Unicode
အခန်း (၂၅)
"ပြီးတော့ရော"
"ငါတို့ သူ့ကို ဆက်ပြီး ပျိုးထောင်ကြမယ်"
သူ၏ဆုံးဖြတ်ချက်ကြောင့် ကျန်သောသူများ အံ့အားသင့် သွားကြသည်ကို သိသော်လည်း ယွင်ချဲ့ တစ်စက္ကန့်ပင် တုံ့ဆိုင်းခြင်း မရှိပေ။ သူ၏ ညီမှာ ဖုတ်ကောင် ဖြစ်လာခဲ့သည့်တိုင် သူ၏ ညီလေးပင်။
အခြားသူများသည် သူ့ကို အမှန်တကယ် အံ့အားသင့်ခဲ့ ရသော်လည်း ယွင်ချဲ့၏အစီအစဉ်ကို ရောက်တတ်ရာရာ ခန့်မှန်းကြလေသည်။ ဖုတ်ကောင်ကို ပျိုးထောင် သင်ကြားပေးခြင်းက ထိုကဲ့သို့ အလွယ်တကူ ဆုံးဖြတ်နိုင်သော အရာလား။ သို့သော် ပဲသကြားစေ့များကို ငြိမ်သက်စွာ စားသုံးနေသော ယွင်ချန် ကိုကြည့်ကာ အလွန်ချစ်စရာ ကောင်းသည်ဟု မြင်ကြမိလေသည်။
"မင်းဘယ်လို ပျိုးထောင်မှာလဲ"
လန်ယဲ့ဟန် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ မေးလိုက်သည်။ သူ၏ ယောက်ျားပီသသော မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ၏နက်မှောင်သော မျက်လုံးများက တလက်လက် တောက်ပ နေလေသည်။
"ရိုးရိုးလေးပါပဲ .. သူလူတွေကို စားမလား ဖုတ်ကောင် အမြုတွေတွေကို စားမလားဆိုတာပဲ .. အမြုတွေတွေက ဖုတ်ကောင်တွေရဲ့ ဦးခေါင်းထဲမှာရှိတာ မင်းအဲဒါကို လိုချင်ရင် မင်းဖုတ်ကောင်တွေကို သတ်ရမယ် ပြီးရင် သူတို့ ဦးနှောက်ကိုဖွင့်ပြီး အမြုတေကို ရှာရမယ်"
သူတို့နှစ်ဉီး၏ ပထမဦးဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း ထိုသူသည် ညီငယ်နှင့် ပတ်သက်၍ အလွန် ဂရုတစိုက် ရှိသည်ကို ယွင်ချဲ့ သတိထားမိသည်။ ထို့အပြင် သူတို့ ရောက်ရှိလာသော အချိန်တွင် သူနှင့် အခြားတစ်ယောက်သည် သူ၏ညီကို ကာကွယ်ရန် အရှေ့မှ ရပ်နေခဲ့ကြသူများ ဖြစ်သည်ကိုလည်း သူမမေ့ပေ။
ယွင်ချဲ့ ပြောသည့်အရာကို သူတို့ မနှစ်မြို့ကြပေ။ ကျိုးဇယ်ယွီနှင့် ယွင်ယောင်တို့လည်း လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသည်များကို ပြန်အမှတ်ရ သွားကာ ဖြစ်နိုင်သည် ဆိုလျှင်တောင် ယွင်ချဲ့က ဖုတ်ကောင်များ၏ ဦးခေါင်းကိုဖွင့်ကာ အမြုတေ ရှာပေလိမ့်မည်။ ထိုအကြောင်းကိုတွေးမိလျှင် သူလည်း အော့အန် ချင်လာသည်။
"လူတွေကို စားမယ်ဆိုရင် ... ငါ မင်းကို ကူညီပေးမယ် ... ဖုတ်ကောင် အမြုတေ စုဆောင်းဖို့ ငါတာဝန်ယူတယ်"
