unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၇)
မြို့၏မြောက်ဘက်ရှိ ကုန်ပစ္စည်း ဖြန့်ချိရေး စင်တာမှာ ချွမ်းမြို့တွင် အချေစိုက်ထားသော အကြီးဆုံး ကမ္ပဏီလည်း ဖြစ်သည်။ ကုန်တိုက်ကြီးများ အမျိုးအစားများစွာ စုံလင်လှသဖြင့် ပိုင်ရှင်မှာ တစ်ယောက်တည်း ဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို စီမံခန့်ခွဲရန် လွယ်ကူမည် မဟုတ်ပေ။
ညသန်းခေါင် ၁ နာရီခန့် အချိန်တွင် ယွင်ချဲ့မှာ ဂိုထောင်အနီး ရောက်လာခဲ့ပြီး အနက်ရောင် အားကစား ဝတ်စုံဝတ်ကာ မျက်နှာဖုံး တပ်ထားလျက် လက်စွဲကွန်ပျူတာ ထည့်ထားသော ကျောပိုးအိတ် အနက်ရောင်ကို လွယ်ထားသည်။ ထိုသို့ အလွန်ကြီးမားသော ကုန်တိုက်ထဲတွင် ကင်မရာများစွာ ရှိနေနိုင်ပြီး ပျက်သုဉ်းကာလ မတိုင်မီတွင် နိုင်ငံက အလိုရှိနေသော ရာဇဝတ်ကောင်မဖြစ်လိုပေ။
ဂိုထောင်နားရှိ လိုဏ်ခေါင်းထဲမှ ဖြတ်ပြီးနောက် ဉီးထုပ်ကို ငိုက်ငိုက် ဆောင်းကာ လက်အိတ် စွပ်လိုက်သည်။ ဂိုထောင် ပတ်လည် တစ်လျှောက် ယွင်ချဲ့ အလင်းကဲ့သို့ အမြန်ပြေးကာ ကင်မရာမှ မမြင်နိုင်သော နေရာသို့ ဝင်သွားလေသည်။ သူ၏ကွန်ပျူတာကို ယူထုတ်ကာ USB drive ကို ထည့်လိုက်ပြီး ဂိုထောင်၏ အဓိက ကွန်ပျူတာကို ချိတ်ဆက် ဖောက်ထွင်းလေသည်။ ကွန်ပျူတာ လက်ကွက်ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်နေပြီး သူကြိုတင် ယူလာခဲ့သော ဗွီဒီယိုကို ထပ်တလဲလဲ ပြထားလိုက်သည်။
နာရီဝက်ကျော် ကြာပြီးနောက် ယွင်ချဲ့ စီစဉ်ပြီးသွားသည့်အခါ ဂိုထောင်ထောင့် တစ်နေရာမှ ပြန်ထွက်လာပြီး လုံခြုံရေး အစောင့်များကို ကျော်လျက် ဂိုထောင်တံခါး တစ်ခုကိုဖွင့်ကာ ဝင်သွားလေသည်။ ဝင်သွားသည့် အချိန်တွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လေအေးပေး စက်စသည့် အိမ်သုံး လျှပ်စစ်ပစ္စည်း များစွာကို တွေ့လိုက်ရသည်။ ယွင်ချဲ့မှာ လောဘကြီးသူ မဟုတ်သဖြင့် ပစ္စည်း ၃ မျိုးကိုသာ ယူရန် စီစဉ်ထားသည်။
ဒုတိယဂိုထောင်မှာ နေ့စဉ်အသုံးလိုသည့် ပစ္စည်းများကို သိုလှောင်ထားသည်။ ယွင်ချဲ့ တစ်ခုစီကို ရွေးချယ်ရန် အချိန်မရှိသဖြင့် အနည်း အကျဉ်းကိုသာ ယူခဲ့ပြီး သူ၏အစ်မ မဖြစ်မနေ အသုံးလိုသည့် အမျိုးသမီးသုံး ပစ္စည်းများကိုလည်း မမေ့မလျော့ ယူလာခဲ့သည်။ သူ၏တူ နှစ်သက်နိုင်သည့် မုန့်နှင့် နို့မှုန့်များကိုလည်း ယူလာခဲ့သည်။ အခြားသော ဂိုထောင်များတွင် အရက်၊ ဆေးဝါး၊ လက်ဖက်၊ အစားအစာ၊ အချိုရည်ဘူးများနှင့် သောက်ရေဘူးများ ရှိနေသည်။ သူ့အတွက် အသုံးလိုသည့် ပမာဏသာ ယူလာခဲ့ပြီး ကျန်သော လူများအတွက် ချန်ထား ပေးခဲ့သည်။
