Unicode
အခန်း (၂၆)
"ဘာမှမဖြစ်ပါဘူး ငါအရမ်း ပင်ပန်းနေလို့ပါ"
ယွင်ချဲ့ သူမ ကူညီပေးသည်ကို ငြင်းကာ နံရံတွင်မီကာ ထိုင်နေလျက် မျက်စိကိုမှိတ်ပြီး စိတ်တည်ငြိမ် လာစေရန် ကြိုးစားနေလေသည်။ လက်တွေ့ကျကျ ပြောရလျှင် ယွင်ချန်မှာ လူသားတစ်ယောက် မဟုတ်တော့သည့်အပြင် တစ်နေ့ထက် တစ်နေ့ ပိုမိပြောင်းလဲ လာခဲ့သည်။ ယွင်ချန်ကို ဝှက်ထားရန် ခက်ခဲလိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့သော်လည်း ထိုအကြောင်းကြောင့် စိတ်သောက ရောက်နေရလေသည်။ မည်သို့ပင် ဖြစ်ပါစေ ယွင်ချန်ကို အပြိုင်လောကသို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် သူတို့၏ အကြီးမားဆုံးသော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပေသည်။ ထို့နောက် ...
ရုတ်တရက် ယွင်ချဲ့ မျက်နှာထက် ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ မျက်လုံးကို ဖွင့်လိုက်လေသည်။ သူလက်စားချေ ရတော့မည့် အချိန်ပင်။
"ခွေးကောင်တွေ.. အားလုံး မင်းတို့ကြောင့် ဖြစ်ရတာ .. ငါမင်းတို့ကို သတ်မယ်"
လုဟိုင်ရွှမ်း ဓါးတစ်ချောင်းကို ယူကာ ယွင်ချန်ကို နာကျင်စေခဲ့သူများ ထံသို့ တည့်တည့်မတ်မတ် တစ်ဟုန်ထိုး ပြေးသွားလေသည်။ ညစ်ညမ်းသော သွေးများဖြင့် ဖုံးလွှမ်းနေသော ဓါးကို ဉီးတည်ချက်မဲ့စွာ ဝှေ့ယမ်းနေပြီး မျက်လုံးတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ယောကျ်ားသားများ အတွက် သူငယ်ချင်း မိတ်ဆွေဖွဲ့ရန် အချိန်များစွာ မလို။ သူတို့ အတူ ကုန်ဆုံးခဲ့ကြသော တစ်ရက်တာအတွင်း ယွင်ချန်နှင့် လန်ယဲ့ဟန်တို့မှာ သူ၏ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ ယွင်ချန်၏ နူးညံ့သော အပြုံးနှင့် ယခု ပြောင်းလဲနေပုံ အခြေအနေများကို တွေးမိလိုက်သည့်အခါ အလွန် ဒေါသဖြစ်လာပြီး အားကစားရုံထဲရှိ သူများကိုပင် သတ်ပစ်ချင်စိတ်များ ဖြစ်လာလေသည်။
"မင်းဘာလုပ်နေတာလဲ မင်းရူးနေပြီလား"
လုဟိုင်ရွှမ်း လက်ထဲတွင် ဓါးကို ကိုင်ဆွဲထားပြီး အခြားသူများ နှင့်အတူ အသေခံမည့်ပုံပင်။ သူ့ကြောင့် အခြားသူများမှာလည်း ကြောက်လန့် ကုန်လေသည်။
ဘုံး
"ဟေ့ကောင် လန်ယဲ့ဟန် မင်းဘာလုပ်နေတာလဲ”
အခြားသူများလည်း ပြန်လည် တိုက်ခိုက်ရန် နည်းလမ်း စဉ်းစားနေကြစဉ် မီးလုံးများမှာလည်း သူတို့ထံ လွှင့်လာလေသည်။ သို့သော် အဆင်သင့် ပြင်ဆင်ထားကြသည့် အတွက် လူနှစ်ယောက် တိုက်ခိုက် နေကြသော်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။
"မင်းတို့အားလုံး ယွင်ချန် အတွက် သေစေရမယ်"
"အား ..."
