unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၁၂)
"ဒါကျွန်မအိမ် .. ကျွန်မဝင်စေချင်တဲ့ သူကိုပေးဝင်မယ်"
ကျိုး မိသားစု၏ ချွေးမစဖြစ်သည်မှစ၍ အခုပထမဆုံးအကြိမ် ယောက္ခမဖြစ်သူကို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကျိုးဝမ် ပြန်မပြောရသေးချိန်တွင် ယွင်ယောင် သူမ၏ကလေးကို ချီကာ တံခါးဝသို့ အမြန်ပြေး သွားလေသည်။
"သူ့ကိုတားကြ တံခါးကို မဖွင့်စေနဲ့"
ကျိုးဝမ်လည်း သတိဝင်လာပြီး အထိတ်တလန့် အော်လိုက်သဖြင့် ကိုယ်ရံတော်၂ယောက် ခဏတုံ့ဆိုင်း နေသော်လည်း အမြန်ပြေးသွားကာ ဖမ်းချုပ်လိုက်သဖြင့် ယွင်ယောင် တံခါးဖွင့်ရန် မမီလိုက်ပေ။
"ငါ့ကိုလွှတ် ... နင်တို့တွေ ရှောင်ချဲ့ကို သတ်မလို့လား .. ငါ့ကိုလွှတ် ..."
ဖြန်း ဖြန်း
လက်နှစ်ဖက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားကြသဖြင့် ယွင်ယောင် လက်ထဲမှ ကလေးငယ် ပြုတ်ကျသွားပြီး ယွင်ယောင်လည်း အားကုန် ရုန်းကန်သဖြင့် ကျိုးဝမ် ဒေါသတကြီး သွားကာ သူမမျက်နှာကို နှစ်ချက်ရိုက်လိုက်ရာ ယွင်ယောင် မျက်နှာမှာ ဖူးယောင် သွားလေသည်။ ထိုအသံကို အပြင်ဘက်တွင် ရှိနေသော ယွင်ချဲ့ သေချာရှင်းလင်းစွာ ကြားလိုက်ရသဖြင့် တံခါးကို ဇောစိတ်နဲ့ ထုရိုက်နေတော့သည်။
"မင်းတို့တွေ ငါ့အစ်မကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့် ငါဝင်လာတဲ့အခါ မင်းတို့ကို အရှင်လတ်လတ် ခုတ်ပိုင်းပစ်မယ်”
"မိစ္ဆာကောင် ဝင်နိုင်ရင် ဝင်လာခဲ့လေ .. ငါကနင့်ကို ကြောက်နေရမှာလား"
ကျိုးဝမ်မှာ သူမကို ကာကွယ်ရန် ကိုယ်ရံတော်များ ရှိသည်ဟု စိတ်ချယုံကြည်ကာ ခါးထောက်လျက် ရပ်နေလေသည်။ ထိုစဉ် ရုတ်တရက် အပြင်ဘက်တွင် ရှိသော ယွင်ချဲ့ အသံတိတ်ဆိတ် သွားပြီး ဖုတ်ကောင်များ၏ ဟိန်းသံများကိုသာ ကြားရတော့သဖြင့် ယွင်ချဲ့ ကြောက်လန့်နေခြင်း ဖြစ်မည်ဟု ကျိုးဝမ် ယူဆကာ စိတ်ကျေနပ် နေလေသည်။ ထိုစဉ် လင်းရှောင်ဟန်က သူတော်ကောင်းယောင် ဆောင်လျက် ...
"ယွင်ယောင် .. မေမေက မမတို့ကောင်းဖို့အတွက် လုပ်တာပါ အပြင်မထွက်ပါနဲ့ .. ဇာတ်လမ်းတွေထဲက ဖုတ်ကောင်တွေလို အပြင်မှာလည်း လူတွေ လိုက်ကိုက်နေကြတာ နေရာအနှံ့ပဲ ... သူတို့သာ ဝင်လာခဲ့ရင် မမတို့ အကုန် သေကုန်လိမ့်မယ်"
"ဒါဆိုရင် ကျွန်မမောင်ကို အသေခံရမှာလား .. ဒီနေ့ အဲဒီနေရာမှာ အစ်မရဲ့ မောင်လေးဖြစ်နေရင် သူ့ကိုအပြင်မှာ အသေခံခိုင်းမှာလား"
ယွင်ယောင် တစ်မျိုးပြောင်းကာ မေးလိုက်သည်။ သူတို့က လူဖြစ်ကြသည်ဆိုလျှင် သူမမောင်က လူမဟုတ်တော့ဘူးလား။ ယခုတစ်ကြိမ် ထိုလူတို့ကို သူမ အလွန်စိတ်ပျက် မိသွားသဖြင့် ကျိုးကျစ်ကျွင်းနှင့် လက်ထပ်ခဲ့သည်မှာ မှန်ကန်လားဟူ၍ သံသယ ဖြစ်လာမိသည်။
နင့်ရဲ့မောင်နဲ့ ငါ့မောင်ကို ဘယ်လိုလုပ် နှိုင်းယှဉ်ရဲရတာလဲ။ လင်းရှောင်ဟန် စိတ်လျော့ကာ စကားပြောရန် ပြင်လိုက်သော်လည်း ကိုယ်ရံတော်များ ချုပ်နှောင်ထားသော ယွင်ယောင် ကိုကြည့်လျက် လက်လျော့ လိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် ယွင်ချဲ့ မဝင်လာနိုင်သောကြောင့် သူမကို တုံ့ပြန်မည့်သူ မရှိပေ။
"ကြိုးတစ်ချောင်းရှာပြီး သူ့ကိုချည်ထားလိုက် .. တံခါးဘယ်လို သွားဖွင့်မလဲဆိုတာ ငါကြည့်..."
