unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၁)
"ကယ်ပါဉီး ဉီးဉီး ... ကယ်ပါဉီး "
"မလုပ်နဲ့ မင်းတို့တွေ ချန်ချန် ကို မထိကြနဲ့ .. သူ့ကိုလွှတ်လိုက်"
ကိရိယာ တန်ဆာ အမျိုးမျိုး ပြည့်နှက်နေသည့် ဓါတ်ခွဲခန်းထဲမှနေ၍ ကလေးငယ် တစ်ဉီး၏အော်ငိုသံနှင့် ယောကျ်ားတစ်ဉီး၏ အသံများ ထွက်ပေါ်လာခဲ့သည်။ အကွာအဝေး နှစ်မီတာသာခြားသော စားပွဲတစ်လုံးပေါ်တွင် ချည်နှောင် ခံရထားရသော အသက် ၂၄ နှစ်အရွယ် ယွင်ချဲ့ နှင့် ၆ နှစ်အရွယ် တူဖြစ်သူ ကျိုးဇီချန်တို့မှာ ရုန်းကန် နေကြသော်လည်း သူတို့ကို ဂရုစိုက်သူမရှိပေ။ အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားကြသည့် သုတေသန ပညာရှင်များက ကိရိယာများကို ကျိုးဇီချန် အနားရွေ့ကပ် ထားလိုက်သည်။
"ဉီးဉီး ဉီးဉီး "
လူတစ်ယောက်က အမျိုးအမည် မသိသော အရည်တစ်မျိုးကို ကျိုးဇီချန်၏ လက်မောင်း မှတစ်ဆင့် ထိုးသွင်းလိုက်ပြီးနောက် ကလေးငယ်လေး၏ ငိုသံမှာ အားလျော့ လာလေသည်။ ထိုသူတို့မှာ မူးယစ်ဆေး တစ်မျိုး ပေးလိုက်ပြီး ကလေးငယ်၏ ဆံပင်များကို ရိတ်သင်ကာ ခွဲစိတ်မှုကို စတင်ကြလေသည်။ ခွဲစိတ်ဓါးကို ကိုင်လိုက်ကြသည်နှင့် ယွင်ချဲ့၏ မျက်လုံးတို့မှာ အဆမတန် ကျယ်သွားသည်။
"သူ့ကိုမထိကြနဲ့ မကြားဘူးလား မိစ္ဆာကောင်တွေ "
ထိုသူတို့မှာ ဇီချန်ကို ဉီးနှောက် ခွဲစိတ် စမ်းသပ်ရန်အတွက် ချုပ်ထားကြခြင်းပင်။ ထိုလူတို့ ရူးနေကြသည်လား။ ဇီချန်မှာ ကလေးတစ်ယောက်သာ ရှိသေးပြီး အလွန် ငယ်ရွယ်လွန်းသည်။ ယွင်ချဲ့မှာ အလွန် ရုန်းကန်နေသဖြင့် သူ၏ လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်တို့မှာ အလွန်နက်သည့် အနာတရ ဖြစ်နေသော်လည်း နာကျင်ခြင်းကို မခံစားရပေ။ ဇီချန်မှာ သူ့အစ်မ၏ တစ်ဉီးတည်းသော ကလေးဖြစ်ပြီး သူ၏သွေးသား တော်စပ်သော ဆွေမျိုးတစ်ယောက်လည်း ဖြစ်သည်။ ထိုကလေးကို လူ့မိစ္ဆာတို့၏ အစမ်းသပ်ခံအဖြစ် အသုံးချခံနေရသည်ကို သူမကြည့်နိုင်ပေ။
သို့သော်လည်း မည်မျှပင် ရုန်းကန် အော်ဟစ်စေကာမူ သုတေသနပြု လုပ်သူတို့မှာ သူတို့၏အော်ဟစ် ရုန်းကန်ခြင်းကို မမြင်ရ မကြားရဟန်နှင့် စမ်းသပ်မှုကိုသာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေကြလေသည်။
"ဒေါက်တာ ဟန် "
မျက်မှန် တပ်ဆင်ထားသည့် အသက် ၃ဝ အရွယ် လူတစ်ယောက်က တံခါးဝမှ တစ်ဆင့် ဖြတ်ဝင်လာသောအခါ စက်ရုပ်များအလား သွေးအေးနေသည့် သုတေသနပြုသူတို့မှာ ညီညွတ်စွာ ဉီးညွှတ်ကြလေသည်။ ထိုလူ၏ လက်မောင်းထဲတွင် အရပ်ရှည်ကာ ပြည့်ဖြိုးနေပြီး အလွန်လှပသော မိန်းကလေး တစ်ယောက်ကို ပွေ့ချီထားလေသည်။
"မင်းတို့လုပ်စရာရှိတာဆက်လုပ်ကြ"
ဒေါက်တာ ဟန်သည် အခြားသူများကို နှုတ်ဆက်လိုက်ပြီး မိန်းကလေးကို ယွင်ချဲ့ ရှေ့သို့ခေါ်ကာ တွေ့ဆုံ စေလိုက်သည်။ ထိုတွေ့ဆုံလိုက်ရသည့် အချိန်တွင် ယွင်ချဲ့ မျက်လုံးများ တုန်ယင်သွားကာ အံကြိတ်လိုက်ပြီး စကားစပြောလေသည်။
"ကျုပ်နဲ့ ချန်ချန်ကို ဒီနေရာဆီ ပို့လိုက်တာ ခင်ဗျားလား .. အစွမ်းရှိနေတဲ့ ကျုပ်ကို အစမ်းသပ်ခံ ဖြစ်အောင် ခင်ဗျားကြီး လုပ်တာလား"
မေးခွန်းထုတ် လိုက်သော်ငြား ယွင်ချဲ့၏ စိတ်ထဲတွင် ထိုလူကြီးမှာ စစ်ပွဲမတိုင်မီအထိ သူတက်ရောက်သည့် တက္ကသိုလ်မှ ဇီဝဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဟန်မင်ကျယ် ဖြစ်ကြောင်း သူသိလိုက်ရသည်။ ပါမောက္ခများ၏ အခန်းများကို သူမကြာခဏ သန့်ရှင်းရေး လုပ်ပေးတတ်ပြီး အချိန်ကြာလာသည် နှင့်အမျှ ရင်းနှီးသွားကြသည်။
စစ်ပွဲဖြစ်လာသည့်အခါ သူ၏ထူးခြားသော စွမ်းရည်တစ်ခုမှာလည်း နိုးထလာခဲ့ပြီးနောက် ကျောင်းမှ ထွက်ပြေးကာ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီကြလျက် အတူတကွနေထိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက် မိကြလေသည်။ ယွင်ချဲ့ အစ်မဖြစ်သူသေဆုံးခြင်းနှင့် အမြွာညီလေးမှာ ဖုတ်ကောင် ဖြစ်သွားခြင်းတို့ကို ကြုံကြိုက်ရသည့် အချိန်တွင် ထိုလူမှာ သူ့ဘေးနား ရှိနေခဲ့သဖြင့် ယနေ့ အချိန်ထိတိုင် ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူဟု ထင်မှတ်နေခဲ့သည်။
