Unicode
အခန်း (၂၃)
"မဟုတ်ဘူး .. မင်းငါ့ကိုမသတ်နိုင်ဘူး … ငါမသေချင်သေးဘူး"
"အမေရေ … ကယ်ပါဦး … ကျွန်တော် မသေချင်ဘူး"
ငါ့ကို သွားခွင့်ပြုပါ မင်းမှာ ငါ့ကို သတ်ပိုင်ခွင့် မရှိဘူး သွားခွင့်ပြုပါ …"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ ..."
တစ်ဒါဇင်လောက်သာ ရှိသည့် လူများသည် ရာနှင့်ချီသော လူများကို ဘယ်လိုများ ယှဉ်ပြိုင် တိုက်ခိုက် နိုင်မှာလဲ။ မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့မှာ ပတ်လည်တွင် ပိတ်မိလျက်ရှိပြီး သီးခြားခွဲ၍ ထွက်ပြေးရန် ကြိုးစားသော အမျိုးသမီး တစ်ယောက်သည်လည်း ဖမ်းဆီး ခံရပြန်လေသည်။ သူတို့အားလုံးသည် ဟွိုင်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ပြီး အသက်နှစ်ဆယ် ဝန်းကျင်မျှသာ ရှိသေးည်။ သူတို့သည် သေဆုံးရမည့် ဘေးဒုက္ခမျိုး ကြုံတွေ့လာရသည့် အခါတွင် သနားညှာတာမှု အတွက် ငိုကြွေး တောင်းပန်ကြသကဲ့သို့ ဒေါသကြီးစွာ အော်ဟစ်ကြသည်။ သူတို့မှာ ဒေါသထွက်နေကာ ကြောက်ရွံ့နေသည့် အပြင် စိတ်ဝမ်းကွဲ နေကြသည်။
"ပါမောက္ခ ဝမ် သူတို့က ရောဂါပိုး ဝင်ပြီးပြီမလို့ သူတို့ကို သတ်လိုက်ကြစို့"
---
"မင်းဘာကို ဆိုလိုတာလဲ တကယ်လို့ ငါတို့သူတို့ကို မသတ်ရင် သူတို့သန္ဓေ ပြောင်းလာတာနဲ့ ငါတို့သေလိမ့်မယ်"
"ဟုတ်တယ် သူတို့ကို သတ်ကိုသတ်ရမယ်"
အားကစားရုံ အတွင်းရှိသော ဆရာဆရာမများနှင့် ကျောင်းသားများ အားလုံး ဒေါသစိတ်များ ပြည့်နှက်နေပြီး အရင်က သိခဲ့သူများ မဟုတ်ကြတော့ပေ။ သူတို့၏ ရုပ်ဆိုး အကျည်းတန်သော မျက်နှာများသည် လက်တွေ့ဘဝမှ အကြင်နာမဲ့ ရက်စက်မှုများကို ဖော်ပြလျက်ရှိသည်။ ဘေးနားတွင် ရပ်နေသော အနီရောင် မျက်ဝန်းများ ရှိနေသည့် အမျိုးသမီး တစ်ယောက် ရုတ်တရက် ခုန်ထွက်လာကာ ...
"မင်းဒါကို မလုပ်နိုင်ပါဘူး ငါတို့ဟာလည်း ခံရသူတွေပါပဲ အခုအချိန်မှာ ဒဏ်ရာရပြီးသား သူတွေက မကောင်းဆိုးဝါးအဖြစ် ပြောင်းသွား နိုင်တယ်လို့ ဘယ်သူက အခိုင်အမာ ပြောနိုင်လို့လဲ ... တကယ်လို့ ငါတို့သာ မကောင်းဆိုးဝါး ဖြစ်မလာဘူးဆိုရင် မင်းက လူသတ်နေတာပဲ"
အမျိုးသမီးမှာ အလွန်လှပပြီး အသက်နှစ်ဆယ်ပင် မကျော်သေးဟန် တူသည်။ သို့သော် သူမအခုထိ အားမနည်းသေး။ အသိစိတ် ကင်းမဲ့နေပြီဖြစ်သော လူများ အရှေ့မှာပင် တွန့်ဆုတ်ခြင်း မရှိပေ။
"ဟုတ်တယ် မင်းတို့ ငါတို့ကို သတ်လို့ မရပါဘူး မင်းတို့ ကြောက်တယ်ဆိုရင် ငါတို့ ဒီအားကစားရုံက ထွက်သွားပေးမယ်"
ကျန်သော သူများကလည်း အရဲစွန့်၍ ရှေ့သို့ တိုးလာကြသည်။
"ဒါဆို သူတို့ကို ထွက်သွား ခိုင်းလိုက်ပါ"
လူတိုင်းကတော့ လူမဆန်စွာ ရက်စက် ကြမ်းကြုတ်သည် မဟုတ်။ လူအုပ်အတွင်းမှ မတူညီသော အသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ တစ်ဖွဲ့လုံးကို ဦးဆောင်နေသော ပါမောက္ခ ဝမ်သည် မိနစ်အနည်းငယ်ကြာ မျက်မှောင်ကြုတ် လျက်ရှိသည်။ ထိုလူများ အားလုံးကို လှုံ့ဆော်ရန် သူအတော် ကြိုးစားထားရသဖြင့် နောက်ကြောင်း ပြန်လှည့်ရန် ခွင့်မပြုနိုင်ပေ။ ကပ်ဘေးကို ဖြေရှင်း ကျော်လွှား နိုင်သည်အထိ လူများစုက သူ၏စကားကို နားထောင်ကြလိမ့်မည်ဟု ယုံကြည်ထားသဖြင့် ...