ယွင်ချဲ့၏ အကြံဉာဏ်ကို လန်ယဲ့ဟန် အံ့အားသင့် သွားသော်လည်း ယွင်ချဲ့ ပြောသည်ကို သဘောတူ လိုက်သည်။ ယွင်ချန် မည်သို့ ဆင့်ကဲပြောင်းလဲ လာမည်ကို သူမသိသော်လည်း ယွင်ချဲ့က သူ့ကို အနာတရဖြစ်အောင် လုပ်မည် မဟုတ်ကြောင်း သူသိသည်။ သူသာ ယွင်ချန်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့လျှင် ယွင်ချန် ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ ယွင်ချန် ဘေးတွင် အမြဲရှိနေကာ ကာကွယ် စောင့်ရှောက်မည်ဖြစ်ပြီး သူ့သက်တမ်း တစ်လျှောက် ထိုသို့နေရမည်ဆိုလျှင် လန်ယဲ့ဟန် ကျေနပ်စွာပင် လက်ခံလိုက်မည်။
"ဒီအယုတ်တမာ ကောင်တွေကို ငါကိုယ်တိုင် သတ်မယ်"
လုဟိုင်ရွှမ်း စူးရဲစွာ အော်ဟစ် လိုက်သည်။ ထို့နောက် ဓါးတစ်ချောင်း ကောက်ယူလိုက်ပြီး တစ်ဟုန်ထိုး ပြေးသွားလေရာ လန်ယဲ့ဟန်လည်း ယွင်ချန်ကို စက္ကန့် အနည်းငယ်ကြာ စိုက်ကြည့်နေပြီး အတူလိုက်ပါရန် လှည့်ထွက်လာခဲ့သည်။ အဖွဲ့ထဲမှ သူများကို အလွယ်တကူ သွားခွင့် မပြုနိုင်ပေ။
"မင်းပြောပုံအရဆိုရင် ယွင်ချန်က ဘာကိုမှ မမှတ်မိနိုင်ဘူးလား .. ဒါဆိုရင် သူက ဘယ်အချိန်မှာ တကယ်ကို ပြောင်းလဲသွားပြီး ထိန်းချုပ်မှုတွေပါ ဆုံးရှုံးသွားမှာလဲ .. ငါကတော့ ငါတို့ထဲက ဘယ်သူကမှ သူ့ကို မတိုက်ခိုက်နိုင်မှာ စိတ်ပူမိတယ် .. ပြီးတော့ သူ့ကိုကြည့်ရတာ လူသားနဲ့ မတူဘူးဆိုတော့ သူ့ကို ဘယ်လို ခေါ်သွားကြမှာလဲ .. သူ့ကို ဓာတ်ခွဲခန်းထဲက ကြွက်တစ်ကောင်လိုမျိုး မဖြစ်စေချင်ဘူးလေ”
လှေကား မှတစ်ဆင့် ပျောက်ကွယ်သွားသော လူနှစ်ယောက်ကို ကြည့်ကာ ကျိုးဇယ်ယွီ ရှင်းလင်း ပြတ်သားစွာဖြင့် ကျိုးကြောင်း ဆီလျော်အောင် ပြောလိုက်သည်။ သူသည် ယခုအချိန်ထိ အံ့အားသင့် ထိတ်လန့် နေသေးသော်လည်း ယွင်ချဲ့ အကျိုးသင့် အကြောင်းသင့်သာ ပြောဆိုနိုင်ရန် စိတ်ထိန်းထားရသည်။ ဖုတ်ကောင်အား ပျိုးထောင်ကြရန် ဆိုသည်မှာ သူပြောသလောက် မလွယ်ကူနိုင်ပေ။
"ရှောင်ချဲ့ .."
ထိုအသံကို ကြားလိုက်သဖြင့် ယွင်ယောင်လည်း သူနှင့် ယွင်ချန်ကို တလှည့်စီ ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ချီတုံချတုံ ဖြစ်နေလေသည်။
သို့သော် ယွင်ချဲ့မှာ ကျိုးဇယ်ယွီကို စူးစိုက်ကြည့်လိုက်ပြီး ...
