Part-86

4.9K 675 12
                                    

Uni

ဂေါ့ မျက်လုံးတွေက တဖြည်းဖြည်းပွင့်လာသည်။ ဝေဝေဝါးဝါးမှသည် ပြတ်သားစွာမြင်လာရသော ပုံရိပ်များအကြား ဦးနှောက်မှ မှတ်ဉာဏ်များကလည်း တရေးရေးပေါ်လာသည်။

“ကလေးမ နိုးပြီပဲ။ ဒဏ်ရာက ခုရက်ပိုင်းတော့ နာနေဦးမှာ။ နောက်တစ်လလောက်ဆိုရင် အရှင်းပျောက်အောင် လုပ်ပေးနိုင်ပါတယ်”

သမားတော်ဟု ယူဆရသည့် မုတ်ဆိတ်မွှေးနှင့် ဦးလေးကြီးက မလှမ်းမကမ်းရှိ စားပွဲတွင်ထိုင်ကာ ကြိတ်ဆုံကို တဒုန်းဒုန်းထုရင်း ပြောလာသည်။ ဂေါ့ ဘာမှပြောချင်စိတ်မရှိသဖြင့် ဒီအတိုင်းသာကြည့်နေလိုက်သည်။ နာမကျန်းဖြစ်နေသော စိတ်တို့ကြောင့် ထထိုင်တာလေးတောင် မလုပ်ချင်တော့။ လူသည် နုံးချိပျော့ခွေနေသည်။

“ဘာလို့ ကျွန်တော် အသက်ရှင်နေသေးတာလဲ”

ခြောက်အက်အက်အသံနှင့်အတူ စကားပြောမိတော့ သမားတော်ကြီးက ဖျတ်ခနဲလှည့်ကြည့်လာသည်။

“အရှင်ပေါ့။ မင်းအသက်ကို အရှင်က ချမ်းသာပေးလို့ပေါ့”

သမားတော်၏ စကားကြောင့် ဂေါ့ မဲ့ပြုံးပြုံးမိသည်။ မသိရင် သူတို့အရှင်ကိုပဲ သူက ကျေးဇူးတင်ရတော့မလို။

“အရှင် ရှီလာရော အဆင်ပြေရဲ့လား”

သမားတော်တစ်ယောက်က အရှင်အဆင်ပြေမပြေသိမည်ဟု တပ်အပ်မထင်မိပေမဲ့ သူ့ရှေ့မှာ မေးစရာလူဆိုလို့ ဒီလူပဲရှိနေတာကြောင့် မေးချလိုက်သည်။

“အရှင်မင်းကြီးက ဧကရီကို အစစအရာရာအဆင်ပြေအောင် ထားတာပါ”

“ဟွန့်”

ဂေါ့ ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ မနေ့ညက သူတွေ့ခဲ့တဲ့အရှင့်ပုံစံက အဆင်ပြေနေတဲ့ပုံပေါက်လို့လား။ လူအဆင်ပြေနေရင်တောင် အရှင်က အနည်းနဲ့အများ စိတ်ထိခိုက်မှာပဲလေ။

“အရှင်မင်းကြီးနဲ့ ဧကရီကြွလာပါတယ်”

ကြားလိုက်ရသည့်အသံကြောင့် ဂေါ့ ထဖို့ကြိုးစားမိသည်။ အရှင်က သူ့ကိုလာကြည့်တာပဲ ဖြစ်ရမယ်။ အခွင့်အရေးရှာပြီး အရှင်နဲ့တူတူထွက်ပြေးရမယ်။ ဒါမှ သူ စိတ်အေးနိုင်မှာ။ သူ ဘယ်လိုလုပ်ပြီး စိတ်ချနိုင်မှာလဲ။ သူ့အရှင်ကို ရန်သူ ဘုရင်လက်ထဲမှာ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now