"မဟုတ်ဘူး သူတို့ကို သွားခွင့်ပြုလိုက်တာက ဒါဇင်လောက်ရှိတဲ့ မကောင်းဆိုးဝါးတွေကို လွှတ်ပေးလိုက်တာပဲ .. ပြီးတော့ ကယ်ဆယ်ရေးတွေလည်း လာမှာမဟုတ်ဘူး ငါတို့ကိုယ်တိုင် ဒီအခြေအနေကို ကျော်ဖြတ်ကြရမယ် .. အဲဒီလိုအချိန်မှာ သူတို့က ငါတို့ရန်သူတွေ ဖြစ်လာနိုင်တယ်"
"ဟုတ်တယ် သူတို့ ထွက်မသွားရဘူး"
"သူတို့ကိုသတ် ... သူတို့ကိုသတ် .."
လူတိုင်းက လွန်စွာ ကြောက်ရွံ့ နေကြလေသည်။ ရောဂါကူးစက်ခံရပြီး မကောင်းဆိုးဝါး ဖြစ်လာကာ အသတ်ခံရမည်ကို ကြောက်သည်။ ကြောက်ရွံ့မှုများဖြင့် လောင်မြိုက် လာကြသည်နှင့် တစ်ပြိုင်နက် လူသားဆန်မှုများလည်း ချက်ချင်း ပျောက်ကွယ် သွားလေတော့သည်။
လူထုတစ်ခုလုံး၏ ဒေါသများနှင့် ရင်ဆိုင်နေရသော ဒဏ်ရာရပြီး သူများမှာ အားအင် ချည့်နဲ့ကာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်မှီခို ထားကြသည်။ ပထမဦးဆုံး စကားပြောခဲ့သော အမျိုးသမီး တစ်ယောက်သည် သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အံကြိတ်ထားပြီးလျှင် ...
"အပြင်မှာ ဘာတွေဖြစ်နေလဲ ငါတို့မသိဘူး ငါတို့အားလုံး လူသတ်သမားတွေ ဖြစ်မလာချင်ပါဘူး ဟုတ်တယ်မလား .. ပြောရမယ်ဆိုရင် ငါတို့ကို ချုပ်နှောင် ထားလိုက် တကယ်လို့ ငါတို့ပြောင်းလဲ လာတယ်ဆိုရင် ငါတို့ကို သတ်လိုက် ငါတို့လည်း မငြင်းဘူး ... အဲ့လိုသာဆို မင်းတို့ အတွက်လည်း ဘာစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ ရှိလာမှာ မဟုတ်တော့ဘူး"
"ငါလည်း အဲ့လိုထင်တယ် သူတို့က အခုထိ လူသားတွေပဲ .. ငါတို့ သူတို့ကို ချည်နှောင်ထားပြီး သူတို့ သန္ဓေပြောင်းလာတဲ့ထိ စောင့်ကြမယ် ငါတို့လည်း သူတို့ကို အလွယ်တကူ သတ်နိုင်နေတာပဲ"
"ဟုတ်တယ် ဟုတ်တယ် အကြံကောင်းပဲ ဒီလိုသာဆို ငါတို့လည်း မှားယွင်းပြီး သတ်မိစရာ မရှိတော့ဘူး တကယ် ကြောက်စရာ ကောင်းလိုက်တာ"
"ငါ သဘောတူတယ်"
ထိုနည်းလမ်းသည် လူအများ၏ ထောက်ခံမှုဖြင့် သိသိသာသာ အနိုင်ရ သွားသောကြောင့် ပါမောက္ခ ဝမ်လည်း ခေါင်းညိတ် ရတော့သည်။ ဒဏ်ရာရထားပြီး သူများမှာ ကြောက်ရွံ့သော်လည်း သဘောတူရန်သာ ရှိသည်။ ထိုနည်းမှာ နှစ်ဖက်လုံး လက်ခံနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။
လူတစ်အုပ်စုလုံးကို အဝတ်များဖြင့် လျင်မြန်စွာ ချည်နှောင် ထားလိုက်သည့်အခါ လူတိုင်း စိတ်သက်သာရာ ရသွားကြသည့် အချိန်တွင် ပါမောက္ခ ဝမ်သည် ထိုသူများကို အနောက်မှ အမြဲကာကွယ် ပေးနေသော လန်ယဲ့ဟန်၊ လုဟိုင်ရွှမ်းနှင့် ယွင်ချန်တို့ ဘက်သို့ လှည့်ကြည့်လိုက်သည်။
"လန်ယဲ့ဟန် .. ယွင်ချန်ကို ချုပ်ထားလိုက် သူဒဏ်ရာ ရထားပြီးပြီဆိုတာ ငါသိတယ်"
ကုန်စုံဆိုင်မှ ထွက်ပြေး လွတ်မြောက်လာသည့် အချိန်က ယွင်ချန်ကို ဆွဲခေါ်လာခဲ့ကြသော လူငယ်များစွာ ကလည်း အော်ဟစ်ခဲ့ကြသည်။
"သေလိုက်ကြပါလား … မင်းတို့သာ ယွင်ချန်ကို မတွန်းထုတ်ခဲ့ဘူးဆိုရင် သူဒဏ်ရာ ရပါ့မလား"
လုဟိုင်ရွှမ်းက ရိုးဖြောင့်သူပီပီ ချက်ချင်းပင် ပြန်လည် အပြစ်တင် ရှုတ်ချ လိုက်သဖြင့် ထိုသူများ အားလုံးလည်း ရုတ်တရက် သွေးဆုတ် သွားသကဲ့သို့ ဖျော့တော့သွားကြသည်။ သို့သော် သူတို့အားလုံးထဲမှ တစ်ဦးသည် ယွင်ချန်၏ မျက်လုံးများ မကြည်မလင် ဖြစ်လာသည်ကို မရည်ရွယ်ဘဲ သတိထား မိလေရာ လက်ညှိုး ထိုးလိုက်ပြီး
"သူ ...သူ .. သူပြောင်းလဲနေပြီ"
"ဘာ "
ရုတ်တရက် အားကစားရုံ တစ်ခုလုံး အတွင်းမှ အခြေအနေမှာ အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိလာပြီး အခုလေးတင်မှ အနားယူနိုင်ကြသော သူအားလုံးလည်း ချက်ချင်းပင် အခန်း၏ ထောင့်နေရာသို့ ဦးတည် တွန်းတိုက် လာကြသည်။
"ရှောင်ချန် .. သူတို့ မင်းကိုသတ်ဖို့ ငါခွင့်မပြုဘူး"
"လန် .. ဟင်း..ဟင်း.. ဟင်း..ဟင်း..."