စစ်ပွဲကြောင့် ကမ္ဘာပျက်သည်အထိ သူ၏ဆွေမျိုး သားချင်းများ မရှိတော့လျှင်တောင်မှ သူ၏ချစ်သူ ရှိနေသေးသဖြင့် စိတ်သက်သာ ရသည်ဟု ထင်မှတ်ခဲ့သည်တို့မှာ အလိမ်အညာများဖြစ်နေသည်ကို သိလိုက်ရသည်။
၄ နှစ်ကြာ အတူရှိနေခဲ့ကြပြီး အစောပိုင်းကတည်းက ကြိုသိထားခဲ့သင့်သည်။ ထိုလူမှာ သူ့ကို အနမ်းပေးရန်ပင် မဆိုထားနှင့်၊ တစ်ခါပင် မထိမကိုင်ခဲ့။ သူ့ဘက်မှ တစ်ဆင့်ထက်တစ်ဆင့် ချဉ်းကပ်ခဲ့သော်လည်း ထိုလူက အမျိုးမျိုး အကြောင်းပြကာ ငြင်းဆန်သဖြင့် သူကလည်း မိုက်မဲစွာပင် ထိုအကြောင်းပြချက်တို့ကို လက်ခံခဲ့သည်။ ထိုလူမှာ သူ့ကို မထိကိုင်ချင်သောကြောင့်မဟုတ်ဘဲ ယောက်ျားတစ်ယောက်ကို မနှစ်သက်သောကြောင့် ထိတွေ့မလိုခြင်းဟု သိလိုက်ရလေပြီ။
ထိုအခိုက်မှာပင် ယွင်ချဲ့ ကံကောင်းသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ထိုသူနှင့်သာ ချစ်စခန်း ဖွင့်မိခဲ့လျှင် သူ့ကိုယ်သူ သတ်သေမိလိမ့်မည်။
"ဟုတ်တယ် .. ဒါပေမယ့် ငါမင်းကို ဒီကိုခေါ်လာတာ မဟုတ်ဘူး ယွင်ချဲ့ .. မင်းအတွေးမှားနေပြီ ငါ့ကိုအပြစ်မတင်ပါနဲ့ ... ငါက ငါလိုချင်တာကို ရအောင်ယူရုံပဲ"
သူ၏နူးညံ့သော မျက်ဝန်းများတွင် နွေးထွေးမှုများ ပျောက်ဆုံးနေသည်။ စစ်ဖြစ်လာပြီးနောက်တွင် တရားဝင် ဥပဒေများ မရှိတော့သဖြင့် လူအများ၏ ကိုယ်ကျင့်တရားနှင့် အသိတရားတို့မှာ ပျက်သုဉ်း လာခဲ့သည့်အပြင် ထိုလူမှာ သူလိုအပ်သည်ကို ရရန်အတွက် သူမချစ် မနှစ်သက်သော ယောကျ်ားတစ်ယောက် ရောင်းစားခဲ့သည်။
"စစ်တပ်ကတောင် နင့်ကို လိုချင်နေတာလေ သူတစ်ယောက်တည်း နင့်ကိုဘယ်လိုလုပ်ခေါ်လာနိုင်မှာလဲ .. အမှန်ကို ပြောရရင် ယွင်ချဲ့ သူ့ကိုကူပေးဖို့ ငါ့အစ်ကိုက လူတစ်ယောက်လွှတ်ပေးလိုက်တာ။ ငါတို့ ကျိုးမိသားစုအတွက် နင်နဲ့ အဲဒီ မိမစစ် ဖမစစ်လေးက ရှင်းလင်းပစ်သင့်တဲ့အမှိုက်တွေပဲ "
ထိုလှပသော မိန်းကလေး၏ မျက်နှာထားမှာ ပျက်ယွင်းလာသည်။ ထိုမိန်းကလေးမှာ ယွင်ယောင်နှင့် ယွင်ချဲ့တို့ကို မုန်းတီးသည့်အပြင် ယွင်ယောင် ထားရစ်ခဲ့သော ထိုကလေးကိုလည်း သူမ မုန်းတီးနေပြီး သူတို့ ယွင်မိသားစုကိုပါ အလွန် မုန်းတီးသူဖြစ်သည်။
"ယောက်ဖကလား? ဟက် .. ငါမသေတော့ဘူးလို့ ထင်ခဲ့ပေမယ့် မြို့တော်မှာ ရှိနေတဲ့ ဗိုလ်ချုပ်ကျိုး ကိုယ်တိုင်က လုပ်ခိုင်းတာဆိုတော့ ..."
ယွင်ချဲ့က စမ်းသပ်ခံ စားပွဲပေါ်တွင် လဲလျောင်းကာ လှောင်သရော်ဟန်နှင့် ပြောလိုက်သည်။
ဗိုလ်ချုပ် ကျိုးသည် သူ၏အစ်မ လက်ထပ်လိုသော ယောကျ်ား တစ်ယောက်ဖြစ်ပြီး ချန်ချန်၏ မိသားစု တစ်ဉီးလည်း ဖြစ်သည်။ သို့သော်လည်း ထိုသူတို့မှာ သူ့ကို နောက်ကျောဓါးထိုး သစ္စာဖောက်ခဲ့ကြပြီး သူ့ကိုလည်း ရှင်းလင်း ပစ်ချင်နေကြသည်။
"အို .. နင်က နင့်အစ်မ ယွင်ယောင်လိုပဲ အပေါစား ဆန်လိုက်တာ .. နင်တို့ ယွင် တစ်မိသားစုလုံး အပေါစားတွေပဲ"
သူ၏အမူအရာမှာ ခါးခါးသီးသီး မဖြစ်သွားဘဲ ထုံထိုင်းဟန် ဖြစ်နေသောကြောင့် ထိုအမျိုးသမီးမှာ ဒေါသ ပိုထွက်လာပြီး သူ့ကို ယခုချက်ချင်းပင် သတ်ချင်လိုစိတ်များ ဖြစ်လာသည်။
"ယွင်ချဲ့ .."
"ခွေးကောင် မင်းသူ့ကိုမထိနဲ့ သူ့အနားကပ်ဖို့ မင်းမထိုက်တန်ဘူး "
တစ်ဖက်ရှိ စားပွဲပေါ်တွင် လဲနေသော ချန်ချန်မှာ သတိရှိနေစဉ်မှာပင် ဉီးခေါင်းခွံကို ဖြုတ်ယူ ခံလိုက်ရသည်ကို ကြည့်နေရင်း သူမျက်ရည်များ ဖြည်မဆည်နိုင်အောင် ကျဆင်းလာတော့သည်။ သူ့အစ်မ၏ တစ်ဉီးတည်းသော သွေးသားကို သူမကာကွယ်နိုင်ခဲ့ပေ။
တောင်းပန်ပါတယ် ချန်ချန် ...
သူ၏အတွေးနှင့် မျက်လုံးထဲတွင် သွေးများ ဖုံးလွှမ်းနေသည့် ပုံရိပ်များသာ မြင်ယောင်နေရသည်။ ယွင်ချဲ့ လက်ကို ကျစ်အောင် လက်သီးဆုပ်ထားပြီး စိတ်ထဲမှနေ၍ သူ၏တူဖြစ်သူကိုသာ တောင်းပန်နေတော့သည်။
ယွင်ချဲ့မှာ အရှုံးပေးတော့မည့် ပုံစံဖြစ်လာသည့်အခါ ထိုအမျိုးသမီးက ဟန်မင်ကျယ်ကို လွှတ်လိုက်သည်။
"နေဉီး "
သူတို့နှစ်ယောက် ထွက်သွားဟန် ပြင်လိုက်စဉ် ယွင်ချဲ့ မျက်လုံးများ ပွင့်လာပြီး ဒေါသစိတ်တို့မှာလည်း ငြိမ်သက် နေလေသည်။ သူ၏ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထက်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ဖြစ်တည်လျက် ...
