Unicode
အခန်း (၃၇)
"ဟား..ဟား .."
ရင်ထဲမှ နက်ရှိုင်းသော နေရာမှတဆင့် ရယ်သံတိုးတိုး ထွက်ပေါ်လာသည်။ ယွင်ချဲ့ ဘောင်းဘီကိုတွယ်ကုပ်ကာ ဖက်တက်နေသော လက်ဝါးအရွယ် ခွေးလေး တစ်ကောင်ကိုတော့ မည်သူမှ သတိမပြုမိကြပေ။
"သခင် .. ဖုတ်ကောင်တွေက ကြောက်စရာကြီးတွေ .. ကျွန်တော့်ကိုလည်း ကာကွယ်ပေးပါနော်"
"ဆင်းစမ်း”
ယွင်ချဲ့ မျက်လုံးဖွင့်ကာ ဟေးယွီနှင့် စကားပြောရန်ပင် ငြင်းဆန် လိုက်သည်။ သူ၏အစွမ်းကို ပြသရန် အချိန်ကောင်း မရောက်သေးသော်လည်း ခွေးပေါက်စလေး တစ်ကောင် အရွယ်သို့ ပြောင်းလဲ လိုက်သည်။
"မဆင်းဘူး မသွားဘူး”
ယွင်ချဲ့ ခြေထောက်ပေါ်တွင် ဟိုဒီလူးလှိမ့် နေပြီးနောက် ဗိုက်ပေါ်သို့ ကုတ်တွယ်ကာ ချန်ချန် မှီသကဲ့သို့ ယွင်ချဲ့ ပေါ်တွင် မှီအိပ်လိုက်ပြီး ချော့ကလက် ချောင်းအိတ်ကို ကိုက်ဖောက် လိုက်လေသည်။ ထိုပုံစံကိုကြည့်ရင်း ယွင်ချဲ့မှာ ထိုသတ္တဝါကို ဂုတ်မှဆွဲကာ ပြတင်းပေါက်မှနေ၍ လွှင့်ပစ်ချင်သွားသည်။
"ဒါက စကားပြောတတ်တဲ့ ခွေးလား"
ရှင်းဖုန်း မှတ်မိရသလောက်ဆိုလျှင် သူတွေ့ခဲ့သော တစ်ကောင်မှာ ယခုထက် အရွယ်ကြီးသောကြောင့် စိတ်မှာလည်း သံသယ များစွာဖြင့် ဝေခွဲမရ ဖြစ်လာလေသည်။
"အင်း ... ဒါက အသွင်ပြောင်းကောင်ပဲ"
"တကယ်လား"
ရှင်းဖုန်း၏ သူငယ်အိမ်များ တုန်လှုပ်သွားသည်။ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်တွင် ရှိသော တိရစ္ဆာန်များမှာ လူသားများထက် မလျော့သဖြင့် လူသားများ နေထိုင်သည့် လောကက ပို၍ကျဉ်းမြောင်းနေသည် မဟုတ်လား။
"ဘယ်လို ပြောရမလဲ ... အပင်တွေလည်း သန္ဓေပြောင်းလာမယ် ဖုတ်ကောင် အကိုက်ခံရတဲ့ တိရစ္ဆာန်တွေလည်း ဖုတ်ကောင်တွေ ဖြစ်လာနိုင်တယ်"
တိရစ္ဆာန် ဖုတ်ကောင်များလည်း မကြာခင် ပေါ်ပေါက် လာနိုင်သောကြောင့် ရှင်းဖုန်းကိုပြောမည်ဟု ယွင်ချဲ့ စိတ်ကူးခဲ့သည်။ ထိုမှသာ အနောက်တောင် စခန်းမှ ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင် ထားနိုင်မည်ဖြစ်သည်။
"မင်းတော်တော် သိထားတာပဲ"
သူပင် မသိသော အရာကို ယွင်ချဲ့ ကောင်းကောင်းမွန်မွန် သိနေသဖြင့် ယွင်ချဲ့ကို ရှင်းဖုန်း စိုက်ကြည့်နေရင်း ပို၍သံသယ ဖြစ်စေလာသည်။ ထိုသံသယမှာ မကောင်းသော အတွေးမဟုတ်သော်လည်း ယွင်ချဲ့ကို ပို၍စိတ်ဝင်စား လာစေသည်။
