unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၂)
"ဟူး .."
သန်းခေါင်ယံ ညနက်အချိန် ဟွာရှား တက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ယွင်ချဲ့ အိပ်ရာထက်မှ ရုတ်တရက် လန့်နိုးလာခဲ့ပြီး ပါးလွှာသော ညအိပ်ဝတ်အောက်ရှိ ရင်ဘတ်မှာလည်း တုန်ယင်လျက် ချွေးများပင် စိုရွှဲနေသည်။ ရေနစ်သော လူတစ်ယောက် ကမ်းပေါ် ရောက်သည့်နှယ် အသက်ကို အဝရှူသွင်း ရှူထုတ်လုပ်လိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ ..."
ကျောင်းအဆောင် ?
ဘယ်လောက် ကြာသွားမှန်းပင် မသိလိုက်ဘဲ ယွင်ချဲ့ စိတ်တို့ ပြန်လည် တည်ငြိမ်လာသည်။ ယွင်ချဲ့ မြင်ကွင်းရှေ့ ရောက်လာသည်က သုတေသန စမ်းသပ်ခန်းလည်း မဟုတ်၊ အသက်မဲ့ခန္ဓာကိုယ်များ စုပုံနေသည့် အနိဌာရုံ မြင်ကွင်းလည်း မဟုတ်ပေ။ ထိန်သာနေသည့် လရောင်အောက်တွင် နှစ်ထပ် ခုတင်များ၊ ခဲရောင်နံရံ၊ ရှူးဖိနပ်များ၊ ကြမ်းပြင်တွင် ပြန့်နေသော ခြေအိတ်တို့ကို မှိန်ပျပျမြင်နေရသည်။ ထိုမြင်ကွင်းကို အတိအကျ မှတ်မိနေသော ယွင်ချဲ့သည် ပျက်သုဉ်းကာလ မရောက်ခင် သူနေထိုင်ခဲ့သော တက္ကသိုလ် အဆောင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဖုန်း ?
ထိုအခိုက်မှာပင် ရုတ်တရက် ယွင်ချဲ့ သူ၏ဖုန်းကို သတိရသွားသည်။ သူမှတ်မိရသလောက် ခေါင်းအုံးအောက်ကို စမ်းကြည့်လေရာ သူ၏ဖုန်းကို တွေ့လိုက်ရသည်။ ဖုန်းမျက်နှာပြင်ကိုထောက်ပြီး ရက်စွဲကို ကြည့်သည့်အခါ ၂ဝ×× ခုနှစ် ဖေဖော်ဝါရီ ၁၅ရက် ဖြစ်နေသည်ကို မြင်သည်။
လတစ်ဝက် ကြာပြီးနောက်တွင် ပျက်သုဉ်း ကာလကို ကျရောက် လာတော့မည်။
တစ်နည်းပြောရလျှင် ပျက်သုဉ်းကာလ မတိုင်မီအချိန်ကို သူဘယ်လိုလုပ်ပြီး ပြန်ရောက်လာခဲ့တာလဲ။
"ဟား ဟား "
ခုတင်ထက် တွေဝေစွာ ထိုင်နေပြီးနောက် မူးနောက် လာသဖြင့် ယွင်ချဲ့ လဲချလိုက်သည်။ ပျက်သုဉ်း ကာလအတွင်း လူသားများ စိတ်ကမောက်ကမ ဖြစ်ခြင်း၊ သူ၏ အစ်မဖြစ်သူ အသတ်ခံရခြင်း၊ ညီလေးမှာ ဖုတ်ကောင် ဖြစ်သွားရခြင်း၊ ယောက်ဖဖြစ်သူ သစ္စာဖောက်ခြင်းနှင့် ချစ်ရသူက နောက်ကျော ဓါးထိုးခြင်းတို့ကို လေးနှစ်အတွင်း သူကြုံတွေ့ခဲ့ရသည်။ မြေအောက် စမ်းသပ်ခန်းတွင် ပေါက်ကွဲခဲ့ရာမှ လွန်ခဲ့သော လေးနှစ်အချိန်ကို ပြန်လည် ရောက်ရှိ လာခဲ့သည်မှာ ဘုရားသခင်က သူ၏ကံဆိုးခြင်းကို သက်ညှာသော အားဖြင့် အသစ်တစ်ဖန်စရန် ဒုတိယ အခွင့်အရေး ပေးခဲ့ခြင်းများလား။
မျက်နှာထက် အုပ်တင်ထားသော လက်ကို ဖယ်ချလိုက်သည့်အခါ နက်မှောင်သော မျက်ဝန်းအစုံမှာ ညကောင်းကင်ထက် လင်းလက်နေသော ကြယ်များကဲ့သို့ တောက်ပနေသည်။ ပျက်သုဉ်းကာလ မတိုင်မီ အချိန်ကို ပြန်ရောက် လာသည်ဆိုလျှင် ဘုရားသခင်က သက်ညှာပေးခြင်းမဖြစ်နိုင်ပေ။
ဆန့်တန်းထားသော လက်ကို လက်သီးဆုပ်လိုက်ပြီး ...