"မင်းတို့က ငါ့ကို ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုစုပေးကြတော့လည်း ငါက လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့ မဖြစ်ဘူးမလား"
ထိုစဉ် လေထုထဲမှ ပေါက်ကွဲသံ တစ်ခု ထွက်လာပြီး ယွင်ချဲ့၏ ခြေလက်တို့ကို ချည်နှောင်ထားသော သံကွင်းများမှာ ပြုတ်ထွက် ကုန်သည်။ စားပွဲပေါ်မှ ထထိုင်ကာ အခန်းထဲရှိသူတို့ အနား တစ်လှမ်းချင်း တိုးကာ ကပ်လျှောက်လာသဖြင့် အခြားသော သုတေသန ပြုသူတို့မှာလည်း သေခြင်းတရားကို ရင်ဆိုင်နေရ သကဲ့သို့ ကြောက်ရွံ့ကာ မလှုပ်မယှက်ရပ်နေကြသည်။
"မင်း .. မင်းဘာလုပ်ချင်လို့လဲ"
ဟန်မင်ကျယ်နှင့် ထိုအမျိုးသမီးတို့မှာလည်း အလွန် ကြောက်ရွံ့ နေကြသည်။ သူတို့ဘာကြောင့်များ ပြဿနာ ဖြစ်အောင် လုပ်ကြတာလဲ။ စစ်ကာလတွင် လူတစ်ယောက်ကို လူမသိသူမသိ ရှင်းလင်းလိုက်ခြင်းက အလွန် လွယ်ကူသော်လည်း ယွင်ချဲ့မှာ လျှပ်စီးနှင့်လေဟာပြင် စွမ်းအားတို့ကို ပိုင်ဆိုင်ထားသဖြင့် သူ့ကို ထိုနည်းနှင့် သတ်၍ မရနိုင်။
"မဟုတ်ဘူး .. မဖြစ်နိုင်တာ မင်းကို အတားအဆီး နှစ်ထပ်နဲ့ချုပ်ထားတာ"
ဟန်မင်ကျယ်မှာ ထိန်းချုပ်ဆေးများကို ကောင်းစွာ သိကျွမ်း နားလည်သည့်အပြင် စမ်းသပ်မှု များစွာကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် အထိတ်တလန့်နှင့် ယွင်ချဲ့ကို ကြည့်နေမိသည်။
"ပျက်သုဉ်း ကာလမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
ခရမ်းရောင်နှင့် အဖြူရောစပ်နေသော အလွန်ကြီးမားသည့် လျှပ်စီးတစ်ခုကို ယွင်ချဲ့ ဖန်တီးလိုက်ပြီး လူနှစ်ဉီးသို့ ပစ်လိုက်သည့်အခါ အလွန် ကျယ်လောင်သော အော်သံများထွက်ပေါ်လာသည်။ ဟန်မင်ကျယ်သည် စွမ်းအားရှင် မဟုတ်သဖြင့် တစ်ကိုယ်လုံးမှာ မီးသွေးကဲ့သို့လောင်ကျွမ်းသွားပြီး အမျိုးသမီးမှာ အသက်ရှင် ကျန်ခဲ့သည်။
ဟန်မင်ကျယ် သေဆုံး သွားခဲ့သော်လည်း ထူးဆန်းစွာ ယွင်ချဲ့ နှလုံးသား ကွဲကြေခြင်းကို မခံစားရပေ။ သူလည်း ဟန်မင်ကျယ်ကို မချစ်ခဲ့ဟု ယူဆ၍ရနိုင်သည်။ ပျက်သုဉ်း ကာလအတွင်း သူ့တွင် များပြားစွာ ဆုံးရှုံးခဲ့ရသဖြင့် ဟန်မင်ကျယ်၏ အတုအယောင် ကြင်နာမှုများကို သူပိုင်ဆိုင်ခဲ့ ရသဖြင့် စိတ်ယိမ်းယိုင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
အမျိုးသမီးကို တစ်ဖန် ကန်ရန် အပြေးမသွားတော့သည့် အပြင် လဲကျနေသော လောင်ကျွမ်းထားသည့် လူကိုလည်း မကြည့်တော့ဘဲ တစ်ဖက်စားပွဲကို လှည့်ကာ ယွင်ချဲ့ သူ၏စွမ်းအားကို ခဏတာ ထိန်းချုပ် ထားလိုက်သည်။ တူဖြစ်သူကို တွေ့လိုက်ရချိန်တွင် တူလေး၏ မျက်နှာမှာ သူ၏လက်တစ်ဝါးစာပင် မရှိတော့ပေ။ ထိုကလေးမှာ အသက် ၆ နှစ်ကျော်ပြီဖြစ်သော်လည်း ၃ နှစ် ၄ နှစ်အရွယ်ကဲ့သို့ အလွန် သေးညှက်နေပုံမှာ ကျိုးမိသားစုက သူ့အပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံသည်ကို ရိပ်မိနိုင်သည်။
"တောင်းပန်ပါတယ် .. အကုန်ဉီးဉီး အပြစ်တွေပါ ဉီးဉီး တောင်းပန်ပါတယ်"
အေးစက်နေသော ကလေးငယ်၏ လက်ကို ဆုပ်ကိုင်ကာ ယွင်ချဲ့ အလွန်ဝမ်းနည်းစွာ စားပွဲဘေးတွင် ဒူးထောက်လျက်သား ကျသွားလေသည်။ ယောက်ဖက သူ၏အစ်မကို အချစ်မြတ်နိုးပြီး သူ၏ကလေးကိုလည်း ကောင်းမွန်စွာ ဆက်ဆံမည်ဟု ရူးမိုက်စွာ မယုံကြည်ခဲ့လျှင်၊ သူသာ အတုယောင် အချစ်တွင်း မကျရောက်ခဲ့လျှင် ... အားလုံး သူတစ်ယောက်တည်း၏ အပြစ်ပင်။ တူလေးကို တွေ့တွေ့ချင်း အခြားနေရာကို ထွက်ပြေးခဲ့လျှင် ယခုကဲ့သို့ အခြေအနေ ဆိုးဝါးလိမ့်မည် မဟုတ်ပေ။
"ရပ်ကြည့် မနေကြနဲ့လေ သူ့ကိုအမြန်ဖမ်းကြ"
အမျိုးသမီးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လေသည်။ ယွင်ချဲ့မှာ ဝမ်းနည်းနေလျက်ဖြင့် မော့ကြည့်လေရာ သုတေသန ပြုသူအချို့က ဆေးထိုးအပ်များ ကိုင်ကာ အနားကပ် လာကြသည်ကို မြင်လိုက်ရသည်နှင့် ခွဲစိတ်ဓါးကိုယူကာ သုတေသနပြုသူများ၏ လည်ပင်းမှသွေးကြောများကို ဖြတ်တောက် ပစ်လိုက်လေသည်။ လူအများအပြား မြေပြင်ပေါ် လဲကုန်ကြပြီး သွေးများ စီးကျလာကာ မရပ်မနား ဆန့်တငင်ငင်ဖြစ်ကုန်ကြသည်။
"နောက်တစ်ယောက်"
သေဆုံးနေသည့် သုတေသနပြုသူ တစ်ယောက်အပေါ် ခြေထောက်တင် လိုက်ပြီး ခွဲစိတ်ဓါးကို ဆော့ကစားရင်း စွမ်းအားရှင် မဟုတ်ကြသော လူအများကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်သည်။ လျှပ်စီးအား ရှိနေသူနှင့် ရင်ဆိုင်ရန် သူတို့အတွက် မဖြစ်နိုင်သော ကိစ္စပင်။
"ယွင်ချဲ့ .. နင်ငါ့ကိုထိရင် ငါ့မိသားစုက နင့်ကို အလွှတ်ပေးလိမ့်မယ် မထင်နဲ့ "
ယွင်ချဲ့မှာ သေမင်းထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသဖြင့် အမျိုးသမီးလည်း အလွန်ကြောက်ရွံ့လာသည်။
"မင်းကိုယ်မင်း ကျိုး မိသားစုဝင် တစ်ယောက်လို့ ထင်နေတာလား? ငါသိသလောက်တော့ မင်းက မိဘ ဘယ်သူမှန်းတောင် မသိရတဲ့ မိဘမဲ့ တစ်ကောင်ကြွက်ဆို ... မစိုးရိမ်ပါနဲ့ ငါမင်းကို မသတ်ပါဘူး"
"နင် .."
