Unicode
အခန်း (၂၂)
"ငါ ပါမောက္ခ ဝမ် ပြောတာကို သဘောတူတယ် ဒါငါတို့ထဲက အများစု အန္တရာယ် ကင်းဖို့ပဲ"
"ငါလည်း သဘောတူတယ် ငါတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် စစ်ဆေးကြည့်လိုက်ရင် လူတိုင်းပိုပြီး စိတ်အေးရလိမ့်မယ်"
"ဒီလိုမလုပ်ရင် ဘယ်သူမဆို တကယ့် မကောင်းဆိုးဝါး ဖြစ်လာပြီးတော့ ငါတို့အားလုံး သေရလိမ့်မယ် ငါသဘောတူတယ်”
"ငါလည်း သဘောတူတယ်"
လူများသည် ထိုပြဿနာကြောင့် အားကစားရုံထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ လူတစ်ယောက်က မတ်တပ်ရပ်ပြီး ထိုသို့ တုံ့ပြန်လိုက်သည့်အခါ အခြားသူများလည်း မတ်တပ် ရပ်လာကြသည်။ ပါမောက္ခ ဝမ် ဆိုသော သူက လက်တစ်ဖက်ကို မြှောက်ကာ ဆူညံသံတွေကို ထပ်မံ ရပ်တန့် လိုက်ပြန်လေသည်။
"လူအများစု သဘောတူတဲ့ အတွက် မြန်မြန်လေးပဲ လှုပ်ရှားလိုက်ရအောင် .. နှစ်ယောက် တစ်ဖွဲ့ဖွဲ့ပြီး အပြန်အလှန် စစ်ဆေးကြပါ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို သပ်သပ်စီ ခွဲထားပါမယ် .. အားလုံး သိထားကြရမှာက အခုအချိန်မှာ ပေါ့ဆမှုလေး တစ်ခု ဖြစ်လိုက်တာနဲ့ ကျွန်တော်တို့အားလုံး သေသွားနိုင်တယ် ဆိုတာပဲ"
ပါမောက္ခ ဝမ်က ယွင်ချန် ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ဦးဆောင်သူကဲ့သို့ ပြောဆိုနေလေသည်။ လန်ယဲ့ဟန် ခန့်မှန်းထား သကဲ့သို့ လူများကို သူ့ဘက် ပါအောင်လုပ် နေလေပြီ။
ဒဏ်ရာ မရသေးသူများက ပုံမှန်အတိုင်းပင် မည်သည့် ငြင်းပယ်မှုမျှ မရှိပေ။ မကြာခင်ပင် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ ဖွဲ့လိုက်ကြသော်လည်း ဒဏ်ရာ ရထားသူများက အတူပူးပေါင်းရန် ငြင်းဆန်ကြသည်။ သူတို့က ပါမောက္ခ ဝမ်ကို မကျေမချမ်းဖြင့် စိုက်ကြည့်နေကြပြီး အချို့က လှည့်ထွက်ပြေး ကြလေသည်။ ဖုတ်ကောင် မဖြစ်သေးပါဘဲနှင့် မည်သူကမျှ ကိုယ့်ဘဝကို အရှုံးမပေးချင်ပေ။
"သူတို့ကိုဖမ်း"
ပါမောက္ခ ဝမ်က အမိန့်ပေး လိုက်လေရာ အားလုံးလည်း ထိတ်လန့်သွားပြီး ထွက်ပြေး သူများကို ဖမ်းဆီးရန် ကြိုးစားလေတော့သည်။
"ငါမသေချင်ဘူး ငါမကောင်းဆိုးဝါး မဖြစ်ချင်ဘူး မလုပ်ပါနဲ့"
"ငါတို့က အခုထိ လူသားစစ်စစ်တွေပါ မင်းမှာ ငါတို့ဘဝကို အဆုံးအဖြတ် ပေးရလောက်အောင် အရည်အချင်း မရှိဘူး"
"……အား……..ငါမသေချင်ဘူး……"