"ဒီတစ်ခါတော့ ငါ့ဘက်က သွေးကြွေး ပြန်ဆပ်ရမယ် .. မင်းတို့ကို ထပ်လုပ်ခွင့်မပေးနိုင်တော့ဘူး "
ထိုသို့ ကြုံးဝါးပြီး ယွင်ချဲ့ အိပ်၍ မရတော့သောကြောင့် ခုတင်မှထကာ ရေအေးအေးနှင့် ချိုးလိုက်ပြီး ဝတ်စုံအသစ် လဲလိုက်ပြီးနောက် အေးချမ်းတည်ငြိမ် သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွင်ချဲ့ ကြိုတင် ပြင်ဆင် ထားရမည်ဟုတွေးလိုက်သည်။ ပထမ ဉီးစားပေးမှာ အစ်မနဲ့ ညီလေးတို့ကို အန္တရာယ်ကင်းစေရန် လုပ်ရမည်။ အကယ်၍ ပျက်သုဉ်းကာလ ရောက်တော့မည့် အကြောင်း ပြောလိုက်လျှင် သူတို့ ကြောက်လန့် သွားလိမ့်မည်။ အိမ်ထဲတွင်သာနေရန် သို့မဟုတ် သူနှင့်အတူ အမြဲမကွာနေရန် ကြံစည်ရမည်။ အစတွင် အဆင်ပြေနိုင်မည် မဟုတ်သော်လည်း ပျက်သုဉ်းချိန် မတိုင်မီ နှစ်ရက်အလိုထိ သူစောင့်ဆိုင်း ရလိမ့်မည်။
စားနပ်ရိက္ခာနှင့် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို စုဆောင်းရန် ပြင်ဆင်ရဉီးမည်။ ပျက်သုဉ်းကာလ မတိုင်ခင်တွင် လိုအပ်သည့် ပစ္စည်းများကို ငွေကြေးများနှင့် ဝယ်ယူနိုင်သည်။ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သဖြင့် အစ်မဖြစ်သူက ကျောင်းနားကာ အလုပ်လုပ်ရင်း သူနှင့် အမြွှာညီ ယွင်ချန်း တို့အတွက် ရှာဖွေထောက်ပံ့ ပေးခဲ့သည်။
ပြီးခဲ့သောလေးနှစ်က အစ်မဖြစ်သူမှာ အာဏာရ လူချမ်းသာ မိသားစုမှ သားတစ်ယောက်နှင့် လက်ထပ်ခဲ့သော်လည်း ထိုမိသားစုက သူတို့သုံးယောက်ကို အရေးမစိုက်ခဲ့ပေ။ အစ်မ၏ ရှာဖွေရရှိသော ငွေကြေးမှာ သူနှင့် ယွင်ချန်းတို့၏ ကျူရှင်အတွက်သာ လုံလောက်သဖြင့် သူနှင့် ယွင်ချန်း တို့သည် ကျောင်းဝင်းအတွင်း နေထိုင်နိုင်မည့် စရိတ်စကများကို ကြိုးစားရှာဖွေကြလေသည်။
