“ဘယ်လိုလုပ်ပေးမလဲ။ ကျွန်တော်တို့ ဒီအတိုင်း အရွက်တွေပဲကိုက်စားရတော့မှာလား။ လစာလိုအပ်တယ်လို့ ။ ကျွန်တော်တို့ဒါတွေကို ဘယ်ကသွားရှာရမှာလဲ။”
ထယ်နမ်က ယာသမားခေါင်းဆောင်ပြောနေသော စကားတို့ကိုအေးဆေးစွာနားထောင်နေသည်။
“ခင်ဗျားတို့ထဲက ကိုယ်စားလှယ်က သူပေါ့? ဟုတ်ပြီ။ ကျွန်တော်တို့ အေးဆေးပြောကြတာပေါ့။ ဒီကိစ္စက မန်နေဂျာအပေါ်မှာ တာဝန်ရှိတယ်ဆိုတာ ခင်ဗျားတို့လည်း သိပြီးသားဖြစ်မှာပါ။ နာရာ”
ထယ်နမ်အချက်ပြလိုက်သည်နှင့် နာရာက ဖမ်းဝရန်းနှင့်တကွ မန်နေဂျာ ငွေတွေခိုးသွားပါသည်ဆိုသော အချက်တွေကို သက်သေခိုင်လုံစွာဖြင့် ယာသမားခေါင်းဆောင်ဆီကမ်းပေးလိုက်သည်။ ယာသမားခေါင်းဆောင်ကတဆင့် လူတွေအများကြီးဆီကို လက်ဆင့်ကမ်းအနေနှင့်ရောက်ရှိသွားပြီး ဆူညံသံတွေထွက်ပေါ်လာသည်။
“ဒါဆို မန်နေဂျာအမှားမို့ကျွန်တော်တို့လစာမရဘူးဆိုတဲ့ သဘောလား။ ဒီလိုလုပ်လို့ဘယ်လိုဖြစ်မှာလဲ”
“စိတ်အေးအေးထားပါ။ ကျွန်တော်က သိအောင်ပြောပြရုံတင်လေ။ ခုမှ လကုန်ရက်ပဲရှိသေးတာမလား။ ကျွန်တော်ဒီမှာအာမခံမှာတစ်ခုက လစာကိုခင်ဗျားတို့နောက်နှစ်ရက်အတွင်း ရစေရမယ်။ ဒါက ကတိပေးတာမို့ ခင်ဗျားတို့ယုံပြီးနှစ်ရက်လောက်စောင့်ပေးပါ။”
“ကျွန်တော်တို့ဘယ်လိုယုံရမှာလဲ။ သူဌေးက မျက်လုံးတောင်မမြင်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ဒီငွေတွေအများကြီးကိုနှစ်ရက်ထဲနဲ့ ပြန်ရှာနိုင်မှာလဲ။ အခုလိုချင်ပါတယ်။”
“စကားပြောဆင်ခြင်ပေးပါ။ ကျွန်တော်မမြင်ရပေမဲ့ ခင်ဗျားတို့အတွက်တွေးပြီးဒီထိရောက်လာတာလေ။ နောက်ပြီး မျက်စိမြင်တဲ့လူမှ ယုံကြည်ရမယ်ဆိုတာမျိုး ဘယ်လိုတွေးလိုက်တာလဲ။ ကောင်းပြီ။ အခုလိုချင်တဲ့လူတွေက အခုရစေရမယ်။ ဒါပေမဲ့.....ဒီမှာထပ်ပြီးလက်ခံမှာမဟုတ်တော့ဘူး။ ကျွန်တော်က ကျွန်တော့်ပြဿနာကို ချပြပြီး နှစ်ရက်ပဲအချိန်တောင်းခံတယ်။ ခင်ဗျားတို့က လက်မခံဘူးဆိုရင်လည်း ကျွန်တော့်မှာပြောစရာမရှိဘူး။ ဒီမှာဆက်နေမယ်ဆိုရင် အကျိုးအမြတ်များမယ်ဆိုတာ သိကြလို့ အလုပ်လာလုပ်ကြတာမဟုတ်လား။ မယုံကြည်ရင် ဒီအတိုင်းထွက်သွားလဲရပါတယ်။”
ВИ ЧИТАЄТЕ
𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)
РомантикаUni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိုးနီတွေကို ပြန်တည့်ပေးရတဲ့အခါ... Pls vote me if you like the story because votes are power that can push me to write the story. Cover By Di...
Just Part_56 Zawgyi
Почніть із самого початку