ဒါဇင်ချီသော ဒဏ်ရာရပြီး သူများ ပြေးလွှားရင်းဖြင့် အော်ဟစ်ငိုကြွေး နေသော်လည်း အားကစားခန်းမ တံခါးက ပိတ်သွားခဲ့သဖြင့် သူတို့အားလုံး မလွတ်မြောက် နိုင်ကြတော့ဘဲ ဦးတည်ရာ မဲ့စွာသာ ထွက်ပြေး နေကြသည်။
သူတို့ အားလုံးတွေးမိသည့် အချက်မှာ ထိုလူများအားလုံး သူတို့ကို ဖမ်းမိသည်နှင့် ချက်ချင်း သူတို့ကို သတ်ပစ် လိုက်ကြလိမ့်မည်။
"မြန်မြန်လုပ်ကြ သူတို့ကိုဖမ်းကြ သူတို့မကောင်းဆိုးဝါး ဖြစ်လာရင် ငါတို့သေရလိမ့်မယ်"
လူတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ် လိုက်ပြီးနောက်တွင် အနောက်မှ လိုက်ဖမ်းနေကြသူ အားလုံးလည်း ပို၍ပင် ခွန်အား အပြည့်ဖြင့် မရမက လိုက်ဖမ်းလေသည်။ သူတို့အားလုံး အရှိန်တင်ပြီး ဖမ်းဆီးဖို့သာ ကြိုးစားနေကြသော်လည်း ဒဏ်ရာရပြီး သူများသည် အခုအထိ ဖုတ်ကောင်များ မဖြစ်ကြသေးဘဲ လူသားများသာ ဖြစ်နေသေးသည် ဆိုသည့် အချက်ကို မည်သူမှ မစဉ်းစားမိကြပေ။ ထိုသူများအားလုံး ဖုတ်ကောင် ဖြစ်သွားပြီးသည့် နောက်တွင်မှ သတ်လျှင်လည်း နောက်မကျသေးပါ။
မကောင်းဆိုးဝါးများက ကြောက်စရာ ကောင်းပါသည်။ သို့သော် လူသားများက ပို၍ကြောက်စရာ ကောင်းသည်။
ဟွိုင်တက္ကသိုလ်တွင် ရှိသော စတိုးဆိုင်ကြီး တစ်ခုတွင်
"ရှောင်ချန်..."
စတိုးဆိုင်ကြီး အတွင်းတွင် ရှိသော ဖုတ်ကောင်များကို စောင့်ကြည့်နေရင်း ယွင်ယောင် ထိတ်လန့် ငိုကြွေးနေသကဲ့သို့ ယွင်ချဲ့လည်း ထိုနည်းတူစွာပင်။ ဒီနေရာမှာ ယွင်ချန် သူတို့ထံသို့ ပို့ပေးခဲ့သော လိပ်စာဖြစ်သည်။ သို့သော် အခုချိန်တွင် ကုန်စုံဆိုင်ကြီး တစ်ခုလုံး ဖုတ်ကောင်များဖြင့် ပြည့်နှက်နေလေပြီ။
"မျှော်လင့်ချက်တွေ မစွန့်လိုက်ကြနဲ့ .. ယွင်ချန်က အခြားတစ်နေရာကို ပြောင်းသွားပြီး ပုန်းနေတာလည်း ဖြစ်နိုင်တယ်"
မည်သူကမျှ ကိုယ်ချစ်မြတ်နိုး ရသူအား ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို သူ့ထက်ပို၍ မသိနိုင်။ စိုးရိမ် ဝမ်းနည်းလျက် ထိတ်လန့်နေကြသူ နှစ်ယောက်ကို ကြည့်ကာ ကျိုးဇယ်ယွီ အော်ပြောလိုက်သည်။
"မင်းတိုးတိုးပြောလို့ မရဘူးလား"
သူအော်လိုက်သောကြောင့် ဖုတ်ကောင်များ သူတို့ကို သတိထားမိသွားပြီး ကုန်စုံဆိုင် အပြင်သို့ ဦးတည်ကာ အစုလိုက် အဖွဲ့လိုက် ပြေးလာကြသဖြင့် ယွင်ချဲ့လည်း သူ၏အစ်မအား ဆွဲ၍ပြေးလေသည်။
ကျိုးဇယ်ယွီ ရှက်ရွံ့စွာဖြင့် သူတို့အနောက်မှ ပြေးလိုက်လာပြီး ...