"ရူးကြောင်ကြောင် သုတေသီတွေ ခွဲစိတ်စမ်းသပ် လေ့လာဖို့အတွက် ကျုပ်ကို ဓါတ်ခွဲစမ်းသပ်ခန်းဆီ ပို့ဉီးမှာလား"
ယွင်ချဲ့ ရုတ်တရက် ထထိုင်ကာ ရှင်းဖုန်း ပခုံးပေါ်ကို လက်တင်ကာ ပြုံးလျက် ပြောလိုက်သော်လည်း မျက်ဝန်းမှာတော့ စစ်မှန်သော အပြုံးရိပ်ယောင်များ ကင်းစင်နေသည်။
"မင်းမရယ်ချင်ရင်လည်း မရယ်ပါနဲ့"
ရှင်းဖုန်း ပြောပြီးနောက် ခေါင်းကိုငုံ့ကာ ယွင်ချဲ့ အနားတိုးကပ် သွားကာ ယွင်ချဲ့ နားအောက်ဖျားကို လျှာနှင့် အသာလျက်လိုက်ပြီး ...
"စမ်းသပ်ခန်းထဲ သွားပြီး စစ်ဆေးခံစရာ မလိုပါဘူး ... ဒါပေမယ့် ငါ့အိပ်ရာပေါ်မှာ စစ်ဆေးခံချင်လား"
ရမ္မက်ပါပါ စနောက်ခြင်းနှင့် နွေးထွေးသော ဝင်လေထွက်လေတို့မှာ ငယ်ရွယ်ကာ ဆတ်ဆတ်ထိမခံသော ခန္ဓာကိုယ်ကို နှိုးဆွနေသည်။ အကြောင်းအချို့ကြောင့် ရှင်းဖုန်းကို ယွင်ချဲ့ မယှဉ်ပြိုင်နိုင်ပေ။
"အခုအရေးကြီး ကိစ္စတွေကိုပဲ ပြောနေတာ .. ကလိမ်ကကျစ် မလုပ်နဲ့"
ရှင်းဖုန်းကို ယွင်ချဲ့ စိုက်ကြည့် လိုက်သော်လည်း ရှင်းဖုန်း ပခုံးပေါ်ကို ပြန်၍ မှီအိပ်နေလိုက်သည်။
"ဟားဟားဟား ..."
ရှင်းဖုန်း စနောက်ခြင်းကို ရပ်သင့်ပြီဟု တွေးကာ ယွင်ချဲ့ အကြောင်းကို ပို၍သိချင် လာလေသည်။
"သူ့ကို လမ်းမှာ တွေ့ခဲ့တာ"
ရှင်းဖုန်း၏ ပထမမေးခွန်းကို ညည်းတွားစွာ ဖြေလိုက်သည်။ သူတို့စကား ပြောသည်ကို နားထောင်နေသော လန်ယဲ့ဟန်မှာ သူတို့လာရာ လမ်းတွင် တိရစ္ဆာန် တစ်ကောင်ကောင်ကို တွေ့ခဲ့သလားဟု တွေးကာ စိတ်ရှုပ်ထွေး သွားရလေသည်။ မပိရိသော လိမ်ညာခြင်း ဖြစ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် လွန်စွာ ရင်းနှီးခြင်းကြောင့် ယွင်ချဲ့ကို မည်သူမှ ချောက်တွန်းမည် မဟုတ်ပေ။
ယွင်ယောင် တစ်ယောက်သာလျှင် စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို မကျေမနပ် ဖြစ်နေသည်။ အမြဲအတူတကွ ရှိနေသော လူနှစ်ယောက်ကို ကြည့်ကာ ယွင်ယောင် အမြဲမျက်ခုံး လှုပ်နေပြီး တစ်ခုခုကို စိုးရိမ်နေမိသည်။
"နားလိုက်ဉီး .. ကျောက်ကောင်း မင်း ဟွိုင်အန်းတို့ကို ခြေရာခံလိုက်ပြီး မောင်းသွားလိုက် ... ဒီညတော့ နားဖို့ တစ်နေရာရှာပြီး မနက်ဖြန်မှ စခန်းကို ပြန်ကြမယ်"