ယွင်ချဲ့ စကားက ထိုအမျိုးသမီးကို နာကျင်စေမည်မှာ မလွဲဧကန်ပင်။ သူမမှာ အလွန်ဒေါသဖြစ်နေသဖြင့် မျက်နှာမှာလည်း တွန့်ချိုးနေပြီး တစ်ချိန်တည်းမှာပင် ယွင်ချဲ့ စကားကို လျစ်လျုရှု ထားလိုက်သည်။
"နင်ဘာလုပ်နေတာလဲ အရူး .. နင်ရူးနေပြီပဲ "
"ပြေးကြ သူရူးနေပြီ"
ယွင်ချဲ့မှာ အသက်မဲ့နေသော တူဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ပြီး လျှပ်စီးစွမ်းအားကို ထုတ်ကာ တူလေး၏ကိုယ်ကို ပြာမှုန့်များ ဖြစ်စေလိုက်သည့် မြင်ကွင်းကြောင့် ကျန်ရှိနေသော သုတေသန ပြုသူတို့က တံခါးဝသို့ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။
"ငါ့တူကို သတ်ပြီး ပြေးချင်ကြတယ်လား .. ဒီစမ်းသပ်ရုံ တစ်ခုလုံးကို ငါ့တူရဲ့ ပြာမှုန့်နဲ့အတူ နစ်မြှုပ်ပစ်မယ်"
တူဖြစ်သူ၏ ခန္ဓာကိုယ်မှာ စမ်းသပ် စစ်ဆေးရန် မဖြစ်နိုင်တော့ကြောင်း သေချာ အတည်ပြုပြီးနောက် ယွင်ချဲ့ ခေါင်းကို မော့လိုက်သည့်အခါ သူ၏မျက်နှာမှာ ခံစားချက်မဲ့ကာ အရူးတစ်ပိုင်းပမာ ဖြစ်နေခဲ့ပြီး စွမ်းအားများလည်း တောက်လောင်လာသည်။ ထိုသို့ကြီးမားသော အစွမ်းကို ယွင်ချဲ့ ကိုယ်တိုင်ပင် မအံတုနိုင်ဘဲ သူ၏အရေပြားမှ တစ်ဆင့် သွေးများ စိမ့်ထွက်လာပြီး တစ်ကိုယ်လုံးမှာလည်း သွေးများဖြင့် စိုရွှဲသွားလေသည်။
"အတူတူသေကြတာပေါ့ "
"မလုပ်နဲ့ ..."
ဝုန်း
သူ့ဘဝ၏ နောက်ဆုံး အပြုံးနှင့်အတူ ယွင်ချဲ့သည် ကိုယ်တွင်း၌ စုပုံလာသော လျှပ်စီး မိုးကြိုးစွမ်းအားကို လွှတ်ထုတ် လိုက်သည့်အခါ မိုးခြိမ်းသံကဲ့သို့ စမ်းသပ်ရုံ တစ်ခုလုံး ပဲ့တင်ထပ် မြည်ဟည်း သွားလေသည်။ ဖြစ်ပျက်သွားသည့် အကြောင်းရာတို့ကို မည်သူမှ မသိလိုက်ကြပေ။ သို့သော် မြေအောက် လျှို့ဝှက် စမ်းသပ်ခန်းမှာ ပြိုကျပျက်စီးသွားပြီး သုတေသန ပြုသူများနှင့် အစမ်းသပ်ခံ ဖုတ်ကောင်များမှာ အပျက်အစီးများ အောက်တွင် အသက်ရှင်သန်ရန် မဖြစ်နိုင်တော့သည်မှာ အသေအချာပင်။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၁)
"ကယ္ပါဉီး ဉီးဉီး ... ကယ္ပါဉီး "
"မလုပ္နဲ႔ မင္းတို႔ေတြ ခ်န္ခ်န္ ကို မထိၾကနဲ႔ .. သူ႕ကိုလႊတ္လိုက္"
ကိရိယာ တန္ဆာ အမ်ိဳးမ်ိဳး ျပည့္ႏွက္ေနသည့္ ဓါတ္ခြဲခန္းထဲမွေန၍ ကေလးငယ္ တစ္ဉီး၏ေအာ္ငိုသံႏွင့္ ေယာက်္ားတစ္ဉီး၏ အသံမ်ား ထြက္ေပၚလာခဲ့သည္။ အကြာအေဝး ႏွစ္မီတာသာျခားေသာ စားပြဲတစ္လုံးေပၚတြင္ ခ်ည္ေႏွာင္ ခံရထားရေသာ အသက္ ၂၄ ႏွစ္အ႐ြယ္ ယြင္ခ်ဲ႕ ႏွင့္ ၆ ႏွစ္အ႐ြယ္ တူျဖစ္သူ က်ိဳးဇီခ်န္တို႔မွာ ႐ုန္းကန္ ေနၾကေသာ္လည္း သူတို႔ကို ဂ႐ုစိုက္သူမ႐ွိေပ။ အျဖဴေရာင္ ကုတ္အက်ႌ ဝတ္ဆင္ထားၾကသည့္ သုေတသန ပညာ႐ွင္မ်ားက ကိရိယာမ်ားကို က်ိဳးဇီခ်န္ အနားေ႐ြ႕ကပ္ ထားလိုက္သည္။
"ဉီးဉီး ဉီးဉီး "
လူတစ္ေယာက္က အမ်ိဳးအမည္ မသိေသာ အရည္တစ္မ်ိဳးကို က်ိဳးဇီခ်န္၏ လက္ေမာင္း မွတစ္ဆင့္ ထိုးသြင္းလိုက္ၿပီးေနာက္ ကေလးငယ္ေလး၏ ငိုသံမွာ အားေလ်ာ့ လာေလသည္။ ထိုသူတို႔မွာ မူးယစ္ေဆး တစ္မ်ိဳး ေပးလိုက္ၿပီး ကေလးငယ္၏ ဆံပင္မ်ားကို ရိတ္သင္ကာ ခြဲစိတ္မႈကို စတင္ၾကေလသည္။ ခြဲစိတ္ဓါးကို ကိုင္လိုက္ၾကသည္ႏွင့္ ယြင္ခ်ဲ႕၏ မ်က္လုံးတို႔မွာ အဆမတန္ က်ယ္သြားသည္။
"သူ႕ကိုမထိၾကနဲ႔ မၾကားဘူးလား မိစၧာေကာင္ေတြ "