လန်ယဲ့ဟန်မှာ ဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲနေပြီး ခက်ခဲစွာ စကားပြောနေသော ယွင်ချန်ကို ဖက်လိုက်သည်။ သူသည် အခြားစကားတို့ကို မပြောနိုင်တော့ဘဲ ညည်းတွားသံသာ ထွက်နိုင်တော့သည်။ လန်ယဲ့ဟန်လည်း စိတ်ထဲ အလွန် နာကျင်သွားကာ ...
"စကားမပြောပါနဲ့တော့ မင်းရဲ့အစ်ကို လာမှာကို မစောင့်တော့ဘူးလား ငါမသေမချင်း မင်းကို ဘယ်သူမှ မထိစေရဘူး"
လန်ယဲ့ဟန် ရုတ်တရက် ယွင်ချန်ကို လွှတ်လိုက်ပြီး လုဟိုင်ရွှမ်း နှင့်အတူ မတ်တပ် ရပ်လိုက်သည်။ သူတို့က ဘေးနားတွင် ရှိနေသော လူများကို ကြည့်လိုက်ပြီးလျှင် သူ၏ညာဘက် လက်ကို အပေါ်သို့ ဆန့်ထုတ်ကာ မီးလုံးများ လေပေါ်တွင် ပေါလော ပေါ်စေလေသည်။
"ဘယ်သူ ရှေ့တစ်လှမ်း တိုးရဲလဲ….. အဲဒီသူကို ငါသတ်မယ်"
အမှန်တွင် လူအနည်းစုသာ ထူးခြားသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားကြပြီး အချို့သူများမှာ ပိုင်ဆိုင် ထားသော်လည်း သတိမထားမိကြပေ။ အခြားသော လူများလည်း မီးလုံးများကို ကြည့်ကာ ထိတ်လန့်သွားကြပြီး နောက်ဆုတ် သွားကြသည်။
"လန်ယဲ့ဟန် .. ငါတို့အားလုံးလည်း လူတိုင်းရဲ့ အသက်အတွက် လုပ်နေကြရတာ ယွင်ချန်က စပြီး ပြောင်းလဲနေပြီ .. မင်းငါတို့ အားလုံးကို ဒီနေရာမှာ သူနဲ့အတူ သေသွားစေချင်တာလား"
ထိုအချိန်တွင် ကောက်ကျစ်သော ပါမောက္ခ ဝမ်သည် နောက်တစ်ကြိမ် မတ်တပ် ထရပ်ကာပြောလေသည်။ ပါမောက္ခမှာ ဖြောင့်မတ်မှန်ကန်ပြီး ကိုယ်ကျင့်တရား ကောင်းဟန် ပြသော်လည်း အမှန်မှာ တစ်ကိုယ်ကောင်း ဆန်လွန်းသူပင်။
“ဟမ်…. တွဲဖက်ပါမောက္ခ ဝမ် ခင်ဗျားကိုယ်ခင်ဗျား တွဲဖက်ဆိုတဲ့ စကားလုံးမပါဘဲ ပါမောက္ခတစ်ယောက် ဖြစ်တယ်လို့ တကယ် ထင်နေတာလား ... ခင်ဗျားက တကယ်တော့ ခင်ဗျား ကိုယ်ကျိုးအတွက် လက်စားချေဖို့ အခွင့်အရေးကို ရှာနေတာပဲ ပြီးခဲ့တဲ့လက ယွင်ချန်ရဲ့ သုတေသန စာတမ်းက ခင်ဗျားထက် ကောင်းတယ်ဆိုတာ လူတိုင်းအသိပဲ ... ဒါကြောင့် ပါမောက္ခက ခင်ဗျားရဲ့ ရလဒ်တွေကို ကြည့်တောင် မကြည့်ဘူးမလား"
လန်ယဲ့ဟန်က အေးအးဆေးဆေးဖြင့် အထင်သေးစွာ ပြောလိုက်သည်။ ထိုကျောင်းတွင် ရှိသော ဆရာဆရာမ ကျောင်းသား ကျောင်းသူများသည် ပါမောက္ခ ဝမ်နှင့် ယွင်ချန်တို့ကြားရှိ ပုဂ္ဂိုလ်ရေး မကျေမနပ်မှုများကို အနည်းနှင့် အများတော့ သိကြသည်။ အကယ်၍ ယနေ့တွင် ယွင်ချန် မပြောင်းလဲခဲ့သော်လည်း ပါမောက္ခဝမ်သည် ယွင်ချန်ကို ရှင်းထုတ်နိုင်ရန် အခြား အခွင့်အရေး ရှာမည်ဆိုသည်ကို လန်ယဲ့ဟန် အနေဖြင့် အခိုင်အမာ ပြောရဲသည်။
"မင်း ယွင်ချန် ပြောင်းလဲသွားပြီ ဆိုတာက အမှန်တရားပဲ .. မင်းတစ်ယောက်တည်း ထူးခြားတဲ့ စွမ်းရည်ရှိတယ်လို့ မင်းထင်နေတာလား"
ပါမောက္ခ ဝမ် အလွန်ဒေါသ ထွက်နေပြီး သူ၏တစ်ကိုယ်လုံးကို သတ္တုကျည်ကာဖြင့် ချက်ချင်း ဖုံးလိုက်သည်။
"အားလုံးပဲ မကြောက်ကြနဲ့ ကျွန်တော်တို့က လူအများကြီး ယွင်ချန်က သန္ဓေပြောင်းလဲ သွားပြီ ... ကျွန်တော်တို့ ဒီထက်ပိုပြီး ..."