ယွင်ချဲ့ ပြောသော စကားကို ရှင်းဖုန်း မယုံဟုပြောခဲ့သော်လည်း ယွင်ချဲ့မှာ အသက်ခြိမ်းခြောက် ခံရလျှင်တောင် ပြောပြမည် မဟုတ်သောကြောင့် သူဆက်မမေးတော့ပေ။ မည်သို့ဖြစ်ဖြစ် နောင်တစ်ချိန်တွင် သူသိလိုသမျှ မေးနိုင်ရန် အခွင့်အရေးများစွာ ရလာမည်ပင်။
အရင်ဉီး စွာထွက်သွားသော ယန်းဟွိုင်အန်းက မြို့အစွန်နားတွင် တည်းခိုခန်းငယ် တစ်ခုကို တွေ့ထားလေသည်။ ယွင်ချဲ့တို့၏ ကားရောက် လာချိန်တွင် တည်းခိုခန်းထဲရှိ ဖုတ်ကောင်များကို ယန်းဟွိုင်အန်းတို့ ရှင်းလင်းထားနှင့်ပြီး ဖြစ်သည်။ ကောင်းကင်ထက်မှ နှင်းပွင့်များစွာ ကျဆင်းနေသဖြင့် ယွင်ချဲ့ မျက်မှောင်ကြုတ် လိုက်သည်။ အရာရာပြောင်းလဲ သွားလေပြီ။ သူမှတ်မိထားသည်က အတိတ်ဘဝတွင် နှင်းများမှာ ဧပရယ်လတွင်သာ ကျရမည် ဖြစ်သော်လည်း ယခုမှာ မတ်လလယ် တွင်း၌ နှင်းကျနေလေသည်။
"ထပ်ပြီး ပြောင်းလဲပြန်ဉီးမယ်"
"အင်း"
ယွင်ချဲ့ ရေရွတ်လိုက်သည်ကို တံခါးနားတွင် ရှိနေသော ရှင်းဖုန်း ကလည်း ထောက်ခံလိုက်သည်။ ကမ္ဘာပျက်ကပ်မှာ နှင်းများ သိပ်သည်း ထူထပ်စွာ ကျဆင်းလာခဲ့ရာမှ ဖြစ်လာကြောင်း သူတို့ အားလုံး သိထားကြပြီး ဖြစ်သည်။
"မင်းဘာတွေ သိထားသေးလဲ"
ယွင်ချဲ့ကို လှည့်ကြည့်ရင်း ရှင်းဖုန်း လွှတ်ခနဲ မေးလိုက် မိသည်ကို ယွင်ချဲ့ ခေါင်းခါပြပြီး မျက်နှာလွှဲ လိုက်သည်။ အမှန်တိုင်း ဆိုရလျှင် သူများများစားစား မပြောချင်ပေ။ လွတ်မြောက် လာကြပြီးနောက် သူတို့အားလုံး မောပန်းနေကြသဖြင့် ဟေးယွီကို ကင်းစောင့်ခိုင်းကာ ကျန်သော သူများကို စုဝေးလိုက်ပြီး တရေးတမော အိပ်စေသည်။
"မောနင်း ဉီးဉီး ”
စွမ်းအားရှိ သူများက အင်အားပြည့်နေပြီ ဖြစ်သောကြောင့် နာရီအနည်းငယ်ကာ အနားယူရုံဖြင့် လုံလောက်လေပြီ။ ယွင်ချဲ့ နိုးလာသောအခါ ဘေးတွင် ချန်ချန် လဲနေပြီး ချိုချဉ် ပလုတ်တုတ်ကိုပါ ပါးစပ်တွင် ကိုက်ထားလျက်ပင်။ ယွင်ချဲ့ နိုးလာသည်ကို မြင်လိုက်သဖြင့် ချန်ချန် အမြန်ပင် ယွင်ချဲ့ ပါးကိုနမ်းလိုက်သည်။
"မောနင်း ချန်ချန်"
ယွင်ချဲ့လည်း ထလာကာ ချန်ချန်၏ မျက်နှာလေးကို နမ်းလိုက်ပြီး ....