"ဉီးဉီး”
ယွင်ယောင် အပေါ် အာရုံရောက်နေကြချိန် ချန်ချန်က ခုံရှည်တစ်လုံးကို ယူကာ တံခါးဖွင့် လိုက်သဖြင့် ဓါးရှည် ကိုင်ထားသော ယွင်ချဲ့ အထဲကို ဝင်လာခဲ့ပြီး လူနံ့ရသော ဖုတ်ကောင်များကလည်း အတင်းတိုးဝင်ရန် ကြိုးစားကြလေသည်။ အထဲသို့ ရောက်လုနီးပါး ဖြစ်ခဲ့သော ဖုတ်ကောင်၏ခေါင်းကို ယွင်ချဲ့ ဓါးနှင့် ခုတ်ဖြတ် လိုက်သောကြောင့် အခန်းထဲရှိ သူများ ကြောက်လန့်ကြကုန်သည်။ ဖုတ်ကောင်များကို တန်ပြန် တိုက်ခိုက်ရန် အလွန်ခက်ခဲကြောင်း သူတို့လည်း ကောင်းကောင်း သိသည်။
"ဉီးဉီး "
ချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် ယွင်ချဲ့ ခြေထောက်ကို ပြေးဖက်လေသည်။ ဖုတ်ကောင်များကို တိုက်ခိုက်ပြီးနောက် တံခါးကိုပြန်ပိတ်ကာ ချန်ချန်ကို ချီလျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရှိသူများကို အေးစက်စွာ ကြည့်လိုက်ရာ ယွင်ယောင်ကို ချုပ်ထားသော ကိုယ်ရံတော် နှစ်ယောက်မှာ သူမကို လွှတ်ပေးကာ နောက်ဆုတ် သွားကြသဖြင့် ယွင်ယောင် အမြန်ပြေးကာ သူမမောင်ကို ဖက်ထားလိုက်သည်။
"ရှောင်ချဲ့ ...."
"မငိုနဲ့နော် ဘာမှမဖြစ်တော့ဘူး"
ယွင်ယောင်ကို ပွေ့ဖက်ထားလျက် ကျိုးထင်၏ မကျေမချမ်း ဖြစ်နေသော အကြည့်ကို မြင်လိုက်ရသည်။ ပျက်သုဉ်းကာလ၏ ပထမဆုံးနေ့တွင်ပင် သူမကို စတွေ့ခဲ့သော်လည်း ခဏတာ စိုက်ကြည့်ပြီးနောက် မျက်လုံးလွဲ လိုက်သည်။ ထို့နောက် အခန်းထဲရှိ နေသူတို့ကို ကြည့်လိုက်ရာ အားလုံးနီးပါး အတူတူ ရှိနေကြသည်ကို သတိပြုမိလိုက်သည်။ ယခုအခြေအနေကို သုံးသပ်ကြည့်လျှင် အတိတ်ဘဝက သူ၏အစ်မကို ငါးစာအဖြစ် ထားခဲ့ပြီး ကျန်သော သူများက ကိုယ်လွတ် ရုန်းခဲ့ကြလိမ့်မည်ဟု ခန့်မှန်းရနိုင်သည်။
ယွင်ချဲ့ အမှန်တိုင်းနီးပါး ခန့်မှန်းနိုင်ခဲ့ပြီး သူတို့လုပ်ခဲ့သည်က သူထင်ထားသည်ထက် ပို၍ ယုတ်ညံ့လှသည်။
"မေမေ မငိုနဲ့တော့နော် .. ဉီးဉီးက မေမေနဲ့သားကို စောင့်ရှောက် ပေးလိမ့်မယ်နော်"
