unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၁၉)
ကမ္ဘာပျက်ကပ်ဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ဟွိုင်မြို့မှာ ဖုတ်ကောင်များဖြင့် ပြည့်နှက်သွားလေသည်။ မြို့ပြင်ကစ၍ မြို့ထဲ ရောက်သည်အထိ ယွင်ချဲ့ သတ်လာခဲသဖြင့် လမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်များ ပြည့်နှက်နေသည်။။ အိမ်ထဲတွင် ပုန်းအောင်း နေကြသူများ ကလည်း ပြတင်းပေါက် မှတစ်ဆင့် သူတို့ကိုတွေ့ကာ အကူအညီ လှမ်းတောင်း ကြသော်လည်း ယွင်ချဲ့က သူတို့ကို လျစ်လျူရှုလျက် မိမိလုပ်ရမည်ကို ဆက်လုပ်နေသည်။ ယခုကဲ့သို့ ခက်ခဲနေသော အခြေအနေတွင် လူများကို သူလိုက်မကယ်နိုင်ပေ။
ယွင်ချဲ့တို့ ဖုတ်ကောင်များကို ထိပ်တိုက် မတွေ့တော့ ရှောင်ကွင်းရန် လူရှင်းသောနေရာများကို ရွေးသွားသည်။ သူတို့ ဖုတ်ကောင်များကို ရှင်းလင်းရန် လာခြင်းမဟုတ်၊ ညီလေးကို လာကယ်ခြင်းပင်။
သူတို့ လမ်းမပေါ်တွင် လျှောက်သွားနေကြစဉ် လမ်းအဆုံးမှ နေ၍ ဖုတ်ကောင်များ၏ ကျယ်လောင်သော အသံနှင့်အတူ သေနတ်သံများကိုပါ ကြားလိုက်ရသည်။
ယွင်ချဲ့ လက်ကိုမြှောက်ကာ အားလုံးကို ရပ်စေလိုက်ပြီး ထိုအသံများကို သူအာရုံစိုက် နားထောင်နေသဖြင့် ယွင်ယောင်နှင့် ကျိုးဇယ်ယွီတို့က သူ့ကိုသာ ကြည့်နေကြသည်။ ယွင်ချဲ့ ပြောသကဲ့သို့ပင် သူတို့သာ အသားကျသွားလျှင် အရာရာ လွယ်ကူ သွားလိမ့်မည်။ လမ်းတစ်လျှောက်လည်း တိုက်ခိုက် လာရသဖြင့် သူတို့ကိုယ်ပေါ်တွင်လည်း သွေးများစွန်းနေလေသည်။ မျက်နှာများတွင် သွေးမရှိသကဲ့သို့ ဖြစ်နေကြသော်လည်း ဖုတ်ကောင်များနှင့် တွေ့သည့်အခါ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိတော့ပေ။
"ဖုတ်ကောင်တွေ များတယ် ငါတို့ခွဲသွား...."
"အား ရှင်းဖုန်း .."
သူတို့ အရှေ့တွင်ရှိသော ဖုတ်ကောင်များကို ရင်ဆိုင်ရန် ယွင်ချဲ့ ပြင်လိုက်စဉ် စူးရှသော အော်သံက သူ့ကို ရပ်တန့် သွားစေသည်။
"ဘာဖြစ်လို့လဲ"
ဇယ်ယွီ နားမလည်စွာမေးကာ ယွင်ယောင်လည်း ကြောင်အစွာ ကြည့်နေသည်။
"သွားကြည့်ကြရအောင်"
သူတို့ကိုကြည့်ပြီး ယွင်ချဲ့ အနောက်သို့ ပြန်လှည့်သွားသည်။ ရှင်းဖုန်းက သူ့အရှေ့တွင်ရှိနေသဖြင့် သူအကူအညီ တောင်းသင့်လား။
"......."