"ချန်ချန် .. သကြားလုံးကို ဘယ်က ရလာတာလဲ"
ယွင်ချဲ့ သာမန်ကာလျှံကာ မေးလိုက်သော်လည်း ချန်ချန်လေးမှာ လေထုထဲမှနေ၍ ချိုချဉ်ချောင်းကို ယူထုတ် လိုက်လေသည်။
"ရော့ ... ဉီးဉီး စား"
"ဟင်”
ယွင်ချဲ့ အံ့ဩသွားရလေသည်။ ချိုချဉ်မှာ လေထုထဲက ထွက်လာခဲ့သည် မဟုတ်လား။ သူကိုယ်တိုင်လည်း လေဟာနယ်စွမ်းအား ဖြစ်နေသည့်အပြင် ချန်ချန် ကလည်း လေဟာနယ် အစွမ်းကို ရရှိသွားခဲ့ပြီလား။ ဘယ်အချိန်က ဖြစ်သွားခဲ့တာလဲ။
"ဉီးဉီး ?"
ချန်ချန်က ထူးဆန်းနေပုံဖြင့် ခေါင်းကို စောင်းကြည့် လိုက်ပုံမှာ သူ၏ဉီးလေး ဘာများ ဖြစ်သွားတာလဲဟု တွေးနေပုံပင်။
"ချန်ချန် .. သားဆီမှာ ပစ္စည်းတွေ အများကြီး ထည့်လို့ရတဲ့ အိမ်ကြီးရှိလား"
လေဟာနယ် အစွမ်းရကာစ လူတစ်ယောက်၏ အရေးကြီးသော အချက်ကို တွေးမိလိုက်ပြီး ချန်ချန်ကို အမြန်ချီယူကာ ကလေးအတွေးနှင့် နားလည်နိုင်လောက်သည် အထိ တွေးကာ မေးလိုက်သည်။ ချန်ချန်မှာ လေဟာနယ် အစွမ်းကို ပိုင်ဆိုင် သွားလိမ့်မည်ဟု ယွင်ချဲ့ တစ်ခါမှမတွေးခဲ့ဖူးပေ။
***
Zawgyi
အခန္း (၃၇)
"ဟား..ဟား .."