"အဲဒီတော့ ဘာဖြစ်လဲ"
သူ၏အဖြေပင်။ ညီလေးကို အတိတ်ဘဝတွင် တစ်ခါ ဆုံးရှုံးခဲ့ရသကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မည်ကို မလိုလားပေ။ ယွင်ချန် ရှိနေသရွေ့ သူတို့အတွက် မျှော်လင့်ချက် ရှိသည်။
"သေလိုက်ပါတော့"
ကျိုးဇယ်ယွီ သတိထားမိသည်က ယွင်ချဲ့မှာ ညီလေးကိစ္စနှင့် ပတ်သက်လျှင် မောက်မာ ရူးသွပ်လွန်း သောကြောင့် သူ နှုတ်ဖြင့် ဆဲဆိုလိုက်သည်။ ထို့နောက် သူ၏ဓားကို ယူကာ ...
"ငါသူတို့ကို သွားကူလိုက်ဉီးမယ်"
"ရှောင်ချဲ့ ... ရှောင်ချန်က ဘယ်လိုမျိုး ဖြစ်လာမှာလဲ"
ဒုတိယထပ်တွင် သူတို့ သုံးယောက်သာ ကျန်တော့သည့်အခါ ယွင်ယောင် အရှေ့သို့ ကိုင်းကာ ယွင်ချဲ့၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။ ယွင်ချဲ့လည်း သူမဘက် လှည့်ကြည့်ကာ ခဏကြာပြီးနောက် ...
"ကျွန်တော် မသိတော့ဘူး ... အတူတူ အဖြေရှာကြတာပေါ့"
ထိုသို့ပြောပြီးနောက် ယွင်ယောင် လက်ကို ယွင်ချဲ့ အားပေးသကဲ့သို့ ဆုပ်ကိုင်လိုက်သည်။ သူသည် အနာဂတ်ကို မခန့်မှန်းနိုင်သည့် အပြင် ဘာဖြစ်လာမည်ကိုလည်း မည်သူမှ မသိနိုင်ပေ။ အနာဂတ်တွင် မည်သို့သော အကြောင်းရာများ ဖြစ်လာခဲ့ပါစေ ယနေ့ ရွေးချယ်ခဲ့သော ဆုံးဖြတ်ချက်ကို သူနောင်တ ရလိမ့်မည် မဟုတ်ပေ။
"ဟုတ်ပြီလေ"
ယွင်ချဲ့ လက်များမှ တုန်ယင်မှုနှင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို သဘောပေါက်လာသည့်အခါ ယွင်ယောင်မှာ အံ့ဖွယ်ကောင်းစွာ တည်ငြိမ် လာလေသည်။ သူမသည် အကြီးဆုံး အစ်မဖြစ်သည့် အပြင် မောင်ဖြစ်သူ ယုံကြည်မှု အပြည့်အဝ ရှိနေချိန် သူမ ဘာကြောင့်များ စိတ်အားငယ် လက်လျော့ရပါ့မလဲ။ အနည်းဆုံးတော့ မောင်လေးဖြစ်သူ အသက်ရှင်နေသေးသည် မဟုတ်လား။ အနာဂတ်တွင် လူသားများသည် ဖုတ်ကောင်များကို လူသားများအဖြစ် ပြန်လည် ပြောင်းလဲနိုင်မည့် နည်းလမ်းများ မရှာတွေ့နိုင်ဟု ဘယ်သူကများ ဧကန်ပြောနိုင်ပါသလဲ။ ယခုအချိန်တွင် မျှော်လင့်ချက်များ စွန့်လွှတ်လိုက်ပါက နောက်ထပ် အခွင့်အရေး ရှိလာနိုင်တော့မည် မဟုတ်ပေ။
"ဟုတ်ကဲ့"
ယွင်ချဲ့ ခေါင်းညိတ် လိုက်ပြီးနောက် ယွင်ချန် ဘက်သို့ လှည့်ကာ ညီငယ်၏ခေါင်းကို အသာပုတ်ကာ ထိုင်ချလိုက်သည်။
"မင်းကို လူသားဖြစ်အောင် ပြန်ပြီး မပြောင်းလဲ ပေးနိုင်ရင်တောင် မင်းကို အသန်မာဆုံး ဖုတ်ကောင်ဖြစ်အောင် ငါလုပ်ပေးမယ်"
ယွင်ချဲ့ စကားများကို နားလည်ဟန်ဖြင့် ယွင်ချန် လှည့်ကြည့် လိုက်သည်။ သူ၏ အနီရောင် မျက်ဝန်းများမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး ခဏအကြာ သူ၏ ပဲသကြားစေ့များကို ဆက်၍ စားနေပြန်သည်။ ယွင်ချဲ့ အနည်းငယ် ဝမ်းနည်းလာသော်လည်း ဘာမှ မဖြစ်ဟန်ဆောင်ကာ နောက်ဆုံး ကျန်ရှိနေသော အမြုတေများကို ယွင်ချန် လက်ထဲ ထည့်ပေးလိုက်ပြီးနောက် ....
