစ္ေနသည္။
အဆင့္နိမ့္ေသာ ဖုတ္ေကာင္မ်ားမွာ သူတို႔၏ေခါင္းကို ဓါးႏွင့္ မထိုးစိုက္ ရေသးခ်ိန္တြင္ပင္ ေပါက္ကြဲ သြားတတ္ၾကသည္။ ထိုအခ်ိန္ တိုက္တစ္တိုက္ေပၚမွ တစ္စုံတစ္ေယာက္ ခုန္ခ်လာၿပီး မ်ားစြာေသာ ဖုတ္ေကာင္မွာလည္း ထိုသူအေနာက္မွ လိုက္လာခဲ့ၾကေလသည္။
"ေခါင္းေဆာင္က ေပၚလာၿပီပဲ .. ကိုယ့္ေခါင္းကို ေျမႀကီးထဲ သြားစိုက္ေနပါလား"
ယြင္ခ်ဲ႕လည္း အေလာင္းေကာင္တြင္ ထိုးစိုက္ေနေသာ သူ၏ဓါးကို ျပန္ေခၚယူလိုက္ၿပီး ထိုသူကို ေအးစက္စြာ စိုက္ၾကည့္လိုက္သည္။ ထို႔ေနာက္ ေျခဖေနာင့္ကို ေဆာင့္နင္းလိုက္ၿပီး ေလအဟုန္ကို စီးကာ ႐ွင္းဖုန္း တို႔ထံ ပ်ံသန္းသြားေလသည္။
ထိုလူသည္ အဆင့္ ၃ ႐ွိေသာ ဖုတ္ေကာင္သို႔ ဉီးတည္ သြားလိုက္ရာ အေနာက္မွလည္း ဖုတ္ေကာင္မ်ားစြာက ကိုယ္ရံေတာ္သဖြယ္ လိုက္လာၾကေလသည္။ ထူးဆန္းစြာပင္ ဖုတ္ေကာင္မ်ားမွာ ယြင္ခ်ဲ႕ႏွင့္ အျခားသူမ်ား၏ အေသြးအသားမ်ားကို ဆာေလာင္ ေနေသာ္လည္း ယြင္ခ်ဲ႕ တို႔အေပၚ ခုန္အုပ္ျခင္း မ႐ွိဘဲ ယဥ္ပါးေနသကဲ့သို႔ ေအာ္ဟစ္ေန႐ုံသာ လုပ္ေနၾကေလသည္။
ထိုအျဖစ္မွာ ထူးဆန္းေနသျဖင့္ ယြင္ခ်ဲ႕တို႔ အဖြဲ႕လည္း စိတ္မလြတ္ေစရန္ သတိကပ္စြာ ေစာင့္ၾကည့္ ေနၾကေလသည္။ မယုံႏိုင္ဖြယ္ရာ ဆိုေသာ္လည္း ဖုတ္ေကာင္မ်ားမွာ ထိုလူ၏ထိန္းခ်ဳပ္မႈ ေအာက္တြင္ ႐ွိေနသည္မွာ အထင္အ႐ွားပင္။
"ေဟးယြီ .. ခ်န္ခ်န္ ကို ဂ႐ုစိုက္ထားဉီး"
ယြင္ခ်ဲ႕လည္း ႀကိဳးကို ေျဖေလ်ာ့လိုက္ၿပီး ေဟးယြီ ေက်ာေပၚတြင္ ခ်န္ခ်န္ကို ၿမဲျမံစြာ ခ်ည္ေႏွာင္ ထားလိုက္သည္။ ထို႔ေနာက္ တစ္ဖက္လူကိုသာ အာ႐ုံစူးစိုက္ ထားလိုက္သည္။
"ဟြိဳင္အန္း .. ေ႐ွာင္ခ်ဲ႕ကို အတတ္ႏိုင္ဆုံး ေထာက္ပံ့ေပးလိုက္ ၿပီးေတာ့ ဖုတ္ေကာင္ေတြကိုလည္း သတိထားဉီး ... သူတို႔က အေတာ္လ်င္တယ္"
႐ွင္းဖုန္း၏ မ်က္ႏွာထက္တြင္ မည္သည့္ ခံစားခ်က္မွ မ႐ွိဘဲ အေ႐ွ႕ကိုသာ စိုက္ၾကည့္ေနေလသည္။ ယန္းဟြိဳင္အန္းႏွင့္ အျခားက်န္ေသာ ၃ ေယာက္မွာလည္း တိတ္ဆိတ္စြာ ေ႐ွ႕တိုးလာၾကၿပီး ႐ွင္းဖုန္း ေဘးတြင္ ရပ္ေနၾကေလသည္။ ယြင္ခ်ဲ႕လည္း တစ္ဖက္လွည့္ကာ ....