"အ .. သူတို့ငါတို့ကို သတ်တော့မယ်"
လုဟိုင်ရွှမ်း ကျယ်လောင်စွာ အော်လိုက်ပြီး လန်ယဲ့ဟန်၏ မီးအကူအညီဖြင့် ရှေ့တစ်လှမ်း တက်ကာ လူတစ်ယောက်၏ လက်ကို ဖြတ်ပစ်လိုက်ရာ ထိုသူမှာ အလွန် နာကျင်လှသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။ အားကစားရုံတွင် တစ်ခါမှ မဖြစ်ခဲ့ဖူးသော ကြောက်လန့်မှုများစွာ ပြည့်နှက်နေသည်။ အမျိုးသမီးများမှာ ထိတ်လန့်စွာ အော်ဟစ်နေကြပြီး အနီးအနားတွင် ရှိသော တုန်ရီနေသူများကို ဖက်ထားကြသည့် အပြင် ကြောက်တတ်သော အမျိုးသားများမှာလည်း အားနည်းစွာ ရပ်နေသည့် နေရာတွင်ပင် မလှုပ်မယှက် ရှိနေကြလေသည်။ လုဟိုင်ရွှမ်း လက်ထဲရှိနေသော ဓါးချက် သူတို့အပေါ် ကျရောက်လာမည်ကို အလွန် စိုးရိမ်နေကြသည်။
လုဟိုင်ရွှမ်းမှာ သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်သာလျှင် ဖြစ်သည်။ သူ့တွင် သူရဲကောင်းဆန်သော စိတ်နေ သဘောထားများ ရှိသော်လည်း ဆိုးရွား ယုတ်မာခြင်းနှင့် ဒေါသအလျှောက် လူသတ်ခြင်းကို စက်ဆုတ် ရွံရှာသောကြောင့် မျက်နှာပေါ် သွေးစများ လာစင်သောအခါ စိတ်ကို အမြန်ပြန်ထိန်းကာ ရပ်တန့်လိုက်သည်။ ထိုလူကို သူမသတ်နိုင်ပေ။
"သေလိုက်တော့ "
"နေဉီး "
တစ်ဖက်တွင်လည်း စိတ်ပိုင်းဖြတ် ထားပြီးသော လန်ယဲ့ဟန် လက်ထဲမှ မီးတောက်ကို ပစ်ကာ ထိုသူလက်မောင်းကို ဖြတ်ရန်ပြင်လိုက်စဉ် ယွင်ချန်ကို ရှင်းပစ်ရန် ကြံစည်နေသော ပါမောက္ခ ဝမ် ရုတ်တရက် မတ်တပ် ရပ်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလျက် မီးလုံးကို အခြားဘက်သို့ လမ်းလွဲလိုက်ပြီး သူတို့အရှေ့တွင် သတ္တုဝတ်စုံကို လွှမ်းခြုံလိုက်သည်။
ဖယ်စမ်း "
လန်ယဲ့ဟန် အော်ပြောလိုက်သည်။ လန်ယဲ့ဟန်မှာ ထူးဆန်းသူ မဟုတ်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ရေခဲများဖြင့် ချုပ်နှောင် ထားသကဲ့သို့ ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က အေးခဲခြင်း အစွမ်းဖြင့် သူ့ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်လိမ့်မည်။
"လန်ယဲ့ဟန် စိတ်လျော့လိုက်တော့ ယွင်ချန်က သေသွားပြီ ... မင်းဒီလူတွေကို သတ်လိုက်ရင်တောင် အသုံးမဝင်ဘူး .. ပြီးတော့ အစိုးရက သက်ဆိုင်ရာ လူတွေလည်း ဒီကိစ္စကို ဖြေရှင်းနေကြပြီ မင်းကသာ လူသတ်သမား ဖြစ်သွားလိမ့်မယ်"
ပါမောက္ခ ဝမ်မှာ လန်ယဲ့ဟန်၏ စိတ်သဘောထားကို နားလည်ပြီး သူ၏အကြည့်များကို ကြောက်ပြနေ၍ မဖြစ်ပေ။ အခြားသူများ သူ့ကို လေးစားစေချင်သည် ဆိုလျှင် သူ့အရှေ့တွင်ရှိနေသောလူနှစ်ယောက်ကို ကယ်ရမည်ဖြစ်ပြီး လန်ယဲ့ဟန် ကိုလည်း တားနိုင်ရန် လိုအပ်ပေသည်။
"အဲဒီတော့ ဘာဖြစ်လဲ"
ပါမောက္ခ ဝမ်ကို လန်ယဲ့ဟန် လှည့်ကြည့်ကာ အနောက်တွင် ပုန်းကွယ်နေသူ နှစ်ယောက်ကို စိုက်ကြည့် လိုက်သည်။ ယွင်ချန် အတွက် ထိုသူတို့ကို သတ်ကာ လက်စားချေမည်ဟု စိတ်ပိုင်းဖြတ်ထားသော သူ့ကို မည်သူကိုမှ တားခွင့်မပေးပေ။
"မင်း…."