ခွမ်း
အခြေအနေမှာ အတင်းမာဆုံး အနေအထားတစ်ခုသို့ ရောက်ရှိနေပြီး နှစ်ဖက်စလုံးမှ ပေါက်ကွဲ ထွက်တော့မည့် အချိန်တွင် အားကစားရုံ၏ ဒုတိယထပ်တွင် ရှိသော ပြတင်းပေါက် မှန်သည် ရုတ်တရက် ကွဲသွားပြီး လူအုပ်အတွင်းမှ မည်သို့မျှ မတုံ့ပြန်နိုင်သေးခင် ပုံရိပ်အချို့ ပြတင်းပေါက်မှ တစ်ခုပြီးတစ်ခု ခုန်ဝင်လာသည်။
ယွင်ချဲ့သည် အရှေ့မှနေ၍ သူ၏ဓားရှည်ကို ဆွဲယူကာ ချည်နှောင် ခံထားရသူများကို တစ်ချက် ကြည့်လိုက်ပြီး လူအများ စုဝေးနေသော နေရာသို့ ဖြည်းဖြည်းချင်း လှည့်ကြည့် လိုက်လေသည်။
"ယွင်ချန် ?"
လူတစ်ယောက်မှာ ရုတ်တရက် ထငိုလိုက်ပြီး အခန်း၏ ထောင့်တွင် စုစည်းနေသော လူများအားလုံး အာရုံကို ဖမ်းစားလိုက်သည်။ အားကစားရုံ အတွင်းတွင် နောက်ထပ် ယွင်ချန် တစ်ယောက် ထပ်ပေါ်လာသည်ကို သူတို့ နားမလည်နိုင်ကြပေ။
"ရှောင်ချန် ... အဆင်ပြေရဲ့လား"
သူတို့၏ ပုံစံများကြောင့် နောက်ဆုံးတွင် ယွင်ချဲ့မှာ အလယ်တွင် ရှိနေသော ယွင်ချန်ကို သတိထားမိ လိုက်ပြီး ယွင်ယောင်၏ ဓားသည်လည်း မြေပေါ်သို့ ပြုတ်ကျ သွားလေသည်။ သန္ဓေပြောင်းလဲခြင်း စတင်နေပြီးဖြစ်သော ယွင်ချန်ကို အဝေးမှ ကြည့်ရင်း သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်ကာ ငိုကြွေးလေတော့သည်။ ကျိုးဇယ်ယွီသည် ဝမ်းနည်းစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူတို့ နောက်ကျ သွားခဲ့လေပြီ။
***
Zawgyi
အခန္း (၂၃)
"မဟုတ္ဘူး .. မင္းငါ့ကိုမသတ္ႏိုင္ဘူး … ငါမေသခ်င္ေသးဘူး"
"အေမေရ … ကယ္ပါဦး … ကြၽန္ေတာ္ မေသခ်င္ဘူး"
ငါ့ကို သြားခြင့္ျပဳပါ မင္းမွာ ငါ့ကို သတ္ပိုင္ခြင့္ မ႐ွိဘူး သြားခြင့္ျပဳပါ …"
"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို မသတ္ပါနဲ႔ ..."