ထိုသူတို႔မွာ ဇီခ်န္ကို ဉီးေႏွာက္ ခြဲစိတ္ စမ္းသပ္ရန္အတြက္ ခ်ဳပ္ထားၾကျခင္းပင္။ ထိုလူတို႔ ႐ူးေနၾကသည္လား။ ဇီခ်န္မွာ ကေလးတစ္ေယာက္သာ ႐ွိေသးၿပီး အလြန္ ငယ္႐ြယ္လြန္းသည္။ ယြင္ခ်ဲ႕မွာ အလြန္ ႐ုန္းကန္ေနသျဖင့္ သူ၏ လက္ေကာက္ဝတ္ႏွင့္ ေျခခ်င္းဝတ္တို႔မွာ အလြန္နက္သည့္ အနာတရ ျဖစ္ေနေသာ္လည္း နာက်င္ျခင္းကို မခံစားရေပ။ ဇီခ်န္မွာ သူ႕အစ္မ၏ တစ္ဉီးတည္းေသာ ကေလးျဖစ္ၿပီး သူ၏ေသြးသား ေတာ္စပ္ေသာ ေဆြမ်ိဳးတစ္ေယာက္လည္း ျဖစ္သည္။ ထိုကေလးကို လူ႕မိစၧာတို႔၏ အစမ္းသပ္ခံအျဖစ္ အသုံးခ်ခံေနရသည္ကို သူမၾကည့္ႏိုင္ေပ။
သို႔ေသာ္လည္း မည္မွ်ပင္ ႐ုန္းကန္ ေအာ္ဟစ္ေစကာမူ သုေတသနျပဳ လုပ္သူတို႔မွာ သူတို႔၏ေအာ္ဟစ္ ႐ုန္းကန္ျခင္းကို မျမင္ရ မၾကားရဟန္ႏွင့္ စမ္းသပ္မႈကိုသာ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္ေဆာင္ေနၾကေလသည္။
"ေဒါက္တာ ဟန္ "
မ်က္မွန္ တပ္ဆင္ထားသည့္ အသက္ ၃ဝ အ႐ြယ္ လူတစ္ေယာက္က တံခါးဝမွ တစ္ဆင့္ ျဖတ္ဝင္လာေသာအခါ စက္႐ုပ္မ်ားအလား ေသြးေအးေနသည့္ သုေတသနျပဳသူတို႔မွာ ညီၫြတ္စြာ ဉီးၫႊတ္ၾကေလသည္။ ထိုလူ၏ လက္ေမာင္းထဲတြင္ အရပ္႐ွည္ကာ ျပည့္ၿဖိဳးေနၿပီး အလြန္လွပေသာ မိန္းကေလး တစ္ေယာက္ကို ေပြ႕ခ်ီထားေလသည္။
"မင္းတို႔လုပ္စရာ႐ွိတာဆက္လုပ္ၾက"
ေဒါက္တာ ဟန္သည္ အျခားသူမ်ားကို ႏႈတ္ဆက္လိုက္ၿပီး မိန္းကေလးကို ယြင္ခ်ဲ႕ ေ႐ွ႕သို႔ေခၚကာ ေတြ႕ဆုံ ေစလိုက္သည္။ ထိုေတြ႕ဆုံလိုက္ရသည့္ အခ်ိန္တြင္ ယြင္ခ်ဲ႕ မ်က္လုံးမ်ား တုန္ယင္သြားကာ အံႀကိတ္လိုက္ၿပီး စကားစေျပာေလသည္။
"က်ဳပ္နဲ႔ ခ်န္ခ်န္ကို ဒီေနရာဆီ ပို႔လိုက္တာ ခင္ဗ်ားလား .. အစြမ္း႐ွိေနတဲ့ က်ဳပ္ကို အစမ္းသပ္ခံ ျဖစ္ေအာင္ ခင္ဗ်ားႀကီး လုပ္တာလား"
ေမးခြန္းထုတ္ လိုက္ေသာ္ျငား ယြင္ခ်ဲ႕၏ စိတ္ထဲတြင္ ထိုလူႀကီးမွာ စစ္ပြဲမတိုင္မီအထိ သူတက္ေရာက္သည့္ တကၠသိုလ္မွ ဇီဝေဗဒဆိုင္ရာ တြဲဖက္ပါေမာကၡ ဟန္မင္က်ယ္ ျဖစ္ေၾကာင္း သူသိလိုက္ရသည္။ ပါေမာကၡမ်ား၏ အခန္းမ်ားကို သူမၾကာခဏ သန္႔႐ွင္းေရး လုပ္ေပးတတ္ၿပီး အခ်ိန္ၾကာလာသည္ ႏွင့္အမွ် ရင္းႏွီးသြားၾကသည္။
စစ္ပြဲျဖစ္လာသည့္အခါ သူ၏ထူးျခားေသာ စြမ္းရည္တစ္ခုမွာလည္း ႏိုးထလာခဲ့ၿပီးေနာက္ ေက်ာင္းမွ ထြက္ေျပးကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ေဖးမကူညီၾကလ်က္ အတူတကြေနထိုင္ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ႀကိဳက္ မိၾကေလသည္။ ယြင္ခ်ဲ႕ အစ္မျဖစ္သူေသဆုံးျခင္းႏွင့္ အႁမြာညီေလးမွာ ဖုတ္ေကာင္ ျဖစ္သြားျခင္းတို႔ကို ၾကဳံႀကိဳက္ရသည့္ အခ်ိန္တြင္ ထိုလူမွာ သူ႕ေဘးနား ႐ွိေနခဲ့သျဖင့္ ယေန႔ အခ်ိန္ထိတိုင္ ကိုယ့္ကိုယ္ကိုယ္ ကံေကာင္းသူဟု ထင္မွတ္ေနခဲ့သည္။
စစ္ပြဲေၾကာင့္ ကမ႓ာပ်က္သည္အထိ သူ၏ေဆြမ်ိဳး သားခ်င္းမ်ား မ႐ွိေတာ့လွ်င္ေတာင္မွ သူ၏ခ်စ္သူ ႐ွိေနေသးသျဖင့္ စိတ္သက္သာ ရသည္ဟု ထင္မွတ္ခဲ့သည္တို႔မွာ အလိမ္အညာမ်ားျဖစ္ေနသည္ကို သိလိုက္ရသည္။
၄ ႏွစ္ၾကာ အတူ႐ွိေနခဲ့ၾကၿပီး အေစာပိုင္းကတည္းက ႀကိဳသိထားခဲ့သင့္သည္။ ထိုလူမွာ သူ႕ကို အနမ္းေပးရန္ပင္ မဆိုထားႏွင့္၊ တစ္ခါပင္ မထိမကိုင္ခဲ့။ သူ႕ဘက္မွ တစ္ဆင့္ထက္တစ္ဆင့္ ခ်ဥ္းကပ္ခဲ့ေသာ္လည္း ထိုလူက အမ်ိဳးမ်ိဳး အေၾကာင္းျပကာ ျငင္းဆန္သျဖင့္ သူကလည္း မိုက္မဲစြာပင္ ထိုအေၾကာင္းျပခ်က္တို႔ကို လက္ခံခဲ့သည္။ ထိုလူမွာ သူ႕ကို မထိကိုင္ခ်င္ေသာေၾကာင့္မဟုတ္ဘဲ ေယာက်္ားတစ္ေယာက္ကို မႏွစ္သက္ေသာေၾကာင့္ ထိေတြ႕မလိုျခင္းဟု သိလိုက္ရေလၿပီ။