သို့သော် ဆန်းသစ်သော နည်းပညာ ကွန်ရက်ကြောင့် အင်တာနက် မှတစ်ဆင့် ငွေကြေးများကို ငှားရမ်း ချေးယူနိုင်ခဲ့သည်။ ယွင်ချဲ့က အမျိုးမျိုးသော ကွန်ရက်မှ ယွမ် ၂ သိန်းနီးပါး ချေးယူနိုင်ခဲ့သဖြင့် ကောလိပ်ကျောင်းသား ကတ်ပြားမှာလည်း ထိုအချိန်က အလွန် အရေးပါခဲ့သည်။ ပျက်သုဉ်းကာလက လဝက်အတွင်း ရောက်လာတော့မည် ဖြစ်၍ သူအနေနှင့် ချေးထားသည်တို့ကို ပြန်ဆပ်ရန် မလိုအပ်တော့ပေ။
သူ၏ခြေလှမ်း အစပြုရန်နှင့် ကနဉီးဝယ်ယူရန် ယွမ် ၂ သိန်းမှာ လုံလောက်နေပေပြီ။ နောက်ပိုင်းတွင် လိုအပ်နိုင်မည်တို့ကို ပျက်သုဉ်းကာလ နီးကပ်ချိန်မှ အနည်းငယ်စီ ဝယ်ယူရန် စီစဉ်ထားလိုက်သည်။ ပြဿနာမှာ သိုလှောင်ရန် နေရာအတွက် ခေါင်းခဲရဉီးမည်။ သူ့တွင် လျှပ်စီးနှင့် လေဟာပြင်အားတို့ကို ပိုင်ဆိုင်ခဲ့သော်လည်း ကြိုးစားဆန်းစစ်ရာ လျှပ်စီးစွမ်းအားသာ ရှိနေပြီး လေဟာပြင်အားမှာ ပျောက်ဆုံးနေသည်။ ထို့ကြောင့် ဝယ်ယူပြီးသည့် ပစ္စည်းများကို ဂိုထောင်ထဲသာ သိမ်းထားရန် စဉ်းစားလိုက်သည်။
အရေးကြီးဆုံးသော အချက်ကိုလည်း သူမမေ့ပါ။ လက်စားချေခြင်း။ ယွင်ချဲ့သည် သူတော်စင် မဟုတ်သောကြောင့် အရင်ဘဝက သူ့အပေါ် အကြွေးကျန် နေသူများကို သူလက်တုံ့ပြန်ရမည်။ ပထမဆုံး လက်တုံ့ပြန်ရမည့် သူမှာ တက္ကသိုလ်တွင် စာသင်နေသော ပါမောက္ခ ဟန်မင်ကျယ်။
သူသိထားသလောက်တွင် ဟန်မင်ကျယ်သည် နောက်ခံအင်အားမရှိ၊ ချမ်းသာသော မိသားစုမှ မဟုတ်ပါဘဲ အသက် ၃ဝ မတိုင်ခင်မှာပင် တွဲဖက်ပါမောက္ခ နေရာကို ရရှိခဲ့သည်။ ဉီးရာလူအား ဉီးစားပေးခြင်း စနစ်ကို တန်ဖိုးထားသော တရုတ်နိုင်ငံသည် လူမှုရေး ကိစ္စများတွင် အဂတိ လိုက်စားခြင်း မရှိဟု ယွင်ချဲ့ မယုံကြည်တော့ပေ။ မရိပ်မိတတ်ခြင်းကြောင့် သူ့ကိုယ်သူ မိုက်မဲလွန်းသည် ဟုသာ အပြစ်တင်နေမိသည်။
"ဉီးရာလူ ဉီးစားမပေးဘဲ နောက်ခံအား တောင့်တဲ့သူကို မှီခိုရမယ်ဆိုရင် ဟန်မင်ကျယ် မှီခိုနိုင်တဲ့သူက ....."
