Unicode
အခန်း (၂၇)
"ဟေး အဲဒီရွှေခေါင်းစွပ်နဲ့ သံချပ်ကာကို စမ်းဝတ်ကြည့်လို့ ရမလား ?"
ရုတ်တရက် ဩရှရှစကားသံ ထွက်လာပြီး အခြားသူများ သတိမထား လိုက်ချိန်တွင် လူတစ်ယောက် ခုန်ဝင်လာကာ ပါမောက္ခ ဝမ်ကို ဓါးရှည်နှင့် လွဲရိုက်ချလိုက်သည်။
ချလွမ်
ယခုတစ်ခါတွင် ပါမောက္ခ ဝမ်၏ ဘယ်ဘက်ပခုံးပေါ်တွင် ကြီးမားသော ချိုင့်ရာတစ်ခု ထင်သွားကာ ခန္ဓာကိုယ်မှာလည်း အနောက်သို့ ယိုင်သွားလေသည်။
"သေစမ်း ရွှေသံချပ် အစွမ်းပဲ .. မင်းတို့နှစ်ယောက် ကျန်တဲ့လူတွေကို ရှင်းထားလိုက် ဒီလူအိုကြီးကို ငါ့တာဝန်ထား"
ကွေးသွားသော ဓားကိုကြည့်ကာ ကျိုးဇယ်ယွီ ကျိန်ဆဲလိုက်သည်။ ပါမောက္ခ ဝမ်၏ သံချပ်ကာကို မထိုးဖောက် နိုင်ခဲ့သဖြင့် သူမကျေနပ်သေးပေ။
"အင်း"
လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းညိတ်ကာ ပါမောက္ခ ဝမ်ကို ကျော်လျက် အနောက်ဘက်တွင် ရှိသူများထံသို့ ဉီးတည်သွားလေသည်။
"လေ … မင်းမှာက လေစွမ်းအင်ရှိတာလား ?"
ပခုံးပေါ်မှ ချိုင့်သွားသော အရာကိုကြည့်ကာ အရှေ့တွင် ရပ်နေသော သူကို ပါမောက္ခ ဝမ် ဒေါသတကြီးနှင့် ကြည့်လိုက်သည်။ ပါမောက္ခ ဝမ်မှာ စွမ်းအင်ရှိသည်ဟု သိလိုက်ရသည့် အချိန်က ဘုရားပေးသည့် လက်ဆောင်ဟု မှတ်ယူခဲ့သော်လည်း သူတစ်ယောက်တည်း မဟုတ်ဘဲ လန်ယဲ့ဟန် အပြင် သူ့အရှေ့တွင် ရပ်နေသော လူတစ်ယောက်တွင်လည်း စွမ်းအင် ရှိနေခဲ့လေသည်။
"ခင်ဗျားတစ်ယောက်ပဲ စွမ်းအင်ရှိတယ်လို့ ထင်နေတာလား ?"
ကျိုးဇယ်ယွီ ပခုံးပေါ်သို့ ဓါးကိုတင်ကာ သရော်ဟန်ဖြင့် ပြောလိုက်သည်။ အမှန်စင်စစ် ကျိုးဇယ်ယွီမှာ စွမ်းအားရကာစ အချိန်ဖြစ်သည်။ သူလာခဲ့ရာ လမ်းတွင် ဖုတ်ကောင်၏ ကုတ်ခြစ်ခြင်း ခံရသဖြင့် ယွင်ချဲ့ ပေးသော ရေကိုသောက်ပြီးနောက် ကိုယ်ထဲသို့ စွမ်းအင်တချို့ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ကို ပြောရန် အချိန်မရ လိုက်မီပင် သူ့ထံတွင် လေစွမ်းအား ရှိနေကြောင်း သေချာသွားခဲ့လေသည်။
"မင်း…"
ပါမောက္ခ ဝမ် ဒေါသဖြစ်ကာ မနာလိုစိတ်များလည်း ဖြစ်ပေါ်လာပြီး သူ့၏စွမ်းအားကို အသုံးချလေသည်။
"အားလုံး မစိုးရိမ်ကြပါနဲ့ သူတို့မှာ သုံးယောက်ပဲရှိတာ အတူတိုက်ခိုက်ကြစို့"
"တိုက်ကြမယ် "
ရုံအတွင်းရှိသူများ စိတ်ကို အသင့်ပြင်လိုက်ပြီး ပါမောက္ခ ဝမ်၏ ဦးဆောင်မှု အောက်တွင် စတင်လှုပ်ရှား ကြလေသည်။ အများစုမှာ လူငယ်များသာဖြစ်ကာ ကြောက်နေကြသော်လည်း သူတို့၏ လုံခြုံရေးနှင့် ပတ်သက်လျှင် သတ္တိခွန်အား အပြည့်နှင့်ပင်။
"မဆိုင်တဲ့လူတွေ ထွက်သွားကြစမ်း"
"အ.."