"ဇယ္ယြီ .. မင္းတို႔ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ၾကဉီး"
ယြင္ခ်ဲ႕၏ ခန္႔မွန္းခ်က္အရ ထိုလူအေနာက္မွ လိုက္လာၾကေသာ ဖုတ္ေကာင္မ်ားမွာ အဆင့္ ၂ ႏွင့္အထက္ ႐ွိၾကလိမ့္မည္။ က်ိဳးဇယ္ယြီႏွင့္ အျခားသူမ်ား၏ အစြမ္းမွာ အဆင့္ ၂ေရာက္ႏွင့္ၾကၿပီး ျဖစ္ေသာ္လည္း ဖုတ္ေကာင္မ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ ထားရသျဖင့္ စြမ္းအားမ်ား ေလ်ာ့က်ေနေလသည္။
"အင္း ေကာင္းၿပီ"
"မင္းတို႔အားလုံး ေသရမယ္"
ထိုလူမွာ ဖုတ္ေကာင္ကို ေခါင္းအစ ေျခအဆုံး ပြတ္သပ္လိုက္ၿပီး အနာတရ႐ွိမ႐ွိ စစ္ေဆးလိုက္သည္။ ထို႔ေနာက္ ယြင္ခ်ဲ႕ကို လွည့္ၾကည့္ကာ မႈန္ကုပ္စြာ ၾကည့္လိုက္ၿပီး သူ၏ မ်က္ႏွာမွာလည္း ေျပာင္းလဲ သြားေလသည္။
"လာစမ္းပါ !"
ယြင္ခ်ဲ႕လည္း အခ်ိန္မျဖဳန္း လိုသျဖင့္ လက္ကိုေျမႇာက္ကာ ဓါးကို ထိုလူသို႔ ခ်ိန္႐ြယ္ထားေလသည္။
"သြားၾက"
ထိုလူမွာ စကားနည္းပုံ ရသည္။ လက္ယပ္ကာ အခ်က္ျပ လိုက္သည္ႏွင့္ အေနာက္မွ ဖုတ္ေကာင္မ်ားမွာ အုံႂကြလာေလသည္။ အဆင့္နိမ့္ေသာ ဖုတ္ေကာင္မ်ားထက္ အဆင့္ ၂ ႐ွိေသာ ဖုတ္ေကာင္မ်ားမွာ ပို၍သန္မာ ျမန္ဆန္ၾကသျဖင့္ သူတို႔၏ ဉီးတည္ရာကို အျမန္ပင္ နီးကပ္လာေလသည္။
"ပစ္ေတာ့"
ဒိုင္း ဒိုင္း
႐ွင္းဖုန္း ေသနတ္ ပစ္လိုက္သည္ႏွင့္ ယန္းဟြိဳင္အန္းႏွင့္ က်န္ေသာ ေနာက္လိုက္တို႔မွာလည္း သူတို႔၏ စက္ေသနတ္မ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ေလသည္။ သို႔ေသာ္ ဖုတ္ေကာင္ အမ်ားစုမွာ အလြန္ ျမန္ဆန္လွသျဖင့္ လြတ္ေျမာက္သြားၿပီး သူတို႔ႏွင့္ ပို၍ နီးကပ္လာသည္။
"ေသစမ္း !"
ဝုန္း
ယြင္ခ်ဲ႕ သူ၏စြမ္းအားမ်ားကို ဓါးေပၚတြင္ စုစည္းလိုက္ၿပီး လက္တစ္ခ်က္ အေဝွ႔တြင္ ဓါးမွာ အ႐ွိန္ျဖင့္ ေလထဲတြင္ ျဖတ္ေျပး သြားေလသည္။
"ဟမ္ ..."