"ငါအဲ့လို မရည်ရွယ်ပါဘူး ယွင်ချန် ဘယ်မှာ ပုန်းနေလဲ စဉ်းစားကြည့်ဉီး"
သူတို့မှာလည်း ပြေးလွှားရင်းဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာသော ဖုတ်ကောင်များကို ရှင်းလင်း ပစ်နေကြသည်။ ဟွိုင် တက္ကသိုလ်တွင် ရှိနေသော ဖုတ်ကောင်မှာ အလွန် များပြားနေသဖြင့် သူတို့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရန် မတတ်နိုင်ပေ။
"ယွင်ချန်က ရိုးသားတဲ့သူ တစ်ယောက်ပါ ဒီနေရာမှာ သေရေးရှင်ရေး မဖြစ်ခဲ့ဘဲနဲ့ သူထွက်သွားမှာ မဟုတ်ဘူး ပြီးတော့ ငါတို့အားလုံး သာမန် အတွေးအခေါ်နဲ့တော့ သူပုန်းနေမယ့် နေရာကို ရှာနိုင်မှာ မဟုတ်ဘူး"
နောက်ထပ် ဖြစ်နိုင်သည်က သူ ဧကန္တ……
ထိုစကားကို ယွင်ချဲ့ ထုတ်မပြောနိုင်ပေ။ သူကြောက်နေသည်ကို သူဝန်ခံပါသည်။ ရှက်ရွံ့မှုအစား ဖြစ်ပေါ်လာသော အကြောက်တရားသည် ယခုအချိန်ထိ သူအသက်ရှင် နေသေးသည့် သက်သေပင် ဖြစ်သည်။ သို့သော် အစ်မဖြစ်သူ ထိခိုက်မည်ကို ပို၍ ကြောက်မိလေသည်။ သူတို့ ယွင်ချန်ကို ရှာဖွေရန်အတွက် စောနိုင်သမျှ စောစော မသွားခဲ့လျှင် အရာအားလုံး သူစီစဉ်ခဲ့သည့် လမ်းကြောင်းမှ လွဲချော်သွားလိမ့်မည်။
"ငါတို့လုပ်နိုင်တာ ဦးနှောက်မရှိတဲ့ ကောင်တွေလို ပတ်ပြေးနေဖို့ပဲ"
ခုတ်ဖြတ်လိုက်ခံရသော ဖုတ်ကောင် တစ်ကောင်၏ ဦးခေါင်းက ဘေးတိုက် ဖြတ်သွားသဖြင့် ကျိုးဇယ်ယွီ တစ်ယောက် မျက်မှောင်ကြုတ်၍ ကြည့်နေသည်။ ဟွိုင်တက္ကသိုလ်သည် အနည်းဆုံး မီတာ တစ်သောင်းလောက် ကျယ်ဝန်းသဖြင့် အခြားသူများကို သူတို့ ဘယ်လို ရှာဖွေတွေ့နိုင်မှာလဲ။ သူတို့ရှာနေသူများသည် သေဆုံးပြီး နေသူများလည်း ဖြစ်နိုင်ပေသည်။
"မဟုတ်ဘူး သိပ်မဝေးတဲ့ နေရာတစ်ခုကနေ ငါအော်သံတစ်ခု ကြားတယ် လူတွေ စုဝေးနေမယ့် နေရာကို သွားကြစို့"
စမ်းချောင်းရေကြောင့် ယွင်ချဲ့၏ အာရုံငါးပါးသည် အခြားသာမန် သူများထက် ပိုမိုမှန်ကန် တိကျလာကာ ဖျော့တော့သည့် အလင်းရောင်၏ အောက်တွင် လူသားများ၏ အော်ဟစ်သံကို ကြားရပုံပေါ်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများသည် အရှေ့သို့ မျက်တောင်ပင် မခတ်ဘဲ စိုက်၍ ကြည့်နေလေသည်။
