Part-100

4.9K 703 73
                                    

Uni

“ခေါင်းကိုက်လိုက်တာ”

အိပ်ယာမှနိုးနိုးချင်း ကိုက်ခဲနေသောခေါင်းကြောင့် ညီးတွားလိုက်မိသည်။ မျက်လုံးဖွင့်လိုက်မိတော့ မရင်းနှီးသည့် အခန်းပုံစံကြောင့် ခေတ္တတွေဝေသွားသည်။

‘ဟုတ်သားပဲ သူ လီဝူရီရဲ့ အခန်းကိုရောက်နေတာပဲ’

ဒါပေမဲ့ အခန်းပိုင်ရှင်ကိုတော့ အရိပ်အယောင်မျှ မတွေ့။ ဘယ်များထွက်သွားပြီလဲ မသိ။ အချိန်ကြည့်လိုက်တော့ ခုမှ၅နာရီပင်ရှိသေးသည်။ ဒီကောင်လေး မနက်စောစော ထတတ်တာများလား။ ပုံစံကြည့်ရင် အဲ့လို ဝီရိယရှိသည့် လူမျိုးဟု တွေးတောင်မတွေးချင်စရာ။ အင်း။ တကယ်ကို ဒီကောင်လေးမှာလည်း ကောင်းကွက်လေးတွေရှိသားပဲ။

အိပ်ယာပေါ်မှကုန်းရုန်းထပြီးမှ ပြန်လှဲချလိုက်သည်။ ဒီအချိန်ကအပြင်မှာ မှောင်နေတုန်းပဲရှိသေးသည်။ ဟို သရဲအဘိုးကြီး သူ့အခန်းမှာ မရှိတော့ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ တွေးကြည့်ရင် ထိုအဘိုးကြီးသည် ဒီအခန်းထဲတောင် ရောက်လာနိုင်သည်။ ဝူရီဆိုသည့် သတ္တဝါလေးကလည်း ဘာလို့အဲ့လောက်တောင် ဝီရိယကြီးနေသလဲ မသိ။ ခုနလေးကတင် ချီးကျူးမိလိုက်ပေမဲ့ သရဲနှင့်ယှဥ်တွေးကြည့်လျှင်တော့ သူ့ကိုတစ်ယောက်ထဲထား၍ အပြင်သွားသော ထိုကောင်လေးသည် အလွန့်အလွန်မုန်းစရာဖြစ်သွားသည်။ နာရီသည် သူ့အားလှောင်ပြောင်သည်ထင့်။ တချက်ချက်မြည်သံပေး၍ ခပ်နှေးနှေးသွားနေသည်။ ပြန်အိပ်မရသော မျက်လုံးများနှင့်အတူ ဂွမ်းစောင်ထဲမှာ ပုန်းနေလိုက်သည်။ ကျေးဇူးပြုပြီး ဟိုအဘိုးကြီး ဒီကို မလာပါစေနဲ့။

တံခါးဖွင့်သံ ကျွီခနဲကြားရသည်။ ခြေလှမ်းသံတစ်ချို့ထွက်လာသည်။ လူခြေသံဆိုတာထက် ရှပ်တိုက်ပြီးလာသည့် ပုံမျိုး။ လူကစောင်ပုံထဲမှာတောင် အေးစက်ပြီး ချွေးစေးများထွက်နေသည်။ အသံက အနားရောက်လာလေ။ စောင်အောက်က သူ့ကိုယ်လုံးလေးလည်း ဘောလုံးလေးတစ်လုံးလို ကျုံ့သွားလေ။ ဒီခြေသံသာ လီဝူရီဆို သိပ်ကောင်းမည်ဟု မရဲတရဲတွေးမိသေးသည်။ သို့သော် မူမမှန်သည့် ခြေသံဖြစ်ကြောင်း သူ သေချာသိပေသည်။ ဖျတ်ခနဲစောင်ကို လှန်ခံလိုက်ရတော့ မျက်လုံးကိုမှိတ်ကာ ငြိမ်ငြိမ်လေးနေလိုက်သည်။ မျက်လုံးမဖွင့်ရင် အကြောက်နည်းနည်းလျော့တာပေါ့။ အသံနဲ့ပဲခြောက်လို့ရမှာ။ ခြောက်စမ်း ခြောက်စမ်း။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now