ချန်ချန်က သူ၏ဝကစ်နေသော လက်လေးဖြင့် ယွင်ယောင် ကျောကို အသာပုတ်ကာ ချော့သိပ်ပေးနေလေသည်။ ထိုကလေးမှာ အလွန် ရိုးသားလှသည်။ သူ၏ဉီးလေးက ကာကွယ်ပေးမည်ဟူသော စကားကို တစ်ကြိမ်ထက် ပိုပြောခဲ့သဖြင့် ထိုစကားကို စိတ်ထဲတွင် စွဲမှတ်ထားပြီး သူ၏ဉီးလေး ရှိနေသရွေ့ အပြင်မှလိုက်ကိုက်နေသည့် လူဆိုးများလည်း သူတို့ကို ရန်မပြုနိုင်ဟု ယုံကြည်ထားလေသည်။
"အင်းပါ မေမေမငိုတော့ဘူးနော် ချန်ချန် လေးက အရမ်းသိတတ် လိမ္မာလိုက်တာ"
ချန်ချန်ကို မော့ကြည့်လိုက်ပြီး ယွင်ယောင် မျက်ရည်များကို သုတ်ပစ်ကာ ပြန်ပြောလေသည်။
"သူ့ကို ဘယ်သူရိုက်တာလဲ"
ယွင်ယောင်၏ နီရဲဖူးယောင်နေသော မျက်နှာကို ယွင်ချဲ့ တွေ့လိုက်သဖြင့် အေးစက်စက် အငွေ့အသက်များ ပြည့်နေသည့် မကျေနပ်သော အကြည့်များနှင့် ကြည့်ကာ မေးလိုက်သည်။ ယွင်ချဲ့ကို ယွင်ယောင် ကိုယ်တိုင် ကြောက်ရွံ့ လာသော်လည်း ချန်ချန်က မကြောက်ပေ။ ချန်ချန်သည် ယွင်ချဲ့ကို ချီခိုင်းလိုက်ပြီး ကျိုးဝမ်ကို စိုက်ကြည့်ကာ ယွင်ချဲ့ လည်ပင်းဖက်လျက် နားနားကပ် ပြောလေသည်။
"မေမေက ဘွားဘွားကို ပေးဝင်တယ် ဘွားဘွားက မေမေ့ကို ရိုက်တယ် ... မေမေက တံခါးသွားဖွင့်တယ် ဘွားဘွား ထပ်ရိုက်တယ် ..."
ချန်ချန်မှာ အလွန် ငယ်ရွယ် သေးသော်လည်း သူ၏အမေကို ကာကွယ်ပေးနေသည်။
ချန်ချန် ပြောသော စကားကြောင့် ကျိုးဝမ်ကို ယွင်ချဲ့ စူးစိုက်ကြည့်လိုက်သဖြင့် ကျိုးဝမ်လည်း ကြောက်လန့်ကာ ခြေလှမ်းများ နောက်ဆုတ် သွားလေသည်။ ယွင်ယောင်က သူမမောင်၏အင်္ကျီကို အမြန်ဆွဲကာ ...
"ထားလိုက်ပါတော့ .. သူက ကျစ်ကျွင်းရဲ့ အမေပဲလေ .. မမတို့ အမြန်ပြင်ဆင်ပြီး ရှောင်ချန် ဆီသွားရအောင်"
သူမ သနားလာခြင်းကြောင့် မဟုတ်ဘဲ အပြင်ဘက်တွင် ဖြစ်နေသည်ကို သူမသေချာမသိရသည့်အပြင် ထိုမကောင်းဆိုးဝါးများကို နှိမ်နင်းရန် အစိုးရက စစ်တပ်များစေလွှတ်မည်ကို စိုးရိမ်လာကာ ကျိုး မိသားစုကလည်း သူမ၏မောင်ကို ရန်ပြုလာမည်ကိုလည်း စိတ်ပူလာသည်။ မျက်နှာ အရိုက်ခံရရုံလေးကို သူမ သည်းခံနိုင်ပါသည်။ သူမကြောင့် သူမမောင်စိတ်လိုက်မာန်ပါ လုပ်ခဲ့မိလျှင် သူမ စိတ်မသက်မသာ ဖြစ်ရလိမ့်မည်။
အစ်မဖြစ်သူကို လှည့်ကြည့်ပြီး ယွင်ချဲ့ ပြုံးပြကာ ...