"သွားပြီ ငါတော့……"
ကျိုးဇယ်ယွီ၏ ညာဘက် လက်မောင်းသည် သူသတိမထားမိ လိုက်ချိန်မှာပင် ဖုတ်ကောင် တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူသည် ဓားကိုင်ထားသည့် လက်ကို ပြောင်းလိုက်ပြီး ဓားဖြင့် ထိုဖုတ်ကောင်ကို ခုတ်သတ် လိုက်လေသည်။
"ဒါကိုသောက်လိုက်"
ယွင်ချဲ့သည် စမ်းရေပုလင်းကို ဆွဲထုတ်လိုက်ပြီး သူ့ထံသို့ လှမ်း၍ ပေးလိုက်သည်။ ယွင်ယောင် သည်လည်း သူမ၏ နာကျင်မှု ဝေဒနာကို ခေတ္တမေ့သွားပြီး သူတို့အား ကာကွယ်ရန် လျှောက်လာသည်။ ကျိုးဇယ်ယွီလည်း ငြင်းဆန် မနေတော့ဘဲ ရေဘူးကိုဖွင့်ကာ အငမ်းမရ သောက်လေသည်။ ယွင်ချဲ့သည် သူ့အား မည့်သည့် အခါတွင်မျှ ထိခိုက်စေလိမ့်မည် မဟုတ်ဟု တစ်ထစ်ချ ယုံကြည်သည်။
"ဒီကနေ ဘယ်ဘက် မီတာ ၅ဝဝ လောက်မှာ လူတချို့ ရှိမယ့်ပုံပဲ .. ကျိုးဇယ်ယွီ လုပ်စမ်းပါ ငါမင်းကို အထင်သေးရအောင် မလုပ်နဲ့"
"မင်းက ဘယ်တုန်းကများ ငါ့ကိုအထင်ကြီး သွားတာလဲ .. မင်း မပြေးဘူးလား"
လက်မောင်းပေါ်က ဒဏ်ရာသည် သိပ်မနက်သဖြင့် ကျိုးဇယ်ယွီ၏ တိုက်ခိုက်မှု စွမ်းရည်ကို မထိခိုက်နိုင်ပေ။ နှစ်ဦးသား၏ ငြင်းခုန်မှုများ နှင့်အတူ ထိုသုံးယောက်သည် သူတို့၏ ဦးတည်ရာ ပန်းတိုင်ဆီသို့ လျင်မြန်စွာ ဆက်လက် ရွေ့လျား လာကြလေသည်။
***
Zawgyi
အခန္း (၂၂)
"ငါ ပါေမာကၡ ဝမ္ ေျပာတာကို သေဘာတူတယ္ ဒါငါတို႔ထဲက အမ်ားစု အႏၲရာယ္ ကင္းဖို႔ပဲ"
"ငါလည္း သေဘာတူတယ္ ငါတို႔အားလုံး တစ္ေယာက္နဲ႔ တစ္ေယာက္ စစ္ေဆးၾကည့္လိုက္ရင္ လူတိုင္းပိုၿပီး စိတ္ေအးရလိမ့္မယ္"
"ဒီလိုမလုပ္ရင္ ဘယ္သူမဆို တကယ့္ မေကာင္းဆိုးဝါး ျဖစ္လာၿပီးေတာ့ ငါတို႔အားလုံး ေသရလိမ့္မယ္ ငါသေဘာတူတယ္”
"ငါလည္း သေဘာတူတယ္"