ရင္ထဲမွ နက္႐ိႈင္းေသာ ေနရာမွတဆင့္ ရယ္သံတိုးတိုး ထြက္ေပၚလာသည္။ ယြင္ခ်ဲ႕ ေဘာင္းဘီကိုတြယ္ကုပ္ကာ ဖက္တက္ေနေသာ လက္ဝါးအ႐ြယ္ ေခြးေလး တစ္ေကာင္ကိုေတာ့ မည္သူမွ သတိမျပဳမိၾကေပ။
"သခင္ .. ဖုတ္ေကာင္ေတြက ေၾကာက္စရာႀကီးေတြ .. ကြၽန္ေတာ္႕ကိုလည္း ကာကြယ္ေပးပါေနာ္"
"ဆင္းစမ္း”
ယြင္ခ်ဲ႕ မ်က္လုံးဖြင့္ကာ ေဟးယြီႏွင့္ စကားေျပာရန္ပင္ ျငင္းဆန္ လိုက္သည္။ သူ၏အစြမ္းကို ျပသရန္ အခ်ိန္ေကာင္း မေရာက္ေသးေသာ္လည္း ေခြးေပါက္စေလး တစ္ေကာင္ အ႐ြယ္သို႔ ေျပာင္းလဲ လိုက္သည္။
"မဆင္းဘူး မသြားဘူး”
ယြင္ခ်ဲ႕ ေျခေထာက္ေပၚတြင္ ဟိုဒီလူးလွိမ့္ ေနၿပီးေနာက္ ဗိုက္ေပၚသို႔ ကုတ္တြယ္ကာ ခ်န္ခ်န္ မွီသကဲ့သို႔ ယြင္ခ်ဲ႕ ေပၚတြင္ မွီအိပ္လိုက္ၿပီး ေခ်ာ့ကလက္ ေခ်ာင္းအိတ္ကို ကိုက္ေဖာက္ လိုက္ေလသည္။ ထိုပုံစံကိုၾကည့္ရင္း ယြင္ခ်ဲ႕မွာ ထိုသတၱဝါကို ဂုတ္မွဆြဲကာ ျပတင္းေပါက္မွေန၍ လႊင့္ပစ္ခ်င္သြားသည္။
"ဒါက စကားေျပာတတ္တဲ့ ေခြးလား"
႐ွင္းဖုန္း မွတ္မိရသေလာက္ဆိုလွ်င္ သူေတြ႕ခဲ့ေသာ တစ္ေကာင္မွာ ယခုထက္ အ႐ြယ္ႀကီးေသာေၾကာင့္ စိတ္မွာလည္း သံသယ မ်ားစြာျဖင့္ ေဝခြဲမရ ျဖစ္လာေလသည္။
"အင္း ... ဒါက အသြင္ေျပာင္းေကာင္ပဲ"
"တကယ္လား"
႐ွင္းဖုန္း၏ သူငယ္အိမ္မ်ား တုန္လႈပ္သြားသည္။ ထိုသို႔ဆိုလွ်င္ ကမ႓ာေပၚတြင္ ႐ွိေသာ တိရစၧာန္မ်ားမွာ လူသားမ်ားထက္ မေလ်ာ့သျဖင့္ လူသားမ်ား ေနထိုင္သည့္ ေလာကက ပို၍က်ဥ္းေျမာင္းေနသည္ မဟုတ္လား။
"ဘယ္လို ေျပာရမလဲ ... အပင္ေတြလည္း သေႏၶေျပာင္းလာမယ္ ဖုတ္ေကာင္ အကိုက္ခံရတဲ့ တိရစၧာန္ေတြလည္း ဖုတ္ေကာင္ေတြ ျဖစ္လာႏိုင္တယ္"
တိရစၧာန္ ဖုတ္ေကာင္မ်ားလည္း မၾကာခင္ ေပၚေပါက္ လာႏိုင္ေသာေၾကာင့္ ႐ွင္းဖုန္းကိုေျပာမည္ဟု ယြင္ခ်ဲ႕ စိတ္ကူးခဲ့သည္။ ထိုမွသာ အေနာက္ေတာင္ စခန္းမွ ထိုအေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ ထားႏိုင္မည္ျဖစ္သည္။
"မင္းေတာ္ေတာ္ သိထားတာပဲ"
သူပင္ မသိေသာ အရာကို ယြင္ခ်ဲ႕ ေကာင္းေကာင္းမြန္မြန္ သိေနသျဖင့္ ယြင္ခ်ဲ႕ကို ႐ွင္းဖုန္း စိုက္ၾကည့္ေနရင္း ပို၍သံသယ ျဖစ္ေစလာသည္။ ထိုသံသယမွာ မေကာင္းေသာ အေတြးမဟုတ္ေသာ္လည္း ယြင္ခ်ဲ႕ကို ပို၍စိတ္ဝင္စား လာေစသည္။
"႐ူးေၾကာင္ေၾကာင္ သုေတသီေတြ ခြဲစိတ္စမ္းသပ္ ေလ့လာဖို႔အတြက္ က်ဳပ္ကို ဓါတ္ခြဲစမ္းသပ္ခန္းဆီ ပို႔ဉီးမွာလား"
ယြင္ခ်ဲ႕ ႐ုတ္တရက္ ထထိုင္ကာ ႐ွင္းဖုန္း ပခုံးေပၚကို လက္တင္ကာ ျပဳံးလ်က္ ေျပာလိုက္ေသာ္လည္း မ်က္ဝန္းမွာေတာ့ စစ္မွန္ေသာ အျပဳံးရိပ္ေယာင္မ်ား ကင္းစင္ေနသည္။
"မင္းမရယ္ခ်င္ရင္လည္း မရယ္ပါနဲ႔"
႐ွင္းဖုန္း ေျပာၿပီးေနာက္ ေခါင္းကိုငုံ႔ကာ ယြင္ခ်ဲ႕ အနားတိုးကပ္ သြားကာ ယြင္ခ်ဲ႕ နားေအာက္ဖ်ားကို လွ်ာႏွင့္ အသာလ်က္လိုက္ၿပီး ...