"တော်ပါတော့ အဘိုးကြီးရာ ... ခင်ဗျားကြီး ကောင်းကောင်းမွန်မွန် အဆုံးသတ် နိုင်လိမ့်မယ် မင်းထင်နေတာလား"
လန်ယဲ့ဟန် အလွန်တည်ငြိမ် သွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပါမောက္ခဝမ် ဒေါသငယ်ထိပ် ဆောင့်သွားလေသည်။ သို့သော် သွေးမြင်၍ လန့်သွားရာမှ သတိဝင်လာသော လုဟိုင်ရွှမ်းက ပါမောက္ခ ဝမ်ကို သူတော်ကောင်းယောင် ဆောင်ရန် ခွင့်မပြုနိုင်တော့သဖြင့် သူ၏ ဓါးကိုကိုင်ဆွဲကာ တစ်ဟုန်ထိုး ပြေးလာသည်။ တစ်ချိန်တည်းတွင် လန်ယဲ့ဟန်လည်း ပြေးလာကာ သူ၏ ရန်သူများကို သတ်ရမည်ဟုသာ တွေးနေလိုက်သည်။
ဘုန်း
ချွန်ထက်သောဓါးရှည်က ပါမောက္ခ ဝမ်ကို ပြင်းထန်စွာ ထိရိုက် လိုက်သော်လည်း အနာတရာဖြစ်ခြင်း အလျှင်းမရှိပေ။ အကောင်းဆုံး ကြိုးစားခဲ့သော လုဟိုင်ရွှမ်း မှာလည်း ထိုအားအင်ကို အံ့အားသင့်ကာ ဓါးကိုပင် ခက်ခဲစွာ ပင့်တင် ထားရလေသည်။
"ဟင် .. ခင်ဗျား ?"
ပါမောက္ခ ဝမ်သည် အေးစက်စွာ ပြုံးလိုက်ပြီး ယခုအခြေအနေမှာ အခြားသူများအား သူ၏ စွမ်းရည်ကို ပြသလိုက်သကဲ့သို့ ဖြစ်နေသဖြင့် ရုံထဲရှိသော သူများမှာလည်း မတ်တပ်ရပ်ရန်ပင် ကြောက်ရွံ့နေကြကာ စွမ်းအား ရှိသူများနှင့် မရှိသူတို့၏ ကွာခြားမှုကို အများစု သတိထား မိလိုက်ကြပေသည်။
***
Zawgyi
အခန္း (၂၆)
"ဘာမွမျဖစ္ပါဘူး ငါအရမ္း ပင္ပန္းေနလို႔ပါ"
ယြင္ခ်ဲ႕ သူမ ကူညီေပးသည္ကို ျငင္းကာ နံရံတြင္မီကာ ထိုင္ေနလ်က္ မ်က္စိကိုမွိတ္ၿပီး စိတ္တည္ၿငိမ္ လာေစရန္ ႀကိဳးစားေနေလသည္။ လက္ေတြ႕က်က် ေျပာရလွ်င္ ယြင္ခ်န္မွာ လူသားတစ္ေယာက္ မဟုတ္ေတာ့သည့္အျပင္ တစ္ေန႔ထက္ တစ္ေန႔ ပိုမိေျပာင္းလဲ လာခဲ့သည္။ ယြင္ခ်န္ကို ဝွက္ထားရန္ ခက္ခဲလိမ့္မည္ မဟုတ္ဟု ေတြးထင္ခဲ့ေသာ္လည္း ထိုအေၾကာင္းေၾကာင့္ စိတ္ေသာက ေရာက္ေနရေလသည္။ မည္သို႔ပင္ ျဖစ္ပါေစ ယြင္ခ်န္ကို အၿပိဳင္ေလာကသို႔ ပို႔ေဆာင္ေပးႏိုင္ခဲ့သျဖင့္ သူတို႔၏ အႀကီးမားဆုံးေသာ ျပႆနာတစ္ခုကို ေျဖ႐ွင္းႏိုင္ခဲ့ေပသည္။ ထို႔ေနာက္ ...