လူမ်ားသည္ ထိုျပႆနာေၾကာင့္ အားကစား႐ုံထဲ၌ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနေလသည္။ လူတစ္ေယာက္က မတ္တပ္ရပ္ၿပီး ထိုသို႔ တုံ႔ျပန္လိုက္သည့္အခါ အျခားသူမ်ားလည္း မတ္တပ္ ရပ္လာၾကသည္။ ပါေမာကၡ ဝမ္ ဆိုေသာ သူက လက္တစ္ဖက္ကို ေျမႇာက္ကာ ဆူညံသံေတြကို ထပ္မံ ရပ္တန္႔ လိုက္ျပန္ေလသည္။
"လူအမ်ားစု သေဘာတူတဲ့ အတြက္ ျမန္ျမန္ေလးပဲ လႈပ္႐ွားလိုက္ရေအာင္ .. ႏွစ္ေယာက္ တစ္ဖြဲ႕ဖြဲ႕ၿပီး အျပန္အလွန္ စစ္ေဆးၾကပါ ေယာက်္ားေလးေတြနဲ႔ မိန္းကေလးေတြကို သပ္သပ္စီ ခြဲထားပါမယ္ .. အားလုံး သိထားၾကရမွာက အခုအခ်ိန္မွာ ေပါ့ဆမႈေလး တစ္ခု ျဖစ္လိုက္တာနဲ႔ ကြၽန္ေတာ္တို႔အားလုံး ေသသြားႏိုင္တယ္ ဆိုတာပဲ"
ပါေမာကၡ ဝမ္က ယြင္ခ်န္ ဘက္ကို တစ္ခ်က္ လွည့္ၾကည့္လိုက္ၿပီး ဦးေဆာင္သူကဲ့သို႔ ေျပာဆိုေနေလသည္။ လန္ယဲ့ဟန္ ခန္႔မွန္းထား သကဲ့သို႔ လူမ်ားကို သူ႕ဘက္ ပါေအာင္လုပ္ ေနေလၿပီ။
ဒဏ္ရာ မရေသးသူမ်ားက ပုံမွန္အတိုင္းပင္ မည္သည့္ ျငင္းပယ္မႈမွ် မ႐ွိေပ။ မၾကာခင္ပင္ ႏွစ္ေယာက္တစ္ဖြဲ႕ သုံးေယာက္တစ္ဖြဲ႕ ဖြဲ႕လိုက္ၾကေသာ္လည္း ဒဏ္ရာ ရထားသူမ်ားက အတူပူးေပါင္းရန္ ျငင္းဆန္ၾကသည္။ သူတို႔က ပါေမာကၡ ဝမ္ကို မေက်မခ်မ္းျဖင့္ စိုက္ၾကည့္ေနၾကၿပီး အခ်ိဳ႕က လွည့္ထြက္ေျပး ၾကေလသည္။ ဖုတ္ေကာင္ မျဖစ္ေသးပါဘဲႏွင့္ မည္သူကမွ် ကိုယ့္ဘဝကို အ႐ႈံးမေပးခ်င္ေပ။
"သူတို႔ကိုဖမ္း"
ပါေမာကၡ ဝမ္က အမိန္႔ေပး လိုက္ေလရာ အားလုံးလည္း ထိတ္လန္႔သြားၿပီး ထြက္ေျပး သူမ်ားကို ဖမ္းဆီးရန္ ႀကိဳးစားေလေတာ့သည္။
"ငါမေသခ်င္ဘူး ငါမေကာင္းဆိုးဝါး မျဖစ္ခ်င္ဘူး မလုပ္ပါနဲ႔"
"ငါတို႔က အခုထိ လူသားစစ္စစ္ေတြပါ မင္းမွာ ငါတို႔ဘဝကို အဆုံးအျဖတ္ ေပးရေလာက္ေအာင္ အရည္အခ်င္း မ႐ွိဘူး"
"……အား……..ငါမေသခ်င္ဘူး……"
ဒါဇင္ခ်ီေသာ ဒဏ္ရာရၿပီး သူမ်ား ေျပးလႊားရင္းျဖင့္ ေအာ္ဟစ္ငိုေႂကြး ေနေသာ္လည္း အားကစားခန္းမ တံခါးက ပိတ္သြားခဲ့သျဖင့္ သူတို႔အားလုံး မလြတ္ေျမာက္ ႏိုင္ၾကေတာ့ဘဲ ဦးတည္ရာ မဲ့စြာသာ ထြက္ေျပး ေနၾကသည္။
သူတို႔ အားလုံးေတြးမိသည့္ အခ်က္မွာ ထိုလူမ်ားအားလုံး သူတို႔ကို ဖမ္းမိသည္ႏွင့္ ခ်က္ခ်င္း သူတို႔ကို သတ္ပစ္ လိုက္ၾကလိမ့္မည္။