ယွင်ချဲ့ မေးကိုကိုင်လျက် အတွေးများထဲ နစ်မြှုပ်နေသည်။ သူ၏အတွေးထဲတွင် ကျောင်းမှ ထိပ်တန်း ခေါင်းဆောင်များကို စိစစ်တွေးတော ရှာဖွေနေခြင်း ဖြစ်သည်။ သူသည် ဆရာများ၊ ပါမောက္ခများ၏ အခန်းမှာကို သန့်ရှင်းရေး လုပ်ပေးတတ်ခြင်းကြောင့် ကျောင်းမှ ထိပ်တန်းခေါင်းဆောင်များနှင့် ရင်းနှီးသည်။ နောက်ဆုံးတွင် ဟွာရှား တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်သော ယန်းပိချင်ကို သတိရလိုက်သည်။ သူမတွင် အလွန်လှပသော နာမည်ရှိသော်လည်း လူကိုယ်တိုင်မှာမူ အမည်နာမလောက် မလှပပေ။ သူမသည် အသက် ၄ဝ ကျော်ရှိပြီး အိမ်ထောင်ကွဲတစ်ယောက်လည်းဖြစ်သည်။
ဟန်မင်ကျယ်သည် ငွေကြေးမရှိ၊ အင်အား မရှိသော်လည်း သူ၏ခန့်ညားသော ရုပ်ရည်မှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်စွမ်း ရှိလှသည်။ ထို့ကြောင့်ပင် လေးနှစ်အတွင်း ဟန်က အသက်ဆက် ရှင်နိုင်ရန် သူ့အပေါ် မှီခိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ယန်းပိချင်ကို ညို့ယူဆွဲငင် နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။
ဒါကြောင့် ပျက်သုဉ်းကာလ မရောက်မီ သူ့ကို အချိုစာကျွေး အရင်ကျွေးရမည်။
ညသန်းခေါင်၏ မှိန်ပျပျ အလင်းရောင် အောက်တွင် ယွင်ချဲ့၏ ပိန်လှီသော မျက်နှာထက် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ထွန်းနေသည်။ ပျက်သုဉ်းကာလမှ ပြန်လည် ရောက်ရှိလာသဖြင့် သူသည် ငြိမ်သက်နေသော ရေပြင်ကို လှိုင်းထ လှုပ်ခတ်သွားစေရန် အကြောင်းဖန် လာခဲ့တော့သည်။
***paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၂)
"ဟူး .."
သန္းေခါင္ယံ ညနက္အခ်ိန္ ဟြာ႐ွား တကၠသိုလ္ ပရိဝုဏ္ အတြင္းတြင္ ယြင္ခ်ဲ႕ အိပ္ရာထက္မွ ႐ုတ္တရက္ လန္႔ႏိုးလာခဲ့ၿပီး ပါးလႊာေသာ ညအိပ္ဝတ္ေအာက္႐ွိ ရင္ဘတ္မွာလည္း တုန္ယင္လ်က္ ေခြၽးမ်ားပင္ စို႐ႊဲေနသည္။ ေရနစ္ေသာ လူတစ္ေယာက္ ကမ္းေပၚ ေရာက္သည့္ႏွယ္ အသက္ကို အဝ႐ွဴသြင္း ႐ွဴထုတ္လုပ္လိုက္သည္။
"ငါ ဘယ္ေရာက္ေနတာလဲ ..."
ေက်ာင္းအေဆာင္ ?