ထို့နောက် ကြက်၊ ဘဲ၊ ငါးနှင့် ပင်လယ်စာများကို ရေခဲရိုက် သိုလှောင်ထားသော အအေးခန်း များကို တွေ့လိုက်ရသည်။ ထိုအအေးခန်းများမှာ အသားငါးများကို လတ်ဆတ်အောင် သိုလှောင် သိမ်းဆည်း ထားနိုင်သည်။ ယွင်ချဲ့လည်း အမျိုးအစား စုံလင်အောင် သိမ်းဆည်း ယူလာခဲ့သည်။ ပျက်သုဉ်း ကာလတွင် လတ်ဆတ်သော အသားများကို စားနိုင်ရန် မလွယ်ကူ လှတော့ပေ။
သို့သော် တစ်ဖက် နယ်မြေတွင် စိုက်ပျိုးခဲ့သော ဆန်စပါးတို့မှာ အောင်မြင်စွာ ပေါက်ရောက်နေသဖြင့် ဆန်စပါးနှင့် ဂျုံများကို ယွင်ချဲ့ များများစားစား မယူလာခဲ့ပေ။ အဝတ်အစား၊ ဖိနပ်၊ အိပ်ရာလွှမ်း၊ ရွက်ဖျင်တဲ၊ အိတ်များနှင့် အခြား လိုအပ်သည်တို့ကို များစွာ ယူလာခဲ့သည်။ ကလေး အဝတ်အစားများကိုလည်း အငယ်ဆုံးဆိုဒ်မှ အကြီးဆုံးဆိုဒ်အထိ အမျိုးအစား မတူအောင် များစွာရွေးယူလာခဲ့သည်။
ထို့နောက် ကားဂိုထောင်သို့ သွားခဲ့ပြီး တူတစ်ချောင်းကိုသာ ယူခဲ့သည်။ အခြားသော အရာများကို သူမလိုအပ်ပေ။ ပျက်သုဉ်း ကာလတွင် ကားများစွာ ကျန်ခဲ့မည် ဖြစ်သောကြောင့် အခုကတည်းက ကားကိုယူရန် မလိုအပ်ပေ။ မော်တော် ဆိုင်ကယ်သည်လည်း အလွန် ဆူညံသဖြင့် ဖုတ်ကောင်များ အလွယ်တကူ လိုက်လာနိုင်သောကြောင့် သူမလိုအပ်ပေ။ ထို့ကြောင့် လျှပ်စစ်ကားငယ်နှင့် ရေပေါ်တွင် အသုံးပြုရနိုင်သော ပစ္စည်းများကိုသာ ယူလာခဲ့သည်။
ယွင်ချဲ့ ပြင်ဆင် ပြီးစီးချိန်မှာ ည ၂ နာရီပင် ကျော်သွားပြီ ဖြစ်သည်။ ယွင်ချဲ့ သူပုန်းခဲ့သော လိုဏ်ခေါင်းသို့ ပြန်လာခဲ့ပြီး ကွန်ပျူတာကို ယူကာ စနစ်ကို ပိတ်ချလိုက်သည်။ သက်ပြင်းချလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကာ လူရှင်းကြောင်း သေချာသည်နှင့် ကုန်တင် ကားငယ်လေးကိုမောင်းကာ ထွက်သွားတော့သည်။
လွန်ခဲ့သောရက် အချို့က ဂိုထောင်နှင့် မကမ်းမလှမ်း တစ်နေရာတွင် အခန်းငယ်တစ်ခန်း ငှားထားသဖြင့် ထိုနေရာသို့ ရောက်သွားကာ အိပ်ရာထက် လဲလျောင်း နေလိုက်သည်။ ယနေ့တွင် သူအင်တာနက်မှ မှာယူခဲ့သော စစ်သုံးလက်နက်များ လာပို့ပေးမည် ဖြစ်သောကြောင့် အိမ်ထဲမှစောင့်နေခြင်း ဖြစ်သည်။ အကယ်၍သူသာ လက်နက်တိုက်ကို ဖောက်ထွင်းပြီး အမှန်တကယ် အသုံးဝင်သော ပစ္စည်းများကို မမှာယူခဲ့လျှင် လက်နက်၊ ခဲယမ်းကျည်တို့ကို ရနိုင်ရန် မလွယ်ကူပေ။ ဆိုးသည်က ထိုလက်နက်တို့မှာ ဖုတ်ကောင်များကို သေကြေပျက်စီး စေနိုင်သည်အထိ မပြင်းထန်ပေ။