"ျမန္ျမန္လုပ္ၾက သူတို႔ကိုဖမ္းၾက သူတို႔မေကာင္းဆိုးဝါး ျဖစ္လာရင္ ငါတို႔ေသရလိမ့္မယ္"
လူတစ္ေယာက္က စူးစူးဝါးဝါး ေအာ္ဟစ္ လိုက္ၿပီးေနာက္တြင္ အေနာက္မွ လိုက္ဖမ္းေနၾကသူ အားလုံးလည္း ပို၍ပင္ ခြန္အား အျပည့္ျဖင့္ မရမက လိုက္ဖမ္းေလသည္။ သူတို႔အားလုံး အ႐ွိန္တင္ၿပီး ဖမ္းဆီးဖို႔သာ ႀကိဳးစားေနၾကေသာ္လည္း ဒဏ္ရာရၿပီး သူမ်ားသည္ အခုအထိ ဖုတ္ေကာင္မ်ား မျဖစ္ၾကေသးဘဲ လူသားမ်ားသာ ျဖစ္ေနေသးသည္ ဆိုသည့္ အခ်က္ကို မည္သူမွ မစဥ္းစားမိၾကေပ။ ထိုသူမ်ားအားလုံး ဖုတ္ေကာင္ ျဖစ္သြားၿပီးသည့္ ေနာက္တြင္မွ သတ္လွ်င္လည္း ေနာက္မက်ေသးပါ။
မေကာင္းဆိုးဝါးမ်ားက ေၾကာက္စရာ ေကာင္းပါသည္။ သို႔ေသာ္ လူသားမ်ားက ပို၍ေၾကာက္စရာ ေကာင္းသည္။
ဟြိဳင္တကၠသိုလ္တြင္ ႐ွိေသာ စတိုးဆိုင္ႀကီး တစ္ခုတြင္
"ေ႐ွာင္ခ်န္..."
စတိုးဆိုင္ႀကီး အတြင္းတြင္ ႐ွိေသာ ဖုတ္ေကာင္မ်ားကို ေစာင့္ၾကည့္ေနရင္း ယြင္ေယာင္ ထိတ္လန္႔ ငိုေႂကြးေနသကဲ့သို႔ ယြင္ခ်ဲ႕လည္း ထိုနည္းတူစြာပင္။ ဒီေနရာမွာ ယြင္ခ်န္ သူတို႔ထံသို႔ ပို႔ေပးခဲ့ေသာ လိပ္စာျဖစ္သည္။ သို႔ေသာ္ အခုခ်ိန္တြင္ ကုန္စုံဆိုင္ႀကီး တစ္ခုလုံး ဖုတ္ေကာင္မ်ားျဖင့္ ျပည့္ႏွက္ေနေလၿပီ။
"ေမွ်ာ္လင့္ခ်က္ေတြ မစြန္႔လိုက္ၾကနဲ႔ .. ယြင္ခ်န္က အျခားတစ္ေနရာကို ေျပာင္းသြားၿပီး ပုန္းေနတာလည္း ျဖစ္ႏိုင္တယ္"
မည္သူကမွ် ကိုယ္ခ်စ္ျမတ္ႏိုး ရသူအား ဆုံး႐ႈံးလိုက္ရသည့္ နာက်င္မႈကို သူ႕ထက္ပို၍ မသိႏိုင္။ စိုးရိမ္ ဝမ္းနည္းလ်က္ ထိတ္လန္႔ေနၾကသူ ႏွစ္ေယာက္ကို ၾကည့္ကာ က်ိဳးဇယ္ယြီ ေအာ္ေျပာလိုက္သည္။
"မင္းတိုးတိုးေျပာလို႔ မရဘူးလား"
သူေအာ္လိုက္ေသာေၾကာင့္ ဖုတ္ေကာင္မ်ား သူတို႔ကို သတိထားမိသြားၿပီး ကုန္စုံဆိုင္ အျပင္သို႔ ဦးတည္ကာ အစုလိုက္ အဖြဲ႕လိုက္ ေျပးလာၾကသျဖင့္ ယြင္ခ်ဲ႕လည္း သူ၏အစ္မအား ဆြဲ၍ေျပးေလသည္။
က်ိဳးဇယ္ယြီ ႐ွက္႐ြံ႕စြာျဖင့္ သူတို႔အေနာက္မွ ေျပးလိုက္လာၿပီး ...