ယြင္ခ်ဲ႕၏ ဓါး႐ွည္မွာ ဖုတ္ေကာင္ ႏွစ္ေကာင္ကို ခါးမွပိုင္းျဖတ္ လိုက္ၿပီး ကိုယ္တစ္ပိုင္းစီ ျဖစ္သြားသည့္အျပင္ ႐ွင္းဖုန္းလည္း ခ်က္ခ်င္းပင္ ေသနတ္မ်ားႏွင့္ ပစ္ခတ္ေလသည္။
"ေဟးယြီ မင္းအရင္သြားႏွင့္ ... က်န္တဲ့သူေတြ ျပန္ဆုတ္ၾက"
ဖုတ္ေကာင္မ်ားစြာ ဝိုင္းရံလာသျဖင့္ ယြင္ခ်ဲ႕ ဓါးကို ၿမဲစြာဆုပ္ကိုင္ၿပီး ေအာ္ေျပာေလသည္။ ေဟးယြီလည္း အေျခအေနကို သေဘာေပါက္ကာ သူ၏ လက္သည္းႀကီးမ်ားျဖင့္ ဖုတ္ေကာင္မ်ားအား ကုတ္ဖဲ့ေလသည္။ က်ိဳးဇယ္ယြီႏွင့္ အျခားသူမ်ားလည္း ပူးေပါင္းကာ ေနာက္ဆုတ္ရင္းျဖင့္ ေဟးယြီကို ကူညီတိုက္ခိုက္ ေပးၾကေလသည္။
ဝုန္း
"ေသစမ္း ဒီေကာင္ေတြက သံနဲ႔ လုပ္ထားတာလား"
ဖုတ္ေကာင္မ်ား၏ အသံမ်ားႏွင့္ ေသနတ္သံမ်ား ေရာေႏွာေနသည္။ ပစ္မွတ္မ်ား နီးကပ္လာေလ ေသနတ္မ်ားမွာလည္း အလုပ္မျဖစ္ေတာ့ ေသာေၾကာင့္ ယန္းဟြိဳင္အန္းတို႔ ဓါးမ်ားထုတ္ကာ တိုက္ခိုက္ ၾကေသာ္လည္း ဓါးမ်ားမွာ ဖုတ္ေကာင္မ်ားကို မႏွိမ္နင္းႏိုင္ေပ။
"ဒါေတြက အဆင့္ ၂ ဖုတ္ေကာင္ေတြ ႐ုပ္႐ွင္ေတြထဲကလို သန္မာၾကတယ္ ... ႐ိုး႐ိုးသာမန္ ဓါးေလာက္နဲ႔ သူတို႔ကို မသတ္ႏိုင္ဘူး ငါတို႔ရဲ႕ အစြမ္းေတြ ထည့္သုံးမွ သတ္ႏိုင္မွာ"
ယြင္ခ်ဲ႕လည္း ဖုတ္ေကာင္ တစ္ေကာင္၏ ေခါင္းကို ျဖတ္လိုက္ၿပီး ေလအစြမ္းျဖင့္ ဖုတ္ေကာင္ေခါင္းထဲမွ အျမဳေတကို ယူထုတ္လိုက္သည္။ အဆင့္ ၂ ႐ွိေသာ ဖုတ္ေကာင္၏ အျမဳေတမွာ ဖန္ေဘာလုံး အ႐ြယ္႐ွိေနၿပီး အခုတစ္ႀကိမ္တြင္ မသိမ္းဆည္းေတာ့ဘဲ ယန္းဟြိဳင္အန္းကို ပစ္ေပးလိုက္သည္။
"ဒါ မီးအစြမ္းအျမဳေတပဲ .. မင္းလက္ထဲ ကိုင္ထားၿပီး အစြမ္းကို ထုတ္ထားလိုက္ ... မင္းရဲ႕အစြမ္းကို ပိုတိုးတက္ လာေစလိမ့္မယ္"
"အစ္ကိုယြင္ .. ဘာလို႔ ေစာေစာက မေျပာတာလဲ"
အျမဳေတကို ကိုင္ထားလ်က္ျဖင့္ ယန္းဟြိဳင္အန္း မ်က္ရည္ က်လုမတတ္ ျဖစ္လာသည္။ သူတို႔ ႀကိဳသိခဲ့လွ်င္ အျမဳေတမ်ားကို ႀကိဳတင္စုစည္း ႏိုင္ခဲ့လိမ့္မည္။ ထို႔အျပင္ သူတို႔၏ စြမ္းအားမ်ား ကုန္ဆုံးသြားမည္ စိုးေသာေၾကာင့္လည္း စြမ္းအားမ်ားကို အသုံးမျပဳခဲ့ၾကေပ။