ဝူး ..
"ရှောင်ချဲ့ "
ယွင်ချဲ့ သူ၏လက်ကို ဝှေ့ယမ်းက ယွင်ချန်ကို အပြိုင်လောက နယ်မြေသို့ ပို့လိုက်ကာ တစ်ချိန်တည်းမှာပင် ယွင်ချဲ့ ခန္ဓာကိုယ်မှာ အရှေ့သို့ အထိန်းကွပ်မဲ့စွာ လွှင့်ထွက်သွားပြီး ပါးစပ်မှလည်း သွေးများ ထွက်လာသည်။
ထိုအဖြစ်ကို မြင်ရပြီးနောက် ယွင်ယောက်မှာ ယွင်ချဲ့ ဘယ်သွားသည်ကို မစဉ်းတော့ဘဲ ကူညီပေးရန် စိုးရိမ်တကြီးဖြင့် ပြေးသွားလေသည်။
"ဘာဖြစ်တာလဲ ဘာလို့ သွေးတွေ အန်နေရတာလဲ"
ယွင်ယောင် လွန်စွာ စိုးရိမ်ထိတ်လန့် နေလေသည်။ သူမတွင် မောင်နှစ်ယောက်သာ ရှိပြီး ယခုအချိန်တွင် တစ်ယောက်မှာ ဖုတ်ကောင် ဖြစ်သွားရလေသည်။ ဆိုးဝါးသောကိစ္စ နောက်ထပ် မဖြစ်စေရန် သတိထားရတော့မည်။ မဟုတ်လျှင် ဆက်လက် ရှင်သန်နိုင်ရန် အကြောင်းပြချက် မဲ့လာမည့် အဖြစ်မျိုးကို သူမ အလွန် ကြောက်ရွံ့ နေလေသည်။
***
Zawgyi
အခန္း (၂၅)
"ၿပီးေတာ့ေရာ"
"ငါတို႔ သူ႕ကို ဆက္ၿပီး ပ်ိဳးေထာင္ၾကမယ္"
သူ၏ဆုံးျဖတ္ခ်က္ေၾကာင့္ က်န္ေသာသူမ်ား အံ့အားသင့္ သြားၾကသည္ကို သိေသာ္လည္း ယြင္ခ်ဲ႕ တစ္စကၠန္႔ပင္ တုံ႔ဆိုင္းျခင္း မ႐ွိေပ။ သူ၏ ညီမွာ ဖုတ္ေကာင္ ျဖစ္လာခဲ့သည့္တိုင္ သူ၏ ညီေလးပင္။
အျခားသူမ်ားသည္ သူ႕ကို အမွန္တကယ္ အံ့အားသင့္ခဲ့ ရေသာ္လည္း ယြင္ခ်ဲ႕၏အစီအစဥ္ကို ေရာက္တတ္ရာရာ ခန္႔မွန္းၾကေလသည္။ ဖုတ္ေကာင္ကို ပ်ိဳးေထာင္ သင္ၾကားေပးျခင္းက ထိုကဲ့သို႔ အလြယ္တကူ ဆုံးျဖတ္ႏိုင္ေသာ အရာလား။ သို႔ေသာ္ ပဲသၾကားေစ့မ်ားကို ၿငိမ္သက္စြာ စားသုံးေနေသာ ယြင္ခ်န္ ကိုၾကည့္ကာ အလြန္ခ်စ္စရာ ေကာင္းသည္ဟု ျမင္ၾကမိေလသည္။
"မင္းဘယ္လို ပ်ိဳးေထာင္မွာလဲ"