ဘယ္ေလာက္ ၾကာသြားမွန္းပင္ မသိလိုက္ဘဲ ယြင္ခ်ဲ႕ စိတ္တို႔ ျပန္လည္ တည္ၿငိမ္လာသည္။ ယြင္ခ်ဲ႕ ျမင္ကြင္းေ႐ွ႕ ေရာက္လာသည္က သုေတသန စမ္းသပ္ခန္းလည္း မဟုတ္၊ အသက္မဲ့ခႏၶာကိုယ္မ်ား စုပုံေနသည့္ အနိဌာ႐ုံ ျမင္ကြင္းလည္း မဟုတ္ေပ။ ထိန္သာေနသည့္ လေရာင္ေအာက္တြင္ ႏွစ္ထပ္ ခုတင္မ်ား၊ ခဲေရာင္နံရံ၊ ႐ွဴးဖိနပ္မ်ား၊ ၾကမ္းျပင္တြင္ ျပန္႔ေနေသာ ေျခအိတ္တို႔ကို မွိန္ပ်ပ်ျမင္ေနရသည္။ ထိုျမင္ကြင္းကို အတိအက် မွတ္မိေနေသာ ယြင္ခ်ဲ႕သည္ ပ်က္သုဥ္းကာလ မေရာက္ခင္ သူေနထိုင္ခဲ့ေသာ တကၠသိုလ္ အေဆာင္ျဖစ္ေၾကာင္း သိလိုက္ရသည္။
ဖုန္း ?
ထိုအခိုက္မွာပင္ ႐ုတ္တရက္ ယြင္ခ်ဲ႕ သူ၏ဖုန္းကို သတိရသြားသည္။ သူမွတ္မိရသေလာက္ ေခါင္းအုံးေအာက္ကို စမ္းၾကည့္ေလရာ သူ၏ဖုန္းကို ေတြ႕လိုက္ရသည္။ ဖုန္းမ်က္ႏွာျပင္ကိုေထာက္ၿပီး ရက္စြဲကို ၾကည့္သည့္အခါ ၂ဝ×× ခုႏွစ္ ေဖေဖာ္ဝါရီ ၁၅ရက္ ျဖစ္ေနသည္ကို ျမင္သည္။
လတစ္ဝက္ ၾကာၿပီးေနာက္တြင္ ပ်က္သုဥ္း ကာလကို က်ေရာက္ လာေတာ့မည္။
တစ္နည္းေျပာရလွ်င္ ပ်က္သုဥ္းကာလ မတိုင္မီအခ်ိန္ကို သူဘယ္လိုလုပ္ၿပီး ျပန္ေရာက္လာခဲ့တာလဲ။
"ဟား ဟား "
ခုတင္ထက္ ေတြေဝစြာ ထိုင္ေနၿပီးေနာက္ မူးေနာက္ လာသျဖင့္ ယြင္ခ်ဲ႕ လဲခ်လိုက္သည္။ ပ်က္သုဥ္း ကာလအတြင္း လူသားမ်ား စိတ္ကေမာက္ကမ ျဖစ္ျခင္း၊ သူ၏ အစ္မျဖစ္သူ အသတ္ခံရျခင္း၊ ညီေလးမွာ ဖုတ္ေကာင္ ျဖစ္သြားရျခင္း၊ ေယာက္ဖျဖစ္သူ သစၥာေဖာက္ျခင္းႏွင့္ ခ်စ္ရသူက ေနာက္ေက်ာ ဓါးထိုးျခင္းတို႔ကို ေလးႏွစ္အတြင္း သူၾကဳံေတြ႕ခဲ့ရသည္။ ေျမေအာက္ စမ္းသပ္ခန္းတြင္ ေပါက္ကြဲခဲ့ရာမွ လြန္ခဲ့ေသာ ေလးႏွစ္အခ်ိန္ကို ျပန္လည္ ေရာက္႐ွိ လာခဲ့သည္မွာ ဘုရားသခင္က သူ၏ကံဆိုးျခင္းကို သက္ညႇာေသာ အားျဖင့္ အသစ္တစ္ဖန္စရန္ ဒုတိယ အခြင့္အေရး ေပးခဲ့ျခင္းမ်ားလား။
မ်က္ႏွာထက္ အုပ္တင္ထားေသာ လက္ကို ဖယ္ခ်လိုက္သည့္အခါ နက္ေမွာင္ေသာ မ်က္ဝန္းအစုံမွာ ညေကာင္းကင္ထက္ လင္းလက္ေနေသာ ၾကယ္မ်ားကဲ့သို႔ ေတာက္ပေနသည္။ ပ်က္သုဥ္းကာလ မတိုင္မီ အခ်ိန္ကို ျပန္ေရာက္ လာသည္ဆိုလွ်င္ ဘုရားသခင္က သက္ညႇာေပးျခင္းမျဖစ္ႏိုင္ေပ။
ဆန္႔တန္းထားေသာ လက္ကို လက္သီးဆုပ္လိုက္ၿပီး ...
