unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၄)
"သခင်က အခုမှ ရောက်ကာစဖြစ်လို့ ငယ်နေသေးတာပါ ကြာရင် အင်အားရလာတာ နဲ့အမျှ မြူတွေလည်း တဖြည်းဖြည်း ပျောက်သွားမှာပါ ... သခင် မြူနောက်ကွယ်က လောကက အရမ်းကြီးတာ ... မြစ်တွေ၊ ရေကန်တွေနဲ့ တခြား သတ္တဝါ မျိုးနွယ်တွေတောင် ရှိသေးတယ် .. ဘယ်လိုဖြစ်ဖြစ်ပါ သခင်က အားနည်းနေသေးတော့ အကုန်လုံးကို မြင်ရအောင် လုပ်ဖို့က နည်းနည်း ခက်ဉီးမယ်"
ဘာမှန်းမသိရသော သားရဲတစ်ကောင်မှ နှိမ်ချပြောဆိုခြင်းကြောင့် ယွင်ချဲ့ အောင့်သက်သက်နှင့် ခံလိုက်ရသည်။ ယခင်ဘဝနှင့် ယှဉ်လျှင် အခုဘဝတွင် သူအားနည်းနေသေးသည်။ အရင်ဘဝတွင် သူ၏လျှပ်စီး စွမ်းအားမှာ အဆင့် ၆ ထိ ရောက်ခဲ့သော်လည်း ယခုဘဝတွင် အဆင့် ၂ သာ ရှိသေးသည်။
"မင်းက ဘယ်လိုသားရဲ သတ္တဝါမျိုးလဲ"
သတ္တဝါ တစ်ကောင်၏ နှိမ့်ချခြင်းကို မခံလိုသဖြင့် ယွင်ချဲ့ စကားလမ်းကြောင်းပြောင်းလိုက်သည်။ ထိုကောင်မှာ မည်းနက်သော အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး ခြင်္သေ့ယောင်ယောင် ခွေးယောင်ယောင် ဖြစ်နေသည်။ ထိုသတ္တဝါကို တိဗက်ဒေသမှ အစောင့်ခွေးကြီးဟု ထင်လိုက်သော်လည်း သားရဲကြီးမှာ အစောင့်ခွေးဟု ခေါ်ရလောက်သည်ထက် ပို၍ ထူးဆန်းသားနားနေသည်။
"ဘယ်လို သတ္တဝါမျိုးလဲ ကျွန်တော်က ဒီနေရာကို စောင့်ရှောက်နေတဲ့ အံ့ဖွယ်တောကောင်ပဲ ရှင်းလား "
မထင်မှတ်စွာ သားရဲကြီးက စိတ်မရှည်ဟန် ဖြစ်သွားပြီး သူ၏အမွေးနက်များကို ခါယမ်းကာ ယွင်ချဲ့ကို ဒေါသတကြီး စိုက်ကြည့်လေသည်။ သူ၏သခင် ဆိုသော်လည်း ခွင့်လွှတ်ပေးမည့်ပုံမပေါ်ပေ။
"မင်းက ဘယ်လို အံ့ဖွယ် တောကောင်မျိုးလဲ"
ယွင်ချဲ့ အားတင်းကာ မျက်လုံး လှန်ကြည့်လျက် မေးလေသည်။ အကယ်၍များ အခြားသားရဲတောကောင်များသည်လည်း ထိုပုံစံသာဆိုလျှင် ကမ္ဘာကြီး ပျက်စီး သွားလိမ့်မည်။
သားရဲက ခေါင်းကို တစ်ဖက်စောင်းကာ စဉ်းစားလိုက်ပြီးနောက် ...