႐ုတ္တရက္ ယြင္ခ်ဲ႕ မ်က္ႏွာထက္ ရက္စက္ေသာ အျပဳံးတစ္ခု ေပၚလာကာ သူ၏ မ်က္လုံးကို ဖြင့္လိုက္ေလသည္။ သူလက္စားေခ် ရေတာ့မည့္ အခ်ိန္ပင္။
"ေခြးေကာင္ေတြ.. အားလုံး မင္းတို႔ေၾကာင့္ ျဖစ္ရတာ .. ငါမင္းတို႔ကို သတ္မယ္"
လုဟိုင္႐ႊမ္း ဓါးတစ္ေခ်ာင္းကို ယူကာ ယြင္ခ်န္ကို နာက်င္ေစခဲ့သူမ်ား ထံသို႔ တည့္တည့္မတ္မတ္ တစ္ဟုန္ထိုး ေျပးသြားေလသည္။ ညစ္ညမ္းေသာ ေသြးမ်ားျဖင့္ ဖုံးလႊမ္းေနေသာ ဓါးကို ဉီးတည္ခ်က္မဲ့စြာ ေဝွ႔ယမ္းေနၿပီး မ်က္လုံးတြင္လည္း မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ေယာက်္ားသားမ်ား အတြက္ သူငယ္ခ်င္း မိတ္ေဆြဖြဲ႕ရန္ အခ်ိန္မ်ားစြာ မလို။ သူတို႔ အတူ ကုန္ဆုံးခဲ့ၾကေသာ တစ္ရက္တာအတြင္း ယြင္ခ်န္ႏွင့္ လန္ယဲ့ဟန္တို႔မွာ သူ၏ အခ်စ္ဆုံး သူငယ္ခ်င္းမ်ား ျဖစ္လာခဲ့သည္။ ယြင္ခ်န္၏ ႏူးညံ့ေသာ အျပဳံးႏွင့္ ယခု ေျပာင္းလဲေနပုံ အေျခအေနမ်ားကို ေတြးမိလိုက္သည့္အခါ အလြန္ ေဒါသျဖစ္လာၿပီး အားကစား႐ုံထဲ႐ွိ သူမ်ားကိုပင္ သတ္ပစ္ခ်င္စိတ္မ်ား ျဖစ္လာေလသည္။
"မင္းဘာလုပ္ေနတာလဲ မင္း႐ူးေနၿပီလား"
လုဟိုင္႐ႊမ္း လက္ထဲတြင္ ဓါးကို ကိုင္ဆြဲထားၿပီး အျခားသူမ်ား ႏွင့္အတူ အေသခံမည့္ပုံပင္။ သူ႕ေၾကာင့္ အျခားသူမ်ားမွာလည္း ေၾကာက္လန္႔ ကုန္ေလသည္။
ဘုံး
"ေဟ့ေကာင္ လန္ယဲ့ဟန္ မင္းဘာလုပ္ေနတာလဲ”
အျခားသူမ်ားလည္း ျပန္လည္ တိုက္ခိုက္ရန္ နည္းလမ္း စဥ္းစားေနၾကစဥ္ မီးလုံးမ်ားမွာလည္း သူတို႔ထံ လႊင့္လာေလသည္။ သို႔ေသာ္ အဆင္သင့္ ျပင္ဆင္ထားၾကသည့္ အတြက္ လူႏွစ္ေယာက္ တိုက္ခိုက္ ေနၾကေသာ္လည္း ထိခိုက္ဒဏ္ရာရျခင္း မ႐ွိေပ။
"မင္းတို႔အားလုံး ယြင္ခ်န္ အတြက္ ေသေစရမယ္"
"အား ..."