လန္ယဲ့ဟန္ ေ႐ွ႕သို႔ ေျခတစ္လွမ္း တိုးကာ ေမးလိုက္သည္။ သူ၏ ေယာက်္ားပီသေသာ မ်က္ႏွာမွာ ေရခဲကဲ့သို႔ ေအးစက္ေနၿပီး လက္သီးမ်ားကိုလည္း က်စ္က်စ္ပါေအာင္ ဆုပ္ထားကာ သူ၏နက္ေမွာင္ေသာ မ်က္လုံးမ်ားက တလက္လက္ ေတာက္ပ ေနေလသည္။
"႐ိုး႐ိုးေလးပါပဲ .. သူလူေတြကို စားမလား ဖုတ္ေကာင္ အျမဳေတြေတြကို စားမလားဆိုတာပဲ .. အျမဳေတြေတြက ဖုတ္ေကာင္ေတြရဲ႕ ဦးေခါင္းထဲမွာ႐ွိတာ မင္းအဲဒါကို လိုခ်င္ရင္ မင္းဖုတ္ေကာင္ေတြကို သတ္ရမယ္ ၿပီးရင္ သူတို႔ ဦးေႏွာက္ကိုဖြင့္ၿပီး အျမဳေတကို ႐ွာရမယ္"
သူတို႔ႏွစ္ဉီး၏ ပထမဦးဆုံး ေတြ႕ဆုံမႈ ျဖစ္ေသာ္လည္း ထိုသူသည္ ညီငယ္ႏွင့္ ပတ္သက္၍ အလြန္ ဂ႐ုတစိုက္ ႐ွိသည္ကို ယြင္ခ်ဲ႕ သတိထားမိသည္။ ထို႔အျပင္ သူတို႔ ေရာက္႐ွိလာေသာ အခ်ိန္တြင္ သူႏွင့္ အျခားတစ္ေယာက္သည္ သူ၏ညီကို ကာကြယ္ရန္ အေ႐ွ႕မွ ရပ္ေနခဲ့ၾကသူမ်ား ျဖစ္သည္ကိုလည္း သူမေမ့ေပ။
ယြင္ခ်ဲ႕ ေျပာသည့္အရာကို သူတို႔ မႏွစ္ၿမိဳ႕ၾကေပ။ က်ိဳးဇယ္ယြီႏွင့္ ယြင္ေယာင္တို႔လည္း လမ္းတစ္ေလွ်ာက္ ေတြ႕ျမင္ခဲ့ရသည္မ်ားကို ျပန္အမွတ္ရ သြားကာ ျဖစ္ႏိုင္သည္ ဆိုလွ်င္ေတာင္ ယြင္ခ်ဲ႕က ဖုတ္ေကာင္မ်ား၏ ဦးေခါင္းကိုဖြင့္ကာ အျမဳေတ ႐ွာေပလိမ့္မည္။ ထိုအေၾကာင္းကိုေတြးမိလွ်င္ သူလည္း ေအာ့အန္ ခ်င္လာသည္။
"လူေတြကို စားမယ္ဆိုရင္ ... ငါ မင္းကို ကူညီေပးမယ္ ... ဖုတ္ေကာင္ အျမဳေတ စုေဆာင္းဖို႔ ငါတာဝန္ယူတယ္"
ယြင္ခ်ဲ႕၏ အၾကံဉာဏ္ကို လန္ယဲ့ဟန္ အံ့အားသင့္ သြားေသာ္လည္း ယြင္ခ်ဲ႕ ေျပာသည္ကို သေဘာတူ လိုက္သည္။ ယြင္ခ်န္ မည္သို႔ ဆင့္ကဲေျပာင္းလဲ လာမည္ကို သူမသိေသာ္လည္း ယြင္ခ်ဲ႕က သူ႕ကို အနာတရျဖစ္ေအာင္ လုပ္မည္ မဟုတ္ေၾကာင္း သူသိသည္။ သူသာ ယြင္ခ်န္ကို ေကာင္းေကာင္းမြန္မြန္ ေစာင့္ေ႐ွာက္ခဲ့လွ်င္ ယြင္ခ်န္ ယခုကဲ့သို႔ ျဖစ္လာမည္ မဟုတ္ေပ။ ယြင္ခ်န္ ေဘးတြင္ အၿမဲ႐ွိေနကာ ကာကြယ္ ေစာင့္ေ႐ွာက္မည္ျဖစ္ၿပီး သူ႕သက္တမ္း တစ္ေလွ်ာက္ ထိုသို႔ေနရမည္ဆိုလွ်င္ လန္ယဲ့ဟန္ ေက်နပ္စြာပင္ လက္ခံလိုက္မည္။