"ဒီတစ္ခါေတာ့ ငါ့ဘက္က ေသြးေႂကြး ျပန္ဆပ္ရမယ္ .. မင္းတို႔ကို ထပ္လုပ္ခြင့္မေပးႏိုင္ေတာ့ဘူး "
ထိုသို႔ ၾကဳံးဝါးၿပီး ယြင္ခ်ဲ႕ အိပ္၍ မရေတာ့ေသာေၾကာင့္ ခုတင္မွထကာ ေရေအးေအးႏွင့္ ခ်ိဳးလိုက္ၿပီး ဝတ္စုံအသစ္ လဲလိုက္ၿပီးေနာက္ ေအးခ်မ္းတည္ၿငိမ္ သြားသကဲ့သို႔ ခံစားလိုက္ရသည္။
ယြင္ခ်ဲ႕ ႀကိဳတင္ ျပင္ဆင္ ထားရမည္ဟုေတြးလိုက္သည္။ ပထမ ဉီးစားေပးမွာ အစ္မနဲ႔ ညီေလးတို႔ကို အႏၲရာယ္ကင္းေစရန္ လုပ္ရမည္။ အကယ္၍ ပ်က္သုဥ္းကာလ ေရာက္ေတာ့မည့္ အေၾကာင္း ေျပာလိုက္လွ်င္ သူတို႔ ေၾကာက္လန္႔ သြားလိမ့္မည္။ အိမ္ထဲတြင္သာေနရန္ သို႔မဟုတ္ သူႏွင့္အတူ အၿမဲမကြာေနရန္ ၾကံစည္ရမည္။ အစတြင္ အဆင္ေျပႏိုင္မည္ မဟုတ္ေသာ္လည္း ပ်က္သုဥ္းခ်ိန္ မတိုင္မီ ႏွစ္ရက္အလိုထိ သူေစာင့္ဆိုင္း ရလိမ့္မည္။
စားနပ္ရိကၡာႏွင့္ လိုအပ္သည့္ အသုံးအေဆာင္ ပစၥည္းမ်ားကို စုေဆာင္းရန္ ျပင္ဆင္ရဉီးမည္။ ပ်က္သုဥ္းကာလ မတိုင္ခင္တြင္ လိုအပ္သည့္ ပစၥည္းမ်ားကို ေငြေၾကးမ်ားႏွင့္ ဝယ္ယူႏိုင္သည္။ ငယ္႐ြယ္စဥ္ကပင္ မိဘႏွစ္ပါးလုံး ဆုံးပါးသြားခဲ့သျဖင့္ အစ္မျဖစ္သူက ေက်ာင္းနားကာ အလုပ္လုပ္ရင္း သူႏွင့္ အႁမႊာညီ ယြင္ခ်န္း တို႔အတြက္ ႐ွာေဖြေထာက္ပံ့ ေပးခဲ့သည္။
ၿပီးခဲ့ေသာေလးႏွစ္က အစ္မျဖစ္သူမွာ အာဏာရ လူခ်မ္းသာ မိသားစုမွ သားတစ္ေယာက္ႏွင့္ လက္ထပ္ခဲ့ေသာ္လည္း ထိုမိသားစုက သူတို႔သုံးေယာက္ကို အေရးမစိုက္ခဲ့ေပ။ အစ္မ၏ ႐ွာေဖြရ႐ွိေသာ ေငြေၾကးမွာ သူႏွင့္ ယြင္ခ်န္းတို႔၏ က်ဴ႐ွင္အတြက္သာ လုံေလာက္သျဖင့္ သူႏွင့္ ယြင္ခ်န္း တို႔သည္ ေက်ာင္းဝင္းအတြင္း ေနထိုင္ႏိုင္မည့္ စရိတ္စကမ်ားကို ႀကိဳးစား႐ွာေဖြၾကေလသည္။