နောက်၂ ရက်မြောက် နေ့တွင် ယွင်ချဲ့မှာ ဆေးပစ္စည်း သိုလှောင်ရုံသို့ လာခဲ့သည်။ အစတွင် ဆီသိုလှောင်ရာသို့ သွားရန် စီစဉ်ထားသော်လည်း ဆီအပြည့် သိုလှောင်ထားသော ကားတစ်စီး လေထဲ ပျောက်ကွယ် သွားသည်ဟု သတင်းပျံ့ကုန်လျှင် လူအများ ကြောက်လန့် ကြကုန်လိမ့်မည်။ သူရှာဖွေ စုဆောင်း ထားခြင်းကြောင့် ဂိုထောင်များမှ ပစ္စည်းများ အခိုးခံရကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အချိန်တစ်ခုထိ ခဏရပ်ထားရန် စဉ်းစားလိုက်ပြီး ပျက်သုဉ်း ကာလသို့ရောက်သည်နှင့် ဆီသိုလှောင်ကားကို ယူရန် ဆုံးဖြတ်လိုက်သည်။
ပျက်သုဉ်းကာလ ရောက်ရန် ၂ ရက် လိုသေးသော်လည်း ယွင်ချဲ့မှာ လိုအပ်သည်ထက် များစွာကို စုဆောင်းထားမိပြီ ဖြစ်သောကြောင့် နောက်ဆုံးမှသာ အစ်မဖြစ်သူထံ ဖုန်းဆက်လေသည်။
"ချဲ့ လား .. မမဆီ ဖုန်းမဆက်တာ ကြာနေပြီ .. မနေ့တနေ့ကတင် ရှောင်ချန်နဲ့ ပြောနေတာ မောင်လေးတော့ ရည်းစား ရသွားပြီလားလို့"
ဖုန်းရရချင်းပင် ယွင်ယောင်၏ နူးညံ့တက်ကြွသော အသံကို ရှင်းလင်းစွာပင် ကြားလိုက်ရသဖြင့် ယွင်ချဲ့ မျက်ရည်များစွာ ကျဆင်း လာတော့သည်။ အစ်မ၏ အသံကို မကြားရသည်မှာ မည်မျှ ကြာမြင့်ခဲ့သည်ကို ဘုရားသာ သိတော့မည်။ သူတို့၏ မိဘများ ဆုံးပါးသွားစဉ်က သူနှင့် ရှောင်ချန် မှာ ၂ နှစ် အရွယ်သာ ရှိသေးပြီး အစ်မမှာ သူတို့ထက် ၆ နှစ်ပိုကြီးသည်။ သူတို့၏ မိဘများမှာ အနည်းငယ် စုဆောင်းထားသည် တို့အပြင် မြို့ထဲတွင် အိမ်ပိုင် မရှိခြင်းတို့ကြောင့် မြို့အစွန်တွင် အိမ်ငယ်လေး တစ်လုံး ဆောက်ကာ နေကြရသည်။ ဆွေမျိုးသားချင်းတို့ကလည်း ဂရုမစိုက် ကြသည့်အပြင် အဘိုးဖြစ်သူ ကလည်း သူတို့ကို လျစ်လျူရှု ထားခဲ့သည်။ ထိုအချိန် ၁၆ နှစ် အရွယ် အစ်မဖြစ်သူက ကျောင်းမှထွက်ကာ နေထိုင်သည့် အိမ်ငယ်လေးကို ရောင်းချကာ မြို့ပေါ်သို့ တက်လာခဲ့သည်။ မိဘတို့၏ စုဆောင်းငွေများမှာ မလုံလောက်သဖြင့် သူတို့၏ အစ်မက အလုပ်လုပ်ကာ ဝင်ငွေရှာရင်း သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ယွင်ချဲ့ အတွက် အစ်မသည် အဖေဖြစ်သလို အမေလည်း ဖြစ်သည်။ ညီအစ်ကို ၂ယောက်လုံး အထက်တန်း မရောက်မချင်း အစ်မမှာ အိမ်ထောင် မပြုခဲ့ပေ။ အိမ်ထောင်ပြုပြီးသော်လည်း သူတို့အတွက် စာသင်စရိတ်များကို ဆက်လက် ထောက်ပံ့ပေးခဲ့သည်။
"မမ"
စကားတစ်လုံးသာ ပြောလိုက်ရပြီး ရင်ထဲမှ ဆို့နစ်လာသဖြင့် ယွင်ချဲ့ စကားတို့ ပြောမထွက်တော့ပေ။ တစ်ဖက်ရှိ နားထောင်နေသော ယွင်ယောင်က စိတ်ပူသွားကာ အလျင်အမြန်ပင် ...