ရန်ပွဲမှာ ချက်ချင်း စတင်လာပြီး ကျိုးဇယ်ယွီနှင့် ကျန်သော နှစ်ယောက်ကို အလယ်တွင် ဝိုင်းထားကြလေသည်။ ထိုလူတစ်စုမှာ အသက် ရန်ရှာသည် အထိ အန္တရာယ် မများသောကြောင့် ဖုတ်ကောင်များကို ရှင်းထုတ်သကဲ့သို့ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ လူသုံးယောက်မှာ အထိနာနေပြီး အထူးသဖြင့် စွမ်းအားမရှိသော လုဟိုင်ရွှမ်းက မြေပြင်ပေါ် လဲကျကာ ကန်ကျောက် ခံနေရသည်။
"အား "
ထိုစဉ် ထူးဆန်းသော အသံထွက်ပေါ်လာပြီး လူအများမှာလည်း အော်ဟစ်ကာ မြေပြင်ပေါ်လဲကျကုန်သည်။ ကျိုးဇယ်ယွီနှင့် ကျန်နှစ်ယောက်မှာလည်း ရုတ်တရက် အဖြစ်ကြောင့် အလန့်တကြား ဖြစ်သွားကြလေသည်။
"ထွက်သွား "
"အ ..."
ဘာဖြစ်သွားသည်ကို မသိလိုက်ရသေး ချိန်တွင် အေးစက်သော အသံက မြေပြင်သို့ ထိရိုက်သွားကာ လျှပ်စီးတစ်ချက်ကလည်း လေထုကိုထိုးခွင်း၍ ကျရောက်လာရာ လူအများ တုန်လှုပ်ကာ မြေပြင်ပေါ်တွင် ဝပ်တွား နေကြလေသည်။
"ကောင်စုတ် မင်းသာ နည်းနည်း နောက်ကျရင် ငါတို့ အကုန်သေနေလောက်ပြီ"
လူအများ ထိတ်လန့် နေစဉ်မှာပင် ကျိုးဇယ်ယွီ လွန်မြောက် သွားလေသည်။ ယွင်ချဲ့ နှင့်အတူ ပါလာသော ယွင်ယောင်မှာ မြေပေါ်တွင် သွေးများ ပေကျံနေသော လုဟိုင်ရွှမ်း ထံသွားကူပေးလေသည်။
"ရှင်အဆင်ပြေရဲ့လား ?"
"ဟုတ် ပြေပါတယ်"
ယွင်ယောင် ထူမ ပေးခြင်းကြောင့် လုဟိုင်ရွှမ်းလည်း ယွင်ချဲ့ အနားသို့ ရောက်လာလေသည်။
"အား ...မီးလောင်နေပြီ ကယ်ကြပါဦး ကယ်ကြပါဦး "
"အား .. အား"
ရုတ်တရက် အော်သံများ ထွက်လာကာ မီးစွဲလောင်နေသော လူအချို့ ကြောက်လန့်တကြား ပြေးလွှားနေကြပြံး ထိုလူများ အနောက်တွင် ရပ်လျက်ကြည့်နေသော လန်ယဲ့ဟန်ကို တွေ့လိုက်ရသည်။
ပါမောက္ခ ဝမ် လည်း အလွန် ထိတ်လန့်ကာ လန်ယဲ့ဟန်ကို လက်ညှိုးထိုးလျက် တုန်ယင်နေလေသည်။
အော်ဟစ် ငိုကြွေးသံများကို ဥပေက္ခာပြုလျက် လန်ယဲ့ဟန် ခြေလှမ်း မှန်မှန်ဖြင့် ယွင်ချဲ့ထံ ဉီးတည် လာခဲ့လေသည်။
"သူတို့က ရှောင်ချန်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေပဲ"
"ကောင်းပြီ .. ကျေးဇူးပဲ ကျန်တာ ငါဆက်လုပ်လိုက်မယ်"
ပြောပြီးသည်နှင့် ယွင်ချဲ့သည် ကျားသစ်တစ်ကောင်၏ အရှိန်နှင့်ပြေးကာ မီးစွဲလောင်နေသူများကို ဇီဝိန်ချုပ် ပစ်လိုက်လေသည်။
"အား "
ထိုသူများလည်း နာကျင်စွာ အော်ဟစ်ပြီး အသက်မဲ့ သွားကြလေသည်။
"မင်း မင်း ... ဘာလုပ်ချင်လို့လဲ"
ယွင်ချဲ့ အနောက်လှည့်ကာ ပါမောက္ခ ဝမ်ကို စိုက်ကြည့် လိုက်သဖြင့် ပါမောက္ခ ဝမ်လည်း လန့်ကာ ခြေလှမ်းများ နောက်ဆုတ် သွားလေသည်။ အရှေ့တွင်ရပ်နေသည့် ယွင်ချန်နှင့် တစ်ပုံစံတည်း တူသော သူသည် မျက်တောင်ပင် မခတ်ဘဲ လူအများကို သွေးအေးစွာ ရှင်းပစ်လိုက်ပုံမှာ ဖုတ်ကောင်များထက် ပိုမိုကြောက်စရာ ကောင်းသည်ကို ခံစားမိလေသည်။
"ခင်ဗျားရဲ့ ရွှေသံချပ်အစွမ်းနဲ့ ကျုပ်ရဲ့ဓါး ဓါးဘယ်ဟာက ပိုအားသန်လဲ စမ်းကြည့်ချင်လို့ပါ"
ရုတ်တရက်ပင် ပါမောက္ခ ဝမ် ထံသို့ ယွင်ချဲ့ တစ်ဟုန်ထိုး ပြေးလာကာ ဓါးဖြင့် ပိုင်းချလိုက်လေသည်။
"အား "
ရွှေသံချပ် ထက်ပိုင်းကွဲကာ ပါမောက္ခ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ် သွားလေသည်။
"အား .. သူလူသတ်လိုက်ပြီ "
ငြိမ်သက်နေသော ရုံကြီးထဲတွင် အလွန် ကျယ်လောင်သော အသံထွက်ပေါ်လာကာ ဝရုန်းသုန်းကား ဖြစ်သွားလေသည်။ ရုံအတွင်းရှိ လူတို့မှာလည်း ဖုတ်ကောင်များထက် ယွင်ချဲ့ကို ပို၍ကြောက်လန့် နေကြသည်။
"ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ"