"မေ့သွားပြီ .. အဲဒါသခင်ကြောင့် ဒီကို စောစောစီးစီး မလာဘူး .. အခုဘယ်လို ပြန်လျော်ပေးမှာလဲ"
သူ့ကို အနိုင်ယူနေဟန် ဖြစ်နေသောကြောင့် ယွင်ချဲ့ ဒေါသထွက်သော်လည်း စိတ်ဝင်စား သွားလေသည်။ ယွင်ချဲ့လည်း အိတ်ကပ်ထဲမှ ချောကလက်တောင့်ကို ယူထုတ်ကာ တစ်ဝက် ချိုးလိုက်ပြီး ထိုအံ့ဖွယ်တောကောင်ကို ပေးလိုက်သည်။
"ဒါဆို ပြန်တောင်းပန်တဲ့ အနေနဲ့ ဒီဟာပေးမယ်"
"စားလို့ကောင်းလိုက်တာ .. ရှိသေးလား "
ယွင်ချဲ့၏ အိတ်ကပ်ကို မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်ကာ မေးလေသည်။
အစားကြူးလေးပင်။
ယွင်ချဲ့ သူ၏အိတ်ကို ထုတ်ပြလိုက်ပြီး ...
"မရှိတော့ဘူး ဒါငါ့ညစာပဲ မင်းစားလိုက်တာ ကုန်သွားပြီ"
"ဟူး ..."
လက်မှိုင်ကျသွားသော သားရဲကိုကြည့်ကာ ယွင်ချဲ့လည်း အနားကပ်သွားပြီး ခေါင်းကိုပုတ်ပေးလျက် ...
"အေးပါ သနားစရာ ကောင်းအောင် မလုပ်နဲ့ .. မင်းကြိုက်တယ်ဆိုရင် ငါနောက်ထပ် ယူလာပေးမယ် .. ဒါနဲ့ ဒီကို ငါတခြား ယူလာလို့ ရသေးလား"
သူ၏အသုံးအဆောင် ပစ္စည်းများ ထားရန် နေရာမရှိသဖြင့် ပူပန်စွာ မေးမိလေသည်။
"ရပါတယ် ဒါပေမယ့် သက်ရှိတော့ မရဘူး ဒီနေရာကို သခင်တစ်ယောက်တည်းပဲ လာလို့ရတာ"
မွေးခွန်းများကို ဖြေစဉ် သားရဲမှာ မပျော်ရွှင် စိတ်ဖိစီးဟန်နှင့် ပြောလေသည်။
"ဟင်း ...."
ယွင်ချဲ့က မေးကိုပွတ်သပ်လျက် ထိုင်ချကာ မြေပြင်ကို လက်တစ်ဆုပ်စာ ဆုပ်ယူလိုက်သည့်အခါ အလွန် နူးညံ့နေသည်ကို ခံစားလိုက်ရသည်။ သူ၏မြို့မှာ ဖွံ့ဖြိုးဆဲဒေသဖြစ်နေပြီး သူသည်လည်း စွမ်းအား နိုးထကာစ ဖြစ်သည်။ ယခု မြေပြင်မြေဆီလွှာမှာ ယုံမှား သံသယ မရှိနိုင်လောက်ပင် အလွန် ကောင်းမွန်လှသည်။
"ဒီနေရာမှာ ဘာကြောင့် ဘာမှမရှိတာလဲ ဆိုတာတော့ မင်းမဖြေရသေးဘူး"
ပျက်သုဉ်း ကာလတွင်းတွင် ရေနှင့် မြေဆီလွှာတို့မှာ သိသိသာသာ ညစ်ညမ်း လာနိုင်မည်ဖြစ်သောကြောင့် ဒီနေရာတွင် တစ်ခုခု စိုက်ပျိုးထားလျှင် နောင်တစ်ချိန် လတ်ဆတ်သည့် အသီးအရွက်များ ပြတ်လပ် သွားမည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
"မျိုးစေ့မှ မစိုက်ထားတာကို ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
