Part-87

4.7K 637 18
                                    

Uni

“အယ် ဘာအခမ်းအနားရှိလို့လဲ ဝတ်ကောင်းစားလှတွေနဲ့ပါလား”

ခါတိုင်းနဲ့မတူစွာ သားသားနားနားဝတ်ဆင်ထားသည့် လူဂါ့ကိုကြည့်ရင်း အီရာသဘောကျစွာပြုံးလိုက်သည်။ မျက်လုံးတွေကလည်း ကြယ်တွေနှင့် နင်လားငါလား။ လူဂါသည် နဂိုထဲကိုက သူ့မျက်လုံးထဲမှာ ကြည့်ကောင်းခဲ့တာဖြစ်ကာ အခုလို ဝတ်လိုက်တော့လည်း ကြည့်ကောင်းခြင်း၏၉၉၉ဆလောက် ပိုပြီးကြည့်ကောင်းလာသည်။ အမလေး သူဒီလူကြီးကို ကြိုက်လို့ တကယ်သေတော့မှာပဲကို။ အဲ့လူကြီးကလည်း တုံးနေလိုက်။ မပြောချင်ဘူး တကယ်။

“ဒီနေ့က ကံကြမ္မာနတ်ဘုရားကို ပူဇော်ပွဲရှိတယ်လေ။ ညပိုင်းရောက်ရင် ဈေးပွဲတော်နဲ့ ကံကြမ္မာကြည့်တဲ့ပွဲတော်ပါရှိတယ်။ မင်း ပါလိုက်ခဲ့လေ။ ဒီနှစ်လည်း နတ်ဘုရားက စုံတွဲတစ်တွဲကို ရွေးပေးဦးမယ်ထင်တယ်။”

“ကံကြမ္မာနတ်ဘုရားက စုံတွဲရွေးပြီးပြီမဟုတ်ဘူးလား။ အရှင်မနဲ့ အရှင်ရှီဝေးတို့လေ”

“အဲ့ဒါက အရှင်ရှီလာရဲ့အိပ်မက်အရလေ ဒါက သပ်သပ်ရွေးမှာ။ အင်း ဒီနှစ်ကတော့ တကယ်ထူးခြားတာပဲ နတ်ဘုရားက စုံတွဲနှစ်တွဲတောင် ရွေးပေးမှာ။”

“ခင်ဗျား စကားတွေဘာတွေအများကြီး ပြောလို့ပါလား”

ပြုံးဖြီးဖြီးနှင့်အနားကပ်လာကာ ဝတ်ရုံလည်ပင်းစကို သေချာဖြန့်ပေးရင်း ပြောလိုက်သော အီရာကြောင့် လူဂါကြောင်သွားသည်။ အရှင်ရှီဝေးကလည်း ပြောဖူးသည်။ သူ ခုနောက်ပိုင်း စကားတွေများလာတယ်တဲ့။ ကြည့်ရတာ ဒီကြက်တူရွေးနဲ့ အနေများသွားလို့ထင်ပါရဲ့လေ။

“ထင်လို့ပါ”

“အာ...ဟုတ်သား ဒါနဲ့ စုံတွဲက ဘယ်လိုရွေးကြမှာလဲ။ စိတ်ဝင်စားလိုက်တာ ဒါပထမဆုံးတွေ့ဖူးတာပဲ”

“အွန်း အရှင်မက သူ့ကရိယာတွေနဲ့ မေးမှာပဲလေ။ မြှားတံကအဓိကပေါ့ မြှားတံကို နှစ်ကြိမ်လှည့်မယ်။ နောက်ပြီး စာတုံးလေးကို နှစ်ကြိမ်ခေါက်မယ်။ မြှားတံလှည့်တဲ့ဘက်နဲ့ စာတုံးလေးက အက္ခရာနဲ့ ညှိယူရတာ။ နာမည်ထပ်နေတဲ့လူရှိရင် ရှင်းရှင်းလင်းလင်းသိရဖို့ မြှားတံကို နောက်တစ်ခေါက်ထပ်လှည့်တာမျိုးလည်း ရှိတယ်။ ဒါမျိုးတော့ ရှားပါတယ်။ မင်းလည်း လူပျိုပဲဆိုတော့ ဖူးစာအရွေးခံတဲ့ထဲ ပါရမှာပဲလေ။”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now