ကျိုးဇယ်ယွီ သက်ပြင်း ချလိုက်သည်။ ယွင်ချဲ့ ဉီးဆောင်မှုနောက် လိုက်ခဲ့သည်မှာ ၂ ရက်သာ ကြာသေးသော်လည်း သူသည် အရင်ကဲ့သလို့ ဖြူစင်ကြင်နာတတ်သူ မဟုတ်တော့ပေ။ ကျိုးဇယ်ယွီ ကြောက်လန့်သော်လည်း ယွင်ချဲ့ကို မည်သူမှ မတားနိုင်ကြောင်း သူသိထားပြီးသားပင်။ သူတို့ကြောင့်သာ မဟုတ်ခဲ့လျှင် ယွင်ချန် အခုကဲ့သို့ မဖြစ်လာနိုင်ပေ။
"သူတို့က ဒါနဲ့ပဲတန်တယ် "
ဒဏ်ရာ ရနေခဲ့သော လုဟိုင်ရွှမ်း အားအင် ပြန်ပြည့်လာပုံပင်။ ထိုသူတို့ ထိုသို့သော အပြစ်ဒဏ်နှင့်သာ ထိုက်တန်သည်။
ယွင်ချဲ့က အကုန်လုံးကို လှည့်ကြည့်လိုက်တယ်။ သူတို့ အကုန်လုံးကတော့ ယွင်ချဲ့ အစွမ်းကို ကြည့်ပြီး အံ့ဩနေကြတာပေါ့။ ယွင်ချဲ့ က အုပ်စုလိုက် နေနေကြတဲ့ လူတွေဆီကို တစ်လှမ်းချင်းစီ သွားပြီး သတ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် သူတို့ကို အာရုံမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး အခန်းထောင့်နားက လူတွေအများကြီးကို လှည့်ကြည့်လိုက်တယ်။
"အပြင်မှာရှိတဲ့ ဖုတ်ကောင်တွေက ဆိုးရွားတယ် ... ဒါပေမယ့် မင်းတို့က ပိုပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းတယ် မင်းတို့ကို သတ်ရရင် ငါ့လက်ညစ်ပတ်တာပဲ အဖတ်တင်မယ်"
ထိုသူတို့သည် အသတ်ခံရပင် မထိုက်တန်ကြပေဟု တွေးကာ ယွင်ချဲ့ လှည့်ထွက်လာခဲ့သည်၊
"သွားကြစို့"
တရားခံခေါင်းဆောင် သေသွားပြီ ဖြစ်သောကြောင့် ယွင်ချန် အတွက် သူတို့ လက်စားချေခြင်း အောင်မြင်ခဲ့ပြီ။
"နပေါဦး"
ထိုစဉ် ရုတ်တရက် လှမ်းအော်လိုက်သည့် အသံကြောင့် ယွင်ချဲ့နှင့် ကျန်သူများမှာ ခြေလှမ်း ရပ်ကုန်ကြလေသည်။ နှစ်လိုဖွယ် ကောင်းသော မိန်းကလေး တစ်ယောက် သူတို့အနားရောက်လာကာ ...
"ကျွန်မတို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် .. ကျွန်မက ကျန့်ယာဖေး .. ဟွိုင်တက္ကသိုလ်ရဲ့ ဒုတိယနှစ် ကျောင်းသူပါ .. ကျွန်မရှင်တို့နဲ့ လိုက်လို့ရမလား"
ကျန့်ယာဖေး ဆိုသည့် မိန်းကလေးမှာ ဖုတ်ကောင်များ တိုက်ခိုက် ခံထားရသူများကို ကြိုးဖြင့် ချောင်နှောင်ထားရန် ပထမဆုံး အကြံပေး ပြောဆိုခဲ့သူပင်။ လှပပြီး လူအရွယ်အစားသေးညှက်သော်လည်း သတ္တိမခေလှပေ။ သူမတောင်းဆိုမှုကို အနည်းငယ် ရှက်နေသော်လည်း ယွင်ချဲ့ကို အကြည့်မလွဲခဲ့။
"ရှင်တို့ကို အနှောင့်အယှက်ပေးမှာ စိတ်မပူပါနဲ့ .. ကျွန်မလည်း အခုလေးတင် စွမ်းအားတစ်မျိုး ရခဲ့လိုပါ .. ဘာအစွမ်းလဲ ဆိုတာတော့ မသိပေမယ့် ကျွန်မရှင်တို့နဲ့ လိုက်မီအောင် ကြိုးစားပါ့မယ် .. အဲဒါကြောင့် ကျွန်မကို လိုက်ခွင့်ပြုပေးပါနော် သူတို့ မျက်နှာတွေကို ထပ်မတွေ့ချင်တော့လို့ပါ"
ကျန့်ယာဖေး စိတ်အား ထက်သန်စွာ ပြောလိုက်သည်။ သူမသည် မကြာသေးခင်ကပင် ဆရာဆရာမများနှင့် အတန်းဖော်များ၏ စွန့်ပစ်ခြင်းခံရပြီး သတ်သေရန် အထိပင် တွန်းအားပေးခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် လောကကြီးအပေါ် သူမ၏အမြင်မှာ ပြောင်းလဲသွားခဲ့ပြီး ယွင်ချဲ့ တို့မှာ ယုံကြည်ရဟန် ရှိသောကြောင့် လိုက်ခွင့်ပြုစေရန်အတွက် တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။
ကျိုးဇယ်ယွီနှင့် ကျန်သောသူများ ဘာမှမပြောသေးဘဲ ယွင်ချဲ့ကို တစ်ပြိုင်နက် ကြည့်လိုက်ကြလေသည်။
"မင်းတွေ့တဲ့အတိုင်း ငါ့အတွက် လူသတ်ရတာ ဘယ်လိုမှမနေဘူး မင်းငါ့နောက် လိုက်မယ်ဆိုရင် ငါ့ပုံစံကို လက်ခံနိုင်ရမယ် .. လူတောင် သတ်ချင်သတ် ရလိမ့်မယ်"
ကျန့်ယာဖေး ပင်၊ စတွေ့စဉ်က သူအမြင် မှားသည်ဟု ယွင်ချဲ့ ထင်ခဲ့မိသည်။ သို့သော် ကမ္ဘာပျက်ကပ် ဆိုက်ပြီးသည့်နောက် လူအများစုမှာ အနည်းအကျဉ်း ပြောင်းလဲ လာခဲ့ပေသည်။
"အာ … သူတို့ကရော လူမသတ်ဘူးလို့ ရှင်ထင်တာလား?"