"မင္းတို႔ကို ေျပာလိုက္ရင္ ငါတို႔က ဘယ္လိုလုပ္ စုလို႔ရေတာ့မွာလဲ"
ထိုအေျဖမွာ အနည္းငယ္ ကသိကေအာက္ ႏိုင္လွသျဖင့္ ယန္းဟြိဳင္အန္း ခြန္းတုံ႔ျပန္ရန္ စကားပင္ ႐ွာမရေတာ့ေပ။ ႐ွင္းဖုန္းလည္း ျပဳံးကာ လက္ေလ်ာ့ လိုက္ရသည္။ ယြင္ခ်ဲ႕ ေခါင္းမာမႈမွာ သူ႕အတြက္ မထူးဆန္းေတာ့သည့္ အျပင္ သူကိုယ္တိုင္လည္း ယြင္ခ်ဲ႕ ကဲ့သို႔ ေခါင္းမာသူ တစ္ေယာက္ပင္။
အဆင့္ ၂ဖုတ္ေကာင္မ်ားကို မည္သို႔ အႏိုင္ယူႏိုင္ေၾကာင္း သိၿပီးေနာက္ စြမ္းအား ကုန္ခန္းမည္ကိုလည္း မစိုးရိမ္ၾကေတာ့ေပ။ သူတို႔ ယုံၾကည္ခ်က္႐ွိ႐ွိ တိုက္ခိုက္ၾကသျဖင့္ ဖုတ္ေကာင္မ်ားစြာကို ႐ွင္းပစ္ ႏိုင္လိုက္သည္။ ယခုတစ္ႀကိမ္တြင္ ဖုတ္ေကာင္မ်ား၏ ေခါင္းမ်ားကို ေဖာက္ထုတ္ရျခင္းကို အတြန္႔မတက္ ၾကေတာ့ဘဲ ဖုတ္ေကာင္ တစ္ေကာင္ ေသၿပီးလွ်င္ ေခါင္းထဲမွ အျမဳေတမ်ားကို ေဖာက္ထုတ္ ယူၾကေလသည္။ အျမဳေတ အားလုံးမွာ အသုံးျပဳ၍ မရေသာ္လည္း သူတို႔၏အစြမ္းႏွင့္ သက္ဆိုင္ေသာ အျမဳေတမ်ားကို သာလွ်င္ စုပ္ယူစုေဆာင္း ရႏိုင္သည္။
ဝုန္း
ဖုတ္ေကာင္မ်ားစြာကို သတ္ျဖတ္ ႐ွင္းလင္းၿပီး ေနခ်ိန္တြင္ ႐ုတ္တရက္ သူတို႔အေပၚသို႔ မီးဓါးမ်ား မိုး႐ြာသကဲ့သို႔ က်ဆင္း လာေလသည္။ ေက်ာက္ေကာင္း ႏွင့္ အျခားသူမ်ား မီးစြဲေလာင္ကာ အနာတရ ျဖစ္သြားၾကၿပီး မီးစြမ္းအား ပိုင္႐ွင္ျဖစ္ေသာ ယန္းဟြိဳင္အန္း တစ္ေယာက္တည္းသာ ထိုမီးမ်ားမွ လြတ္သြားေလသည္။ သူတို႔ အေနာက္တြင္ ႐ွိေနေသာ ယြင္ေယာင္မွာ ခ်က္ခ်င္းပင္ ႀကီးမားေသာ ေရလုံး ၂ လုံး ဖန္တီးကာ သူတို႔ထဲ ပစ္လိုက္ရာ မီးၿငိမ္းသြားၿပီး ဒဏ္ရာမ်ားသာ က်န္ခဲ့ေလသည္။
"ဉီးေလး ႐ွင္း ... ဒါကို က်ဳပ္႐ွင္းလိုက္မယ္ က်န္တဲ့ သူေတြကို ဂ႐ုစိုက္လိုက္"
ေျပးလာေနေသာ အဆင့္ ၃ ႐ွိ ဖုတ္ေကာင္ကို ၾကည့္ကာ ယြင္ခ်ဲ႕ ေျပာလိုက္ၿပီး တိုက္ခိုက္ရန္ ျပင္လိုက္သည္။