သို႔ေသာ္ ဆန္းသစ္ေသာ နည္းပညာ ကြန္ရက္ေၾကာင့္ အင္တာနက္ မွတစ္ဆင့္ ေငြေၾကးမ်ားကို ငွားရမ္း ေခ်းယူႏိုင္ခဲ့သည္။ ယြင္ခ်ဲ႕က အမ်ိဳးမ်ိဳးေသာ ကြန္ရက္မွ ယြမ္ ၂ သိန္းနီးပါး ေခ်းယူႏိုင္ခဲ့သျဖင့္ ေကာလိပ္ေက်ာင္းသား ကတ္ျပားမွာလည္း ထိုအခ်ိန္က အလြန္ အေရးပါခဲ့သည္။ ပ်က္သုဥ္းကာလက လဝက္အတြင္း ေရာက္လာေတာ့မည္ ျဖစ္၍ သူအေနႏွင့္ ေခ်းထားသည္တို႔ကို ျပန္ဆပ္ရန္ မလိုအပ္ေတာ့ေပ။
သူ၏ေျခလွမ္း အစျပဳရန္ႏွင့္ ကနဉီးဝယ္ယူရန္ ယြမ္ ၂ သိန္းမွာ လုံေလာက္ေနေပၿပီ။ ေနာက္ပိုင္းတြင္ လိုအပ္ႏိုင္မည္တို႔ကို ပ်က္သုဥ္းကာလ နီးကပ္ခ်ိန္မွ အနည္းငယ္စီ ဝယ္ယူရန္ စီစဥ္ထားလိုက္သည္။ ျပႆနာမွာ သိုေလွာင္ရန္ ေနရာအတြက္ ေခါင္းခဲရဉီးမည္။ သူ႕တြင္ လွ်ပ္စီးႏွင့္ ေလဟာျပင္အားတို႔ကို ပိုင္ဆိုင္ခဲ့ေသာ္လည္း ႀကိဳးစားဆန္းစစ္ရာ လွ်ပ္စီးစြမ္းအားသာ ႐ွိေနၿပီး ေလဟာျပင္အားမွာ ေပ်ာက္ဆုံးေနသည္။ ထို႔ေၾကာင့္ ဝယ္ယူၿပီးသည့္ ပစၥည္းမ်ားကို ဂိုေထာင္ထဲသာ သိမ္းထားရန္ စဥ္းစားလိုက္သည္။
အေရးႀကီးဆုံးေသာ အခ်က္ကိုလည္း သူမေမ့ပါ။ လက္စားေခ်ျခင္း။ ယြင္ခ်ဲ႕သည္ သူေတာ္စင္ မဟုတ္ေသာေၾကာင့္ အရင္ဘဝက သူ႕အေပၚ အေႂကြးက်န္ ေနသူမ်ားကို သူလက္တုံ႔ျပန္ရမည္။ ပထမဆုံး လက္တုံ႔ျပန္ရမည့္ သူမွာ တကၠသိုလ္တြင္ စာသင္ေနေသာ ပါေမာကၡ ဟန္မင္က်ယ္။
သူသိထားသေလာက္တြင္ ဟန္မင္က်ယ္သည္ ေနာက္ခံအင္အားမ႐ွိ၊ ခ်မ္းသာေသာ မိသားစုမွ မဟုတ္ပါဘဲ အသက္ ၃ဝ မတိုင္ခင္မွာပင္ တြဲဖက္ပါေမာကၡ ေနရာကို ရ႐ွိခဲ့သည္။ ဉီးရာလူအား ဉီးစားေပးျခင္း စနစ္ကို တန္ဖိုးထားေသာ တ႐ုတ္ႏိုင္ငံသည္ လူမႈေရး ကိစၥမ်ားတြင္ အဂတိ လိုက္စားျခင္း မ႐ွိဟု ယြင္ခ်ဲ႕ မယုံၾကည္ေတာ့ေပ။ မရိပ္မိတတ္ျခင္းေၾကာင့္ သူ႕ကိုယ္သူ မိုက္မဲလြန္းသည္ ဟုသာ အျပစ္တင္ေနမိသည္။
"ဉီးရာလူ ဉီးစားမေပးဘဲ ေနာက္ခံအား ေတာင့္တဲ့သူကို မွီခိုရမယ္ဆိုရင္ ဟန္မင္က်ယ္ မွီခိုႏိုင္တဲ့သူက ....."