"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား .. ဘာလို့ စောစော မဆက်ရတာလဲ အဖျားကြီးနေရင် ဘယ်လိုလုပ်မလဲ .. စိတ်မပူနဲ့နော် ချဲ့ .. မမ အခုချက်ချင်း ထွက်လာခဲ့မယ်"
မောင်လေး နှစ်ယောက်သာလျှင် သူမအတွက် မျှော်လင့်ချက် အားကိုးရာ ဖြစ်သည်။ သူမတွင် မိသားစုရှိပြီ ဖြစ်သော်လည်း ယွင်ချဲ့ အသံတစ်ချက် ပျက်သည်နှင့် ယွင်ယောင် အမြဲစိုးရိမ်ပူပန်လျက်ပင်။
"မမ .. ကျွန်တော် ဘာမှမဖြစ်ပါဘူး နည်းနည်း အအေးမိရုံပါ .. မနက်ဖြန် ချန်ချန်ကို ခေါ်လာပြီး ကျွန်တော့်ကို ၂ ရက်လောက် ဂရုစိုက်ပေးလို့ ရမလား"
ညဘက် ကားမောင်းရန် အန္တရာယ်များသဖြင့် ယွင်ချဲ့ အမြန်တားလိုက်ရသည်။
"နည်းနည်း အအေးမိရုံနဲ့ မမကို မခေါ်လောက်ဘူးဆိုတာ သိပါတယ် .. ကောင်းပြီလေ မနက်ဖြန် ချန်ချန်ကို ခေါ်လာခဲ့မယ် .. ဒီလိုဆိုရင်ရော တူလေးကို video call နဲ့ ပြောမလား"
ယွင်ယောင် သူမ၏ မောင်ဖြစ်သူကို နားမလည်နိုင်ပေ။ ကြီးကြီးမားမား မဟုတ်ပါဘဲနှင့် ထိုသို့တောင်းဆိုရန် မဖြစ်နိုင်ဟု တွေးလိုက်ပြီး ချက်ချင်း လက်ခံလိုက်သည်။
အစ်မက သူ့ကို စစ်ဆေးကြည့်ရန် သွယ်ဝိုက် ပြောလိုက်သည်ကို ယွင်ချဲ့ ရိပ်မိလိုက်သည်။
"ဟုတ်"
ထို့နောက် မောင်နှမ နှစ်ယောက်လုံး ဖုန်းချကာ ယွင်ချဲ့က မျက်နှာကို ပုံမှန်ဖြစ်စေရန် အနည်းငယ် ပြင်ယူလိုက်ပြီး ကွန်ပျူတာကို ဖွင့်ကာ video call ဖြင့် ခေါ်လိုက်သည်။
"မျက်နှာကို ကြည့်ပါဉီး သရဲကြီးကျနေတာပဲ"
Video ဖွင့်လိုက်ပြီးသည်နှင့် ယွင်ယောင်က စစ်ဆေးလေတော့သည်။ ကောက်လိမ်ထားသော ဆံနွယ်များနှင့် လှပနေသော အစ်မဖြစ်သူ မြင်လိုက်ရသဖြင့် ယွင်ချဲ့ အလွန်ပျော်ရွှင်စိတ်လှုပ်ရှား လာသည်။ သူတို့မောင်နှမ ၃ ယောက်သည် ရုပ်ရည်ချောမော လှပကြပြီး အထူးသဖြင့် အစ်မဖြစ်သူက ပိုလှပပေသည်။ ထို့ကြောင့် ကျိုးမျိုးနွယ်က သူ၏မိသားစုကို အမှုမထားဘဲ ယွင်ယောင်ကို ချက်ချင်း လက်ထပ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
"မမ လွမ်းတယ်"
လွန်ခဲ့သော လေးနှစ်အကျော် ပျက်သုဉ်းကာလ ဖြစ်ပြီးနောက်တွင် အစ်မအိမ်သို့ ယွင်ချဲ့ ထွက်လာခဲ့သော်လည်း အဆောက်အအုံတွင် လူတစ်ဉီးတစ်ယောက်ပင် မတွေ့ရဘဲ သွေးကွက်များနှင့် ပျက်စီးနေသော အသက်မဲ့ခန္ဓာကိုယ် အပိုင်းအစများကိုသာ တွေ့ခဲ့ရသည်။ ထိုသူမှာ သူ၏အစ်မဟု ယွင်ချဲ့ လက်မခံခဲ့သော်လည်း တူလေးဖြစ်သူ ကိုယ်တိုင် ပြောမှသာ အစ်မမှာ ဖုတ်ကောင် ကိုက်သတ်ခြင်း ခံရသည်ကို သိခဲ့ရသည်။ ထို့ကြောင့် သူ၏အစ်မသည် ဖုတ်ကောင် ကိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး အလောင်းပင် မကျန်ရစ်ခဲ့တော့ပေ။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၇)