"မင္းငါ့ကို ကာကြယ္ေပးမယ္လို႔ ကတိေပးထားတယ္မလား"
ယြင္ခ်ဲ႕ အေနာက္ကို ႐ွင္းဖုန္း လိုက္သြားၿပီး လက္ကို ေဝွ႔ယမ္းကာ ဓါးမ်ားလည္း ေဘးတြင္ ပ်ံသန္းေနေလသည္။
"ခင္ဗ်ား အ႐ွက္မမဲ့နဲ႔ .. ခင္ဗ်ားက ေ႐ႊအစြမ္း ႐ွိေနတာ ကြၽန္ေတာ္သိတယ္ အဲဒါက စြမ္းအားေတြထဲမွာ အစြမ္းအထက္ဆုံးပဲ"
ယြင္ခ်ဲ႕ စကားေျပာကာ ဖုတ္ေကာင္ တစ္ေကာင္ကို ဓါးႏွင့္ ထိုးစိုက္လိုက္သည္။ ဖုတ္ေကာင္မ်ားကို စုစည္းေနေသာ လူတစ္ေယာက္ကို ယြင္ခ်ဲ႕ အျမန္ၾကည့္လိုက္ၿပီး ထိုသူမွာ ဝိညာဥ္ ခ်ဳပ္ထိန္းသူထက္ ဖုတ္ေကာင္မ်ားကို စုစည္းေသာ သာမန္လူ တစ္ေယာက္ ျဖစ္မည္ဟု ယူဆလိုက္သည္။
ျပန္ေျပာရလွ်င္ ဖုတ္ေကာင္ စုစည္းသူမွာ ဝိညာဥ္ထိန္းခ်ဳပ္သူ၏ လက္ေအာက္ခံ ျဖစ္ေနၿပီး ဖုတ္ေကာင္မ်ားကိုသာ ထိန္းခ်ဳပ္ ႏိုင္ေသာ္လည္း လူသားမ်ားအေပၚ မသက္ေရာက္ႏိုင္ေပ။ ထို႔ေၾကာင့္ ဖုတ္ေကာင္ စုစည္းသူဟုသာ အမည္ရထားျခင္း ျဖစ္သည္။
"မင္းမသိတာ ဘာ႐ွိေသးလဲ"
႐ွင္းဖုန္း ႏွစ္သက္စြာ ရယ္ေမာလိုက္သည္။ ယြင္ခ်ဲ႕သည္ စြမ္းအားမ်ား အေၾကာင္းကို ထိုမွ်သိေနလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ထို႔ေနာက္ သူ၏ေ႐ႊအစြမ္းမွ ဓါးမ်ားကို ဖြဲ႕စည္းလိုက္ၿပီး အနားတစ္ဝိုက္႐ွိ ဖုတ္ေကာင္မ်ားထံသို႔ ပစ္ခတ္လိုက္သည္။ ထိုဖုတ္ေကာင္မ်ားမွာ အဆင့္နိမ့္ၾကၿပီး ပို၍ အားနည္းၾကသည္။
"ေတာက္ !"
ဒိုင္း
တိုက္ပြဲမွာ အလြန္ လြယ္ကူသည္ဟု ထင္ရေသာ္လည္း ၾကာ႐ွည္စြာ တိုက္ခိုက္ခဲ့ရသျဖင့္ ယြင္ခ်ဲ႕ႏွင့္ ႐ွင္းဖုန္းတို႔ ေမာပန္းေနၾကၿပီ ျဖစ္သည္။ စြမ္းအင္မ်ားကို မ်ားစြာ အသုံးျပဳခဲ့ရသျဖင့္ အျမဳေတမ်ားပင္လွ်င္ အက်ိဳး မထိေရာက္ေပ။ ယြင္ခ်ဲ႕ သူ၏ဓါးခ်က္ကို ေအာင္ျမင္စြာ မလုပ္ေဆာင္ ႏိုင္ခဲ့သည့္အျပင္ မလြတ္မီ အခ်ိန္တြင္ မီးေဘာလုံးႏွင့္ ထိမွန္ခဲ့ရသည္။ သူ၏ေသးသြယ္ေသာ ခႏၶာကိုယ္မွာ အနာတရ ျဖစ္သြားၿပီး ေျမျပင္ေပၚ လဲက်သြားေလသည္။
***