"စမ္းသပ္ခန္းထဲ သြားၿပီး စစ္ေဆးခံစရာ မလိုပါဘူး ... ဒါေပမယ့္ ငါ့အိပ္ရာေပၚမွာ စစ္ေဆးခံခ်င္လား"
ရမၼက္ပါပါ စေနာက္ျခင္းႏွင့္ ေႏြးေထြးေသာ ဝင္ေလထြက္ေလတို႔မွာ ငယ္႐ြယ္ကာ ဆတ္ဆတ္ထိမခံေသာ ခႏၶာကိုယ္ကို ႏိႈးဆြေနသည္။ အေၾကာင္းအခ်ိဳ႕ေၾကာင့္ ႐ွင္းဖုန္းကို ယြင္ခ်ဲ႕ မယွဥ္ၿပိဳင္ႏိုင္ေပ။
"အခုအေရးႀကီး ကိစၥေတြကိုပဲ ေျပာေနတာ .. ကလိမ္ကက်စ္ မလုပ္နဲ႔"
႐ွင္းဖုန္းကို ယြင္ခ်ဲ႕ စိုက္ၾကည့္ လိုက္ေသာ္လည္း ႐ွင္းဖုန္း ပခုံးေပၚကို ျပန္၍ မွီအိပ္ေနလိုက္သည္။
"ဟားဟားဟား ..."
႐ွင္းဖုန္း စေနာက္ျခင္းကို ရပ္သင့္ၿပီဟု ေတြးကာ ယြင္ခ်ဲ႕ အေၾကာင္းကို ပို၍သိခ်င္ လာေလသည္။
"သူ႕ကို လမ္းမွာ ေတြ႕ခဲ့တာ"
႐ွင္းဖုန္း၏ ပထမေမးခြန္းကို ညည္းတြားစြာ ေျဖလိုက္သည္။ သူတို႔စကား ေျပာသည္ကို နားေထာင္ေနေသာ လန္ယဲ့ဟန္မွာ သူတို႔လာရာ လမ္းတြင္ တိရစၧာန္ တစ္ေကာင္ေကာင္ကို ေတြ႕ခဲ့သလားဟု ေတြးကာ စိတ္႐ႈပ္ေထြး သြားရေလသည္။ မပိရိေသာ လိမ္ညာျခင္း ျဖစ္ေသာ္လည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ လြန္စြာ ရင္းႏွီးျခင္းေၾကာင့္ ယြင္ခ်ဲ႕ကို မည္သူမွ ေခ်ာက္တြန္းမည္ မဟုတ္ေပ။
ယြင္ေယာင္ တစ္ေယာက္သာလွ်င္ စိတ္ထဲတြင္ တစ္စုံတစ္ေယာက္ကို မေက်မနပ္ ျဖစ္ေနသည္။ အၿမဲအတူတကြ ႐ွိေနေသာ လူႏွစ္ေယာက္ကို ၾကည့္ကာ ယြင္ေယာင္ အၿမဲမ်က္ခုံး လႈပ္ေနၿပီး တစ္ခုခုကို စိုးရိမ္ေနမိသည္။
"နားလိုက္ဉီး .. ေက်ာက္ေကာင္း မင္း ဟြိဳင္အန္းတို႔ကို ေျခရာခံလိုက္ၿပီး ေမာင္းသြားလိုက္ ... ဒီညေတာ့ နားဖို႔ တစ္ေနရာ႐ွာၿပီး မနက္ျဖန္မွ စခန္းကို ျပန္ၾကမယ္"