ယြင္ခ်ဲ႕ ေမးကိုကိုင္လ်က္ အေတြးမ်ားထဲ နစ္ျမႇဳပ္ေနသည္။ သူ၏အေတြးထဲတြင္ ေက်ာင္းမွ ထိပ္တန္း ေခါင္းေဆာင္မ်ားကို စိစစ္ေတြးေတာ ႐ွာေဖြေနျခင္း ျဖစ္သည္။ သူသည္ ဆရာမ်ား၊ ပါေမာကၡမ်ား၏ အခန္းမွာကို သန္႔႐ွင္းေရး လုပ္ေပးတတ္ျခင္းေၾကာင့္ ေက်ာင္းမွ ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ ရင္းႏွီးသည္။ ေနာက္ဆုံးတြင္ ဟြာ႐ွား တကၠသိုလ္၏ ပါေမာကၡခ်ဳပ္ ျဖစ္ေသာ ယန္းပိခ်င္ကို သတိရလိုက္သည္။ သူမတြင္ အလြန္လွပေသာ နာမည္႐ွိေသာ္လည္း လူကိုယ္တိုင္မွာမူ အမည္နာမေလာက္ မလွပေပ။ သူမသည္ အသက္ ၄ဝ ေက်ာ္႐ွိၿပီး အိမ္ေထာင္ကြဲတစ္ေယာက္လည္းျဖစ္သည္။
ဟန္မင္က်ယ္သည္ ေငြေၾကးမ႐ွိ၊ အင္အား မ႐ွိေသာ္လည္း သူ၏ခန္႔ညားေသာ ႐ုပ္ရည္မွာ တစ္ဖက္သားကို ဆြဲေဆာင္ႏိုင္စြမ္း ႐ွိလွသည္။ ထို႔ေၾကာင့္ပင္ ေလးႏွစ္အတြင္း ဟန္က အသက္ဆက္ ႐ွင္ႏိုင္ရန္ သူ႕အေပၚ မွီခိုခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ယန္းပိခ်င္ကို ညိဳ႕ယူဆြဲငင္ ႏိုင္ျခင္းမွာ မထူးဆန္းေတာ့ေပ။
ဒါေၾကာင့္ ပ်က္သုဥ္းကာလ မေရာက္မီ သူ႕ကို အခ်ိဳစာေကြၽး အရင္ေကြၽးရမည္။
ညသန္းေခါင္၏ မွိန္ပ်ပ် အလင္းေရာင္ ေအာက္တြင္ ယြင္ခ်ဲ႕၏ ပိန္လွီေသာ မ်က္ႏွာထက္ ထူးဆန္းေသာ အျပဳံးတစ္ခု ျဖစ္ထြန္းေနသည္။ ပ်က္သုဥ္းကာလမွ ျပန္လည္ ေရာက္႐ွိလာသျဖင့္ သူသည္ ၿငိမ္သက္ေနေသာ ေရျပင္ကို လိႈင္းထ လႈပ္ခတ္သြားေစရန္ အေၾကာင္းဖန္ လာခဲ့ေတာ့သည္။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