အချိန်အတော် ကြာသည်အထိ ကျိုးဇယ်ယွီ နဲ့ ယွင်ယောင်တို့ ယွင်ချဲ့ ဘာကိုဆိုလိုကြောင်း သူတို့လည်းမသိရပေ။
လိုဏ်ခေါင်း အဆုံးမှာ လမ်းမကြီးနှင့် ဆက်နေပြီး လမ်းဆုံများတွင်လည်း ဖုတ်ကောင်များနှင့် ပြည့်နေသည်။ သူတို့ရှေ့တွင်လည်း ရုပ်ဖျက်ထားသော ဝတ်စုံနှင့်လူများ၊ တချို့က လက်နက်များ ကိုင်ဆောင်ထားပြီး တချို့က သူတို့၏ အစွမ်းများနှင့် တိုက်ခိုက် နေကြသည်။ အစွမ်းများကြောင့် ဖုတ်ကောင်များ ထောင်ချီ သေကြေကုန်သော်လည်း အများအပြား ကျန်နေသေးသည်။ ထို့အပြင် သူတို့အလယ်မှာ ရှိနေသော အိမ်စီးကားများ ကိုလည်း သူတို့ စောင့်ရှောက်ရဦးမည် ဖြစ်သောကြောင့် အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သည်။
“ဆရာ ..”
ရုတ်တရက် သက်လက်ပိုင်း အမျိုးသမီးကို ကာကွယ်ပေးနေသည့် ရှင်းဖုန်း ဖုတ်ကောင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူ၏ရင်ဘတ် မှတစ်ဆင့် သွေးများ စိမ့်ထွက်လာသည်။ ချက်ချင်းပင် ကျန်သောသူများ အားလုံး ရှင်းဖုန်း ဘေးတွင် ဝိုင်းထားလျက် သူနဲ့အမျိုးသမီးကို ကာကွယ် ပေးကြသည်။ အလှမ်း မဝေးလှသော ကားခေါင်မိုးပေါ်မှ နေရပ်ကြည့်နေသော ယွင်ချဲ့ ထိုအခြေအနေကို မြင်လိုက်ရာ ကိုယ့်ကိုယ်ကိုယ်ပင် မသိဘဲ ပြုံးလိုက်မိသည်။
"သခင် ဘာတွေ ကြည့်နေတာလဲ"
ချန်ချန်ကို ကျောပိုးထားရင်း ဟေးယွီ မေးလေသည်။ ယွင်ချဲ့က သူ့ကိုလမ်းမှာ စကားမပြောရန် မှာထားသည်က ပြောချင်စိတ်ကို အောင့်ထားရန် ခက်ခဲလှသည်။
"အော် ရွှေခြေထောက်လေ"
ရှင်းဖုန်းနှင့် သူ့လူများရှိရာကို ယွင်ချဲ့ ညွှန်ပြသည်။ ယွင်ချဲ့ တောက်ပစွာ ပြုံးရင်း စိတ်ထဲမှနေ၍ ထိုရွှေခြေထောက်ကို စိန်စီထားလေသည်။
"ရွှေခြေထောက် ?"
ဟေးယွီ ခေါင်းရှုပ်သွားသည်။ ကျိုးဇယ်ယွီနှင့် ယွင်ယောင်တို့ နားလည်သော်လည်း ဖုတ်ကောင်များနှင့် ပိတ်မိနေသော ထိုလူများကို ယွင်ချဲ့ ဘာကြောင့်ထိုသို့ ခိုင်းနှိုင်း ပြောဆိုသည်ကို သူတို့လည်း မသိကြပေ။
"သခင် စောင့်ပါဦး"
ရှင်းဖုန်းတို့၏ အခြေအနေက ပိုဆိုးလာပုံရသဖြင့် ယွင်ချဲ့ သူတို့ထံ အမြန် ပြေးသွားရာ ဟေးယွီလည်း အနောက်မှ ပြေးလိုက်လေသည်။ သူ၏လမ်းကို ပိတ်ထားသော ဖုတ်ကောင်မှန်သမျှ ယွင်ချဲ့ ဓါးချက်ကြောင့် အတုံးအရုန်း လဲကျကုန်လေရာ ရှင်းဖုန်းတို့၏ အာရုံကလည်း သူတို့ထံ ရောက်သွား လေသည်။ ဒဏ်ရာရထားသော ရင်ဘတ်ကို ကာထားလျက် ရှင်းဖုန်း မော့ကြည့်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။ သူ ယွင်ချဲ့ကို ချက်ချင်း မှတ်မိသည်က အသေအချာပင်။
"သူရောက်လာပြီပဲ"
"သူကဘယ်သူလဲ"
တစ်ချိန်တည်းတွင် ဘေးနားက ရပ်လျက် ရှိနေသူတို့လည်း သိချင်လာသည်။
"ယွင်ချဲ့"
ရှင်းဖုန်း ပြုံးလျက်ဖြေရာ သူ၏အဖြေက ထိုသူများကို ပိုခေါင်းရှုပ် သွားစေသော်လည်း ရှင်းဖုန်း ထပ်မရှင်းပြချင်တော့ပေ။ သူတို့ထံ ချဉ်းကပ်လာသော သူနှင့်ခွေးလာရာကို ကြည့်ကာ ...