သားရဲမှာ သူ၏သခင်ဖြစ်သူ ဉာဏ်မှကောင်းသေးရဲ့လားဟု တွေးနေမိသည်။ ယွင်ချဲ့လည်း လက်ပေါ်မှ မြေကြီးများကို ခါချလိုက်ပြီး အပင်များ ဖြစ်ထွန်းနိုင်သည် ဆိုသောကြောင့် စိတ်သက်သာရာ ရသွားသည်။
"ဟေ့ ငါမင်းကို နာမည်ပေးမယ် .. မင်းပြောတဲ့ပုံစံက ယောက်ျားသံလိုပဲ"
ယွင်ချဲ့ ထရပ်လျက် ပြောရင်း လမ်းလျှောက်ကာ စဉ်းစားလိုက်သည်။ သူဒီကို လာခဲ့ပြီးနောက် သားရဲ၏ သခင်ဖြစ်လာခဲ့သည်။ ကမ္ဘာကြီး၏ ပျက်သုဉ်းကာလ ၄ နှစ်တာအတွင်း သိပ္ပံပညာနှင့် မဖြေရှင်းနိုင်သော အကြောင်းရာ အမျိုးမျိုးကို သူကြုံတွေ့ခဲ့ရသည်။ မမြင်ရသေးရုံနှင့် တကယ်မရှိဟု မုချမပြောနိုင်ပေ။
"ယောက်ျား မိန်းမက ဘာကြီးလဲ .. ကျွန်တော်က အံ့ဖွယ်တောကောင်ဗျ .. ကျွန်တော့်ကို အံ့ဖွယ် တောကောင်ကြီးလို့ပဲခေါ်"
အလိုမကျဟန်နှင့် ပြန်ပြောနေပြန်ပြီ။ ယွင်ချဲ့က ဘာမှမကြားဟန် မမြင်ဟန်ဆောင် လိုက်ပြီး လက်ပိုက်လျက် ကြည့်ကာ ....
"မင်းက တစ်ကိုယ်လုံး မည်းနက် နေတယ်ဆိုတော့ မင်းကို ဟေးယွီ လို့ခေါ်မယ် ... မင်းမငြင်းဘူးဆိုရင် လက်ခံတယ်လို့ ယူဆလိုက်ပြီနော်"
"ကျွန်တော့် သဘောထားမပါဘဲ အရာရာကို မဆုံးဖြတ်ပါနဲ့ .. ကျွန်တော့်ကိုလည်း စဉ်းစားပါဉီး"
"ဒါနဲ့ ဟေးယွီ .. ငါက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
သားရဲကို တုံ့ပြန်ခွင့်ပင် မရစေရန် စကားလမ်းကြောင်း ပြောင်းပြောလိုက်သော်လည်း ....
"အကျင့်မကောင်းတာ ..."
"ဟေ့ကောင် .. ငါ့ကိုလွှတ် .. အေးပါ ဟေးယွီလို့ မခေါ်တော့ဘူး ရပြီမလား"
သို့သော် ဟေးယွီက ယွင်ချဲ့၏ တင်ကို တစ်ချက် ငုံခဲလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။ ယွင်ချဲ့လည်း ရှောင်ချိန် မရလိုက်သဖြင့် အောင့်သက်သက် ဖြစ်နေသည့် တင်ပါးကိုသာ အနာသက်သာအောင် လုပ်နေရသည်။ အခြားသူများ၏ အိမ်မွေးသတ္တဝါများမှာ အိမ်ကိုစောင့်ရှောက်ပေးတတ်သလို ချစ်စရာ ကောင်းကြသော်လည်း သူ၏အိမ်မွေးလေးကမူ ဘာကြောင့်များ ရူးကြောင်ကြောင်ဖြစ်နေရတာလဲ။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၄)
"သခင္က အခုမွ ေရာက္ကာစျဖစ္လို႔ ငယ္ေနေသးတာပါ ၾကာရင္ အင္အားရလာတာ နဲ႔အမွ် ျမဴေတြလည္း တျဖည္းျဖည္း ေပ်ာက္သြားမွာပါ ... သခင္ ျမဴေနာက္ကြယ္က ေလာကက အရမ္းႀကီးတာ ... ျမစ္ေတြ၊ ေရကန္ေတြနဲ႔ တျခား သတၱဝါ မ်ိဳးႏြယ္ေတြေတာင္ ႐ွိေသးတယ္ .. ဘယ္လိုျဖစ္ျဖစ္ပါ သခင္က အားနည္းေနေသးေတာ့ အကုန္လုံးကို ျမင္ရေအာင္ လုပ္ဖို႔က နည္းနည္း ခက္ဉီးမယ္"