"အ .. သူတို႔ငါတို႔ကို သတ္ေတာ့မယ္"
လုဟိုင္႐ႊမ္း က်ယ္ေလာင္စြာ ေအာ္လိုက္ၿပီး လန္ယဲ့ဟန္၏ မီးအကူအညီျဖင့္ ေ႐ွ႕တစ္လွမ္း တက္ကာ လူတစ္ေယာက္၏ လက္ကို ျဖတ္ပစ္လိုက္ရာ ထိုသူမွာ အလြန္ နာက်င္လွသျဖင့္ ေျမျပင္ေပၚတြင္ လူးလွိမ့္ေနသည္။ အားကစား႐ုံတြင္ တစ္ခါမွ မျဖစ္ခဲ့ဖူးေသာ ေၾကာက္လန္႔မႈမ်ားစြာ ျပည့္ႏွက္ေနသည္။ အမ်ိဳးသမီးမ်ားမွာ ထိတ္လန္႔စြာ ေအာ္ဟစ္ေနၾကၿပီး အနီးအနားတြင္ ႐ွိေသာ တုန္ရီေနသူမ်ားကို ဖက္ထားၾကသည့္ အျပင္ ေၾကာက္တတ္ေသာ အမ်ိဳးသားမ်ားမွာလည္း အားနည္းစြာ ရပ္ေနသည့္ ေနရာတြင္ပင္ မလႈပ္မယွက္ ႐ွိေနၾကေလသည္။ လုဟိုင္႐ႊမ္း လက္ထဲ႐ွိေနေသာ ဓါးခ်က္ သူတို႔အေပၚ က်ေရာက္လာမည္ကို အလြန္ စိုးရိမ္ေနၾကသည္။
လုဟိုင္႐ႊမ္းမွာ သာမန္ တကၠသိုလ္ ေက်ာင္းသား တစ္ေယာက္သာလွ်င္ ျဖစ္သည္။ သူ႕တြင္ သူရဲေကာင္းဆန္ေသာ စိတ္ေန သေဘာထားမ်ား ႐ွိေသာ္လည္း ဆိုး႐ြား ယုတ္မာျခင္းႏွင့္ ေဒါသအေလွ်ာက္ လူသတ္ျခင္းကို စက္ဆုတ္ ႐ြံ႐ွာေသာေၾကာင့္ မ်က္ႏွာေပၚ ေသြးစမ်ား လာစင္ေသာအခါ စိတ္ကို အျမန္ျပန္ထိန္းကာ ရပ္တန္႔လိုက္သည္။ ထိုလူကို သူမသတ္ႏိုင္ေပ။
"ေသလိုက္ေတာ့ "
"ေနဉီး "
တစ္ဖက္တြင္လည္း စိတ္ပိုင္းျဖတ္ ထားၿပီးေသာ လန္ယဲ့ဟန္ လက္ထဲမွ မီးေတာက္ကို ပစ္ကာ ထိုသူလက္ေမာင္းကို ျဖတ္ရန္ျပင္လိုက္စဥ္ ယြင္ခ်န္ကို ႐ွင္းပစ္ရန္ ၾကံစည္ေနေသာ ပါေမာကၡ ဝမ္ ႐ုတ္တရက္ မတ္တပ္ ရပ္လိုက္ကာ သူ၏လက္ကို ေဝွ႔ယမ္းလ်က္ မီးလုံးကို အျခားဘက္သို႔ လမ္းလြဲလိုက္ၿပီး သူတို႔အေ႐ွ႕တြင္ သတၱဳဝတ္စုံကို လႊမ္းျခဳံလိုက္သည္။
ဖယ္စမ္း "
လန္ယဲ့ဟန္ ေအာ္ေျပာလိုက္သည္။ လန္ယဲ့ဟန္မွာ ထူးဆန္းသူ မဟုတ္ေသာ္လည္း သူ၏ခႏၶာကိုယ္မွာ ေရခဲမ်ားျဖင့္ ခ်ဳပ္ေႏွာင္ ထားသကဲ့သို႔ ခံစားလိုက္ရၿပီး တစ္စုံတစ္ေယာက္က ေအးခဲျခင္း အစြမ္းျဖင့္ သူ႕ကို ထိန္းခ်ဳပ္လိုက္ျခင္း ျဖစ္လိမ့္မည္။