"သခင်မဝမ်ကို ကားပေါ်အရင် တက်ခိုင်းလိုက်"
"ဟုတ်"
သက်လတ်ပိုင်း အမျိုးသမီးကို ကာကွယ်ပေး နေရသူက စိတ်မရှည်စွာ သူမကို ကြည့်လိုက်ပြီး ဒုတိယကားသို့ ဆွဲခေါ်သွားသည်။ ဒီအမျိုးသမီးကြောင့်သာ မဟုတ်လျှင် သူတို့ ယခုကဲ့သို့ အရှုပ်ထဲ ရောက်နေမည် မဟုတ်။
"ဟေ့ အလုပ်ရှုပ်နေတဲ့ပုံပဲ”
ယွင်ချဲ့ သူတို့ထံ တန်းမသွားဘဲ ခပ်လှမ်းလှမ်းရှိ ကားပေါ်မှာ ရပ်လိုက်သည်။ ဟေးယွီလည်း အနောက်တွင် လာရပ်ကာ သူ့ကိုထိလိုက်ပြီး
"ဟောဟဲ .... သခင် ကျွန်တော့်ကို ထားခဲ့ပြန်ပြီ၊ ဒီလူတွေကို ဘာလို့ဒီလောက် အာရုံစိုက် နေရတာလဲ။ ကျွန်တော့်လောက်တောင် မချောဘဲနဲ့ .. ဒီလောက်တောင် အကြင်နာ တရားမဲ့တာ လူဆိုးတွေပဲ နေမှာ သခင်...."
အင်း သူသာ မှားချင်ယောင် မဆောင်လျှင် ဟေးယွီ ဘယ်ပီသပါတော့မလဲ။
ဟေးယွီ စကားကြောင့် ယွင်ချဲ့ ဓားကိုင်လျက် ကားခေါင်မိုးပေါ်တွင် ရပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလေသည်။ သေချာပေါက် အောက်က သူတွေက သူ့ထက် ဘယ်လိုလုပ်စွမ်းဆောင် နိုင်ကြမလဲ။ အစွမ်းရှိ နေသူများက သူတို့အစွမ်းကို မည်သို့ အသုံးပြုရမည်ကို မသိကြပုံပင်။
အခြားသူများနှင့် မတူဘဲ ကွဲပြားနေသည်က ရှင်းဖုန်းပင်။
ငါတို့က မင်းထက် ပို၍ ရက်စက်ကြနိုင်မလား။ ထိုလူအုပ်က တဖြည်းဖြည်းနှင့် အတွန့်တက် လာကြလေသည်။ ထို့အပြင် ဖုတ်ကောင်၏ ခေါင်းကို သွေးများ ပန်းထွက်သည်အထိ ရိုက်လိုက်သဖြင့် သူတို့က ပို၍ရက်စက်သည်ဟု မှတ်ယူနေကြသည်လား။
***
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၁၉)
ကမ႓ာပ်က္ကပ္ျဖစ္ၿပီး ဒုတိယေျမာက္ေန႔တြင္ ဟြိဳင္ၿမိဳ႕မွာ ဖုတ္ေကာင္မ်ားျဖင့္ ျပည့္ႏွက္သြားေလသည္။ ၿမိဳ႕ျပင္ကစ၍ ၿမိဳ႕ထဲ ေရာက္သည္အထိ ယြင္ခ်ဲ႕ သတ္လာခဲသျဖင့္ လမ္းတစ္ေလွ်ာက္တြင္ ခႏၶာကိုယ္မ်ား ျပည့္ႏွက္ေနသည္။။ အိမ္ထဲတြင္ ပုန္းေအာင္း ေနၾကသူမ်ား ကလည္း ျပတင္းေပါက္ မွတစ္ဆင့္ သူတို႔ကိုေတြ႕ကာ အကူအညီ လွမ္းေတာင္း ၾကေသာ္လည္း ယြင္ခ်ဲ႕က သူတို႔ကို လ်စ္လ်ဴ႐ႈလ်က္ မိမိလုပ္ရမည္ကို ဆက္လုပ္ေနသည္။ ယခုကဲ့သို႔ ခက္ခဲေနေသာ အေျခအေနတြင္ လူမ်ားကို သူလိုက္မကယ္ႏိုင္ေပ။