"ငါအဲ့လို မရည္႐ြယ္ပါဘူး ယြင္ခ်န္ ဘယ္မွာ ပုန္းေနလဲ စဥ္းစားၾကည့္ဉီး"
သူတို႔မွာလည္း ေျပးလႊားရင္းျဖင့္ တျဖည္းျဖည္း ခ်ဥ္းကပ္လာေသာ ဖုတ္ေကာင္မ်ားကို ႐ွင္းလင္း ပစ္ေနၾကသည္။ ဟြိဳင္ တကၠသိုလ္တြင္ ႐ွိေနေသာ ဖုတ္ေကာင္မွာ အလြန္ မ်ားျပားေနသျဖင့္ သူတို႔ ထိပ္တိုက္ ရင္ဆိုင္ တိုက္ခိုက္ရန္ မတတ္ႏိုင္ေပ။
"ယြင္ခ်န္က ႐ိုးသားတဲ့သူ တစ္ေယာက္ပါ ဒီေနရာမွာ ေသေရး႐ွင္ေရး မျဖစ္ခဲ့ဘဲနဲ႔ သူထြက္သြားမွာ မဟုတ္ဘူး ၿပီးေတာ့ ငါတို႔အားလုံး သာမန္ အေတြးအေခၚနဲ႔ေတာ့ သူပုန္းေနမယ့္ ေနရာကို ႐ွာႏိုင္မွာ မဟုတ္ဘူး"
ေနာက္ထပ္ ျဖစ္ႏိုင္သည္က သူ ဧကႏၲ……
ထိုစကားကို ယြင္ခ်ဲ႕ ထုတ္မေျပာႏိုင္ေပ။ သူေၾကာက္ေနသည္ကို သူဝန္ခံပါသည္။ ႐ွက္႐ြံ႕မႈအစား ျဖစ္ေပၚလာေသာ အေၾကာက္တရားသည္ ယခုအခ်ိန္ထိ သူအသက္႐ွင္ ေနေသးသည့္ သက္ေသပင္ ျဖစ္သည္။ သို႔ေသာ္ အစ္မျဖစ္သူ ထိခိုက္မည္ကို ပို၍ ေၾကာက္မိေလသည္။ သူတို႔ ယြင္ခ်န္ကို ႐ွာေဖြရန္အတြက္ ေစာႏိုင္သမွ် ေစာေစာ မသြားခဲ့လွ်င္ အရာအားလုံး သူစီစဥ္ခဲ့သည့္ လမ္းေၾကာင္းမွ လြဲေခ်ာ္သြားလိမ့္မည္။
"ငါတို႔လုပ္ႏိုင္တာ ဦးေႏွာက္မ႐ွိတဲ့ ေကာင္ေတြလို ပတ္ေျပးေနဖို႔ပဲ"
ခုတ္ျဖတ္လိုက္ခံရေသာ ဖုတ္ေကာင္ တစ္ေကာင္၏ ဦးေခါင္းက ေဘးတိုက္ ျဖတ္သြားသျဖင့္ က်ိဳးဇယ္ယြီ တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္၍ ၾကည့္ေနသည္။ ဟြိဳင္တကၠသိုလ္သည္ အနည္းဆုံး မီတာ တစ္ေသာင္းေလာက္ က်ယ္ဝန္းသျဖင့္ အျခားသူမ်ားကို သူတို႔ ဘယ္လို ႐ွာေဖြေတြ႕ႏိုင္မွာလဲ။ သူတို႔႐ွာေနသူမ်ားသည္ ေသဆုံးၿပီး ေနသူမ်ားလည္း ျဖစ္ႏိုင္ေပသည္။