ကျန့်ယာဖေး ထူးဆန်းစွာ ပြုံးလျက် ထောင့်တွင် စုနေကြသော လူအုပ်ကို လက်ညှိုးထိုးကာ ...
"သူတို့နဲ့ နေရမယ့်အစား ရှင်တို့နောက်ပဲ လိုက်ပါ့မယ်"
"ကောင်းပြီ လိုက်ခဲ့"
ယွင်ချဲ့ အတွေးကို မည်သူမှ မခန့်မှန်းနိုင်ပေ။ ယွင်ချဲ့လည်း ဘာမှထပ် မပြောတော့ဘဲ လှည့်ထွက်သွားသဖြင့် ကျိုးဇယ်ယွီနှင့် ကျန်သောသူများ အချင်းချင်း ကြည့်ကာ ပဟေဠိဖြစ်နေကြသော်လည်း ယွင်ချဲ့ကို ယုံကြည်ကြသဖြင့် ဘာမှထပ် မမေးကြတော့ပေ။
"ခဏလေး ငါတို့လည်း ..."
စွမ်းအား နှိုးထကာစ လူနှစ်ယောက်ကလည်း သူတို့နှင့်အတူ လိုက်လိုကြသောကြောင့် အော်လိုက်သော်လည်း ယွင်ချဲ့မှာ အနောက်ပင် မလှည့်ကြည့်ဘဲ ...
"ရှေ့တစ်လှမ်း ထပ်တိုးတာနဲ့ အသက်ပျောက် သွားစေရမယ်"
ထိုလူနှစ်ယောက်လည်း ယွင်ချဲ့ကို ကြောက်လန့်ကာ တုပ်တုပ်ပင် မလှုပ်ရဲကြတော့ပေ။ ကျိုးဇယ်ယွီ ကလည်း ထိုသူတို့ကို မတူမတန် ဟန်ကြည့်ကာ မိန်းကလေး တစ်ယောက်ကပင် သူတို့ထက် ပို၍ သတ္တိရှိနေသည်ကို ယွင်ချဲ့က သူရဲဘောကြောင်သူများကို လိုက်ခွင့်ပြုမည်တဲ့လား။
***
Zawgyi
အခန္း (၂၇)
"ေဟး အဲဒီေ႐ႊေခါင္းစြပ္နဲ႔ သံခ်ပ္ကာကို စမ္းဝတ္ၾကည့္လို႔ ရမလား ?"
႐ုတ္တရက္ ဩ႐ွ႐ွစကားသံ ထြက္လာၿပီး အျခားသူမ်ား သတိမထား လိုက္ခ်ိန္တြင္ လူတစ္ေယာက္ ခုန္ဝင္လာကာ ပါေမာကၡ ဝမ္ကို ဓါး႐ွည္ႏွင့္ လြဲ႐ိုက္ခ်လိုက္သည္။
ခ်လြမ္
ယခုတစ္ခါတြင္ ပါေမာကၡ ဝမ္၏ ဘယ္ဘက္ပခုံးေပၚတြင္ ႀကီးမားေသာ ခ်ိဳင့္ရာတစ္ခု ထင္သြားကာ ခႏၶာကိုယ္မွာလည္း အေနာက္သို႔ ယိုင္သြားေလသည္။
"ေသစမ္း ေ႐ႊသံခ်ပ္ အစြမ္းပဲ .. မင္းတို႔ႏွစ္ေယာက္ က်န္တဲ့လူေတြကို ႐ွင္းထားလိုက္ ဒီလူအိုႀကီးကို ငါ့တာဝန္ထား"
ေကြးသြားေသာ ဓားကိုၾကည့္ကာ က်ိဳးဇယ္ယြီ က်ိန္ဆဲလိုက္သည္။ ပါေမာကၡ ဝမ္၏ သံခ်ပ္ကာကို မထိုးေဖာက္ ႏိုင္ခဲ့သျဖင့္ သူမေက်နပ္ေသးေပ။
"အင္း"
လန္ယဲ့ဟန္ႏွင့္ လုဟိုင္႐ႊမ္းတို႔ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္း ေခါင္းညိတ္ကာ ပါေမာကၡ ဝမ္ကို ေက်ာ္လ်က္ အေနာက္ဘက္တြင္ ႐ွိသူမ်ားထံသို႔ ဉီးတည္သြားေလသည္။
"ေလ … မင္းမွာက ေလစြမ္းအင္႐ွိတာလား ?"