ယြင္ခ်ဲ႕တို႔ ဖုတ္ေကာင္မ်ားကို ထိပ္တိုက္ မေတြ႕ေတာ့ ေ႐ွာင္ကြင္းရန္ လူ႐ွင္းေသာေနရာမ်ားကို ေ႐ြးသြားသည္။ သူတို႔ ဖုတ္ေကာင္မ်ားကို ႐ွင္းလင္းရန္ လာျခင္းမဟုတ္၊ ညီေလးကို လာကယ္ျခင္းပင္။
သူတို႔ လမ္းမေပၚတြင္ ေလွ်ာက္သြားေနၾကစဥ္ လမ္းအဆုံးမွ ေန၍ ဖုတ္ေကာင္မ်ား၏ က်ယ္ေလာင္ေသာ အသံႏွင့္အတူ ေသနတ္သံမ်ားကိုပါ ၾကားလိုက္ရသည္။
ယြင္ခ်ဲ႕ လက္ကိုေျမႇာက္ကာ အားလုံးကို ရပ္ေစလိုက္ၿပီး ထိုအသံမ်ားကို သူအာ႐ုံစိုက္ နားေထာင္ေနသျဖင့္ ယြင္ေယာင္ႏွင့္ က်ိဳးဇယ္ယြီတို႔က သူ႕ကိုသာ ၾကည့္ေနၾကသည္။ ယြင္ခ်ဲ႕ ေျပာသကဲ့သို႔ပင္ သူတို႔သာ အသားက်သြားလွ်င္ အရာရာ လြယ္ကူ သြားလိမ့္မည္။ လမ္းတစ္ေလွ်ာက္လည္း တိုက္ခိုက္ လာရသျဖင့္ သူတို႔ကိုယ္ေပၚတြင္လည္း ေသြးမ်ားစြန္းေနေလသည္။ မ်က္ႏွာမ်ားတြင္ ေသြးမ႐ွိသကဲ့သို႔ ျဖစ္ေနၾကေသာ္လည္း ဖုတ္ေကာင္မ်ားႏွင့္ ေတြ႕သည့္အခါ ေၾကာက္႐ြံ႕ တုန္လႈပ္ျခင္း မ႐ွိေတာ့ေပ။
"ဖုတ္ေကာင္ေတြ မ်ားတယ္ ငါတို႔ခြဲသြား...."
"အား ႐ွင္းဖုန္း .."
သူတို႔ အေ႐ွ႕တြင္႐ွိေသာ ဖုတ္ေကာင္မ်ားကို ရင္ဆိုင္ရန္ ယြင္ခ်ဲ႕ ျပင္လိုက္စဥ္ စူး႐ွေသာ ေအာ္သံက သူ႕ကို ရပ္တန္႔ သြားေစသည္။
"ဘာျဖစ္လို႔လဲ"
ဇယ္ယြီ နားမလည္စြာေမးကာ ယြင္ေယာင္လည္း ေၾကာင္အစြာ ၾကည့္ေနသည္။
"သြားၾကည့္ၾကရေအာင္"
သူတို႔ကိုၾကည့္ၿပီး ယြင္ခ်ဲ႕ အေနာက္သို႔ ျပန္လွည့္သြားသည္။ ႐ွင္းဖုန္းက သူ႕အေ႐ွ႕တြင္႐ွိေနသျဖင့္ သူအကူအညီ ေတာင္းသင့္လား။
"......."
အခ်ိန္အေတာ္ ၾကာသည္အထိ က်ိဳးဇယ္ယြီ နဲ႔ ယြင္ေယာင္တို႔ ယြင္ခ်ဲ႕ ဘာကိုဆိုလိုေၾကာင္း သူတို႔လည္းမသိရေပ။
လိုဏ္ေခါင္း အဆုံးမွာ လမ္းမႀကီးႏွင့္ ဆက္ေနၿပီး လမ္းဆုံမ်ားတြင္လည္း ဖုတ္ေကာင္မ်ားႏွင့္ ျပည့္ေနသည္။ သူတို႔ေ႐ွ႕တြင္လည္း ႐ုပ္ဖ်က္ထားေသာ ဝတ္စုံႏွင့္လူမ်ား၊ တခ်ိဳ႕က လက္နက္မ်ား ကိုင္ေဆာင္ထားၿပီး တခ်ိဳ႕က သူတို႔၏ အစြမ္းမ်ားႏွင့္ တိုက္ခိုက္ ေနၾကသည္။ အစြမ္းမ်ားေၾကာင့္ ဖုတ္ေကာင္မ်ား ေထာင္ခ်ီ ေသေၾကကုန္ေသာ္လည္း အမ်ားအျပား က်န္ေနေသးသည္။ ထို႔အျပင္ သူတို႔အလယ္မွာ ႐ွိေနေသာ အိမ္စီးကားမ်ား ကိုလည္း သူတို႔ ေစာင့္ေ႐ွာက္ရဦးမည္ ျဖစ္ေသာေၾကာင့္ အခ်ိန္မေ႐ြး တစ္ခုခု ျဖစ္သြားႏိုင္သည္။
“ဆရာ ..”