ဘာမွန္းမသိရေသာ သားရဲတစ္ေကာင္မွ ႏွိမ္ခ်ေျပာဆိုျခင္းေၾကာင့္ ယြင္ခ်ဲ႕ ေအာင့္သက္သက္ႏွင့္ ခံလိုက္ရသည္။ ယခင္ဘဝႏွင့္ ယွဥ္လွ်င္ အခုဘဝတြင္ သူအားနည္းေနေသးသည္။ အရင္ဘဝတြင္ သူ၏လွ်ပ္စီး စြမ္းအားမွာ အဆင့္ ၆ ထိ ေရာက္ခဲ့ေသာ္လည္း ယခုဘဝတြင္ အဆင့္ ၂ သာ ႐ွိေသးသည္။
"မင္းက ဘယ္လိုသားရဲ သတၱဝါမ်ိဳးလဲ"
သတၱဝါ တစ္ေကာင္၏ ႏွိမ့္ခ်ျခင္းကို မခံလိုသျဖင့္ ယြင္ခ်ဲ႕ စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။ ထိုေကာင္မွာ မည္းနက္ေသာ အေမြးအမွ်င္မ်ား ဖုံးလႊမ္းေနၿပီး ျခေသၤ့ေယာင္ေယာင္ ေခြးေယာင္ေယာင္ ျဖစ္ေနသည္။ ထိုသတၱဝါကို တိဗက္ေဒသမွ အေစာင့္ေခြးႀကီးဟု ထင္လိုက္ေသာ္လည္း သားရဲႀကီးမွာ အေစာင့္ေခြးဟု ေခၚရေလာက္သည္ထက္ ပို၍ ထူးဆန္းသားနားေနသည္။
"ဘယ္လို သတၱဝါမ်ိဳးလဲ ကြၽန္ေတာ္က ဒီေနရာကို ေစာင့္ေ႐ွာက္ေနတဲ့ အံ့ဖြယ္ေတာေကာင္ပဲ ႐ွင္းလား "
မထင္မွတ္စြာ သားရဲႀကီးက စိတ္မ႐ွည္ဟန္ ျဖစ္သြားၿပီး သူ၏အေမြးနက္မ်ားကို ခါယမ္းကာ ယြင္ခ်ဲ႕ကို ေဒါသတႀကီး စိုက္ၾကည့္ေလသည္။ သူ၏သခင္ ဆိုေသာ္လည္း ခြင့္လႊတ္ေပးမည့္ပုံမေပၚေပ။
"မင္းက ဘယ္လို အံ့ဖြယ္ ေတာေကာင္မ်ိဳးလဲ"
ယြင္ခ်ဲ႕ အားတင္းကာ မ်က္လုံး လွန္ၾကည့္လ်က္ ေမးေလသည္။ အကယ္၍မ်ား အျခားသားရဲေတာေကာင္မ်ားသည္လည္း ထိုပုံစံသာဆိုလွ်င္ ကမ႓ာႀကီး ပ်က္စီး သြားလိမ့္မည္။
သားရဲက ေခါင္းကို တစ္ဖက္ေစာင္းကာ စဥ္းစားလိုက္ၿပီးေနာက္ ...
"ေမ့သြားၿပီ .. အဲဒါသခင္ေၾကာင့္ ဒီကို ေစာေစာစီးစီး မလာဘူး .. အခုဘယ္လို ျပန္ေလ်ာ္ေပးမွာလဲ"
သူ႕ကို အႏိုင္ယူေနဟန္ ျဖစ္ေနေသာေၾကာင့္ ယြင္ခ်ဲ႕ ေဒါသထြက္ေသာ္လည္း စိတ္ဝင္စား သြားေလသည္။ ယြင္ခ်ဲ႕လည္း အိတ္ကပ္ထဲမွ ေခ်ာကလက္ေတာင့္ကို ယူထုတ္ကာ တစ္ဝက္ ခ်ိဳးလိုက္ၿပီး ထိုအံ့ဖြယ္ေတာေကာင္ကို ေပးလိုက္သည္။
"ဒါဆို ျပန္ေတာင္းပန္တဲ့ အေနနဲ႔ ဒီဟာေပးမယ္"
"စားလို႔ေကာင္းလိုက္တာ .. ႐ွိေသးလား "
ယြင္ခ်ဲ႕၏ အိတ္ကပ္ကို မ်က္လုံး႐ြဲႀကီးမ်ားႏွင့္ စိုက္ၾကည့္ကာ ေမးေလသည္။
အစားၾကဴးေလးပင္။
ယြင္ခ်ဲ႕ သူ၏အိတ္ကို ထုတ္ျပလိုက္ၿပီး ...