ပခုံးေပၚမွ ခ်ိဳင့္သြားေသာ အရာကိုၾကည့္ကာ အေ႐ွ႕တြင္ ရပ္ေနေသာ သူကို ပါေမာကၡ ဝမ္ ေဒါသတႀကီးႏွင့္ ၾကည့္လိုက္သည္။ ပါေမာကၡ ဝမ္မွာ စြမ္းအင္႐ွိသည္ဟု သိလိုက္ရသည့္ အခ်ိန္က ဘုရားေပးသည့္ လက္ေဆာင္ဟု မွတ္ယူခဲ့ေသာ္လည္း သူတစ္ေယာက္တည္း မဟုတ္ဘဲ လန္ယဲ့ဟန္ အျပင္ သူ႕အေ႐ွ႕တြင္ ရပ္ေနေသာ လူတစ္ေယာက္တြင္လည္း စြမ္းအင္ ႐ွိေနခဲ့ေလသည္။
"ခင္ဗ်ားတစ္ေယာက္ပဲ စြမ္းအင္႐ွိတယ္လို႔ ထင္ေနတာလား ?"
က်ိဳးဇယ္ယြီ ပခုံးေပၚသို႔ ဓါးကိုတင္ကာ သေရာ္ဟန္ျဖင့္ ေျပာလိုက္သည္။ အမွန္စင္စစ္ က်ိဳးဇယ္ယြီမွာ စြမ္းအားရကာစ အခ်ိန္ျဖစ္သည္။ သူလာခဲ့ရာ လမ္းတြင္ ဖုတ္ေကာင္၏ ကုတ္ျခစ္ျခင္း ခံရသျဖင့္ ယြင္ခ်ဲ႕ ေပးေသာ ေရကိုေသာက္ၿပီးေနာက္ ကိုယ္ထဲသို႔ စြမ္းအင္တခ်ိဳ႕ စီးဆင္းလာသကဲ့သို႔ ခံစားလိုက္ရသည္။ ယြင္ခ်ဲ႕ကို ေျပာရန္ အခ်ိန္မရ လိုက္မီပင္ သူ႕ထံတြင္ ေလစြမ္းအား ႐ွိေနေၾကာင္း ေသခ်ာသြားခဲ့ေလသည္။
"မင္း…"
ပါေမာကၡ ဝမ္ ေဒါသျဖစ္ကာ မနာလိုစိတ္မ်ားလည္း ျဖစ္ေပၚလာၿပီး သူ႕၏စြမ္းအားကို အသုံးခ်ေလသည္။
"အားလုံး မစိုးရိမ္ၾကပါနဲ႔ သူတို႔မွာ သုံးေယာက္ပဲ႐ွိတာ အတူတိုက္ခိုက္ၾကစို႔"
"တိုက္ၾကမယ္ "
႐ုံအတြင္း႐ွိသူမ်ား စိတ္ကို အသင့္ျပင္လိုက္ၿပီး ပါေမာကၡ ဝမ္၏ ဦးေဆာင္မႈ ေအာက္တြင္ စတင္လႈပ္႐ွား ၾကေလသည္။ အမ်ားစုမွာ လူငယ္မ်ားသာျဖစ္ကာ ေၾကာက္ေနၾကေသာ္လည္း သူတို႔၏ လုံျခဳံေရးႏွင့္ ပတ္သက္လွ်င္ သတၱိခြန္အား အျပည့္ႏွင့္ပင္။
"မဆိုင္တဲ့လူေတြ ထြက္သြားၾကစမ္း"
"အ.."
ရန္ပြဲမွာ ခ်က္ခ်င္း စတင္လာၿပီး က်ိဳးဇယ္ယြီႏွင့္ က်န္ေသာ ႏွစ္ေယာက္ကို အလယ္တြင္ ဝိုင္းထားၾကေလသည္။ ထိုလူတစ္စုမွာ အသက္ ရန္႐ွာသည္ အထိ အႏၲရာယ္ မမ်ားေသာေၾကာင့္ ဖုတ္ေကာင္မ်ားကို ႐ွင္းထုတ္သကဲ့သို႔ တိုက္ခိုက္ရန္ မျဖစ္ႏိုင္ေပ။ လူသုံးေယာက္မွာ အထိနာေနၿပီး အထူးသျဖင့္ စြမ္းအားမ႐ွိေသာ လုဟိုင္႐ႊမ္းက ေျမျပင္ေပၚ လဲက်ကာ ကန္ေက်ာက္ ခံေနရသည္။
"အား "
ထိုစဥ္ ထူးဆန္းေသာ အသံထြက္ေပၚလာၿပီး လူအမ်ားမွာလည္း ေအာ္ဟစ္ကာ ေျမျပင္ေပၚလဲက်ကုန္သည္။ က်ိဳးဇယ္ယြီႏွင့္ က်န္ႏွစ္ေယာက္မွာလည္း ႐ုတ္တရက္ အျဖစ္ေၾကာင့္ အလန္႔တၾကား ျဖစ္သြားၾကေလသည္။
"ထြက္သြား "
"အ ..."