ၿမိဳ႕၏ေျမာက္ဘက္႐ွိ ကုန္ပစၥည္း ျဖန္႔ခ်ိေရး စင္တာမွာ ခြၽမ္းၿမိဳ႕တြင္ အေခ်စိုက္ထားေသာ အႀကီးဆုံး ကမၸဏီလည္း ျဖစ္သည္။ ကုန္တိုက္ႀကီးမ်ား အမ်ိဳးအစားမ်ားစြာ စုံလင္လွသျဖင့္ ပိုင္႐ွင္မွာ တစ္ေယာက္တည္း ျဖစ္ခဲ့လွ်င္ ထိုပစၥည္းမ်ားကို စီမံခန္႔ခြဲရန္ လြယ္ကူမည္ မဟုတ္ေပ။
ညသန္းေခါင္ ၁ နာရီခန္႔ အခ်ိန္တြင္ ယြင္ခ်ဲ႕မွာ ဂိုေထာင္အနီး ေရာက္လာခဲ့ၿပီး အနက္ေရာင္ အားကစား ဝတ္စုံဝတ္ကာ မ်က္ႏွာဖုံး တပ္ထားလ်က္ လက္စြဲကြန္ပ်ဴတာ ထည့္ထားေသာ ေက်ာပိုးအိတ္ အနက္ေရာင္ကို လြယ္ထားသည္။ ထိုသို႔ အလြန္ႀကီးမားေသာ ကုန္တိုက္ထဲတြင္ ကင္မရာမ်ားစြာ ႐ွိေနႏိုင္ၿပီး ပ်က္သုဥ္းကာလ မတိုင္မီတြင္ ႏိုင္ငံက အလို႐ွိေနေသာ ရာဇဝတ္ေကာင္မျဖစ္လိုေပ။
ဂိုေထာင္နား႐ွိ လိုဏ္ေခါင္းထဲမွ ျဖတ္ၿပီးေနာက္ ဉီးထုပ္ကို ငိုက္ငိုက္ ေဆာင္းကာ လက္အိတ္ စြပ္လိုက္သည္။ ဂိုေထာင္ ပတ္လည္ တစ္ေလွ်ာက္ ယြင္ခ်ဲ႕ အလင္းကဲ့သို႔ အျမန္ေျပးကာ ကင္မရာမွ မျမင္ႏိုင္ေသာ ေနရာသို႔ ဝင္သြားေလသည္။ သူ၏ကြန္ပ်ဴတာကို ယူထုတ္ကာ USB drive ကို ထည့္လိုက္ၿပီး ဂိုေထာင္၏ အဓိက ကြန္ပ်ဴတာကို ခ်ိတ္ဆက္ ေဖာက္ထြင္းေလသည္။ ကြန္ပ်ဴတာ လက္ကြက္ေပၚတြင္ လ်င္ျမန္စြာ ႐ိုက္ႏွိပ္ေနၿပီး သူႀကိဳတင္ ယူလာခဲ့ေသာ ဗြီဒီယိုကို ထပ္တလဲလဲ ျပထားလိုက္သည္။
နာရီဝက္ေက်ာ္ ၾကာၿပီးေနာက္ ယြင္ခ်ဲ႕ စီစဥ္ၿပီးသြားသည့္အခါ ဂိုေထာင္ေထာင့္ တစ္ေနရာမွ ျပန္ထြက္လာၿပီး လုံျခဳံေရး အေစာင့္မ်ားကို ေက်ာ္လ်က္ ဂိုေထာင္တံခါး တစ္ခုကိုဖြင့္ကာ ဝင္သြားေလသည္။ ဝင္သြားသည့္ အခ်ိန္တြင္ ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္၊ ေလေအးေပး စက္စသည့္ အိမ္သုံး လွ်ပ္စစ္ပစၥည္း မ်ားစြာကို ေတြ႕လိုက္ရသည္။ ယြင္ခ်ဲ႕မွာ ေလာဘႀကီးသူ မဟုတ္သျဖင့္ ပစၥည္း ၃ မ်ိဳးကိုသာ ယူရန္ စီစဥ္ထားသည္။
ဒုတိယဂိုေထာင္မွာ ေန႔စဥ္အသုံးလိုသည့္ ပစၥည္းမ်ားကို သိုေလွာင္ထားသည္။ ယြင္ခ်ဲ႕ တစ္ခုစီကို ေ႐ြးခ်ယ္ရန္ အခ်ိန္မ႐ွိသျဖင့္ အနည္း အက်ဥ္းကိုသာ ယူခဲ့ၿပီး သူ၏အစ္မ မျဖစ္မေန အသုံးလိုသည့္ အမ်ိဳးသမီးသုံး ပစၥည္းမ်ားကိုလည္း မေမ့မေလ်ာ့ ယူလာခဲ့သည္။ သူ၏တူ ႏွစ္သက္ႏိုင္သည့္ မုန္႔ႏွင့္ ႏို႔မႈန္႔မ်ားကိုလည္း ယူလာခဲ့သည္။ အျခားေသာ ဂိုေထာင္မ်ားတြင္ အရက္၊ ေဆးဝါး၊ လက္ဖက္၊ အစားအစာ၊ အခ်ိဳရည္ဘူးမ်ားႏွင့္ ေသာက္ေရဘူးမ်ား ႐ွိေနသည္။ သူ႕အတြက္ အသုံးလိုသည့္ ပမာဏသာ ယူလာခဲ့ၿပီး က်န္ေသာ လူမ်ားအတြက္ ခ်န္ထား ေပးခဲ့သည္။
