Part 4

13.6K 1.5K 38
                                    

Uni

"ဒူးပဲထောက်ပြီးနေတော့မလို့လား။ ထတော့။"

"ကျေးဇူးကြီးမားလှပါတယ်အရှင်။"

Saint၏မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အပြုံးလေးတင်ထားသော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲချင်နေပြီ။ ဘယ့်နှယ်.......။ အဆောင်ထဲမှာ ထိုင်မရထမရမို့ ဒူးထောက်ထားတာကိုများ ချက်ချင်းတော့ မထခိုင်းပဲနဲ့ အခုကျမှထခိုင်းရသလား။ အားလားလား ဒူးခေါင်းတွေတော့ နာပါပြီ။

ထရပြန်တော့လဲ သက်သက်သာသာနေလို့မရ။ ထိုဘုရင် ဟိုစာလိပ်ကိုင် ဒီစာလိပ်ကိုင်နေလုပ်တာကို ကျောက်ရုပ်သဖွယ် မတ်မတ်လေးရပ်ရင်း ကြည့်နေရသေးသည်။ ရုတ်တရက် ဘုရင်၏သရဖူပေါ်တွင် ဇီးကွက်ကောင်ကို လှမ်းမြင်လိုက်ရလေသည်။

"ဟေး ရက်ချ် မင်းဘယ်ကိုသွားနေတာလဲ။ မင်းမရှိတုန်း ငါဘယ်လို အနိုင်ကျင့်ခံခဲ့ရလဲသိလား။ အကျင့်မကောင်းလိုက်တာ ။ င့ါကိုတစ်ယောက်ထဲထားခဲ့တယ်။"

"ငါလဲသွားချင်တယ်ထင်လို့လား။ ငါ ဟိုကျောက်ဖျာပေါ်က ပြုတ်ကျသွားလို့။ "

"မင်းကအိပ်တာ ကြမ်းလို့နေမှာပေါ့။ ဟားဟားဟား"

ရက်ချ်တစ်ယောက် အားရပါးရရယ်နေသော Saintကို မျက်စောင်းထိုးလိုက်ရင်း ငါအအိပ်ကြမ်းတာမဟုတ်ဘူးဟေး။ မင်းလင်ကန်ချလိုက်လို့ဟ လို့ပြောချင်သော်လည်း အလကားနေရင်း တိုက်ခိုက်နေသော အရှိန်အဝါတစ်ချို့ကြောင့် ပါးစပ်ပိတ်ထားရသည်။

"မင်း ကကိုယ်တော့်ရဲ့ သရဖူကို ဒီလောက်ကြည့်နေတာ။ ဘာလဲ...............လိုချင်တဲ့သဘောလား။"

Saint က ရက်ချ်ကို စိတ်ထဲမှ စကားပြောနေရင်း ဘုရင်ကတစ်ခုခု မေးလိုက်တာကြောင့် ကမန်းကတန်းပြန်ဖြေလိုက်သည်။

"မှန်ပါတယ်အရှင်.............."

ထူးဆန်းစွာတိတ်ကျသွားသော ပတ်ဝန်းကျင်ကြောင့် သူကြောင်အ သွားသည်။ ဘာလဲဟ။ ဘုရင်က ဘာမေးလိုက်လို့လဲ။ ဇာတ်ကားထဲမှာတော့ ဒီလိုပဲလေ။ ဘုရင်ဘာမေးမေး မှန်လှပါပဲ လျှောက်တင်ရတယ် မဟုတ်လား။ ဇီးကွက်ဗိုက်ပူလေးကတော့ သေချင်စိတ်တွေမွှန်နေပြီ ဖြစ်သည်။ ဒီလူတော့ တာဝန်မပြီးခင် သေတော့မှာပဲဟာ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now