႐ုတ္တရက္ သက္လက္ပိုင္း အမ်ိဳးသမီးကို ကာကြယ္ေပးေနသည့္ ႐ွင္းဖုန္း ဖုတ္ေကာင္မ်ား၏ တိုက္ခိုက္ျခင္းကို ခံလိုက္ရသည္။ သူ၏ရင္ဘတ္ မွတစ္ဆင့္ ေသြးမ်ား စိမ့္ထြက္လာသည္။ ခ်က္ခ်င္းပင္ က်န္ေသာသူမ်ား အားလုံး ႐ွင္းဖုန္း ေဘးတြင္ ဝိုင္းထားလ်က္ သူနဲ႔အမ်ိဳးသမီးကို ကာကြယ္ ေပးၾကသည္။ အလွမ္း မေဝးလွေသာ ကားေခါင္မိုးေပၚမွ ေနရပ္ၾကည့္ေနေသာ ယြင္ခ်ဲ႕ ထိုအေျခအေနကို ျမင္လိုက္ရာ ကိုယ့္ကိုယ္ကိုယ္ပင္ မသိဘဲ ျပဳံးလိုက္မိသည္။
"သခင္ ဘာေတြ ၾကည့္ေနတာလဲ"
ခ်န္ခ်န္ကို ေက်ာပိုးထားရင္း ေဟးယြီ ေမးေလသည္။ ယြင္ခ်ဲ႕က သူ႕ကိုလမ္းမွာ စကားမေျပာရန္ မွာထားသည္က ေျပာခ်င္စိတ္ကို ေအာင့္ထားရန္ ခက္ခဲလွသည္။
"ေအာ္ ေ႐ႊေျခေထာက္ေလ"
႐ွင္းဖုန္းႏွင့္ သူ႕လူမ်ား႐ွိရာကို ယြင္ခ်ဲ႕ ၫႊန္ျပသည္။ ယြင္ခ်ဲ႕ ေတာက္ပစြာ ျပဳံးရင္း စိတ္ထဲမွေန၍ ထိုေ႐ႊေျခေထာက္ကို စိန္စီထားေလသည္။
"ေ႐ႊေျခေထာက္ ?"
ေဟးယြီ ေခါင္း႐ႈပ္သြားသည္။ က်ိဳးဇယ္ယြီႏွင့္ ယြင္ေယာင္တို႔ နားလည္ေသာ္လည္း ဖုတ္ေကာင္မ်ားႏွင့္ ပိတ္မိေနေသာ ထိုလူမ်ားကို ယြင္ခ်ဲ႕ ဘာေၾကာင့္ထိုသို႔ ခိုင္းႏိႈင္း ေျပာဆိုသည္ကို သူတို႔လည္း မသိၾကေပ။
"သခင္ ေစာင့္ပါဦး"
႐ွင္းဖုန္းတို႔၏ အေျခအေနက ပိုဆိုးလာပုံရသျဖင့္ ယြင္ခ်ဲ႕ သူတို႔ထံ အျမန္ ေျပးသြားရာ ေဟးယြီလည္း အေနာက္မွ ေျပးလိုက္ေလသည္။ သူ၏လမ္းကို ပိတ္ထားေသာ ဖုတ္ေကာင္မွန္သမွ် ယြင္ခ်ဲ႕ ဓါးခ်က္ေၾကာင့္ အတုံးအ႐ုန္း လဲက်ကုန္ေလရာ ႐ွင္းဖုန္းတို႔၏ အာ႐ုံကလည္း သူတို႔ထံ ေရာက္သြား ေလသည္။ ဒဏ္ရာရထားေသာ ရင္ဘတ္ကို ကာထားလ်က္ ႐ွင္းဖုန္း ေမာ့ၾကည့္ၿပီး ထူးဆန္းစြာ ျပဳံးလိုက္သည္။ သူ ယြင္ခ်ဲ႕ကို ခ်က္ခ်င္း မွတ္မိသည္က အေသအခ်ာပင္။
"သူေရာက္လာၿပီပဲ"
"သူကဘယ္သူလဲ"
တစ္ခ်ိန္တည္းတြင္ ေဘးနားက ရပ္လ်က္ ႐ွိေနသူတို႔လည္း သိခ်င္လာသည္။
"ယြင္ခ်ဲ႕"
႐ွင္းဖုန္း ျပဳံးလ်က္ေျဖရာ သူ၏အေျဖက ထိုသူမ်ားကို ပိုေခါင္း႐ႈပ္ သြားေစေသာ္လည္း ႐ွင္းဖုန္း ထပ္မ႐ွင္းျပခ်င္ေတာ့ေပ။ သူတို႔ထံ ခ်ဥ္းကပ္လာေသာ သူႏွင့္ေခြးလာရာကို ၾကည့္ကာ ...
