Part-102

4.9K 719 49
                                    

Uni

ဒုန်းးးး

"ပြော ဘယ်သူခိုင်းတာလဲ"

သွေးတွေစီးကျနေသည့်ကြားမှ မျက်ရည်တွေကလည်း ထိုကောင်လေး၏ မျက်နှာမှာရောနှောလို့ဖြစ်သည်။ တအီအီငိုကာ ဗိုက်ကို လက်နှင့်ဖိနေသော ကောင်လေးသည် ယခုအချိန်အထိ ခေါင်းကိုအကြိမ်ကြိမ်ရမ်းခါနေဆဲပင်။ မျက်နှာတစ်ခုလုံး ဖူးရောင်ကာ တစ်ကိုယ်လုံးလည်း ရစရာမရှိတော့ပေမဲ့ ထိုကောင်လေးက ခုထိခေါင်းခါနေဆဲ။ ကျစ်ခနဲစုတ်သပ်လိုက်မိသည်။ ခုလောက်သာ ကုမ္ပဏီအပေါ် သစ္စာရှိလိုက်ရင် ဘယ်လောက်များကောင်းလေမလဲ။

သူမျက်ရိပ်ပြလိုက်တော့ ဗလတောင့်တောင့်တစ်ယောက်က ဓာတ်ပုံတစ်ခုကို ယူလာပေးသည်။ သူက မဲ့ပြုံးပြုံးလိုက်ကာ ထိုဓာတ်ပုံကို ကိုင်၍ ကောင်လေးဆီ တိုးကပ်သွားလိုက်သည်။ ဘယ်လောက်ခေါင်းမာပါစေ ကိုင်တွယ်ဖို့နည်းလမ်းတွေက သူ့မှာအပြည့်။

"မင်း မားမား မဟုတ်လား။ ခွဲစိပ်ပြီးကာစပဲရှိသေးတာနော်။ ဘယ်လိုလုပ်မလဲ သူအခုတက်နေတဲ့ဆေးရုံက ငါ့ အစ်ကိုရဲ့ဆေးရုံဖြစ်နေတယ်။ ငါသာ ဆန္ဒရှိတယ်ဆို..."

စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်တော့ ကောင်လေးအသည်းအသန်တွေဖြစ်လာသည်။ အမှန်ကတော့ သူ့အစ်ကိုက လူသတ်ပေးဖို့နေနေသာသာ သူ့လူနာတွေကို ကာကွယ်တတ်လွန်းလို့ ဆေးရုံအုပ်ဆိုတဲ့ ရာထူးထက် ဆရာဝန်လူကောင်းလေးလို့ အခေါ်ခံရသည့် လူမျိုး။

"မလုပ်ပါနဲ့ မလုပ်လိုက်ပါနဲ့ မားမားကိုတော့ မထိပါနဲ့ ကျေးဇူးပြုပြီး"

ဝမ်းပမ်းတနည်းငိုကြွေးလာသော ထိုကောင်လေးသည် ရုတ်တရက်တော့ ဘာစကားမှ မဟနိုင်။

"ဒါဆိုပြောလေ ဘယ်သူခိုင်းတာလဲ ဘယ်လောက်ရလို့ လုပ်လိုက်တာလဲ"

ကောင်လေးက ဖောင်းအစ်နေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်၏။ ခဏကြာမှ ပါးစပ်ကနေ အထစ်အထစ်အသံထွက်လာသည်။ ကြည့်ရတာ သူ့ငွေရှင်အပေါ် အတော်လေးသစ္စာစောင့်သိသည့်ပုံ။

"အစ်ကိုလေး ဖန်...ဖန်ရှင်းချောင်ပါ"

"ဘာ?"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now