ထိုအခိုက္မွာပင္ ယြင္ခ်ဲ႕ ကံေကာင္းသည္ဟု ခံစားမိလိုက္သည္။ အကယ္၍ ထိုသူႏွင့္သာ ခ်စ္စခန္း ဖြင့္မိခဲ့လွ်င္ သူ႕ကိုယ္သူ သတ္ေသမိလိမ့္မည္။
"ဟုတ္တယ္ .. ဒါေပမယ့္ ငါမင္းကို ဒီကိုေခၚလာတာ မဟုတ္ဘူး ယြင္ခ်ဲ႕ .. မင္းအေတြးမွားေနၿပီ ငါ့ကိုအျပစ္မတင္ပါနဲ႔ ... ငါက ငါလိုခ်င္တာကို ရေအာင္ယူ႐ုံပဲ"
သူ၏ႏူးညံ့ေသာ မ်က္ဝန္းမ်ားတြင္ ေႏြးေထြးမႈမ်ား ေပ်ာက္ဆုံးေနသည္။ စစ္ျဖစ္လာၿပီးေနာက္တြင္ တရားဝင္ ဥပေဒမ်ား မ႐ွိေတာ့သျဖင့္ လူအမ်ား၏ ကိုယ္က်င့္တရားႏွင့္ အသိတရားတို႔မွာ ပ်က္သုဥ္း လာခဲ့သည့္အျပင္ ထိုလူမွာ သူလိုအပ္သည္ကို ရရန္အတြက္ သူမခ်စ္ မႏွစ္သက္ေသာ ေယာက်္ားတစ္ေယာက္ ေရာင္းစားခဲ့သည္။
"စစ္တပ္ကေတာင္ နင့္ကို လိုခ်င္ေနတာေလ သူတစ္ေယာက္တည္း နင့္ကိုဘယ္လိုလုပ္ေခၚလာႏိုင္မွာလဲ .. အမွန္ကို ေျပာရရင္ ယြင္ခ်ဲ႕ သူ႕ကိုကူေပးဖို႔ ငါ့အစ္ကိုက လူတစ္ေယာက္လႊတ္ေပးလိုက္တာ။ ငါတို႔ က်ိဳးမိသားစုအတြက္ နင္နဲ႔ အဲဒီ မိမစစ္ ဖမစစ္ေလးက ႐ွင္းလင္းပစ္သင့္တဲ့အမိႈက္ေတြပဲ "
ထိုလွပေသာ မိန္းကေလး၏ မ်က္ႏွာထားမွာ ပ်က္ယြင္းလာသည္။ ထိုမိန္းကေလးမွာ ယြင္ေယာင္ႏွင့္ ယြင္ခ်ဲ႕တို႔ကို မုန္းတီးသည့္အျပင္ ယြင္ေယာင္ ထားရစ္ခဲ့ေသာ ထိုကေလးကိုလည္း သူမ မုန္းတီးေနၿပီး သူတို႔ ယြင္မိသားစုကိုပါ အလြန္ မုန္းတီးသူျဖစ္သည္။
"ေယာက္ဖကလား? ဟက္ .. ငါမေသေတာ့ဘူးလို႔ ထင္ခဲ့ေပမယ့္ ၿမိဳ႕ေတာ္မွာ ႐ွိေနတဲ့ ဗိုလ္ခ်ဳပ္က်ိဳး ကိုယ္တိုင္က လုပ္ခိုင္းတာဆိုေတာ့ ..."
ယြင္ခ်ဲ႕က စမ္းသပ္ခံ စားပြဲေပၚတြင္ လဲေလ်ာင္းကာ ေလွာင္သေရာ္ဟန္ႏွင့္ ေျပာလိုက္သည္။
ဗိုလ္ခ်ဳပ္ က်ိဳးသည္ သူ၏အစ္မ လက္ထပ္လိုေသာ ေယာက်္ား တစ္ေယာက္ျဖစ္ၿပီး ခ်န္ခ်န္၏ မိသားစု တစ္ဉီးလည္း ျဖစ္သည္။ သို႔ေသာ္လည္း ထိုသူတို႔မွာ သူ႕ကို ေနာက္ေက်ာဓါးထိုး သစၥာေဖာက္ခဲ့ၾကၿပီး သူ႕ကိုလည္း ႐ွင္းလင္း ပစ္ခ်င္ေနၾကသည္။
"အို .. နင္က နင့္အစ္မ ယြင္ေယာင္လိုပဲ အေပါစား ဆန္လိုက္တာ .. နင္တို႔ ယြင္ တစ္မိသားစုလုံး အေပါစားေတြပဲ"
သူ၏အမူအရာမွာ ခါးခါးသီးသီး မျဖစ္သြားဘဲ ထုံထိုင္းဟန္ ျဖစ္ေနေသာေၾကာင့္ ထိုအမ်ိဳးသမီးမွာ ေဒါသ ပိုထြက္လာၿပီး သူ႕ကို ယခုခ်က္ခ်င္းပင္ သတ္ခ်င္လိုစိတ္မ်ား ျဖစ္လာသည္။
"ယြင္ခ်ဲ႕ .."
"ေခြးေကာင္ မင္းသူ႕ကိုမထိနဲ႔ သူ႕အနားကပ္ဖို႔ မင္းမထိုက္တန္ဘူး "
တစ္ဖက္႐ွိ စားပြဲေပၚတြင္ လဲေနေသာ ခ်န္ခ်န္မွာ သတိ႐ွိေနစဥ္မွာပင္ ဉီးေခါင္းခြံကို ျဖဳတ္ယူ ခံလိုက္ရသည္ကို ၾကည့္ေနရင္း သူမ်က္ရည္မ်ား ျဖည္မဆည္ႏိုင္ေအာင္ က်ဆင္းလာေတာ့သည္။ သူ႕အစ္မ၏ တစ္ဉီးတည္းေသာ ေသြးသားကို သူမကာကြယ္ႏိုင္ခဲ့ေပ။
ေတာင္းပန္ပါတယ္ ခ်န္ခ်န္ ...
သူ၏အေတြးႏွင့္ မ်က္လုံးထဲတြင္ ေသြးမ်ား ဖုံးလႊမ္းေနသည့္ ပုံရိပ္မ်ားသာ ျမင္ေယာင္ေနရသည္။ ယြင္ခ်ဲ႕ လက္ကို က်စ္ေအာင္ လက္သီးဆုပ္ထားၿပီး စိတ္ထဲမွေန၍ သူ၏တူျဖစ္သူကိုသာ ေတာင္းပန္ေနေတာ့သည္။
ယြင္ခ်ဲ႕မွာ အ႐ႈံးေပးေတာ့မည့္ ပုံစံျဖစ္လာသည့္အခါ ထိုအမ်ိဳးသမီးက ဟန္မင္က်ယ္ကို လႊတ္လိုက္သည္။
"ေနဉီး "
သူတို႔ႏွစ္ေယာက္ ထြက္သြားဟန္ ျပင္လိုက္စဥ္ ယြင္ခ်ဲ႕ မ်က္လုံးမ်ား ပြင့္လာၿပီး ေဒါသစိတ္တို႔မွာလည္း ၿငိမ္သက္ ေနေလသည္။ သူ၏ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာထက္တြင္လည္း ထူးဆန္းေသာ အျပဳံးတစ္ခု ျဖစ္တည္လ်က္ ...
