Part-112(Final)

7K 582 106
                                    

Uni

ဖူးစာရေးနတ်မင်းဆိုတဲ့ ဆံပင်ပန်းရောင်သတ္တဝါရဲ့အသံဟာ ဖြည်းဖြည်းကလေးပွင့်လာနေတဲ့ သူ့မျက်ဝန်းကို မြန်မြန်ပွင့်သွားအောင် လုပ်ပစ်လိုက်သလိုပါပဲ။ သူက ချက်ချင်းပဲ မျက်လုံးကျယ်သွားတယ်။ ရက်ချ်က ကျောက်ဖျာဆီကနေထပြီး Canရဲ့ ပုခုံးပေါ်ကိုသွားနားတာကို သူမြင်လိုက်ရတယ်။ Canဆိုတဲ့ကောင်လေးဟာ သူ့ဇီးကွက်လေးကို အသာပွတ်သပ်ရင်းပြုံးနေတယ်။ ရက်ချ်အတွက်တော့ ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံရလို့ပျော်စရာပေါ့။ သူ့အဖို့ကတော့ ချစ်ရသူနဲ့ အဝေးကို ရောက်လာခဲ့... ခဲ့... အဲလေ သူဘာလို့ထမရတာလဲ။ သူ့ကိုယ်လုံးဟာ တစ်ခုခုက ဖက်ပြီးထိန်းချုပ်ထားသလိုမျိုး လှုပ်ရှားမရဖြစ်နေတယ်။ သူ့ခေါင်းကိုတစ်ဖက်ကို မလှည့်ကြည့်ခင် သူများလေဖြတ်သွားပြီလားလို့ သူ့ဘာသာသူတွေးလိုက်မိတယ်။ ဒါပေမဲ့ ဒါလည်းမဖြစ်နိုင်ပါဘူး။ သူ့ခြေချောင်းလေးတွေ လှုပ်လို့ရနေပါသေးတယ်။ တော်သေးတာပေါ့လို့တွေးကာ တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေဟာ ချောမောခန့်ညားတဲ့ မျက်နှာတစ်ခုနဲ့သွားဆုံမိလေတယ်။ အဲ့ဒီလူဟာ နှာတံရှည်ပြီးစင်းနေတယ်။ အသားကဖြူသည် ညိုသည် နှစ်ရပ်ကြားမှာ ကြည့်ကောင်းခြင်းတွေနဲ့‌ရောယှက်တည်ရှိနေတယ်။ နှုတ်ခမ်းအစုံဟာ စံပုံစံလို့ပြောရလောက်အောင်လှလွန်းတယ်။ မျက်ဝန်းတွေက ပိတ်ထားခံရပေမဲ့လည်း ချောမောမှုအရှိန်ကို လုံးဝမပျက်စေခဲ့ဘူး။ သူ့မျက်ခုံးတွေက ထူပြီးတော့ မျက်နှာကအစိတ်အပိုင်းအားလုံးဟာ ကောင်းကောင်းမွန်မွန်ဆွဲထားတဲ့ ပန်းချီဆရာရဲ့ လှပခန့်ညားတဲ့စုတ်ချက်တွေလိုပဲ။ အင်း။ တကယ်တော့ အဲ့ဒီထက်တောင်ပိုနေတယ်။

ရွှေနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခန့်ညားတဲ့အသွင်နဲ့ အဲ့ဒီအမျိုးသားဟာ သူ့အနားမှာအိပ်နေတယ်? နောက်ပြီး သူ့ကိုလည်း ဖက်ထားလိုက်သေးတယ်။ သူဟာ ပူရှိန်းလိုကိုယ်သင်းရနံ့လေး နှာခေါင်းထဲမှာရမလာခင်အထိ တွေဝေနေမိတယ်။ နောက်ဆုံးမှာတော့ သူစပြီး သံသယဝင်လာမိတယ်။ ဒါက တကယ်ပဲသူ့ချစ်သူလား။ သူ့ချစ်သူကရော သူ့လိုပဲ တာဝန်ထမ်းဆောင်သူတဲ့လား။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now