"အခန်းထဲသွားပြီး မမနဲ့ ချန်ချန် အတွက် အဓိက အသုံးလိုနိုင်မှာကိုပဲ ရွေးပြီး ထုပ်ပိုးလာခဲ့နော် .. ကျန်တာတွေ လမ်းမှာကြုံရင် ဝင်ဝယ်လို့ရတယ်"
"ဟုတ်ပြီ"
မောင်ဖြစ်သူက သူမစကားကို နားထောင်သဖြင့် ယွင်ယောင် ခေါင်းညိတ်ကာ ယွင်ချဲ့ထံမှ ချန်ချန်ကို ချီယူလိုက်ပြီး သူမအခန်းထဲသို့ ဝင်သွားလေသည်။
"နင်...နင်ဘာလုပ်မလို့လဲ"
ယွင်ယောင် အခန်းထဲ ရောက်သွားသည်နှင့် ယွင်ချဲ့ ဓါးရှည်ကိုကိုင်လျက် ကျိုးဝမ်ထံသို့ တစ်လှမ်းချင်း လှမ်းလာသဖြင့် သူမ ကြောက်လန့်ကာ အနောက်သို့ ယိုင်ကျသွားသည်။ ဖုတ်ကောင် တစ်ကောင်ကို ခေါင်းဖြတ်ခဲ့သည့် ယွင်ချဲ့၏ပုံရိပ်မှာ သူတို့အတွေးထဲ ထပ်လဲလဲ မြင်ယောင်နေရသည်။ ထို့ကြောင့်ပင် သူတို့မောင်နှမကြား ကြားဝင်ဖြတ်ပြောခြင်း မလုပ်ရဲကြပေ။ ယွင်ချဲ့လည်း အပြင်ဘက်တွင် ဖုတ်ကောင်များကို တစ်ကောင် ရှင်းလင်းခဲ့သဖြင့် အပြင်ဘက်တွင် ရှုပ်ပွနေလေသည်။
"ငါ့အစ်မကို နာကျင်စေတဲ့ လူမှန်သမျှ ငါပြန်ပြီး လက်စားချေမှာပဲ .. အဲဒီတော့ မသေချင်ရင် ငါနဲ့ဝေးဝေးနေကြ"
ကျိုးဝမ်ကို ကာကွယ်ရန် လာကြသော ကိုယ်ရံတော်များကို ယွင်ချဲ့ စိုက်ကြည့်ကာ ပြောပြီးနောက် ကျိုးဝမ် ရှေ့တွင် ရပ်နေလိုက်သည်။
ဖြန်း ဖြန်း ဖြန်း
"အ "
အခြားသူများမှာ အလွန် ကြောက်ရွံ့ နေကြသဖြင့် မလှုပ်ရဲကြပေ။ ကျိုးဝမ်လည်း နာကျင်လွန်းသောကြောင့် အော်လိုက်မိသော်လည်း ယွင်ချဲ့ လုံးဝ မသနားပေ။ သူမကို အချက်ရေများစွာ ရိုက်နှက်ခဲ့ပြီး မျက်လုံးမှာလည်း ညိုမည်းကာ ပါးစပ်မှပင် သွေးများ စိမ့်ကြလာသည်။ ယွင်ချဲ့ ရှေ့ကိုကိုင်းကာ အသံနိမ့်ချလျက်
"ခင်ဗျားကို ဒီနေ့သတ်လိုက်ရင် ကျုပ်ညှာတာရာ ကျသွားလိမ့်မယ် .. ကျိုးကျစ်ကျွင်းကို သွားပြောစရာမလိုဘူး ကျုပ်ကိုယ်တိုင် ခင်ဗျားဆီ လာခဲ့မယ် .. အဲဒီအခါ ကျုပ်နဲ့ ကျုပ်အစ်မအပေါ် ခင်ဗျား အကြွေးတင်ခဲ့တာတွေ တစ်ခုချင်း ပြန်ဆပ်စေရမယ်"
စကားပြောပြီးနောက် ကျိုးဝမ်ကို ယွင်ချဲ့ ကြောက်စရာကောင်းစွာ ပြုံးပြလေသည်။
***
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၁၂)
"ဒါကြၽန္မအိမ္ .. ကြၽန္မဝင္ေစခ်င္တဲ့ သူကိုေပးဝင္မယ္"
က်ိဳး မိသားစု၏ ေခြၽးမစျဖစ္သည္မွစ၍ အခုပထမဆုံးအႀကိမ္ ေယာကၡမျဖစ္သူကို တုံ႔ျပန္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ က်ိဳးဝမ္ ျပန္မေျပာရေသးခ်ိန္တြင္ ယြင္ေယာင္ သူမ၏ကေလးကို ခ်ီကာ တံခါးဝသို႔ အျမန္ေျပး သြားေလသည္။
"သူ႕ကိုတားၾက တံခါးကို မဖြင့္ေစနဲ႔"
က်ိဳးဝမ္လည္း သတိဝင္လာၿပီး အထိတ္တလန္႔ ေအာ္လိုက္သျဖင့္ ကိုယ္ရံေတာ္၂ေယာက္ ခဏတုံ႔ဆိုင္း ေနေသာ္လည္း အျမန္ေျပးသြားကာ ဖမ္းခ်ဳပ္လိုက္သျဖင့္ ယြင္ေယာင္ တံခါးဖြင့္ရန္ မမီလိုက္ေပ။
"ငါ့ကိုလႊတ္ ... နင္တို႔ေတြ ေ႐ွာင္ခ်ဲ႕ကို သတ္မလို႔လား .. ငါ့ကိုလႊတ္ ..."