ယြင္ခ်ဲ႕ ေျပာေသာ စကားကို ႐ွင္းဖုန္း မယုံဟုေျပာခဲ့ေသာ္လည္း ယြင္ခ်ဲ႕မွာ အသက္ၿခိမ္းေျခာက္ ခံရလွ်င္ေတာင္ ေျပာျပမည္ မဟုတ္ေသာေၾကာင့္ သူဆက္မေမးေတာ့ေပ။ မည္သို႔ျဖစ္ျဖစ္ ေနာင္တစ္ခ်ိန္တြင္ သူသိလိုသမွ် ေမးႏိုင္ရန္ အခြင့္အေရးမ်ားစြာ ရလာမည္ပင္။
အရင္ဉီး စြာထြက္သြားေသာ ယန္းဟြိဳင္အန္းက ၿမိဳ႕အစြန္နားတြင္ တည္းခိုခန္းငယ္ တစ္ခုကို ေတြ႕ထားေလသည္။ ယြင္ခ်ဲ႕တို႔၏ ကားေရာက္ လာခ်ိန္တြင္ တည္းခိုခန္းထဲ႐ွိ ဖုတ္ေကာင္မ်ားကို ယန္းဟြိဳင္အန္းတို႔ ႐ွင္းလင္းထားႏွင့္ၿပီး ျဖစ္သည္။ ေကာင္းကင္ထက္မွ ႏွင္းပြင့္မ်ားစြာ က်ဆင္းေနသျဖင့္ ယြင္ခ်ဲ႕ မ်က္ေမွာင္ၾကဳတ္ လိုက္သည္။ အရာရာေျပာင္းလဲ သြားေလၿပီ။ သူမွတ္မိထားသည္က အတိတ္ဘဝတြင္ ႏွင္းမ်ားမွာ ဧပရယ္လတြင္သာ က်ရမည္ ျဖစ္ေသာ္လည္း ယခုမွာ မတ္လလယ္ တြင္း၌ ႏွင္းက်ေနေလသည္။
"ထပ္ၿပီး ေျပာင္းလဲျပန္ဉီးမယ္"
"အင္း"
ယြင္ခ်ဲ႕ ေရ႐ြတ္လိုက္သည္ကို တံခါးနားတြင္ ႐ွိေနေသာ ႐ွင္းဖုန္း ကလည္း ေထာက္ခံလိုက္သည္။ ကမ႓ာပ်က္ကပ္မွာ ႏွင္းမ်ား သိပ္သည္း ထူထပ္စြာ က်ဆင္းလာခဲ့ရာမွ ျဖစ္လာေၾကာင္း သူတို႔ အားလုံး သိထားၾကၿပီး ျဖစ္သည္။
"မင္းဘာေတြ သိထားေသးလဲ"
ယြင္ခ်ဲ႕ကို လွည့္ၾကည့္ရင္း ႐ွင္းဖုန္း လႊတ္ခနဲ ေမးလိုက္ မိသည္ကို ယြင္ခ်ဲ႕ ေခါင္းခါျပၿပီး မ်က္ႏွာလႊဲ လိုက္သည္။ အမွန္တိုင္း ဆိုရလွ်င္ သူမ်ားမ်ားစားစား မေျပာခ်င္ေပ။ လြတ္ေျမာက္ လာၾကၿပီးေနာက္ သူတို႔အားလုံး ေမာပန္းေနၾကသျဖင့္ ေဟးယြီကို ကင္းေစာင့္ခိုင္းကာ က်န္ေသာ သူမ်ားကို စုေဝးလိုက္ၿပီး တေရးတေမာ အိပ္ေစသည္။
