WTLS Special Extra-4

5.3K 487 20
                                    

How I Start Loving At You

Uni

Perthက သူ့နန်းတော်က ပလ္လင်ထက်မှာထိုင်ရင်း အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေခဲ့သည်။ အဲ့ဒီတုန်းက သူ့စိတ်တွေက မည်းမှောင်ပြီး အရာရာရှုပ်ထွေးနေခဲ့သည်။ ဒေါသတွေနဲ့ စိတ်ရှုပ်မှုတွေက သူ့ရင်ဘတ်ကိုပြည့်ကျပ်စေခဲ့ပြီး အဲ့တာတွေကပဲ သူ အမြဲတမ်းသုန်မှုန်နေရတဲ့ အဓိကအကြောင်းအရင်းဖြစ်လာသည်။ တစ်ခါတလေကျတော့လည်း သူရှင်သန်နေရတာ တသမတ်တည်းလိုဖြစ်ပြီး အရမ်းအဓိပ္ပာယ်မရှိဘူးလို့ ခံစားလာရတာမျိုးဖြစ်သည်။ ဒါကြောင့်မို့ သူ့ ပေါင်းသင်းဆက်ဆံရေးက သိပ်မကောင်းသလို အကြောင်းအရင်းတစ်စုံတရာမရှိပဲနဲ့ တစ်ခြားသော နတ်ဘုရားတွေကို ဆက်သွယ်တာရှားလွန်းသည်။ ဒီအတောအတွင်းမှာ သူ့ရင်ခွင်ထဲဝင်လာချင်တဲ့ နတ်ဘုရားမလေးတွေအများကြီးကိုလည်း သူတွေ့ခဲ့ဖူးသည်။ ဒါပေမဲ့ မချစ်တတ်ဘူးဆိုတာကို ဘယ်လိုလုပ်ရမှာလဲ။

သူတို့ကချစ်ပြီး ကိုယ်ကပြန်မချစ်တဲ့အခါ နှလုံးသားမရှိဘူးဆိုတဲ့ နာမည်ကိုပေးပြီး မကောင်းတဲ့သူလို့ ထင်ပစ်လိုက်ကြသည်။ ထားပါတော့။ ဒါက ဂရုစိုက်စရာမရှိပါဘူး။ တကယ်လို့ သူက မချစ်တတ်တဲ့သူဆိုရင်လည်း အဲ့လိုပဲခံယူကြတာပေါ့ မဟုတ်ဘူးလား။ ကြားကာလတွေမှာဆိုရင် နတ်ဆိုးဘက်က အလှလေးတွေက သူ့ဆီကိုပြေးလာပြီး နတ်ဆိုးဘက်ဆီသိမ်းသွင်းတာမျိုးရှိခဲ့ဖူးသည်။ သူ့နှလုံးသားက မထင်မှတ်လောက်အောင်ခိုင်မာလွန်းနေတော့လည်း ဘာမှကျဆုံးစရာမရှိလိုက်။ ဒါကိုပဲ သူဂုဏ်ယူခဲ့ရတာလေ။ တစ်ချို့တွေကပြောကြတယ်။ ဘယ်လောက်ပဲ ခက်ထန်တဲ့လူဖြစ်ပါစေ။ အတွင်းထဲမှာ နူးညံ့တဲ့ အားနည်းချက်တစ်ခုတော့ ရှိတယ်တဲ့။ ဒါပေမဲ့ သူ့မှာ ဘာအားနည်းချက်မှ ရှိမနေဘူး။ ဒါကပဲ သူသဘောကျရတဲ့ အချက်တစ်ခု ဖြစ်နေခဲ့တာ။ သူ့ဘဝတစ်လျောက်လုံး အဲ့ဒီလိုပဲ။

အဲ့ဒီတုန်းက တိမ်မည်းတွေက တဖြည်းဖြည်းလွင့်နေခဲ့တယ်။ အပေါ်ကကြည့်လိုက်ရင် အောက်ကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘူး။ ဖူးစာရေးနတ်ဘုရားဆိုတဲ့ အဲ့ဒီရူးကြောင်ကြောင်နတ်ဘုရားက သူ့ဖူးစာဖက်ရှိတဲ့နေရာကို ဉီးဆောင်ခေါ်သွားခဲ့တယ်။ သူတို့ အောက်ကိုမဆင်းခင်လေးမှာတင် ပျံ့လွင့်နေတဲ့ သီချင်းသံလေးတစ်ခုကို ကြားလိုက်ရတယ်။ လေတွေတိုက်နေတာကြောင့် မပီဝိုးတဝါးပေမဲ့ အသံကအရမ်းနူးညံ့နေတယ်။ သူကိုယ်တိုင် သဘောကျတယ်လို့တွေးမိသွားလို့ သူ့မျက်ခုံးတွေ တွန့်ကျုံ့သွားမိတဲ့အထိပဲ။ တဖြည်းဖြည်းနဲ့အောက်ကို ဆင်းလာတဲ့အခါ အသံကပိုပြီးပီသလာတယ်။ ဒါက ယောက်ျားလေးသံပဲ။ နောက်ပြီးအရမ်းဈာန်ဝင်စားနေတဲ့ပုံနဲ့တူတယ်။ သူ့စိတ်ထဲမှာ လာရင်းကိစ္စကို ခဏမေ့သွားတဲ့အထိ အဲ့ဒီအသံလေးကို နားထောင်နေခဲ့မိတယ်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now