ျဖန္း ျဖန္း
လက္ႏွစ္ဖက္ကို တင္းက်ပ္စြာ ဖမ္းဆုပ္ထားၾကသျဖင့္ ယြင္ေယာင္ လက္ထဲမွ ကေလးငယ္ ျပဳတ္က်သြားၿပီး ယြင္ေယာင္လည္း အားကုန္ ႐ုန္းကန္သျဖင့္ က်ိဳးဝမ္ ေဒါသတႀကီး သြားကာ သူမမ်က္ႏွာကို ႏွစ္ခ်က္႐ိုက္လိုက္ရာ ယြင္ေယာင္ မ်က္ႏွာမွာ ဖူးေယာင္ သြားေလသည္။ ထိုအသံကို အျပင္ဘက္တြင္ ႐ွိေနေသာ ယြင္ခ်ဲ႕ ေသခ်ာ႐ွင္းလင္းစြာ ၾကားလိုက္ရသျဖင့္ တံခါးကို ေဇာစိတ္နဲ႔ ထု႐ိုက္ေနေတာ့သည္။
"မင္းတို႔ေတြ ငါ့အစ္မကို ထိခိုက္ေအာင္ လုပ္ရဲလုပ္ၾကည့္ ငါဝင္လာတဲ့အခါ မင္းတို႔ကို အ႐ွင္လတ္လတ္ ခုတ္ပိုင္းပစ္မယ္”
"မိစၧာေကာင္ ဝင္ႏိုင္ရင္ ဝင္လာခဲ့ေလ .. ငါကနင့္ကို ေၾကာက္ေနရမွာလား"
က်ိဳးဝမ္မွာ သူမကို ကာကြယ္ရန္ ကိုယ္ရံေတာ္မ်ား ႐ွိသည္ဟု စိတ္ခ်ယုံၾကည္ကာ ခါးေထာက္လ်က္ ရပ္ေနေလသည္။ ထိုစဥ္ ႐ုတ္တရက္ အျပင္ဘက္တြင္ ႐ွိေသာ ယြင္ခ်ဲ႕ အသံတိတ္ဆိတ္ သြားၿပီး ဖုတ္ေကာင္မ်ား၏ ဟိန္းသံမ်ားကိုသာ ၾကားရေတာ့သျဖင့္ ယြင္ခ်ဲ႕ ေၾကာက္လန္႔ေနျခင္း ျဖစ္မည္ဟု က်ိဳးဝမ္ ယူဆကာ စိတ္ေက်နပ္ ေနေလသည္။ ထိုစဥ္ လင္းေ႐ွာင္ဟန္က သူေတာ္ေကာင္းေယာင္ ေဆာင္လ်က္ ...
"ယြင္ေယာင္ .. ေမေမက မမတို႔ေကာင္းဖို႔အတြက္ လုပ္တာပါ အျပင္မထြက္ပါနဲ႔ .. ဇာတ္လမ္းေတြထဲက ဖုတ္ေကာင္ေတြလို အျပင္မွာလည္း လူေတြ လိုက္ကိုက္ေနၾကတာ ေနရာအႏွံ႔ပဲ ... သူတို႔သာ ဝင္လာခဲ့ရင္ မမတို႔ အကုန္ ေသကုန္လိမ့္မယ္"
"ဒါဆိုရင္ ကြၽန္မေမာင္ကို အေသခံရမွာလား .. ဒီေန႔ အဲဒီေနရာမွာ အစ္မရဲ႕ ေမာင္ေလးျဖစ္ေနရင္ သူ႕ကိုအျပင္မွာ အေသခံခိုင္းမွာလား"
ယြင္ေယာင္ တစ္မ်ိဳးေျပာင္းကာ ေမးလိုက္သည္။ သူတို႔က လူျဖစ္ၾကသည္ဆိုလွ်င္ သူမေမာင္က လူမဟုတ္ေတာ့ဘူးလား။ ယခုတစ္ႀကိမ္ ထိုလူတို႔ကို သူမ အလြန္စိတ္ပ်က္ မိသြားသျဖင့္ က်ိဳးက်စ္ကြၽင္းႏွင့္ လက္ထပ္ခဲ့သည္မွာ မွန္ကန္လားဟူ၍ သံသယ ျဖစ္လာမိသည္။
နင့္ရဲ႕ေမာင္နဲ႔ ငါ့ေမာင္ကို ဘယ္လိုလုပ္ ႏိႈင္းယွဥ္ရဲရတာလဲ။ လင္းေ႐ွာင္ဟန္ စိတ္ေလ်ာ့ကာ စကားေျပာရန္ ျပင္လိုက္ေသာ္လည္း ကိုယ္ရံေတာ္မ်ား ခ်ဳပ္ေႏွာင္ထားေသာ ယြင္ေယာင္ ကိုၾကည့္လ်က္ လက္ေလ်ာ့ လိုက္သည္။ မည္သို႔ပင္ျဖစ္ျဖစ္ ယြင္ခ်ဲ႕ မဝင္လာႏိုင္ေသာေၾကာင့္ သူမကို တုံ႔ျပန္မည့္သူ မ႐ွိေပ။
"ႀကိဳးတစ္ေခ်ာင္း႐ွာၿပီး သူ႕ကိုခ်ည္ထားလိုက္ .. တံခါးဘယ္လို သြားဖြင့္မလဲဆိုတာ ငါၾကည့္..."