"မ႐ွိေတာ့ဘူး ဒါငါ့ညစာပဲ မင္းစားလိုက္တာ ကုန္သြားၿပီ"
"ဟူး ..."
လက္မိႈင္က်သြားေသာ သားရဲကိုၾကည့္ကာ ယြင္ခ်ဲ႕လည္း အနားကပ္သြားၿပီး ေခါင္းကိုပုတ္ေပးလ်က္ ...
"ေအးပါ သနားစရာ ေကာင္းေအာင္ မလုပ္နဲ႔ .. မင္းႀကိဳက္တယ္ဆိုရင္ ငါေနာက္ထပ္ ယူလာေပးမယ္ .. ဒါနဲ႔ ဒီကို ငါတျခား ယူလာလို႔ ရေသးလား"
သူ၏အသုံးအေဆာင္ ပစၥည္းမ်ား ထားရန္ ေနရာမ႐ွိသျဖင့္ ပူပန္စြာ ေမးမိေလသည္။
"ရပါတယ္ ဒါေပမယ့္ သက္႐ွိေတာ့ မရဘူး ဒီေနရာကို သခင္တစ္ေယာက္တည္းပဲ လာလို႔ရတာ"
ေမြးခြန္းမ်ားကို ေျဖစဥ္ သားရဲမွာ မေပ်ာ္႐ႊင္ စိတ္ဖိစီးဟန္ႏွင့္ ေျပာေလသည္။
"ဟင္း ...."
ယြင္ခ်ဲ႕က ေမးကိုပြတ္သပ္လ်က္ ထိုင္ခ်ကာ ေျမျပင္ကို လက္တစ္ဆုပ္စာ ဆုပ္ယူလိုက္သည့္အခါ အလြန္ ႏူးညံ့ေနသည္ကို ခံစားလိုက္ရသည္။ သူ၏ၿမိဳ႕မွာ ဖြံ႕ၿဖိဳးဆဲေဒသျဖစ္ေနၿပီး သူသည္လည္း စြမ္းအား ႏိုးထကာစ ျဖစ္သည္။ ယခု ေျမျပင္ေျမဆီလႊာမွာ ယုံမွား သံသယ မ႐ွိႏိုင္ေလာက္ပင္ အလြန္ ေကာင္းမြန္လွသည္။
"ဒီေနရာမွာ ဘာေၾကာင့္ ဘာမွမ႐ွိတာလဲ ဆိုတာေတာ့ မင္းမေျဖရေသးဘူး"
ပ်က္သုဥ္း ကာလတြင္းတြင္ ေရႏွင့္ ေျမဆီလႊာတို႔မွာ သိသိသာသာ ညစ္ညမ္း လာႏိုင္မည္ျဖစ္ေသာေၾကာင့္ ဒီေနရာတြင္ တစ္ခုခု စိုက္ပ်ိဳးထားလွ်င္ ေနာင္တစ္ခ်ိန္ လတ္ဆတ္သည့္ အသီးအ႐ြက္မ်ား ျပတ္လပ္ သြားမည္ကို စိုးရိမ္ရန္ မလိုအပ္ေတာ့ေပ။
"မ်ိဳးေစ့မွ မစိုက္ထားတာကို ဘယ္လိုလုပ္ ႐ွိႏိုင္မွာလဲ"
သားရဲမွာ သူ၏သခင္ျဖစ္သူ ဉာဏ္မွေကာင္းေသးရဲ႕လားဟု ေတြးေနမိသည္။ ယြင္ခ်ဲ႕လည္း လက္ေပၚမွ ေျမႀကီးမ်ားကို ခါခ်လိုက္ၿပီး အပင္မ်ား ျဖစ္ထြန္းႏိုင္သည္ ဆိုေသာေၾကာင့္ စိတ္သက္သာရာ ရသြားသည္။
"ေဟ့ ငါမင္းကို နာမည္ေပးမယ္ .. မင္းေျပာတဲ့ပုံစံက ေယာက်္ားသံလိုပဲ"