တစ္ဒါဇင္ေလာက္သာ ႐ွိသည့္ လူမ်ားသည္ ရာႏွင့္ခ်ီေသာ လူမ်ားကို ဘယ္လိုမ်ား ယွဥ္ၿပိဳင္ တိုက္ခိုက္ ႏိုင္မွာလဲ။ မိနစ္အနည္းငယ္ အတြင္းမွာပင္ သူတို႔မွာ ပတ္လည္တြင္ ပိတ္မိလ်က္႐ွိၿပီး သီးျခားခြဲ၍ ထြက္ေျပးရန္ ႀကိဳးစားေသာ အမ်ိဳးသမီး တစ္ေယာက္သည္လည္း ဖမ္းဆီး ခံရျပန္ေလသည္။ သူတို႔အားလုံးသည္ ဟြိဳင္တကၠသိုလ္မွ ေက်ာင္းသားမ်ား ျဖစ္ၿပီး အသက္ႏွစ္ဆယ္ ဝန္းက်င္မွ်သာ ႐ွိေသးည္။ သူတို႔သည္ ေသဆုံးရမည့္ ေဘးဒုကၡမ်ိဳး ၾကဳံေတြ႕လာရသည့္ အခါတြင္ သနားညႇာတာမႈ အတြက္ ငိုေႂကြး ေတာင္းပန္ၾကသကဲ့သို႔ ေဒါသႀကီးစြာ ေအာ္ဟစ္ၾကသည္။ သူတို႔မွာ ေဒါသထြက္ေနကာ ေၾကာက္႐ြံ႕ေနသည့္ အျပင္ စိတ္ဝမ္းကြဲ ေနၾကသည္။
"ပါေမာကၡ ဝမ္ သူတို႔က ေရာဂါပိုး ဝင္ၿပီးၿပီမလို႔ သူတို႔ကို သတ္လိုက္ၾကစို႔"
---
"မင္းဘာကို ဆိုလိုတာလဲ တကယ္လို႔ ငါတို႔သူတို႔ကို မသတ္ရင္ သူတို႔သေႏၶ ေျပာင္းလာတာနဲ႔ ငါတို႔ေသလိမ့္မယ္"
"ဟုတ္တယ္ သူတို႔ကို သတ္ကိုသတ္ရမယ္"
အားကစား႐ုံ အတြင္း႐ွိေသာ ဆရာဆရာမမ်ားႏွင့္ ေက်ာင္းသားမ်ား အားလုံး ေဒါသစိတ္မ်ား ျပည့္ႏွက္ေနၿပီး အရင္က သိခဲ့သူမ်ား မဟုတ္ၾကေတာ့ေပ။ သူတို႔၏ ႐ုပ္ဆိုး အက်ည္းတန္ေသာ မ်က္ႏွာမ်ားသည္ လက္ေတြ႕ဘဝမွ အၾကင္နာမဲ့ ရက္စက္မႈမ်ားကို ေဖာ္ျပလ်က္႐ွိသည္။ ေဘးနားတြင္ ရပ္ေနေသာ အနီေရာင္ မ်က္ဝန္းမ်ား ႐ွိေနသည့္ အမ်ိဳးသမီး တစ္ေယာက္ ႐ုတ္တရက္ ခုန္ထြက္လာကာ ...
"မင္းဒါကို မလုပ္ႏိုင္ပါဘူး ငါတို႔ဟာလည္း ခံရသူေတြပါပဲ အခုအခ်ိန္မွာ ဒဏ္ရာရၿပီးသား သူေတြက မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းသြား ႏိုင္တယ္လို႔ ဘယ္သူက အခိုင္အမာ ေျပာႏိုင္လို႔လဲ ... တကယ္လို႔ ငါတို႔သာ မေကာင္းဆိုးဝါး ျဖစ္မလာဘူးဆိုရင္ မင္းက လူသတ္ေနတာပဲ"
အမ်ိဳးသမီးမွာ အလြန္လွပၿပီး အသက္ႏွစ္ဆယ္ပင္ မေက်ာ္ေသးဟန္ တူသည္။ သို႔ေသာ္ သူမအခုထိ အားမနည္းေသး။ အသိစိတ္ ကင္းမဲ့ေနၿပီျဖစ္ေသာ လူမ်ား အေ႐ွ႕မွာပင္ တြန္႔ဆုတ္ျခင္း မ႐ွိေပ။
"ဟုတ္တယ္ မင္းတို႔ ငါတို႔ကို သတ္လို႔ မရပါဘူး မင္းတို႔ ေၾကာက္တယ္ဆိုရင္ ငါတို႔ ဒီအားကစား႐ုံက ထြက္သြားေပးမယ္"
က်န္ေသာ သူမ်ားကလည္း အရဲစြန္႔၍ ေ႐ွ႕သို႔ တိုးလာၾကသည္။
"ဒါဆို သူတို႔ကို ထြက္သြား ခိုင္းလိုက္ပါ"
လူတိုင္းကေတာ့ လူမဆန္စြာ ရက္စက္ ၾကမ္းၾကဳတ္သည္ မဟုတ္။ လူအုပ္အတြင္းမွ မတူညီေသာ အသံမ်ား တျဖည္းျဖည္း ထြက္ေပၚလာသည္။ တစ္ဖြဲ႕လုံးကို ဦးေဆာင္ေနေသာ ပါေမာကၡ ဝမ္သည္ မိနစ္အနည္းငယ္ၾကာ မ်က္ေမွာင္ၾကဳတ္ လ်က္႐ွိသည္။ ထိုလူမ်ား အားလုံးကို လႈံ႕ေဆာ္ရန္ သူအေတာ္ ႀကိဳးစားထားရသျဖင့္ ေနာက္ေၾကာင္း ျပန္လွည့္ရန္ ခြင့္မျပဳႏိုင္ေပ။ ကပ္ေဘးကို ေျဖ႐ွင္း ေက်ာ္လႊား ႏိုင္သည္အထိ လူမ်ားစုက သူ၏စကားကို နားေထာင္ၾကလိမ့္မည္ဟု ယုံၾကည္ထားသျဖင့္ ...
"မဟုတ္ဘူး သူတို႔ကို သြားခြင့္ျပဳလိုက္တာက ဒါဇင္ေလာက္႐ွိတဲ့ မေကာင္းဆိုးဝါးေတြကို လႊတ္ေပးလိုက္တာပဲ .. ၿပီးေတာ့ ကယ္ဆယ္ေရးေတြလည္း လာမွာမဟုတ္ဘူး ငါတို႔ကိုယ္တိုင္ ဒီအေျခအေနကို ေက်ာ္ျဖတ္ၾကရမယ္ .. အဲဒီလိုအခ်ိန္မွာ သူတို႔က ငါတို႔ရန္သူေတြ ျဖစ္လာႏိုင္တယ္"
"ဟုတ္တယ္ သူတို႔ ထြက္မသြားရဘူး"
"သူတို႔ကိုသတ္ ... သူတို႔ကိုသတ္ .."