"ဒီအယုတ္တမာ ေကာင္ေတြကို ငါကိုယ္တိုင္ သတ္မယ္"
လုဟိုင္႐ႊမ္း စူးရဲစြာ ေအာ္ဟစ္ လိုက္သည္။ ထို႔ေနာက္ ဓါးတစ္ေခ်ာင္း ေကာက္ယူလိုက္ၿပီး တစ္ဟုန္ထိုး ေျပးသြားေလရာ လန္ယဲ့ဟန္လည္း ယြင္ခ်န္ကို စကၠန္႔ အနည္းငယ္ၾကာ စိုက္ၾကည့္ေနၿပီး အတူလိုက္ပါရန္ လွည့္ထြက္လာခဲ့သည္။ အဖြဲ႕ထဲမွ သူမ်ားကို အလြယ္တကူ သြားခြင့္ မျပဳႏိုင္ေပ။
"မင္းေျပာပုံအရဆိုရင္ ယြင္ခ်န္က ဘာကိုမွ မမွတ္မိႏိုင္ဘူးလား .. ဒါဆိုရင္ သူက ဘယ္အခ်ိန္မွာ တကယ္ကို ေျပာင္းလဲသြားၿပီး ထိန္းခ်ဳပ္မႈေတြပါ ဆုံး႐ႈံးသြားမွာလဲ .. ငါကေတာ့ ငါတို႔ထဲက ဘယ္သူကမွ သူ႕ကို မတိုက္ခိုက္ႏိုင္မွာ စိတ္ပူမိတယ္ .. ၿပီးေတာ့ သူ႕ကိုၾကည့္ရတာ လူသားနဲ႔ မတူဘူးဆိုေတာ့ သူ႕ကို ဘယ္လို ေခၚသြားၾကမွာလဲ .. သူ႕ကို ဓာတ္ခြဲခန္းထဲက ႂကြက္တစ္ေကာင္လိုမ်ိဳး မျဖစ္ေစခ်င္ဘူးေလ”
ေလွကား မွတစ္ဆင့္ ေပ်ာက္ကြယ္သြားေသာ လူႏွစ္ေယာက္ကို ၾကည့္ကာ က်ိဳးဇယ္ယြီ ႐ွင္းလင္း ျပတ္သားစြာျဖင့္ က်ိဳးေၾကာင္း ဆီေလ်ာ္ေအာင္ ေျပာလိုက္သည္။ သူသည္ ယခုအခ်ိန္ထိ အံ့အားသင့္ ထိတ္လန္႔ ေနေသးေသာ္လည္း ယြင္ခ်ဲ႕ အက်ိဳးသင့္ အေၾကာင္းသင့္သာ ေျပာဆိုႏိုင္ရန္ စိတ္ထိန္းထားရသည္။ ဖုတ္ေကာင္အား ပ်ိဳးေထာင္ၾကရန္ ဆိုသည္မွာ သူေျပာသေလာက္ မလြယ္ကူႏိုင္ေပ။
"ေ႐ွာင္ခ်ဲ႕ .."
ထိုအသံကို ၾကားလိုက္သျဖင့္ ယြင္ေယာင္လည္း သူႏွင့္ ယြင္ခ်န္ကို တလွည့္စီ ၾကည့္လိုက္ၿပီး တစ္ခုခုေျပာရန္ ခ်ီတုံခ်တုံ ျဖစ္ေနေလသည္။
သို႔ေသာ္ ယြင္ခ်ဲ႕မွာ က်ိဳးဇယ္ယြီကို စူးစိုက္ၾကည့္လိုက္ၿပီး ...