"မဟုတ္ဘူး သိပ္မေဝးတဲ့ ေနရာတစ္ခုကေန ငါေအာ္သံတစ္ခု ၾကားတယ္ လူေတြ စုေဝးေနမယ့္ ေနရာကို သြားၾကစို႔"
စမ္းေခ်ာင္းေရေၾကာင့္ ယြင္ခ်ဲ႕၏ အာ႐ုံငါးပါးသည္ အျခားသာမန္ သူမ်ားထက္ ပိုမိုမွန္ကန္ တိက်လာကာ ေဖ်ာ့ေတာ့သည့္ အလင္းေရာင္၏ ေအာက္တြင္ လူသားမ်ား၏ ေအာ္ဟစ္သံကို ၾကားရပုံေပၚသည္။ သူ၏ နက္ေမွာင္ေသာ မ်က္ဝန္းမ်ားသည္ အေ႐ွ႕သို႔ မ်က္ေတာင္ပင္ မခတ္ဘဲ စိုက္၍ ၾကည့္ေနေလသည္။
"သြားၿပီ ငါေတာ့……"
က်ိဳးဇယ္ယြီ၏ ညာဘက္ လက္ေမာင္းသည္ သူသတိမထားမိ လိုက္ခ်ိန္မွာပင္ ဖုတ္ေကာင္ တစ္ေကာင္၏ တိုက္ခိုက္ျခင္းကို ခံလိုက္ရသည္။ သူသည္ ဓားကိုင္ထားသည့္ လက္ကို ေျပာင္းလိုက္ၿပီး ဓားျဖင့္ ထိုဖုတ္ေကာင္ကို ခုတ္သတ္ လိုက္ေလသည္။
"ဒါကိုေသာက္လိုက္"
ယြင္ခ်ဲ႕သည္ စမ္းေရပုလင္းကို ဆြဲထုတ္လိုက္ၿပီး သူ႕ထံသို႔ လွမ္း၍ ေပးလိုက္သည္။ ယြင္ေယာင္ သည္လည္း သူမ၏ နာက်င္မႈ ေဝဒနာကို ေခတၱေမ့သြားၿပီး သူတို႔အား ကာကြယ္ရန္ ေလွ်ာက္လာသည္။ က်ိဳးဇယ္ယြီလည္း ျငင္းဆန္ မေနေတာ့ဘဲ ေရဘူးကိုဖြင့္ကာ အငမ္းမရ ေသာက္ေလသည္။ ယြင္ခ်ဲ႕သည္ သူ႕အား မည့္သည့္ အခါတြင္မွ် ထိခိုက္ေစလိမ့္မည္ မဟုတ္ဟု တစ္ထစ္ခ် ယုံၾကည္သည္။
"ဒီကေန ဘယ္ဘက္ မီတာ ၅ဝဝ ေလာက္မွာ လူတခ်ိဳ႕ ႐ွိမယ့္ပုံပဲ .. က်ိဳးဇယ္ယြီ လုပ္စမ္းပါ ငါမင္းကို အထင္ေသးရေအာင္ မလုပ္နဲ႔"
"မင္းက ဘယ္တုန္းကမ်ား ငါ့ကိုအထင္ႀကီး သြားတာလဲ .. မင္း မေျပးဘူးလား"
လက္ေမာင္းေပၚက ဒဏ္ရာသည္ သိပ္မနက္သျဖင့္ က်ိဳးဇယ္ယြီ၏ တိုက္ခိုက္မႈ စြမ္းရည္ကို မထိခိုက္ႏိုင္ေပ။ ႏွစ္ဦးသား၏ ျငင္းခုန္မႈမ်ား ႏွင့္အတူ ထိုသုံးေယာက္သည္ သူတို႔၏ ဦးတည္ရာ ပန္းတိုင္ဆီသို႔ လ်င္ျမန္စြာ ဆက္လက္ ေ႐ြ႕လ်ား လာၾကေလသည္။
***