Part_36

7.1K 880 43
                                    

Uni

(Faတွေမဖတ်ချင်ရင် ရှောင်လို့ရတယ်သက်လား၊ ကျွန်မလဲ fa😁)

ကောန်က ကားမောင်း၍ခြံထဲကို ဖြေးဖြေးချင်းဝင်လာခဲ့သည်။ ခါတိုင်းလို ခြံတံခါးဖွင့်ပြီး စောင့်နေသည့်သူမရှိသည့်အတွက် သူမျက်မှောင်ကျုံ့မိသွားသည်။ ဒီနေ့ဘာလို့ ထူးဆန်းနေပါလိမ့်။ ကားထဲကဆင်းပြီး ခဏလောက်စောင့်သည့်တိုင်အောင် သူကထွက်မလာတာမို့ အော်ခေါ်ကြည့်လိုက်သည်။

“ခွန်....”

“ခွန်......ဘယ်မှာလဲ။ အိမ်ထဲမှာလား။ ဘာတွေလုပ်နေတာလဲ”

“ဟေး မင်းယောကျ်ားမရှိဘူး။ အပြင်သွားတယ်”

ရက်ချ်က ခြံစောင့်အိမ်လေးထဲက လှမ်းအော်သည်။

“ဪ........ရက်ချ်။ နိုးလာသေးတယ်နော်။ ငါမင်းကို သေပြီထင်နေတာ”

“အမလေးနော် ငါ့ကိုလာပြီးပြောမနေနဲ့။ မင်းကရောငါ့ကိုအဖက်လုပ်လို့လား။ တစ်နေ့တစ်နေ့ သူ့ယောကျ်ားနဲ့သာယာနေတာ”

“ဟေး လျှောက်ပြောမနေနဲ့။ ငါကတာဝန်လုပ်နေတာကွ။ ဘယ်မှာ ခွန့်နား နေချိန်ရှိလို့လဲ။ ဒါနဲ့ ခွန်ဘယ်သွားလဲမင်းသိလား။ မင်းရောခွန့်ကို မြင်ရတာလား”

ရက်ချ်က သူ၏ဝိုင်းစက်ကြည်လင်နေသော မျက်လုံးကြီးတွေကို တစ်ပတ်လှည့်လိုက်သည်။ ထို့နောက် မျက်ခွံကိုတစ်ဝက်ပဲဖွင့်ကာ စိတ်မရှည်သည့်အမူအရာနှင့် ကောန်ကို ကြည့်သည်။

“ငါက ဇီးကွက်လေ။ မမြင်ရစရာအကြောင်းရှိမလား”

“အေးပါကွာ။ သူဘယ်သွားလဲ မသိဘူးလား”

“မသိဘူး။ ငါကဘယ်လိုလုပ်သိမှာလဲ”

ရက်ချ်က တိတ်တိတ်လေး တံတွေးမျိုချရင်းပြန်ဖြေသည်။ သူက ကောန်ကို စိတ်ထဲမှ တိုးတိုးလေးတောင်းပန်လိုက်သည်။ ‘တောင်းပန်ပါတယ် ကောန်ရယ်။ မင်းနာရင်နာ မနာရင်ငါသေမှာမို့။ မင်းပဲအနာခံလိုက်ပါနော်’

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now