လူတိုင္းက လြန္စြာ ေၾကာက္႐ြံ႕ ေနၾကေလသည္။ ေရာဂါကူးစက္ခံရၿပီး မေကာင္းဆိုးဝါး ျဖစ္လာကာ အသတ္ခံရမည္ကို ေၾကာက္သည္။ ေၾကာက္႐ြံ႕မႈမ်ားျဖင့္ ေလာင္ၿမိဳက္ လာၾကသည္ႏွင့္ တစ္ၿပိဳင္နက္ လူသားဆန္မႈမ်ားလည္း ခ်က္ခ်င္း ေပ်ာက္ကြယ္ သြားေလေတာ့သည္။
လူထုတစ္ခုလုံး၏ ေဒါသမ်ားႏွင့္ ရင္ဆိုင္ေနရေသာ ဒဏ္ရာရၿပီး သူမ်ားမွာ အားအင္ ခ်ည့္နဲ႔ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ပူးကပ္မွီခို ထားၾကသည္။ ပထမဦးဆုံး စကားေျပာခဲ့ေသာ အမ်ိဳးသမီး တစ္ေယာက္သည္ သူမ၏လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လ်က္ အံႀကိတ္ထားၿပီးလွ်င္ ...
"အျပင္မွာ ဘာေတြျဖစ္ေနလဲ ငါတို႔မသိဘူး ငါတို႔အားလုံး လူသတ္သမားေတြ ျဖစ္မလာခ်င္ပါဘူး ဟုတ္တယ္မလား .. ေျပာရမယ္ဆိုရင္ ငါတို႔ကို ခ်ဳပ္ေႏွာင္ ထားလိုက္ တကယ္လို႔ ငါတို႔ေျပာင္းလဲ လာတယ္ဆိုရင္ ငါတို႔ကို သတ္လိုက္ ငါတို႔လည္း မျငင္းဘူး ... အဲ့လိုသာဆို မင္းတို႔ အတြက္လည္း ဘာစိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးမွ ႐ွိလာမွာ မဟုတ္ေတာ့ဘူး"
"ငါလည္း အဲ့လိုထင္တယ္ သူတို႔က အခုထိ လူသားေတြပဲ .. ငါတို႔ သူတို႔ကို ခ်ည္ေႏွာင္ထားၿပီး သူတို႔ သေႏၶေျပာင္းလာတဲ့ထိ ေစာင့္ၾကမယ္ ငါတို႔လည္း သူတို႔ကို အလြယ္တကူ သတ္ႏိုင္ေနတာပဲ"
"ဟုတ္တယ္ ဟုတ္တယ္ အၾကံေကာင္းပဲ ဒီလိုသာဆို ငါတို႔လည္း မွားယြင္းၿပီး သတ္မိစရာ မ႐ွိေတာ့ဘူး တကယ္ ေၾကာက္စရာ ေကာင္းလိုက္တာ"
"ငါ သေဘာတူတယ္"
ထိုနည္းလမ္းသည္ လူအမ်ား၏ ေထာက္ခံမႈျဖင့္ သိသိသာသာ အႏိုင္ရ သြားေသာေၾကာင့္ ပါေမာကၡ ဝမ္လည္း ေခါင္းညိတ္ ရေတာ့သည္။ ဒဏ္ရာရထားၿပီး သူမ်ားမွာ ေၾကာက္႐ြံ႕ေသာ္လည္း သေဘာတူရန္သာ ႐ွိသည္။ ထိုနည္းမွာ ႏွစ္ဖက္လုံး လက္ခံႏိုင္သည့္ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ေလသည္။
လူတစ္အုပ္စုလုံးကို အဝတ္မ်ားျဖင့္ လ်င္ျမန္စြာ ခ်ည္ေႏွာင္ ထားလိုက္သည့္အခါ လူတိုင္း စိတ္သက္သာရာ ရသြားၾကသည့္ အခ်ိန္တြင္ ပါေမာကၡ ဝမ္သည္ ထိုသူမ်ားကို အေနာက္မွ အၿမဲကာကြယ္ ေပးေနေသာ လန္ယဲ့ဟန္၊ လုဟိုင္႐ႊမ္းႏွင့္ ယြင္ခ်န္တို႔ ဘက္သို႔ လွည့္ၾကည့္လိုက္သည္။
"လန္ယဲ့ဟန္ .. ယြင္ခ်န္ကို ခ်ဳပ္ထားလိုက္ သူဒဏ္ရာ ရထားၿပီးၿပီဆိုတာ ငါသိတယ္"
ကုန္စုံဆိုင္မွ ထြက္ေျပး လြတ္ေျမာက္လာသည့္ အခ်ိန္က ယြင္ခ်န္ကို ဆြဲေခၚလာခဲ့ၾကေသာ လူငယ္မ်ားစြာ ကလည္း ေအာ္ဟစ္ခဲ့ၾကသည္။
"ေသလိုက္ၾကပါလား … မင္းတို႔သာ ယြင္ခ်န္ကို မတြန္းထုတ္ခဲ့ဘူးဆိုရင္ သူဒဏ္ရာ ရပါ့မလား"
