Part-94

5.6K 774 39
                                    

Uni

CL မှာတော့ PC(Personal computer)ကိုကြည့်ရင်း ငြိမ်သက်နေသော သူဌေးရှိသလို ဘေးကနေ ရွစိထိုးနေသည့် အတွင်းရေးမှူးလည်း ရှိသည်။ သူ့သူဌေးသည် ထိုအတိုင်းငြိမ်နေသည်မှာ၁၅မိနစ်‌ကျော်လုပြီ။ ခုထိတုပ်တုပ်မှ မလှုပ်သေး။ ငုပ်တုပ်ကြီး လျှောသွားပလားတောင် ထင်ရသည်။ သို့သော် ကွန်ပျူတာကို ကြည့်နေသည့် ခပ်နက်နက်မျက်ဝန်းတို့က သက်ဝင်လှုပ်ရှားလျှက်ရှိနေသေးတာကြောင့် လျှောသွားတာတော့ မဖြစ်နိုင်သေး။ တော်ပါသေးရဲ့။

“သူဌေး ဘာဖြစ်လို့လဲဗျ”

သူတော့ သိပ်နားမလည်နိုင်။ ဟိုတစ်ခေါက် Crown Design center ကို သွားစစ်တုန်း ရေဘူးနဲ့အပေါက်ခံရလို့ဆိုပြီး သောင်းကျန်းနေတာ သူမဟုတ်သည့်အတိုင်း၊ သူ့ကိုရေဗူးနဲ့ပေါက်လိုက်သည့် သတ္တဝါလေးကို ဒီမှာ အလုပ်ပေးခန့်လိုက်သည်တဲ့လေ။ နောက်ပြီး ဒီဇိုင်းကိစ္စကိုလည်း တရားမစွဲဖို့ တားလိုက်သေးတယ်။ အဲ့တာတွေကို ကြည့်ရင် သူဌေးက အဲ့ကောင်လေးကိုပဲ ကြိတ်ကြိုက်နေသလိုလို ဘာလိုလိုနဲ့။ ခုလိုကျပြန်တော့လည်း ကောင်လေးရဲ့ profileကို မျက်မှောင်ကြီးကျုံ့ပြီး ပေါက်ထွက်မတတ်စိုက်ကြည့်နေပြန်ရော။ ကွန်ပျူတာကြီးတောင် အငွေ့တွေထွက်နေလောက်တယ် သူ့ကြည့်အားနဲ့။ အဲ့တော့ သူဌေးက စိတ်နှစ်ခွလား။ ဘာလားပဲ။

“ဘာမှ မဖြစ်ဘူး။ ဒီနေ့ သူလာရင် ငါ့ဆီတိုက်ရိုက်လွှတ်လိုက်”

“ဟုတ်ကဲ့ သူဌေး။ ဒါနဲ့လေ ဘာဖြစ်လို့ သူ့ကို အလုပ်ခန့်လိုက်တာလဲဗျ။ ဟိုတစ်ခါ ရေဗူးကိစ္စ........”

“အေး အဲ့တာကြောင့်ပဲ ခန့်တာ”

“ဗျာ?”

“ငါ ဘာမှပြန်မလုပ်ရသေးဘဲ သူကအလုပ်ထွက်သွားတယ်လေ။ Crown Land(CL)နဲ့ Crown က ပိုင်ရှင်တစ်ယောက်တည်းဆိုတာ ထုတ်မပြထားတာ ကောင်းသွားတယ် ပြောရမယ်။ခု သူက ငါ့ပစ်ကွင်းထဲ ထပ်ရောက်လာပြန်ပြီလေ။ ငါဘာလို့ တစ်ခုခုပြန်မလုပ်ရမှာလဲ။ အဲ့တာကြောင့်ပဲ။ မေးစရာထပ်ရှိသေးလား”

သူဌေး၏ခပ်စူးစူးမျက်လုံးတွေကြောင့် သွားကို အသားကုန်ဖြီးကာ မရှိတော့ပါဘူးဟုသာ ဖြေလိုက်ရသည်။ လျှာရှည်ခြင်းဟာလည်း ကောင်းတော့မကောင်း။ လက်ထဲမှ နာရီကိုကြည့်ကာ ဟိုကောင်လေးရောက်လောက်ပြီဟု ခန့်မှန်းလိုက်သည်။ သူဌေးပြောသလို လုပ်ရဦးမှာမို့ ကုမ္ပဏီရှေ့ အပြေးသွားလိုက်တော့ အင်္ကျီအဖြူလက်ရှည်နှင့် ဘောင်းဘီအနက်ကို စတိုင်ကျကျဝတ်ဆင်ထားသော ကောင်လေးကို တွေ့လိုက်ရသည်။ အပြာဖောက်ထားသော ဆံပင်အုပ်အုပ်တို့က ချောမောခြင်းကိုဖြစ်စေသည်။ ဆိုင်ကယ်အနီလေးကို မှီရပ်နေတာကြောင့် မိန်းကလေးတွေက တကြည့်ကြည့်နှင့်။ ကုမ္ပဏီရှေ့လာပြီး showထုတ်နေသော ကောင်လေးမို့ သူ နှာခေါင်းရှုံ့လိုက်မိသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now