"ဉီးဉီး”
ယြင္ေယာင္ အေပၚ အာ႐ုံေရာက္ေနၾကခ်ိန္ ခ်န္ခ်န္က ခုံ႐ွည္တစ္လုံးကို ယူကာ တံခါးဖြင့္ လိုက္သျဖင့္ ဓါး႐ွည္ ကိုင္ထားေသာ ယြင္ခ်ဲ႕ အထဲကို ဝင္လာခဲ့ၿပီး လူနံ႔ရေသာ ဖုတ္ေကာင္မ်ားကလည္း အတင္းတိုးဝင္ရန္ ႀကိဳးစားၾကေလသည္။ အထဲသို႔ ေရာက္လုနီးပါး ျဖစ္ခဲ့ေသာ ဖုတ္ေကာင္၏ေခါင္းကို ယြင္ခ်ဲ႕ ဓါးႏွင့္ ခုတ္ျဖတ္ လိုက္ေသာေၾကာင့္ အခန္းထဲ႐ွိ သူမ်ား ေၾကာက္လန္႔ၾကကုန္သည္။ ဖုတ္ေကာင္မ်ားကို တန္ျပန္ တိုက္ခိုက္ရန္ အလြန္ခက္ခဲေၾကာင္း သူတို႔လည္း ေကာင္းေကာင္း သိသည္။
"ဉီးဉီး "
ခ်န္ခ်န္က စိတ္လႈပ္႐ွားစြာျဖင့္ ယြင္ခ်ဲ႕ ေျခေထာက္ကို ေျပးဖက္ေလသည္။ ဖုတ္ေကာင္မ်ားကို တိုက္ခိုက္ၿပီးေနာက္ တံခါးကိုျပန္ပိတ္ကာ ခ်န္ခ်န္ကို ခ်ီလ်က္ အခန္းထဲသို႔ ဝင္လာခဲ့သည္။ အခန္းထဲ႐ွိသူမ်ားကို ေအးစက္စြာ ၾကည့္လိုက္ရာ ယြင္ေယာင္ကို ခ်ဳပ္ထားေသာ ကိုယ္ရံေတာ္ ႏွစ္ေယာက္မွာ သူမကို လႊတ္ေပးကာ ေနာက္ဆုတ္ သြားၾကသျဖင့္ ယြင္ေယာင္ အျမန္ေျပးကာ သူမေမာင္ကို ဖက္ထားလိုက္သည္။
"ေ႐ွာင္ခ်ဲ႕ ...."
"မငိုနဲ႔ေနာ္ ဘာမွမျဖစ္ေတာ့ဘူး"
ယြင္ေယာင္ကို ေပြ႕ဖက္ထားလ်က္ က်ိဳးထင္၏ မေက်မခ်မ္း ျဖစ္ေနေသာ အၾကည့္ကို ျမင္လိုက္ရသည္။ ပ်က္သုဥ္းကာလ၏ ပထမဆုံးေန႔တြင္ပင္ သူမကို စေတြ႕ခဲ့ေသာ္လည္း ခဏတာ စိုက္ၾကည့္ၿပီးေနာက္ မ်က္လုံးလြဲ လိုက္သည္။ ထို႔ေနာက္ အခန္းထဲ႐ွိ ေနသူတို႔ကို ၾကည့္လိုက္ရာ အားလုံးနီးပါး အတူတူ ႐ွိေနၾကသည္ကို သတိျပဳမိလိုက္သည္။ ယခုအေျခအေနကို သုံးသပ္ၾကည့္လွ်င္ အတိတ္ဘဝက သူ၏အစ္မကို ငါးစာအျဖစ္ ထားခဲ့ၿပီး က်န္ေသာ သူမ်ားက ကိုယ္လြတ္ ႐ုန္းခဲ့ၾကလိမ့္မည္ဟု ခန္႔မွန္းရႏိုင္သည္။
ယြင္ခ်ဲ႕ အမွန္တိုင္းနီးပါး ခန္႔မွန္းႏိုင္ခဲ့ၿပီး သူတို႔လုပ္ခဲ့သည္က သူထင္ထားသည္ထက္ ပို၍ ယုတ္ညံ့လွသည္။
"ေမေမ မငိုနဲ႔ေတာ့ေနာ္ .. ဉီးဉီးက ေမေမနဲ႔သားကို ေစာင့္ေ႐ွာက္ ေပးလိမ့္မယ္ေနာ္"