ဘာျဖစ္သြားသည္ကို မသိလိုက္ရေသး ခ်ိန္တြင္ ေအးစက္ေသာ အသံက ေျမျပင္သို႔ ထိ႐ိုက္သြားကာ လွ်ပ္စီးတစ္ခ်က္ကလည္း ေလထုကိုထိုးခြင္း၍ က်ေရာက္လာရာ လူအမ်ား တုန္လႈပ္ကာ ေျမျပင္ေပၚတြင္ ဝပ္တြား ေနၾကေလသည္။
"ေကာင္စုတ္ မင္းသာ နည္းနည္း ေနာက္က်ရင္ ငါတို႔ အကုန္ေသေနေလာက္ၿပီ"
လူအမ်ား ထိတ္လန္႔ ေနစဥ္မွာပင္ က်ိဳးဇယ္ယြီ လြန္ေျမာက္ သြားေလသည္။ ယြင္ခ်ဲ႕ ႏွင့္အတူ ပါလာေသာ ယြင္ေယာင္မွာ ေျမေပၚတြင္ ေသြးမ်ား ေပက်ံေနေသာ လုဟိုင္႐ႊမ္း ထံသြားကူေပးေလသည္။
"႐ွင္အဆင္ေျပရဲ႕လား ?"
"ဟုတ္ ေျပပါတယ္"
ယြင္ေယာင္ ထူမ ေပးျခင္းေၾကာင့္ လုဟိုင္႐ႊမ္းလည္း ယြင္ခ်ဲ႕ အနားသို႔ ေရာက္လာေလသည္။
"အား ...မီးေလာင္ေနၿပီ ကယ္ၾကပါဦး ကယ္ၾကပါဦး "
"အား .. အား"
႐ုတ္တရက္ ေအာ္သံမ်ား ထြက္လာကာ မီးစြဲေလာင္ေနေသာ လူအခ်ိဳ႕ ေၾကာက္လန္႔တၾကား ေျပးလႊားေနၾကျပံး ထိုလူမ်ား အေနာက္တြင္ ရပ္လ်က္ၾကည့္ေနေသာ လန္ယဲ့ဟန္ကို ေတြ႕လိုက္ရသည္။
ပါေမာကၡ ဝမ္ လည္း အလြန္ ထိတ္လန္႔ကာ လန္ယဲ့ဟန္ကို လက္ညိႇဳးထိုးလ်က္ တုန္ယင္ေနေလသည္။
ေအာ္ဟစ္ ငိုေႂကြးသံမ်ားကို ဥေပကၡာျပဳလ်က္ လန္ယဲ့ဟန္ ေျခလွမ္း မွန္မွန္ျဖင့္ ယြင္ခ်ဲ႕ထံ ဉီးတည္ လာခဲ့ေလသည္။
"သူတို႔က ေ႐ွာင္ခ်န္ကို နာက်င္ေအာင္ လုပ္ခဲ့တဲ့သူေတြပဲ"
"ေကာင္းၿပီ .. ေက်းဇူးပဲ က်န္တာ ငါဆက္လုပ္လိုက္မယ္"
ေျပာၿပီးသည္ႏွင့္ ယြင္ခ်ဲ႕သည္ က်ားသစ္တစ္ေကာင္၏ အ႐ွိန္ႏွင့္ေျပးကာ မီးစြဲေလာင္ေနသူမ်ားကို ဇီဝိန္ခ်ဳပ္ ပစ္လိုက္ေလသည္။
"အား "
ထိုသူမ်ားလည္း နာက်င္စြာ ေအာ္ဟစ္ၿပီး အသက္မဲ့ သြားၾကေလသည္။
"မင္း မင္း ... ဘာလုပ္ခ်င္လို႔လဲ"
ယြင္ခ်ဲ႕ အေနာက္လွည့္ကာ ပါေမာကၡ ဝမ္ကို စိုက္ၾကည့္ လိုက္သျဖင့္ ပါေမာကၡ ဝမ္လည္း လန္႔ကာ ေျခလွမ္းမ်ား ေနာက္ဆုတ္ သြားေလသည္။ အေ႐ွ႕တြင္ရပ္ေနသည့္ ယြင္ခ်န္ႏွင့္ တစ္ပုံစံတည္း တူေသာ သူသည္ မ်က္ေတာင္ပင္ မခတ္ဘဲ လူအမ်ားကို ေသြးေအးစြာ ႐ွင္းပစ္လိုက္ပုံမွာ ဖုတ္ေကာင္မ်ားထက္ ပိုမိုေၾကာက္စရာ ေကာင္းသည္ကို ခံစားမိေလသည္။
"ခင္ဗ်ားရဲ႕ ေ႐ႊသံခ်ပ္အစြမ္းနဲ႔ က်ဳပ္ရဲ႕ဓါး ဓါးဘယ္ဟာက ပိုအားသန္လဲ စမ္းၾကည့္ခ်င္လို႔ပါ"