ထို႔ေနာက္ ၾကက္၊ ဘဲ၊ ငါးႏွင့္ ပင္လယ္စာမ်ားကို ေရခဲ႐ိုက္ သိုေလွာင္ထားေသာ အေအးခန္း မ်ားကို ေတြ႕လိုက္ရသည္။ ထိုအေအးခန္းမ်ားမွာ အသားငါးမ်ားကို လတ္ဆတ္ေအာင္ သိုေလွာင္ သိမ္းဆည္း ထားႏိုင္သည္။ ယြင္ခ်ဲ႕လည္း အမ်ိဳးအစား စုံလင္ေအာင္ သိမ္းဆည္း ယူလာခဲ့သည္။ ပ်က္သုဥ္း ကာလတြင္ လတ္ဆတ္ေသာ အသားမ်ားကို စားႏိုင္ရန္ မလြယ္ကူ လွေတာ့ေပ။
သို႔ေသာ္ တစ္ဖက္ နယ္ေျမတြင္ စိုက္ပ်ိဳးခဲ့ေသာ ဆန္စပါးတို႔မွာ ေအာင္ျမင္စြာ ေပါက္ေရာက္ေနသျဖင့္ ဆန္စပါးႏွင့္ ဂ်ံဳမ်ားကို ယြင္ခ်ဲ႕ မ်ားမ်ားစားစား မယူလာခဲ့ေပ။ အဝတ္အစား၊ ဖိနပ္၊ အိပ္ရာလႊမ္း၊ ႐ြက္ဖ်င္တဲ၊ အိတ္မ်ားႏွင့္ အျခား လိုအပ္သည္တို႔ကို မ်ားစြာ ယူလာခဲ့သည္။ ကေလး အဝတ္အစားမ်ားကိုလည္း အငယ္ဆုံးဆိုဒ္မွ အႀကီးဆုံးဆိုဒ္အထိ အမ်ိဳးအစား မတူေအာင္ မ်ားစြာေ႐ြးယူလာခဲ့သည္။
ထို႔ေနာက္ ကားဂိုေထာင္သို႔ သြားခဲ့ၿပီး တူတစ္ေခ်ာင္းကိုသာ ယူခဲ့သည္။ အျခားေသာ အရာမ်ားကို သူမလိုအပ္ေပ။ ပ်က္သုဥ္း ကာလတြင္ ကားမ်ားစြာ က်န္ခဲ့မည္ ျဖစ္ေသာေၾကာင့္ အခုကတည္းက ကားကိုယူရန္ မလိုအပ္ေပ။ ေမာ္ေတာ္ ဆိုင္ကယ္သည္လည္း အလြန္ ဆူညံသျဖင့္ ဖုတ္ေကာင္မ်ား အလြယ္တကူ လိုက္လာႏိုင္ေသာေၾကာင့္ သူမလိုအပ္ေပ။ ထို႔ေၾကာင့္ လွ်ပ္စစ္ကားငယ္ႏွင့္ ေရေပၚတြင္ အသုံးျပဳရႏိုင္ေသာ ပစၥည္းမ်ားကိုသာ ယူလာခဲ့သည္။
ယြင္ခ်ဲ႕ ျပင္ဆင္ ၿပီးစီးခ်ိန္မွာ ည ၂ နာရီပင္ ေက်ာ္သြားၿပီ ျဖစ္သည္။ ယြင္ခ်ဲ႕ သူပုန္းခဲ့ေသာ လိုဏ္ေခါင္းသို႔ ျပန္လာခဲ့ၿပီး ကြန္ပ်ဴတာကို ယူကာ စနစ္ကို ပိတ္ခ်လိုက္သည္။ သက္ျပင္းခ်လိုက္ၿပီးေနာက္ ပတ္ဝန္းက်င္ကို အကဲခတ္ကာ လူ႐ွင္းေၾကာင္း ေသခ်ာသည္ႏွင့္ ကုန္တင္ ကားငယ္ေလးကိုေမာင္းကာ ထြက္သြားေတာ့သည္။
လြန္ခဲ့ေသာရက္ အခ်ိဳ႕က ဂိုေထာင္ႏွင့္ မကမ္းမလွမ္း တစ္ေနရာတြင္ အခန္းငယ္တစ္ခန္း ငွားထားသျဖင့္ ထိုေနရာသို႔ ေရာက္သြားကာ အိပ္ရာထက္ လဲေလ်ာင္း ေနလိုက္သည္။ ယေန႔တြင္ သူအင္တာနက္မွ မွာယူခဲ့ေသာ စစ္သုံးလက္နက္မ်ား လာပို႔ေပးမည္ ျဖစ္ေသာေၾကာင့္ အိမ္ထဲမွေစာင့္ေနျခင္း ျဖစ္သည္။ အကယ္၍သူသာ လက္နက္တိုက္ကို ေဖာက္ထြင္းၿပီး အမွန္တကယ္ အသုံးဝင္ေသာ ပစၥည္းမ်ားကို မမွာယူခဲ့လွ်င္ လက္နက္၊ ခဲယမ္းက်ည္တို႔ကို ရႏိုင္ရန္ မလြယ္ကူေပ။ ဆိုးသည္က ထိုလက္နက္တို႔မွာ ဖုတ္ေကာင္မ်ားကို ေသေၾကပ်က္စီး ေစႏိုင္သည္အထိ မျပင္းထန္ေပ။