"လန္ယဲ့ဟန္ စိတ္ေလ်ာ့လိုက္ေတာ့ ယြင္ခ်န္က ေသသြားၿပီ ... မင္းဒီလူေတြကို သတ္လိုက္ရင္ေတာင္ အသုံးမဝင္ဘူး .. ၿပီးေတာ့ အစိုးရက သက္ဆိုင္ရာ လူေတြလည္း ဒီကိစၥကို ေျဖ႐ွင္းေနၾကၿပီ မင္းကသာ လူသတ္သမား ျဖစ္သြားလိမ့္မယ္"
ပါေမာကၡ ဝမ္မွာ လန္ယဲ့ဟန္၏ စိတ္သေဘာထားကို နားလည္ၿပီး သူ၏အၾကည့္မ်ားကို ေၾကာက္ျပေန၍ မျဖစ္ေပ။ အျခားသူမ်ား သူ႕ကို ေလးစားေစခ်င္သည္ ဆိုလွ်င္ သူ႕အေ႐ွ႕တြင္႐ွိေနေသာလူႏွစ္ေယာက္ကို ကယ္ရမည္ျဖစ္ၿပီး လန္ယဲ့ဟန္ ကိုလည္း တားႏိုင္ရန္ လိုအပ္ေပသည္။
"အဲဒီေတာ့ ဘာျဖစ္လဲ"
ပါေမာကၡ ဝမ္ကို လန္ယဲ့ဟန္ လွည့္ၾကည့္ကာ အေနာက္တြင္ ပုန္းကြယ္ေနသူ ႏွစ္ေယာက္ကို စိုက္ၾကည့္ လိုက္သည္။ ယြင္ခ်န္ အတြက္ ထိုသူတို႔ကို သတ္ကာ လက္စားေခ်မည္ဟု စိတ္ပိုင္းျဖတ္ထားေသာ သူ႕ကို မည္သူကိုမွ တားခြင့္မေပးေပ။
"မင္း…."
"ေတာ္ပါေတာ့ အဘိုးႀကီးရာ ... ခင္ဗ်ားႀကီး ေကာင္းေကာင္းမြန္မြန္ အဆုံးသတ္ ႏိုင္လိမ့္မယ္ မင္းထင္ေနတာလား"
လန္ယဲ့ဟန္ အလြန္တည္ၿငိမ္ သြားလိမ့္မည္ဟု မေမွ်ာ္လင့္ထားသျဖင့္ ပါေမာကၡဝမ္ ေဒါသငယ္ထိပ္ ေဆာင့္သြားေလသည္။ သို႔ေသာ္ ေသြးျမင္၍ လန္႔သြားရာမွ သတိဝင္လာေသာ လုဟိုင္႐ႊမ္းက ပါေမာကၡ ဝမ္ကို သူေတာ္ေကာင္းေယာင္ ေဆာင္ရန္ ခြင့္မျပဳႏိုင္ေတာ့သျဖင့္ သူ၏ ဓါးကိုကိုင္ဆြဲကာ တစ္ဟုန္ထိုး ေျပးလာသည္။ တစ္ခ်ိန္တည္းတြင္ လန္ယဲ့ဟန္လည္း ေျပးလာကာ သူ၏ ရန္သူမ်ားကို သတ္ရမည္ဟုသာ ေတြးေနလိုက္သည္။
ဘုန္း
ခြၽန္ထက္ေသာဓါး႐ွည္က ပါေမာကၡ ဝမ္ကို ျပင္းထန္စြာ ထိ႐ိုက္ လိုက္ေသာ္လည္း အနာတရာျဖစ္ျခင္း အလွ်င္းမ႐ွိေပ။ အေကာင္းဆုံး ႀကိဳးစားခဲ့ေသာ လုဟိုင္႐ႊမ္း မွာလည္း ထိုအားအင္ကို အံ့အားသင့္ကာ ဓါးကိုပင္ ခက္ခဲစြာ ပင့္တင္ ထားရေလသည္။
"ဟင္ .. ခင္ဗ်ား ?"
ပါေမာကၡ ဝမ္သည္ ေအးစက္စြာ ျပဳံးလိုက္ၿပီး ယခုအေျခအေနမွာ အျခားသူမ်ားအား သူ၏ စြမ္းရည္ကို ျပသလိုက္သကဲ့သို႔ ျဖစ္ေနသျဖင့္ ႐ုံထဲ႐ွိေသာ သူမ်ားမွာလည္း မတ္တပ္ရပ္ရန္ပင္ ေၾကာက္႐ြံ႕ေနၾကကာ စြမ္းအား ႐ွိသူမ်ားႏွင့္ မ႐ွိသူတို႔၏ ကြာျခားမႈကို အမ်ားစု သတိထား မိလိုက္ၾကေပသည္။
***