"သခင္မဝမ္ကို ကားေပၚအရင္ တက္ခိုင္းလိုက္"
"ဟုတ္"
သက္လတ္ပိုင္း အမ်ိဳးသမီးကို ကာကြယ္ေပး ေနရသူက စိတ္မ႐ွည္စြာ သူမကို ၾကည့္လိုက္ၿပီး ဒုတိယကားသို႔ ဆြဲေခၚသြားသည္။ ဒီအမ်ိဳးသမီးေၾကာင့္သာ မဟုတ္လွ်င္ သူတို႔ ယခုကဲ့သို႔ အ႐ႈပ္ထဲ ေရာက္ေနမည္ မဟုတ္။
"ေဟ့ အလုပ္႐ႈပ္ေနတဲ့ပုံပဲ”
ယြင္ခ်ဲ႕ သူတို႔ထံ တန္းမသြားဘဲ ခပ္လွမ္းလွမ္း႐ွိ ကားေပၚမွာ ရပ္လိုက္သည္။ ေဟးယြီလည္း အေနာက္တြင္ လာရပ္ကာ သူ႕ကိုထိလိုက္ၿပီး
"ေဟာဟဲ .... သခင္ ကြၽန္ေတာ့္ကို ထားခဲ့ျပန္ၿပီ၊ ဒီလူေတြကို ဘာလို႔ဒီေလာက္ အာ႐ုံစိုက္ ေနရတာလဲ။ ကြၽန္ေတာ့္ေလာက္ေတာင္ မေခ်ာဘဲနဲ႔ .. ဒီေလာက္ေတာင္ အၾကင္နာ တရားမဲ့တာ လူဆိုးေတြပဲ ေနမွာ သခင္...."
အင္း သူသာ မွားခ်င္ေယာင္ မေဆာင္လွ်င္ ေဟးယြီ ဘယ္ပီသပါေတာ့မလဲ။
ေဟးယြီ စကားေၾကာင့္ ယြင္ခ်ဲ႕ ဓားကိုင္လ်က္ ကားေခါင္မိုးေပၚတြင္ ရပ္ကာ ႐ွက္ကိုး႐ွက္ကန္းျဖင့္ ျပဳံးျပေလသည္။ ေသခ်ာေပါက္ ေအာက္က သူေတြက သူ႕ထက္ ဘယ္လိုလုပ္စြမ္းေဆာင္ ႏိုင္ၾကမလဲ။ အစြမ္း႐ွိ ေနသူမ်ားက သူတို႔အစြမ္းကို မည္သို႔ အသုံးျပဳရမည္ကို မသိၾကပုံပင္။
အျခားသူမ်ားႏွင့္ မတူဘဲ ကြဲျပားေနသည္က ႐ွင္းဖုန္းပင္။
ငါတို႔က မင္းထက္ ပို၍ ရက္စက္ၾကႏိုင္မလား။ ထိုလူအုပ္က တျဖည္းျဖည္းႏွင့္ အတြန္႔တက္ လာၾကေလသည္။ ထို႔အျပင္ ဖုတ္ေကာင္၏ ေခါင္းကို ေသြးမ်ား ပန္းထြက္သည္အထိ ႐ိုက္လိုက္သျဖင့္ သူတို႔က ပို၍ရက္စက္သည္ဟု မွတ္ယူေနၾကသည္လား။
***