ခ်န္ခ်န္က သူ၏ဝကစ္ေနေသာ လက္ေလးျဖင့္ ယြင္ေယာင္ ေက်ာကို အသာပုတ္ကာ ေခ်ာ့သိပ္ေပးေနေလသည္။ ထိုကေလးမွာ အလြန္ ႐ိုးသားလွသည္။ သူ၏ဉီးေလးက ကာကြယ္ေပးမည္ဟူေသာ စကားကို တစ္ႀကိမ္ထက္ ပိုေျပာခဲ့သျဖင့္ ထိုစကားကို စိတ္ထဲတြင္ စြဲမွတ္ထားၿပီး သူ၏ဉီးေလး ႐ွိေနသေ႐ြ႕ အျပင္မွလိုက္ကိုက္ေနသည့္ လူဆိုးမ်ားလည္း သူတို႔ကို ရန္မျပဳႏိုင္ဟု ယုံၾကည္ထားေလသည္။
"အင္းပါ ေမေမမငိုေတာ့ဘူးေနာ္ ခ်န္ခ်န္ ေလးက အရမ္းသိတတ္ လိမၼာလိုက္တာ"
ခ်န္ခ်န္ကို ေမာ့ၾကည့္လိုက္ၿပီး ယြင္ေယာင္ မ်က္ရည္မ်ားကို သုတ္ပစ္ကာ ျပန္ေျပာေလသည္။
"သူ႕ကို ဘယ္သူ႐ိုက္တာလဲ"
ယြင္ေယာင္၏ နီရဲဖူးေယာင္ေနေသာ မ်က္ႏွာကို ယြင္ခ်ဲ႕ ေတြ႕လိုက္သျဖင့္ ေအးစက္စက္ အေငြ႕အသက္မ်ား ျပည့္ေနသည့္ မေက်နပ္ေသာ အၾကည့္မ်ားႏွင့္ ၾကည့္ကာ ေမးလိုက္သည္။ ယြင္ခ်ဲ႕ကို ယြင္ေယာင္ ကိုယ္တိုင္ ေၾကာက္႐ြံ႕ လာေသာ္လည္း ခ်န္ခ်န္က မေၾကာက္ေပ။ ခ်န္ခ်န္သည္ ယြင္ခ်ဲ႕ကို ခ်ီခိုင္းလိုက္ၿပီး က်ိဳးဝမ္ကို စိုက္ၾကည့္ကာ ယြင္ခ်ဲ႕ လည္ပင္းဖက္လ်က္ နားနားကပ္ ေျပာေလသည္။
"ေမေမက ဘြားဘြားကို ေပးဝင္တယ္ ဘြားဘြားက ေမေမ့ကို ႐ိုက္တယ္ ... ေမေမက တံခါးသြားဖြင့္တယ္ ဘြားဘြား ထပ္႐ိုက္တယ္ ..."
ခ်န္ခ်န္မွာ အလြန္ ငယ္႐ြယ္ ေသးေသာ္လည္း သူ၏အေမကို ကာကြယ္ေပးေနသည္။
ခ်န္ခ်န္ ေျပာေသာ စကားေၾကာင့္ က်ိဳးဝမ္ကို ယြင္ခ်ဲ႕ စူးစိုက္ၾကည့္လိုက္သျဖင့္ က်ိဳးဝမ္လည္း ေၾကာက္လန္႔ကာ ေျခလွမ္းမ်ား ေနာက္ဆုတ္ သြားေလသည္။ ယြင္ေယာင္က သူမေမာင္၏အက်ႌကို အျမန္ဆြဲကာ ...
"ထားလိုက္ပါေတာ့ .. သူက က်စ္ကြၽင္းရဲ႕ အေမပဲေလ .. မမတို႔ အျမန္ျပင္ဆင္ၿပီး ေ႐ွာင္ခ်န္ ဆီသြားရေအာင္"
သူမ သနားလာျခင္းေၾကာင့္ မဟုတ္ဘဲ အျပင္ဘက္တြင္ ျဖစ္ေနသည္ကို သူမေသခ်ာမသိရသည့္အျပင္ ထိုမေကာင္းဆိုးဝါးမ်ားကို ႏွိမ္နင္းရန္ အစိုးရက စစ္တပ္မ်ားေစလႊတ္မည္ကို စိုးရိမ္လာကာ က်ိဳး မိသားစုကလည္း သူမ၏ေမာင္ကို ရန္ျပဳလာမည္ကိုလည္း စိတ္ပူလာသည္။ မ်က္ႏွာ အ႐ိုက္ခံရ႐ုံေလးကို သူမ သည္းခံႏိုင္ပါသည္။ သူမေၾကာင့္ သူမေမာင္စိတ္လိုက္မာန္ပါ လုပ္ခဲ့မိလွ်င္ သူမ စိတ္မသက္မသာ ျဖစ္ရလိမ့္မည္။
အစ္မျဖစ္သူကို လွည့္ၾကည့္ၿပီး ယြင္ခ်ဲ႕ ျပဳံးျပကာ ...