"မင္းတို႔က ငါ့ကို ဒီလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျပဳစုေပးၾကေတာ့လည္း ငါက လက္ဗလာနဲ႔ ျပန္လႊတ္လိုက္လို႔ မျဖစ္ဘူးမလား"
ထိုစဥ္ ေလထုထဲမွ ေပါက္ကြဲသံ တစ္ခု ထြက္လာၿပီး ယြင္ခ်ဲ႕၏ ေျခလက္တို႔ကို ခ်ည္ေႏွာင္ထားေသာ သံကြင္းမ်ားမွာ ျပဳတ္ထြက္ ကုန္သည္။ စားပြဲေပၚမွ ထထိုင္ကာ အခန္းထဲ႐ွိသူတို႔ အနား တစ္လွမ္းခ်င္း တိုးကာ ကပ္ေလွ်ာက္လာသျဖင့္ အျခားေသာ သုေတသန ျပဳသူတို႔မွာလည္း ေသျခင္းတရားကို ရင္ဆိုင္ေနရ သကဲ့သို႔ ေၾကာက္႐ြံ႕ကာ မလႈပ္မယွက္ရပ္ေနၾကသည္။
"မင္း .. မင္းဘာလုပ္ခ်င္လို႔လဲ"
ဟန္မင္က်ယ္ႏွင့္ ထိုအမ်ိဳးသမီးတို႔မွာလည္း အလြန္ ေၾကာက္႐ြံ႕ ေနၾကသည္။ သူတို႔ဘာေၾကာင့္မ်ား ျပႆနာ ျဖစ္ေအာင္ လုပ္ၾကတာလဲ။ စစ္ကာလတြင္ လူတစ္ေယာက္ကို လူမသိသူမသိ ႐ွင္းလင္းလိုက္ျခင္းက အလြန္ လြယ္ကူေသာ္လည္း ယြင္ခ်ဲ႕မွာ လွ်ပ္စီးႏွင့္ေလဟာျပင္ စြမ္းအားတို႔ကို ပိုင္ဆိုင္ထားသျဖင့္ သူ႕ကို ထိုနည္းႏွင့္ သတ္၍ မရႏိုင္။
"မဟုတ္ဘူး .. မျဖစ္ႏိုင္တာ မင္းကို အတားအဆီး ႏွစ္ထပ္နဲ႔ခ်ဳပ္ထားတာ"
ဟန္မင္က်ယ္မွာ ထိန္းခ်ဳပ္ေဆးမ်ားကို ေကာင္းစြာ သိကြၽမ္း နားလည္သည့္အျပင္ စမ္းသပ္မႈ မ်ားစြာကိုလည္း ျပဳလုပ္ခဲ့ၿပီး ျဖစ္ေသာေၾကာင့္ အထိတ္တလန္႔ႏွင့္ ယြင္ခ်ဲ႕ကို ၾကည့္ေနမိသည္။
"ပ်က္သုဥ္း ကာလမွာ မျဖစ္ႏိုင္ဘူးဆိုတာ မ႐ွိဘူး"
ခရမ္းေရာင္ႏွင့္ အျဖဴေရာစပ္ေနေသာ အလြန္ႀကီးမားသည့္ လွ်ပ္စီးတစ္ခုကို ယြင္ခ်ဲ႕ ဖန္တီးလိုက္ၿပီး လူႏွစ္ဉီးသို႔ ပစ္လိုက္သည့္အခါ အလြန္ က်ယ္ေလာင္ေသာ ေအာ္သံမ်ားထြက္ေပၚလာသည္။ ဟန္မင္က်ယ္သည္ စြမ္းအား႐ွင္ မဟုတ္သျဖင့္ တစ္ကိုယ္လုံးမွာ မီးေသြးကဲ့သို႔ေလာင္ကြၽမ္းသြားၿပီး အမ်ိဳးသမီးမွာ အသက္႐ွင္ က်န္ခဲ့သည္။
ဟန္မင္က်ယ္ ေသဆုံး သြားခဲ့ေသာ္လည္း ထူးဆန္းစြာ ယြင္ခ်ဲ႕ ႏွလုံးသား ကြဲေၾကျခင္းကို မခံစားရေပ။ သူလည္း ဟန္မင္က်ယ္ကို မခ်စ္ခဲ့ဟု ယူဆ၍ရႏိုင္သည္။ ပ်က္သုဥ္း ကာလအတြင္း သူ႕တြင္ မ်ားျပားစြာ ဆုံး႐ႈံးခဲ့ရသျဖင့္ ဟန္မင္က်ယ္၏ အတုအေယာင္ ၾကင္နာမႈမ်ားကို သူပိုင္ဆိုင္ခဲ့ ရသျဖင့္ စိတ္ယိမ္းယိုင္ခဲ့ျခင္းသာ ျဖစ္လိမ့္မည္။
အမ်ိဳးသမီးကို တစ္ဖန္ ကန္ရန္ အေျပးမသြားေတာ့သည့္ အျပင္ လဲက်ေနေသာ ေလာင္ကြၽမ္းထားသည့္ လူကိုလည္း မၾကည့္ေတာ့ဘဲ တစ္ဖက္စားပြဲကို လွည့္ကာ ယြင္ခ်ဲ႕ သူ၏စြမ္းအားကို ခဏတာ ထိန္းခ်ဳပ္ ထားလိုက္သည္။ တူျဖစ္သူကို ေတြ႕လိုက္ရခ်ိန္တြင္ တူေလး၏ မ်က္ႏွာမွာ သူ၏လက္တစ္ဝါးစာပင္ မ႐ွိေတာ့ေပ။ ထိုကေလးမွာ အသက္ ၆ ႏွစ္ေက်ာ္ၿပီျဖစ္ေသာ္လည္း ၃ ႏွစ္ ၄ ႏွစ္အ႐ြယ္ကဲ့သို႔ အလြန္ ေသးညႇက္ေနပုံမွာ က်ိဳးမိသားစုက သူ႕အေပၚ ေကာင္းေကာင္းမြန္မြန္ မဆက္ဆံသည္ကို ရိပ္မိႏိုင္သည္။
"ေတာင္းပန္ပါတယ္ .. အကုန္ဉီးဉီး အျပစ္ေတြပါ ဉီးဉီး ေတာင္းပန္ပါတယ္"
ေအးစက္ေနေသာ ကေလးငယ္၏ လက္ကို ဆုပ္ကိုင္ကာ ယြင္ခ်ဲ႕ အလြန္ဝမ္းနည္းစြာ စားပြဲေဘးတြင္ ဒူးေထာက္လ်က္သား က်သြားေလသည္။ ေယာက္ဖက သူ၏အစ္မကို အခ်စ္ျမတ္ႏိုးၿပီး သူ၏ကေလးကိုလည္း ေကာင္းမြန္စြာ ဆက္ဆံမည္ဟု ႐ူးမိုက္စြာ မယုံၾကည္ခဲ့လွ်င္၊ သူသာ အတုေယာင္ အခ်စ္တြင္း မက်ေရာက္ခဲ့လွ်င္ ... အားလုံး သူတစ္ေယာက္တည္း၏ အျပစ္ပင္။ တူေလးကို ေတြ႕ေတြ႕ခ်င္း အျခားေနရာကို ထြက္ေျပးခဲ့လွ်င္ ယခုကဲ့သို႔ အေျခအေန ဆိုးဝါးလိမ့္မည္ မဟုတ္ေပ။