ယြင္ခ်ဲ႕ ထရပ္လ်က္ ေျပာရင္း လမ္းေလွ်ာက္ကာ စဥ္းစားလိုက္သည္။ သူဒီကို လာခဲ့ၿပီးေနာက္ သားရဲ၏ သခင္ျဖစ္လာခဲ့သည္။ ကမ႓ာႀကီး၏ ပ်က္သုဥ္းကာလ ၄ ႏွစ္တာအတြင္း သိပၸံပညာႏွင့္ မေျဖ႐ွင္းႏိုင္ေသာ အေၾကာင္းရာ အမ်ိဳးမ်ိဳးကို သူၾကဳံေတြ႕ခဲ့ရသည္။ မျမင္ရေသး႐ုံႏွင့္ တကယ္မ႐ွိဟု မုခ်မေျပာႏိုင္ေပ။
"ေယာက်္ား မိန္းမက ဘာႀကီးလဲ .. ကြၽန္ေတာ္က အံ့ဖြယ္ေတာေကာင္ဗ် .. ကြၽန္ေတာ္႕ကို အံ့ဖြယ္ ေတာေကာင္ႀကီးလို႔ပဲေခၚ"
အလိုမက်ဟန္ႏွင့္ ျပန္ေျပာေနျပန္ၿပီ။ ယြင္ခ်ဲ႕က ဘာမွမၾကားဟန္ မျမင္ဟန္ေဆာင္ လိုက္ၿပီး လက္ပိုက္လ်က္ ၾကည့္ကာ ....
"မင္းက တစ္ကိုယ္လုံး မည္းနက္ ေနတယ္ဆိုေတာ့ မင္းကို ေဟးယြီ လို႔ေခၚမယ္ ... မင္းမျငင္းဘူးဆိုရင္ လက္ခံတယ္လို႔ ယူဆလိုက္ၿပီေနာ္"
"ကြၽန္ေတာ္႕ သေဘာထားမပါဘဲ အရာရာကို မဆုံးျဖတ္ပါနဲ႔ .. ကြၽန္ေတာ္႕ကိုလည္း စဥ္းစားပါဉီး"
"ဒါနဲ႔ ေဟးယြီ .. ငါက ဘယ္လိုလုပ္ၿပီး ဒီကို ေရာက္လာတာလဲ"
သားရဲကို တုံ႔ျပန္ခြင့္ပင္ မရေစရန္ စကားလမ္းေၾကာင္း ေျပာင္းေျပာလိုက္ေသာ္လည္း ....
"အက်င့္မေကာင္းတာ ..."
"ေဟ့ေကာင္ .. ငါ့ကိုလႊတ္ .. ေအးပါ ေဟးယြီလို႔ မေခၚေတာ့ဘူး ရၿပီမလား"
သို႔ေသာ္ ေဟးယြီက ယြင္ခ်ဲ႕၏ တင္ကို တစ္ခ်က္ ငုံခဲလိုက္ၿပီးမွ လႊတ္ေပးလိုက္သည္။ ယြင္ခ်ဲ႕လည္း ေ႐ွာင္ခ်ိန္ မရလိုက္သျဖင့္ ေအာင့္သက္သက္ ျဖစ္ေနသည့္ တင္ပါးကိုသာ အနာသက္သာေအာင္ လုပ္ေနရသည္။ အျခားသူမ်ား၏ အိမ္ေမြးသတၱဝါမ်ားမွာ အိမ္ကိုေစာင့္ေ႐ွာက္ေပးတတ္သလို ခ်စ္စရာ ေကာင္းၾကေသာ္လည္း သူ၏အိမ္ေမြးေလးကမူ ဘာေၾကာင့္မ်ား ႐ူးေၾကာင္ေၾကာင္ျဖစ္ေနရတာလဲ။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