"အခန္းထဲသြားၿပီး မမနဲ႔ ခ်န္ခ်န္ အတြက္ အဓိက အသုံးလိုႏိုင္မွာကိုပဲ ေ႐ြးၿပီး ထုပ္ပိုးလာခဲ့ေနာ္ .. က်န္တာေတြ လမ္းမွာၾကဳံရင္ ဝင္ဝယ္လို႔ရတယ္"
"ဟုတ္ၿပီ"
ေမာင္ျဖစ္သူက သူမစကားကို နားေထာင္သျဖင့္ ယြင္ေယာင္ ေခါင္းညိတ္ကာ ယြင္ခ်ဲ႕ထံမွ ခ်န္ခ်န္ကို ခ်ီယူလိုက္ၿပီး သူမအခန္းထဲသို႔ ဝင္သြားေလသည္။
"နင္...နင္ဘာလုပ္မလို႔လဲ"
ယြင္ေယာင္ အခန္းထဲ ေရာက္သြားသည္ႏွင့္ ယြင္ခ်ဲ႕ ဓါး႐ွည္ကိုကိုင္လ်က္ က်ိဳးဝမ္ထံသို႔ တစ္လွမ္းခ်င္း လွမ္းလာသျဖင့္ သူမ ေၾကာက္လန္႔ကာ အေနာက္သို႔ ယိုင္က်သြားသည္။ ဖုတ္ေကာင္ တစ္ေကာင္ကို ေခါင္းျဖတ္ခဲ့သည့္ ယြင္ခ်ဲ႕၏ပုံရိပ္မွာ သူတို႔အေတြးထဲ ထပ္လဲလဲ ျမင္ေယာင္ေနရသည္။ ထို႔ေၾကာင့္ပင္ သူတို႔ေမာင္ႏွမၾကား ၾကားဝင္ျဖတ္ေျပာျခင္း မလုပ္ရဲၾကေပ။ ယြင္ခ်ဲ႕လည္း အျပင္ဘက္တြင္ ဖုတ္ေကာင္မ်ားကို တစ္ေကာင္ ႐ွင္းလင္းခဲ့သျဖင့္ အျပင္ဘက္တြင္ ႐ႈပ္ပြေနေလသည္။
"ငါ့အစ္မကို နာက်င္ေစတဲ့ လူမွန္သမွ် ငါျပန္ၿပီး လက္စားေခ်မွာပဲ .. အဲဒီေတာ့ မေသခ်င္ရင္ ငါနဲ႔ေဝးေဝးေနၾက"
က်ိဳးဝမ္ကို ကာကြယ္ရန္ လာၾကေသာ ကိုယ္ရံေတာ္မ်ားကို ယြင္ခ်ဲ႕ စိုက္ၾကည့္ကာ ေျပာၿပီးေနာက္ က်ိဳးဝမ္ ေ႐ွ႕တြင္ ရပ္ေနလိုက္သည္။
ျဖန္း ျဖန္း ျဖန္း
"အ "
အျခားသူမ်ားမွာ အလြန္ ေၾကာက္႐ြံ႕ ေနၾကသျဖင့္ မလႈပ္ရဲၾကေပ။ က်ိဳးဝမ္လည္း နာက်င္လြန္းေသာေၾကာင့္ ေအာ္လိုက္မိေသာ္လည္း ယြင္ခ်ဲ႕ လုံးဝ မသနားေပ။ သူမကို အခ်က္ေရမ်ားစြာ ႐ိုက္ႏွက္ခဲ့ၿပီး မ်က္လုံးမွာလည္း ညိဳမည္းကာ ပါးစပ္မွပင္ ေသြးမ်ား စိမ့္ၾကလာသည္။ ယြင္ခ်ဲ႕ ေ႐ွ႕ကိုကိုင္းကာ အသံနိမ့္ခ်လ်က္
"ခင္ဗ်ားကို ဒီေန႔သတ္လိုက္ရင္ က်ဳပ္ညႇာတာရာ က်သြားလိမ့္မယ္ .. က်ိဳးက်စ္ကြၽင္းကို သြားေျပာစရာမလိုဘူး က်ဳပ္ကိုယ္တိုင္ ခင္ဗ်ားဆီ လာခဲ့မယ္ .. အဲဒီအခါ က်ဳပ္နဲ႔ က်ဳပ္အစ္မအေပၚ ခင္ဗ်ား အေႂကြးတင္ခဲ့တာေတြ တစ္ခုခ်င္း ျပန္ဆပ္ေစရမယ္"
စကားေျပာၿပီးေနာက္ က်ိဳးဝမ္ကို ယြင္ခ်ဲ႕ ေၾကာက္စရာေကာင္းစြာ ျပဳံးျပေလသည္။
***