"ရပ္ၾကည့္ မေနၾကနဲ႔ေလ သူ႕ကိုအျမန္ဖမ္းၾက"
အမ်ိဳးသမီးက ႐ုတ္တရက္ က်ယ္ေလာင္စြာ ေအာ္ဟစ္ေလသည္။ ယြင္ခ်ဲ႕မွာ ဝမ္းနည္းေနလ်က္ျဖင့္ ေမာ့ၾကည့္ေလရာ သုေတသန ျပဳသူအခ်ိဳ႕က ေဆးထိုးအပ္မ်ား ကိုင္ကာ အနားကပ္ လာၾကသည္ကို ျမင္လိုက္ရသည္ႏွင့္ ခြဲစိတ္ဓါးကိုယူကာ သုေတသနျပဳသူမ်ား၏ လည္ပင္းမွေသြးေၾကာမ်ားကို ျဖတ္ေတာက္ ပစ္လိုက္ေလသည္။ လူအမ်ားအျပား ေျမျပင္ေပၚ လဲကုန္ၾကၿပီး ေသြးမ်ား စီးက်လာကာ မရပ္မနား ဆန္႔တငင္ငင္ျဖစ္ကုန္ၾကသည္။
"ေနာက္တစ္ေယာက္"
ေသဆုံးေနသည့္ သုေတသနျပဳသူ တစ္ေယာက္အေပၚ ေျခေထာက္တင္ လိုက္ၿပီး ခြဲစိတ္ဓါးကို ေဆာ့ကစားရင္း စြမ္းအား႐ွင္ မဟုတ္ၾကေသာ လူအမ်ားကို ၾကည့္ကာ ယြင္ခ်ဲ႕ ေျပာလိုက္သည္။ လွ်ပ္စီးအား ႐ွိေနသူႏွင့္ ရင္ဆိုင္ရန္ သူတို႔အတြက္ မျဖစ္ႏိုင္ေသာ ကိစၥပင္။
"ယြင္ခ်ဲ႕ .. နင္ငါ့ကိုထိရင္ ငါ့မိသားစုက နင့္ကို အလႊတ္ေပးလိမ့္မယ္ မထင္နဲ႔ "
ယြင္ခ်ဲ႕မွာ ေသမင္းထက္ပင္ ပို၍ ေၾကာက္စရာ ေကာင္းေနသျဖင့္ အမ်ိဳးသမီးလည္း အလြန္ေၾကာက္႐ြံ႕လာသည္။
"မင္းကိုယ္မင္း က်ိဳး မိသားစုဝင္ တစ္ေယာက္လို႔ ထင္ေနတာလား? ငါသိသေလာက္ေတာ့ မင္းက မိဘ ဘယ္သူမွန္းေတာင္ မသိရတဲ့ မိဘမဲ့ တစ္ေကာင္ႂကြက္ဆို ... မစိုးရိမ္ပါနဲ႔ ငါမင္းကို မသတ္ပါဘူး"
"နင္ .."
ယြင္ခ်ဲ႕ စကားက ထိုအမ်ိဳးသမီးကို နာက်င္ေစမည္မွာ မလြဲဧကန္ပင္။ သူမမွာ အလြန္ေဒါသျဖစ္ေနသျဖင့္ မ်က္ႏွာမွာလည္း တြန္႔ခ်ိဳးေနၿပီး တစ္ခ်ိန္တည္းမွာပင္ ယြင္ခ်ဲ႕ စကားကို လ်စ္လ်ဳ႐ႈ ထားလိုက္သည္။
"နင္ဘာလုပ္ေနတာလဲ အ႐ူး .. နင္႐ူးေနၿပီပဲ "
"ေျပးၾက သူ႐ူးေနၿပီ"
ယြင္ခ်ဲ႕မွာ အသက္မဲ့ေနေသာ တူျဖစ္သူ၏ ခႏၶာကိုယ္ကို ေပြ႕ခ်ီလိုက္ၿပီး လွ်ပ္စီးစြမ္းအားကို ထုတ္ကာ တူေလး၏ကိုယ္ကို ျပာမႈန္႔မ်ား ျဖစ္ေစလိုက္သည့္ ျမင္ကြင္းေၾကာင့္ က်န္႐ွိေနေသာ သုေတသန ျပဳသူတို႔က တံခါးဝသို႔ ေၾကာက္လန္႔တၾကား ထြက္ေျပးၾကေလသည္။
"ငါ့တူကို သတ္ၿပီး ေျပးခ်င္ၾကတယ္လား .. ဒီစမ္းသပ္႐ုံ တစ္ခုလုံးကို ငါ့တူရဲ႕ ျပာမႈန္႔နဲ႔အတူ နစ္ျမႇဳပ္ပစ္မယ္"
တူျဖစ္သူ၏ ခႏၶာကိုယ္မွာ စမ္းသပ္ စစ္ေဆးရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း ေသခ်ာ အတည္ျပဳၿပီးေနာက္ ယြင္ခ်ဲ႕ ေခါင္းကို ေမာ့လိုက္သည့္အခါ သူ၏မ်က္ႏွာမွာ ခံစားခ်က္မဲ့ကာ အ႐ူးတစ္ပိုင္းပမာ ျဖစ္ေနခဲ့ၿပီး စြမ္းအားမ်ားလည္း ေတာက္ေလာင္လာသည္။ ထိုသို႔ႀကီးမားေသာ အစြမ္းကို ယြင္ခ်ဲ႕ ကိုယ္တိုင္ပင္ မအံတုႏိုင္ဘဲ သူ၏အေရျပားမွ တစ္ဆင့္ ေသြးမ်ား စိမ့္ထြက္လာၿပီး တစ္ကိုယ္လုံးမွာလည္း ေသြးမ်ားျဖင့္ စို႐ႊဲသြားေလသည္။
"အတူတူေသၾကတာေပါ့ "
"မလုပ္နဲ႔ ..."
ဝုန္း
သူ႕ဘဝ၏ ေနာက္ဆုံး အျပဳံးႏွင့္အတူ ယြင္ခ်ဲ႕သည္ ကိုယ္တြင္း၌ စုပုံလာေသာ လွ်ပ္စီး မိုးႀကိဳးစြမ္းအားကို လႊတ္ထုတ္ လိုက္သည့္အခါ မိုးၿခိမ္းသံကဲ့သို႔ စမ္းသပ္႐ုံ တစ္ခုလုံး ပဲ့တင္ထပ္ ျမည္ဟည္း သြားေလသည္။ ျဖစ္ပ်က္သြားသည့္ အေၾကာင္းရာတို႔ကို မည္သူမွ မသိလိုက္ၾကေပ။ သို႔ေသာ္ ေျမေအာက္ လွ်ိဳ႕ဝွက္ စမ္းသပ္ခန္းမွာ ၿပိဳက်ပ်က္စီးသြားၿပီး သုေတသန ျပဳသူမ်ားႏွင့္ အစမ္းသပ္ခံ ဖုတ္ေကာင္မ်ားမွာ အပ်က္အစီးမ်ား ေအာက္တြင္ အသက္႐ွင္သန္ရန္ မျဖစ္ႏိုင္ေတာ့သည္မွာ အေသအခ်ာပင္။
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