႐ုတ္တရက္ပင္ ပါေမာကၡ ဝမ္ ထံသို႔ ယြင္ခ်ဲ႕ တစ္ဟုန္ထိုး ေျပးလာကာ ဓါးျဖင့္ ပိုင္းခ်လိုက္ေလသည္။
"အား "
ေ႐ႊသံခ်ပ္ ထက္ပိုင္းကြဲကာ ပါေမာကၡ ခႏၶာကိုယ္မွာလည္း ႏွစ္ပိုင္းျပတ္ သြားေလသည္။
"အား .. သူလူသတ္လိုက္ၿပီ "
ၿငိမ္သက္ေနေသာ ႐ုံႀကီးထဲတြင္ အလြန္ က်ယ္ေလာင္ေသာ အသံထြက္ေပၚလာကာ ဝ႐ုန္းသုန္းကား ျဖစ္သြားေလသည္။ ႐ုံအတြင္း႐ွိ လူတို႔မွာလည္း ဖုတ္ေကာင္မ်ားထက္ ယြင္ခ်ဲ႕ကို ပို၍ေၾကာက္လန္႔ ေနၾကသည္။
"ဒီလိုျဖစ္မယ္ဆိုတာ ငါသိသားပဲ"
က်ိဳးဇယ္ယြီ သက္ျပင္း ခ်လိုက္သည္။ ယြင္ခ်ဲ႕ ဉီးေဆာင္မႈေနာက္ လိုက္ခဲ့သည္မွာ ၂ ရက္သာ ၾကာေသးေသာ္လည္း သူသည္ အရင္ကဲ့သလို႔ ျဖဴစင္ၾကင္နာတတ္သူ မဟုတ္ေတာ့ေပ။ က်ိဳးဇယ္ယြီ ေၾကာက္လန္႔ေသာ္လည္း ယြင္ခ်ဲ႕ကို မည္သူမွ မတားႏိုင္ေၾကာင္း သူသိထားၿပီးသားပင္။ သူတို႔ေၾကာင့္သာ မဟုတ္ခဲ့လွ်င္ ယြင္ခ်န္ အခုကဲ့သို႔ မျဖစ္လာႏိုင္ေပ။
"သူတို႔က ဒါနဲ႔ပဲတန္တယ္ "
ဒဏ္ရာ ရေနခဲ့ေသာ လုဟိုင္႐ႊမ္း အားအင္ ျပန္ျပည့္လာပုံပင္။ ထိုသူတို႔ ထိုသို႔ေသာ အျပစ္ဒဏ္ႏွင့္သာ ထိုက္တန္သည္။
ယြင္ခ်ဲ႕က အကုန္လုံးကို လွည့္ၾကည့္လိုက္တယ္။ သူတို႔ အကုန္လုံးကေတာ့ ယြင္ခ်ဲ႕ အစြမ္းကို ၾကည့္ၿပီး အံ့ဩေနၾကတာေပါ့။ ယြင္ခ်ဲ႕ က အုပ္စုလိုက္ ေနေနၾကတဲ့ လူေတြဆီကို တစ္လွမ္းခ်င္းစီ သြားၿပီး သတ္ဖို႔ စဥ္းစားလိုက္တယ္။ ဒါေပမယ့္ သူတို႔ကို အာ႐ုံမစိုက္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ၿပီး အခန္းေထာင့္နားက လူေတြအမ်ားႀကီးကို လွည့္ၾကည့္လိုက္တယ္။
"အျပင္မွာ႐ွိတဲ့ ဖုတ္ေကာင္ေတြက ဆိုး႐ြားတယ္ ... ဒါေပမယ့္ မင္းတို႔က ပိုၿပီး စက္ဆုပ္႐ြံ႐ွာဖို႔ ေကာင္းတယ္ မင္းတို႔ကို သတ္ရရင္ ငါ့လက္ညစ္ပတ္တာပဲ အဖတ္တင္မယ္"
ထိုသူတို႔သည္ အသတ္ခံရပင္ မထိုက္တန္ၾကေပဟု ေတြးကာ ယြင္ခ်ဲ႕ လွည့္ထြက္လာခဲ့သည္၊
"သြားၾကစို႔"
တရားခံေခါင္းေဆာင္ ေသသြားၿပီ ျဖစ္ေသာေၾကာင့္ ယြင္ခ်န္ အတြက္ သူတို႔ လက္စားေခ်ျခင္း ေအာင္ျမင္ခဲ့ၿပီ။
"နေပါဦး"
ထိုစဥ္ ႐ုတ္တရက္ လွမ္းေအာ္လိုက္သည့္ အသံေၾကာင့္ ယြင္ခ်ဲ႕ႏွင့္ က်န္သူမ်ားမွာ ေျခလွမ္း ရပ္ကုန္ၾကေလသည္။ ႏွစ္လိုဖြယ္ ေကာင္းေသာ မိန္းကေလး တစ္ေယာက္ သူတို႔အနားေရာက္လာကာ ...