လုဟိုင္႐ႊမ္းက ႐ိုးေျဖာင့္သူပီပီ ခ်က္ခ်င္းပင္ ျပန္လည္ အျပစ္တင္ ႐ႈတ္ခ် လိုက္သျဖင့္ ထိုသူမ်ား အားလုံးလည္း ႐ုတ္တရက္ ေသြးဆုတ္ သြားသကဲ့သို႔ ေဖ်ာ့ေတာ့သြားၾကသည္။ သို႔ေသာ္ သူတို႔အားလုံးထဲမွ တစ္ဦးသည္ ယြင္ခ်န္၏ မ်က္လုံးမ်ား မၾကည္မလင္ ျဖစ္လာသည္ကို မရည္႐ြယ္ဘဲ သတိထား မိေလရာ လက္ညိႇဳး ထိုးလိုက္ၿပီး
"သူ ...သူ .. သူေျပာင္းလဲေနၿပီ"
"ဘာ "
႐ုတ္တရက္ အားကစား႐ုံ တစ္ခုလုံး အတြင္းမွ အေျခအေနမွာ အေရးႀကီးေသာ အမွတ္တစ္ခုသို႔ ေရာက္႐ွိလာၿပီး အခုေလးတင္မွ အနားယူႏိုင္ၾကေသာ သူအားလုံးလည္း ခ်က္ခ်င္းပင္ အခန္း၏ ေထာင့္ေနရာသို႔ ဦးတည္ တြန္းတိုက္ လာၾကသည္။
"ေ႐ွာင္ခ်န္ .. သူတို႔ မင္းကိုသတ္ဖို႔ ငါခြင့္မျပဳဘူး"
"လန္ .. ဟင္း..ဟင္း.. ဟင္း..ဟင္း..."
လန္ယဲ့ဟန္မွာ ဖုတ္ေကာင္ အျဖစ္သို႔ ေျပာင္းလဲေနၿပီး ခက္ခဲစြာ စကားေျပာေနေသာ ယြင္ခ်န္ကို ဖက္လိုက္သည္။ သူသည္ အျခားစကားတို႔ကို မေျပာႏိုင္ေတာ့ဘဲ ညည္းတြားသံသာ ထြက္ႏိုင္ေတာ့သည္။ လန္ယဲ့ဟန္လည္း စိတ္ထဲ အလြန္ နာက်င္သြားကာ ...
"စကားမေျပာပါနဲ႔ေတာ့ မင္းရဲ႕အစ္ကို လာမွာကို မေစာင့္ေတာ့ဘူးလား ငါမေသမခ်င္း မင္းကို ဘယ္သူမွ မထိေစရဘူး"
လန္ယဲ့ဟန္ ႐ုတ္တရက္ ယြင္ခ်န္ကို လႊတ္လိုက္ၿပီး လုဟိုင္႐ႊမ္း ႏွင့္အတူ မတ္တပ္ ရပ္လိုက္သည္။ သူတို႔က ေဘးနားတြင္ ႐ွိေနေသာ လူမ်ားကို ၾကည့္လိုက္ၿပီးလွ်င္ သူ၏ညာဘက္ လက္ကို အေပၚသို႔ ဆန္႔ထုတ္ကာ မီးလုံးမ်ား ေလေပၚတြင္ ေပါေလာ ေပၚေစေလသည္။
"ဘယ္သူ ေ႐ွ႕တစ္လွမ္း တိုးရဲလဲ….. အဲဒီသူကို ငါသတ္မယ္"
အမွန္တြင္ လူအနည္းစုသာ ထူးျခားေသာ စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားၾကၿပီး အခ်ိဳ႕သူမ်ားမွာ ပိုင္ဆိုင္ ထားေသာ္လည္း သတိမထားမိၾကေပ။ အျခားေသာ လူမ်ားလည္း မီးလုံးမ်ားကို ၾကည့္ကာ ထိတ္လန္႔သြားၾကၿပီး ေနာက္ဆုတ္ သြားၾကသည္။
"လန္ယဲ့ဟန္ .. ငါတို႔အားလုံးလည္း လူတိုင္းရဲ႕ အသက္အတြက္ လုပ္ေနၾကရတာ ယြင္ခ်န္က စၿပီး ေျပာင္းလဲေနၿပီ .. မင္းငါတို႔ အားလုံးကို ဒီေနရာမွာ သူနဲ႔အတူ ေသသြားေစခ်င္တာလား"
ထိုအခ်ိန္တြင္ ေကာက္က်စ္ေသာ ပါေမာကၡ ဝမ္သည္ ေနာက္တစ္ႀကိမ္ မတ္တပ္ ထရပ္ကာေျပာေလသည္။ ပါေမာကၡမွာ ေျဖာင့္မတ္မွန္ကန္ၿပီး ကိုယ္က်င့္တရား ေကာင္းဟန္ ျပေသာ္လည္း အမွန္မွာ တစ္ကိုယ္ေကာင္း ဆန္လြန္းသူပင္။
“ဟမ္…. တြဲဖက္ပါေမာကၡ ဝမ္ ခင္ဗ်ားကိုယ္ခင္ဗ်ား တြဲဖက္ဆိုတဲ့ စကားလုံးမပါဘဲ ပါေမာကၡတစ္ေယာက္ ျဖစ္တယ္လို႔ တကယ္ ထင္ေနတာလား ... ခင္ဗ်ားက တကယ္ေတာ့ ခင္ဗ်ား ကိုယ္က်ိဳးအတြက္ လက္စားေခ်ဖို႔ အခြင့္အေရးကို ႐ွာေနတာပဲ ၿပီးခဲ့တဲ့လက ယြင္ခ်န္ရဲ႕ သုေတသန စာတမ္းက ခင္ဗ်ားထက္ ေကာင္းတယ္ဆိုတာ လူတိုင္းအသိပဲ ... ဒါေၾကာင့္ ပါေမာကၡက ခင္ဗ်ားရဲ႕ ရလဒ္ေတြကို ၾကည့္ေတာင္ မၾကည့္ဘူးမလား"