"ေမာနင္း ဉီးဉီး ”
စြမ္းအား႐ွိ သူမ်ားက အင္အားျပည့္ေနၿပီ ျဖစ္ေသာေၾကာင့္ နာရီအနည္းငယ္ကာ အနားယူ႐ုံျဖင့္ လုံေလာက္ေလၿပီ။ ယြင္ခ်ဲ႕ ႏိုးလာေသာအခါ ေဘးတြင္ ခ်န္ခ်န္ လဲေနၿပီး ခ်ိဳခ်ဥ္ ပလုတ္တုတ္ကိုပါ ပါးစပ္တြင္ ကိုက္ထားလ်က္ပင္။ ယြင္ခ်ဲ႕ ႏိုးလာသည္ကို ျမင္လိုက္သျဖင့္ ခ်န္ခ်န္ အျမန္ပင္ ယြင္ခ်ဲ႕ ပါးကိုနမ္းလိုက္သည္။
"ေမာနင္း ခ်န္ခ်န္"
ယြင္ခ်ဲ႕လည္း ထလာကာ ခ်န္ခ်န္၏ မ်က္ႏွာေလးကို နမ္းလိုက္ၿပီး ....
"ခ်န္ခ်န္ .. သၾကားလုံးကို ဘယ္က ရလာတာလဲ"
ယြင္ခ်ဲ႕ သာမန္ကာလွ်ံကာ ေမးလိုက္ေသာ္လည္း ခ်န္ခ်န္ေလးမွာ ေလထုထဲမွေန၍ ခ်ိဳခ်ဥ္ေခ်ာင္းကို ယူထုတ္ လိုက္ေလသည္။
"ေရာ့ ... ဉီးဉီး စား"
"ဟင္”
ယြင္ခ်ဲ႕ အံ့ဩသြားရေလသည္။ ခ်ိဳခ်ဥ္မွာ ေလထုထဲက ထြက္လာခဲ့သည္ မဟုတ္လား။ သူကိုယ္တိုင္လည္း ေလဟာနယ္စြမ္းအား ျဖစ္ေနသည့္အျပင္ ခ်န္ခ်န္ ကလည္း ေလဟာနယ္ အစြမ္းကို ရ႐ွိသြားခဲ့ၿပီလား။ ဘယ္အခ်ိန္က ျဖစ္သြားခဲ့တာလဲ။
"ဉီးဉီး ?"
ခ်န္ခ်န္က ထူးဆန္းေနပုံျဖင့္ ေခါင္းကို ေစာင္းၾကည့္ လိုက္ပုံမွာ သူ၏ဉီးေလး ဘာမ်ား ျဖစ္သြားတာလဲဟု ေတြးေနပုံပင္။
"ခ်န္ခ်န္ .. သားဆီမွာ ပစၥည္းေတြ အမ်ားႀကီး ထည့္လို႔ရတဲ့ အိမ္ႀကီး႐ွိလား"
ေလဟာနယ္ အစြမ္းရကာစ လူတစ္ေယာက္၏ အေရးႀကီးေသာ အခ်က္ကို ေတြးမိလိုက္ၿပီး ခ်န္ခ်န္ကို အျမန္ခ်ီယူကာ ကေလးအေတြးႏွင့္ နားလည္ႏိုင္ေလာက္သည္ အထိ ေတြးကာ ေမးလိုက္သည္။ ခ်န္ခ်န္မွာ ေလဟာနယ္ အစြမ္းကို ပိုင္ဆိုင္ သြားလိမ့္မည္ဟု ယြင္ခ်ဲ႕ တစ္ခါမွမေတြးခဲ့ဖူးေပ။
***