"အဲဒီေတာ့ ဘာျဖစ္လဲ"
သူ၏အေျဖပင္။ ညီေလးကို အတိတ္ဘဝတြင္ တစ္ခါ ဆုံး႐ႈံးခဲ့ရသကဲ့သို႔ အလားတူ ျဖစ္ရပ္မ်ိဳး ေနာက္တစ္ႀကိမ္ ထပ္ျဖစ္မည္ကို မလိုလားေပ။ ယြင္ခ်န္ ႐ွိေနသေ႐ြ႕ သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ ႐ွိသည္။
"ေသလိုက္ပါေတာ့"
က်ိဳးဇယ္ယြီ သတိထားမိသည္က ယြင္ခ်ဲ႕မွာ ညီေလးကိစၥႏွင့္ ပတ္သက္လွ်င္ ေမာက္မာ ႐ူးသြပ္လြန္း ေသာေၾကာင့္ သူ ႏႈတ္ျဖင့္ ဆဲဆိုလိုက္သည္။ ထို႔ေနာက္ သူ၏ဓားကို ယူကာ ...
"ငါသူတို႔ကို သြားကူလိုက္ဉီးမယ္"
"ေ႐ွာင္ခ်ဲ႕ ... ေ႐ွာင္ခ်န္က ဘယ္လိုမ်ိဳး ျဖစ္လာမွာလဲ"
ဒုတိယထပ္တြင္ သူတို႔ သုံးေယာက္သာ က်န္ေတာ့သည့္အခါ ယြင္ေယာင္ အေ႐ွ႕သို႔ ကိုင္းကာ ယြင္ခ်ဲ႕၏ အက်ႌလက္ကို ဆြဲကာ ေမးလိုက္သည္။ ယြင္ခ်ဲ႕လည္း သူမဘက္ လွည့္ၾကည့္ကာ ခဏၾကာၿပီးေနာက္ ...
"ကြၽန္ေတာ္ မသိေတာ့ဘူး ... အတူတူ အေျဖ႐ွာၾကတာေပါ့"
ထိုသို႔ေျပာၿပီးေနာက္ ယြင္ေယာင္ လက္ကို ယြင္ခ်ဲ႕ အားေပးသကဲ့သို႔ ဆုပ္ကိုင္လိုက္သည္။ သူသည္ အနာဂတ္ကို မခန္႔မွန္းႏိုင္သည့္ အျပင္ ဘာျဖစ္လာမည္ကိုလည္း မည္သူမွ မသိႏိုင္ေပ။ အနာဂတ္တြင္ မည္သို႔ေသာ အေၾကာင္းရာမ်ား ျဖစ္လာခဲ့ပါေစ ယေန႔ ေ႐ြးခ်ယ္ခဲ့ေသာ ဆုံးျဖတ္ခ်က္ကို သူေနာင္တ ရလိမ့္မည္ မဟုတ္ေပ။
"ဟုတ္ၿပီေလ"
ယြင္ခ်ဲ႕ လက္မ်ားမွ တုန္ယင္မႈႏွင့္ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ကို သေဘာေပါက္လာသည့္အခါ ယြင္ေယာင္မွာ အံ့ဖြယ္ေကာင္းစြာ တည္ၿငိမ္ လာေလသည္။ သူမသည္ အႀကီးဆုံး အစ္မျဖစ္သည့္ အျပင္ ေမာင္ျဖစ္သူ ယုံၾကည္မႈ အျပည့္အဝ ႐ွိေနခ်ိန္ သူမ ဘာေၾကာင့္မ်ား စိတ္အားငယ္ လက္ေလ်ာ့ရပါ့မလဲ။ အနည္းဆုံးေတာ့ ေမာင္ေလးျဖစ္သူ အသက္႐ွင္ေနေသးသည္ မဟုတ္လား။ အနာဂတ္တြင္ လူသားမ်ားသည္ ဖုတ္ေကာင္မ်ားကို လူသားမ်ားအျဖစ္ ျပန္လည္ ေျပာင္းလဲႏိုင္မည့္ နည္းလမ္းမ်ား မ႐ွာေတြ႕ႏိုင္ဟု ဘယ္သူကမ်ား ဧကန္ေျပာႏိုင္ပါသလဲ။ ယခုအခ်ိန္တြင္ ေမွ်ာ္လင့္ခ်က္မ်ား စြန္႔လႊတ္လိုက္ပါက ေနာက္ထပ္ အခြင့္အေရး ႐ွိလာႏိုင္ေတာ့မည္ မဟုတ္ေပ။