လန္ယဲ့ဟန္က ေအးအးေဆးေဆးျဖင့္ အထင္ေသးစြာ ေျပာလိုက္သည္။ ထိုေက်ာင္းတြင္ ႐ွိေသာ ဆရာဆရာမ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ ပါေမာကၡ ဝမ္ႏွင့္ ယြင္ခ်န္တို႔ၾကား႐ွိ ပုဂၢိဳလ္ေရး မေက်မနပ္မႈမ်ားကို အနည္းႏွင့္ အမ်ားေတာ့ သိၾကသည္။ အကယ္၍ ယေန႔တြင္ ယြင္ခ်န္ မေျပာင္းလဲခဲ့ေသာ္လည္း ပါေမာကၡဝမ္သည္ ယြင္ခ်န္ကို ႐ွင္းထုတ္ႏိုင္ရန္ အျခား အခြင့္အေရး ႐ွာမည္ဆိုသည္ကို လန္ယဲ့ဟန္ အေနျဖင့္ အခိုင္အမာ ေျပာရဲသည္။
"မင္း ယြင္ခ်န္ ေျပာင္းလဲသြားၿပီ ဆိုတာက အမွန္တရားပဲ .. မင္းတစ္ေယာက္တည္း ထူးျခားတဲ့ စြမ္းရည္႐ွိတယ္လို႔ မင္းထင္ေနတာလား"
ပါေမာကၡ ဝမ္ အလြန္ေဒါသ ထြက္ေနၿပီး သူ၏တစ္ကိုယ္လုံးကို သတၱဳက်ည္ကာျဖင့္ ခ်က္ခ်င္း ဖုံးလိုက္သည္။
"အားလုံးပဲ မေၾကာက္ၾကနဲ႔ ကြၽန္ေတာ္တို႔က လူအမ်ားႀကီး ယြင္ခ်န္က သေႏၶေျပာင္းလဲ သြားၿပီ ... ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီး ..."
ခြမ္း
အေျခအေနမွာ အတင္းမာဆုံး အေနအထားတစ္ခုသို႔ ေရာက္႐ွိေနၿပီး ႏွစ္ဖက္စလုံးမွ ေပါက္ကြဲ ထြက္ေတာ့မည့္ အခ်ိန္တြင္ အားကစား႐ုံ၏ ဒုတိယထပ္တြင္ ႐ွိေသာ ျပတင္းေပါက္ မွန္သည္ ႐ုတ္တရက္ ကြဲသြားၿပီး လူအုပ္အတြင္းမွ မည္သို႔မွ် မတုံ႔ျပန္ႏိုင္ေသးခင္ ပုံရိပ္အခ်ိဳ႕ ျပတင္းေပါက္မွ တစ္ခုၿပီးတစ္ခု ခုန္ဝင္လာသည္။
ယြင္ခ်ဲ႕သည္ အေ႐ွ႕မွေန၍ သူ၏ဓား႐ွည္ကို ဆြဲယူကာ ခ်ည္ေႏွာင္ ခံထားရသူမ်ားကို တစ္ခ်က္ ၾကည့္လိုက္ၿပီး လူအမ်ား စုေဝးေနေသာ ေနရာသို႔ ျဖည္းျဖည္းခ်င္း လွည့္ၾကည့္ လိုက္ေလသည္။
"ယြင္ခ်န္ ?"
လူတစ္ေယာက္မွာ ႐ုတ္တရက္ ထငိုလိုက္ၿပီး အခန္း၏ ေထာင့္တြင္ စုစည္းေနေသာ လူမ်ားအားလုံး အာ႐ုံကို ဖမ္းစားလိုက္သည္။ အားကစား႐ုံ အတြင္းတြင္ ေနာက္ထပ္ ယြင္ခ်န္ တစ္ေယာက္ ထပ္ေပၚလာသည္ကို သူတို႔ နားမလည္ႏိုင္ၾကေပ။
"ေ႐ွာင္ခ်န္ ... အဆင္ေျပရဲ႕လား"
သူတို႔၏ ပုံစံမ်ားေၾကာင့္ ေနာက္ဆုံးတြင္ ယြင္ခ်ဲ႕မွာ အလယ္တြင္ ႐ွိေနေသာ ယြင္ခ်န္ကို သတိထားမိ လိုက္ၿပီး ယြင္ေယာင္၏ ဓားသည္လည္း ေျမေပၚသို႔ ျပဳတ္က် သြားေလသည္။ သေႏၶေျပာင္းလဲျခင္း စတင္ေနၿပီးျဖစ္ေသာ ယြင္ခ်န္ကို အေဝးမွ ၾကည့္ရင္း သူမ၏ ပါးစပ္ကို လက္ျဖင့္ ပိတ္ကာ ငိုေႂကြးေလေတာ့သည္။ က်ိဳးဇယ္ယြီသည္ ဝမ္းနည္းစြာျဖင့္ သူ၏ေခါင္းကို ခါယမ္းလိုက္သည္။ သူတို႔ ေနာက္က် သြားခဲ့ေလၿပီ။
***