"ကြၽန္မတို႔ကို ကယ္ေပးလို႔ ေက်းဇူးတင္ပါတယ္ .. ကြၽန္မက က်န္႔ယာေဖး .. ဟြိဳင္တကၠသိုလ္ရဲ႕ ဒုတိယႏွစ္ ေက်ာင္းသူပါ .. ကြၽန္မ႐ွင္တို႔နဲ႔ လိုက္လို႔ရမလား"
က်န္႔ယာေဖး ဆိုသည့္ မိန္းကေလးမွာ ဖုတ္ေကာင္မ်ား တိုက္ခိုက္ ခံထားရသူမ်ားကို ႀကိဳးျဖင့္ ေခ်ာင္ေႏွာင္ထားရန္ ပထမဆုံး အၾကံေပး ေျပာဆိုခဲ့သူပင္။ လွပၿပီး လူအ႐ြယ္အစားေသးညႇက္ေသာ္လည္း သတၱိမေခလွေပ။ သူမေတာင္းဆိုမႈကို အနည္းငယ္ ႐ွက္ေနေသာ္လည္း ယြင္ခ်ဲ႕ကို အၾကည့္မလြဲခဲ့။
"႐ွင္တို႔ကို အေႏွာင့္အယွက္ေပးမွာ စိတ္မပူပါနဲ႔ .. ကြၽန္မလည္း အခုေလးတင္ စြမ္းအားတစ္မ်ိဳး ရခဲ့လိုပါ .. ဘာအစြမ္းလဲ ဆိုတာေတာ့ မသိေပမယ့္ ကြၽန္မ႐ွင္တို႔နဲ႔ လိုက္မီေအာင္ ႀကိဳးစားပါ့မယ္ .. အဲဒါေၾကာင့္ ကြၽန္မကို လိုက္ခြင့္ျပဳေပးပါေနာ္ သူတို႔ မ်က္ႏွာေတြကို ထပ္မေတြ႕ခ်င္ေတာ့လို႔ပါ"
က်န္႔ယာေဖး စိတ္အား ထက္သန္စြာ ေျပာလိုက္သည္။ သူမသည္ မၾကာေသးခင္ကပင္ ဆရာဆရာမမ်ားႏွင့္ အတန္းေဖာ္မ်ား၏ စြန္႔ပစ္ျခင္းခံရၿပီး သတ္ေသရန္ အထိပင္ တြန္းအားေပးခံခဲ့ရသည္။ ထိုျဖစ္ရပ္ေၾကာင့္ ေလာကႀကီးအေပၚ သူမ၏အျမင္မွာ ေျပာင္းလဲသြားခဲ့ၿပီး ယြင္ခ်ဲ႕ တို႔မွာ ယုံၾကည္ရဟန္ ႐ွိေသာေၾကာင့္ လိုက္ခြင့္ျပဳေစရန္အတြက္ ေတာင္းဆိုရန္ ဆုံးျဖတ္လိုက္သည္။
က်ိဳးဇယ္ယြီႏွင့္ က်န္ေသာသူမ်ား ဘာမွမေျပာေသးဘဲ ယြင္ခ်ဲ႕ကို တစ္ၿပိဳင္နက္ ၾကည့္လိုက္ၾကေလသည္။
"မင္းေတြ႕တဲ့အတိုင္း ငါ့အတြက္ လူသတ္ရတာ ဘယ္လိုမွမေနဘူး မင္းငါ့ေနာက္ လိုက္မယ္ဆိုရင္ ငါ့ပုံစံကို လက္ခံႏိုင္ရမယ္ .. လူေတာင္ သတ္ခ်င္သတ္ ရလိမ့္မယ္"
က်န္႔ယာေဖး ပင္၊ စေတြ႕စဥ္က သူအျမင္ မွားသည္ဟု ယြင္ခ်ဲ႕ ထင္ခဲ့မိသည္။ သို႔ေသာ္ ကမ႓ာပ်က္ကပ္ ဆိုက္ၿပီးသည့္ေနာက္ လူအမ်ားစုမွာ အနည္းအက်ဥ္း ေျပာင္းလဲ လာခဲ့ေပသည္။
"အာ … သူတို႔ကေရာ လူမသတ္ဘူးလို႔ ႐ွင္ထင္တာလား?"
က်န္႔ယာေဖး ထူးဆန္းစြာ ျပဳံးလ်က္ ေထာင့္တြင္ စုေနၾကေသာ လူအုပ္ကို လက္ညိႇဳးထိုးကာ ...
"သူတို႔နဲ႔ ေနရမယ့္အစား ႐ွင္တို႔ေနာက္ပဲ လိုက္ပါ့မယ္"
"ေကာင္းၿပီ လိုက္ခဲ့"
ယြင္ခ်ဲ႕ အေတြးကို မည္သူမွ မခန္႔မွန္းႏိုင္ေပ။ ယြင္ခ်ဲ႕လည္း ဘာမွထပ္ မေျပာေတာ့ဘဲ လွည့္ထြက္သြားသျဖင့္ က်ိဳးဇယ္ယြီႏွင့္ က်န္ေသာသူမ်ား အခ်င္းခ်င္း ၾကည့္ကာ ပေဟဠိျဖစ္ေနၾကေသာ္လည္း ယြင္ခ်ဲ႕ကို ယုံၾကည္ၾကသျဖင့္ ဘာမွထပ္ မေမးၾကေတာ့ေပ။
"ခဏေလး ငါတို႔လည္း ..."
စြမ္းအား ႏိႈးထကာစ လူႏွစ္ေယာက္ကလည္း သူတို႔ႏွင့္အတူ လိုက္လိုၾကေသာေၾကာင့္ ေအာ္လိုက္ေသာ္လည္း ယြင္ခ်ဲ႕မွာ အေနာက္ပင္ မလွည့္ၾကည့္ဘဲ ...
"ေ႐ွ႕တစ္လွမ္း ထပ္တိုးတာနဲ႔ အသက္ေပ်ာက္ သြားေစရမယ္"
ထိုလူႏွစ္ေယာက္လည္း ယြင္ခ်ဲ႕ကို ေၾကာက္လန္႔ကာ တုပ္တုပ္ပင္ မလႈပ္ရဲၾကေတာ့ေပ။ က်ိဳးဇယ္ယြီ ကလည္း ထိုသူတို႔ကို မတူမတန္ ဟန္ၾကည့္ကာ မိန္းကေလး တစ္ေယာက္ကပင္ သူတို႔ထက္ ပို၍ သတၱိ႐ွိေနသည္ကို ယြင္ခ်ဲ႕က သူရဲေဘာေၾကာင္သူမ်ားကို လိုက္ခြင့္ျပဳမည္တဲ့လား။
***