ေနာက္၂ ရက္ေျမာက္ ေန႔တြင္ ယြင္ခ်ဲ႕မွာ ေဆးပစၥည္း သိုေလွာင္႐ုံသို႔ လာခဲ့သည္။ အစတြင္ ဆီသိုေလွာင္ရာသို႔ သြားရန္ စီစဥ္ထားေသာ္လည္း ဆီအျပည့္ သိုေလွာင္ထားေသာ ကားတစ္စီး ေလထဲ ေပ်ာက္ကြယ္ သြားသည္ဟု သတင္းပ်ံ႕ကုန္လွ်င္ လူအမ်ား ေၾကာက္လန္႔ ၾကကုန္လိမ့္မည္။ သူ႐ွာေဖြ စုေဆာင္း ထားျခင္းေၾကာင့္ ဂိုေထာင္မ်ားမွ ပစၥည္းမ်ား အခိုးခံရေၾကာင္း သတင္းမ်ား ထြက္ေပၚေနသျဖင့္ အခ်ိန္တစ္ခုထိ ခဏရပ္ထားရန္ စဥ္းစားလိုက္ၿပီး ပ်က္သုဥ္း ကာလသို႔ေရာက္သည္ႏွင့္ ဆီသိုေလွာင္ကားကို ယူရန္ ဆုံးျဖတ္လိုက္သည္။
ပ်က္သုဥ္းကာလ ေရာက္ရန္ ၂ ရက္ လိုေသးေသာ္လည္း ယြင္ခ်ဲ႕မွာ လိုအပ္သည္ထက္ မ်ားစြာကို စုေဆာင္းထားမိၿပီ ျဖစ္ေသာေၾကာင့္ ေနာက္ဆုံးမွသာ အစ္မျဖစ္သူထံ ဖုန္းဆက္ေလသည္။
"ခ်ဲ႕ လား .. မမဆီ ဖုန္းမဆက္တာ ၾကာေနၿပီ .. မေန႔တေန႔ကတင္ ေ႐ွာင္ခ်န္နဲ႔ ေျပာေနတာ ေမာင္ေလးေတာ့ ရည္းစား ရသြားၿပီလားလို႔"
ဖုန္းရရခ်င္းပင္ ယြင္ေယာင္၏ ႏူးညံ့တက္ႂကြေသာ အသံကို ႐ွင္းလင္းစြာပင္ ၾကားလိုက္ရသျဖင့္ ယြင္ခ်ဲ႕ မ်က္ရည္မ်ားစြာ က်ဆင္း လာေတာ့သည္။ အစ္မ၏ အသံကို မၾကားရသည္မွာ မည္မွ် ၾကာျမင့္ခဲ့သည္ကို ဘုရားသာ သိေတာ့မည္။ သူတို႔၏ မိဘမ်ား ဆုံးပါးသြားစဥ္က သူႏွင့္ ေ႐ွာင္ခ်န္ မွာ ၂ ႏွစ္ အ႐ြယ္သာ ႐ွိေသးၿပီး အစ္မမွာ သူတို႔ထက္ ၆ ႏွစ္ပိုႀကီးသည္။ သူတို႔၏ မိဘမ်ားမွာ အနည္းငယ္ စုေဆာင္းထားသည္ တို႔အျပင္ ၿမိဳ႕ထဲတြင္ အိမ္ပိုင္ မ႐ွိျခင္းတို႔ေၾကာင့္ ၿမိဳ႕အစြန္တြင္ အိမ္ငယ္ေလး တစ္လုံး ေဆာက္ကာ ေနၾကရသည္။ ေဆြမ်ိဳးသားခ်င္းတို႔ကလည္း ဂ႐ုမစိုက္ ၾကသည့္အျပင္ အဘိုးျဖစ္သူ ကလည္း သူတို႔ကို လ်စ္လ်ဴ႐ႈ ထားခဲ့သည္။ ထိုအခ်ိန္ ၁၆ ႏွစ္ အ႐ြယ္ အစ္မျဖစ္သူက ေက်ာင္းမွထြက္ကာ ေနထိုင္သည့္ အိမ္ငယ္ေလးကို ေရာင္းခ်ကာ ၿမိဳ႕ေပၚသို႔ တက္လာခဲ့သည္။ မိဘတို႔၏ စုေဆာင္းေငြမ်ားမွာ မလုံေလာက္သျဖင့္ သူတို႔၏ အစ္မက အလုပ္လုပ္ကာ ဝင္ေငြ႐ွာရင္း သူတို႔ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့သည္။ ယြင္ခ်ဲ႕ အတြက္ အစ္မသည္ အေဖျဖစ္သလို အေမလည္း ျဖစ္သည္။ ညီအစ္ကို ၂ေယာက္လုံး အထက္တန္း မေရာက္မခ်င္း အစ္မမွာ အိမ္ေထာင္ မျပဳခဲ့ေပ။ အိမ္ေထာင္ျပဳၿပီးေသာ္လည္း သူတို႔အတြက္ စာသင္စရိတ္မ်ားကို ဆက္လက္ ေထာက္ပံ့ေပးခဲ့သည္။
"မမ"
စကားတစ္လုံးသာ ေျပာလိုက္ရၿပီး ရင္ထဲမွ ဆို႔နစ္လာသျဖင့္ ယြင္ခ်ဲ႕ စကားတို႔ ေျပာမထြက္ေတာ့ေပ။ တစ္ဖက္႐ွိ နားေထာင္ေနေသာ ယြင္ေယာင္က စိတ္ပူသြားကာ အလ်င္အျမန္ပင္ ...
"ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား .. ဘာလို႔ ေစာေစာ မဆက္ရတာလဲ အဖ်ားႀကီးေနရင္ ဘယ္လိုလုပ္မလဲ .. စိတ္မပူနဲ႔ေနာ္ ခ်ဲ႕ .. မမ အခုခ်က္ခ်င္း ထြက္လာခဲ့မယ္"
ေမာင္ေလး ႏွစ္ေယာက္သာလွ်င္ သူမအတြက္ ေမွ်ာ္လင့္ခ်က္ အားကိုးရာ ျဖစ္သည္။ သူမတြင္ မိသားစု႐ွိၿပီ ျဖစ္ေသာ္လည္း ယြင္ခ်ဲ႕ အသံတစ္ခ်က္ ပ်က္သည္ႏွင့္ ယြင္ေယာင္ အၿမဲစိုးရိမ္ပူပန္လ်က္ပင္။
"မမ .. ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး နည္းနည္း အေအးမိ႐ုံပါ .. မနက္ျဖန္ ခ်န္ခ်န္ကို ေခၚလာၿပီး ကြၽန္ေတာ္႕ကို ၂ ရက္ေလာက္ ဂ႐ုစိုက္ေပးလို႔ ရမလား"
ညဘက္ ကားေမာင္းရန္ အႏၲရာယ္မ်ားသျဖင့္ ယြင္ခ်ဲ႕ အျမန္တားလိုက္ရသည္။
"နည္းနည္း အေအးမိ႐ုံနဲ႔ မမကို မေခၚေလာက္ဘူးဆိုတာ သိပါတယ္ .. ေကာင္းၿပီေလ မနက္ျဖန္ ခ်န္ခ်န္ကို ေခၚလာခဲ့မယ္ .. ဒီလိုဆိုရင္ေရာ တူေလးကို video call နဲ႔ ေျပာမလား"
ယြင္ေယာင္ သူမ၏ ေမာင္ျဖစ္သူကို နားမလည္ႏိုင္ေပ။ ႀကီးႀကီးမားမား မဟုတ္ပါဘဲႏွင့္ ထိုသို႔ေတာင္းဆိုရန္ မျဖစ္ႏိုင္ဟု ေတြးလိုက္ၿပီး ခ်က္ခ်င္း လက္ခံလိုက္သည္။
အစ္မက သူ႕ကို စစ္ေဆးၾကည့္ရန္ သြယ္ဝိုက္ ေျပာလိုက္သည္ကို ယြင္ခ်ဲ႕ ရိပ္မိလိုက္သည္။
"ဟုတ္"
ထို႔ေနာက္ ေမာင္ႏွမ ႏွစ္ေယာက္လုံး ဖုန္းခ်ကာ ယြင္ခ်ဲ႕က မ်က္ႏွာကို ပုံမွန္ျဖစ္ေစရန္ အနည္းငယ္ ျပင္ယူလိုက္ၿပီး ကြန္ပ်ဴတာကို ဖြင့္ကာ video call ျဖင့္ ေခၚလိုက္သည္။
"မ်က္ႏွာကို ၾကည့္ပါဉီး သရဲႀကီးက်ေနတာပဲ"
Video ဖြင့္လိုက္ၿပီးသည္ႏွင့္ ယြင္ေယာင္က စစ္ေဆးေလေတာ့သည္။ ေကာက္လိမ္ထားေသာ ဆံႏြယ္မ်ားႏွင့္ လွပေနေသာ အစ္မျဖစ္သူ ျမင္လိုက္ရသျဖင့္ ယြင္ခ်ဲ႕ အလြန္ေပ်ာ္႐ႊင္စိတ္လႈပ္႐ွား လာသည္။ သူတို႔ေမာင္ႏွမ ၃ ေယာက္သည္ ႐ုပ္ရည္ေခ်ာေမာ လွပၾကၿပီး အထူးသျဖင့္ အစ္မျဖစ္သူက ပိုလွပေပသည္။ ထို႔ေၾကာင့္ က်ိဳးမ်ိဳးႏြယ္က သူ၏မိသားစုကို အမႈမထားဘဲ ယြင္ေယာင္ကို ခ်က္ခ်င္း လက္ထပ္ခဲ့သည္မွာ မထူးဆန္းေတာ့ေပ။
"မမ လြမ္းတယ္"
လြန္ခဲ့ေသာ ေလးႏွစ္အေက်ာ္ ပ်က္သုဥ္းကာလ ျဖစ္ၿပီးေနာက္တြင္ အစ္မအိမ္သို႔ ယြင္ခ်ဲ႕ ထြက္လာခဲ့ေသာ္လည္း အေဆာက္အအုံတြင္ လူတစ္ဉီးတစ္ေယာက္ပင္ မေတြ႕ရဘဲ ေသြးကြက္မ်ားႏွင့္ ပ်က္စီးေနေသာ အသက္မဲ့ခႏၶာကိုယ္ အပိုင္းအစမ်ားကိုသာ ေတြ႕ခဲ့ရသည္။ ထိုသူမွာ သူ၏အစ္မဟု ယြင္ခ်ဲ႕ လက္မခံခဲ့ေသာ္လည္း တူေလးျဖစ္သူ ကိုယ္တိုင္ ေျပာမွသာ အစ္မမွာ ဖုတ္ေကာင္ ကိုက္သတ္ျခင္း ခံရသည္ကို သိခဲ့ရသည္။ ထို႔ေၾကာင့္ သူ၏အစ္မသည္ ဖုတ္ေကာင္ ကိုက္ခံရျခင္းေၾကာင့္ ေသဆုံးခဲ့ရၿပီး အေလာင္းပင္ မက်န္ရစ္ခဲ့ေတာ့ေပ။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