"ဟုတ္ကဲ့"
ယြင္ခ်ဲ႕ ေခါင္းညိတ္ လိုက္ၿပီးေနာက္ ယြင္ခ်န္ ဘက္သို႔ လွည့္ကာ ညီငယ္၏ေခါင္းကို အသာပုတ္ကာ ထိုင္ခ်လိုက္သည္။
"မင္းကို လူသားျဖစ္ေအာင္ ျပန္ၿပီး မေျပာင္းလဲ ေပးႏိုင္ရင္ေတာင္ မင္းကို အသန္မာဆုံး ဖုတ္ေကာင္ျဖစ္ေအာင္ ငါလုပ္ေပးမယ္"
ယြင္ခ်ဲ႕ စကားမ်ားကို နားလည္ဟန္ျဖင့္ ယြင္ခ်န္ လွည့္ၾကည့္ လိုက္သည္။ သူ၏ အနီေရာင္ မ်က္ဝန္းမ်ားမွာ ႐ႈပ္ေထြးမႈမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ခဏအၾကာ သူ၏ ပဲသၾကားေစ့မ်ားကို ဆက္၍ စားေနျပန္သည္။ ယြင္ခ်ဲ႕ အနည္းငယ္ ဝမ္းနည္းလာေသာ္လည္း ဘာမွ မျဖစ္ဟန္ေဆာင္ကာ ေနာက္ဆုံး က်န္႐ွိေနေသာ အျမဳေတမ်ားကို ယြင္ခ်န္ လက္ထဲ ထည့္ေပးလိုက္ၿပီးေနာက္ ....
ဝူး ..
"ေ႐ွာင္ခ်ဲ႕ "
ယြင္ခ်ဲ႕ သူ၏လက္ကို ေဝွ႔ယမ္းက ယြင္ခ်န္ကို အၿပိဳင္ေလာက နယ္ေျမသို႔ ပို႔လိုက္ကာ တစ္ခ်ိန္တည္းမွာပင္ ယြင္ခ်ဲ႕ ခႏၶာကိုယ္မွာ အေ႐ွ႕သို႔ အထိန္းကြပ္မဲ့စြာ လႊင့္ထြက္သြားၿပီး ပါးစပ္မွလည္း ေသြးမ်ား ထြက္လာသည္။
ထိုအျဖစ္ကို ျမင္ရၿပီးေနာက္ ယြင္ေယာက္မွာ ယြင္ခ်ဲ႕ ဘယ္သြားသည္ကို မစဥ္းေတာ့ဘဲ ကူညီေပးရန္ စိုးရိမ္တႀကီးျဖင့္ ေျပးသြားေလသည္။
"ဘာျဖစ္တာလဲ ဘာလို႔ ေသြးေတြ အန္ေနရတာလဲ"
ယြင္ေယာင္ လြန္စြာ စိုးရိမ္ထိတ္လန္႔ ေနေလသည္။ သူမတြင္ ေမာင္ႏွစ္ေယာက္သာ ႐ွိၿပီး ယခုအခ်ိန္တြင္ တစ္ေယာက္မွာ ဖုတ္ေကာင္ ျဖစ္သြားရေလသည္။ ဆိုးဝါးေသာကိစၥ ေနာက္ထပ္ မျဖစ္ေစရန္ သတိထားရေတာ့မည္။ မဟုတ္လွ်င္ ဆက္လက္ ႐ွင္သန္ႏိုင္ရန္ အေၾကာင္းျပခ်က္ မဲ့လာမည့္ အျဖစ္မ်ိဳးကို သူမ အလြန္ ေၾကာက္႐ြံ႕ ေနေလသည္။
***