Part 78

5.2K 781 17
                                    

Uni

“အရှင် သူတို့တွေ ဒီပြည်နယ်နားတစ်ဝိုက်ကိုရောက်နေပါပြီ။”

စစ်သူကြီး၏ သတင်းပို့သံကြောင့် သူကျေနပ်စွာပြုံးလိုက်သည်။ ဓားကိုဆွဲရင်း ကိုယ်ရံတော်နှင့်အတူ တောင်ခြေကတပ်ဆီသို့ ထွက်လာခဲ့သည်။ တောင်ခြေမှတပ်က သစ်ပင်တွေ ခြုံတွေကြားတွင် ပုန်းရင်း စောင့်နေကြပြီဖြစ်သည်။ ဂျူယာတွေကို ချက်ချင်းမတိုက်သေးဘဲ ကျောက်တုံးတွေပိအောင် ကြံစည်ဦးမှာမို့ ဒီနေရာမှာ သူတို့ပုန်းနေတာ ဂျူယာတွေ မသိမှဖြစ်လိမ့်မည်လေ။

“ကိုယ်ရံတော် မင်း ငါခိုင်းတာ ပြီးမြောက်ပြီမလား”

“ဟုတ်ကဲ့ အရှင်”

ကိုယ်ရံတော်၏ စကားသံကြောင့် သူ့မျက်နှာက တမုမဟုတ်ချင်း ကြည်လင်လာသည်။ ကိုယ်ရံတော်က သူတို့အားလုံးထဲမှာ ကိုယ်ယောင်အဖျောက်နိုင်ဆုံး အပေါ့ပါးဆုံးနဲ့ သိုသိုသိပ်သိပ်အလှုပ်ရှားနိုင်ဆုံးဖြစ်သည်။ ဒါကြောင့်မို့ အိပ်မပျော်စေတဲ့ အဆိပ်တစ်မျိုးကို ဂျူယာစစ်တပ်ရဲ့ရိက္ခာထဲသို့ ထည့်ခိုင်းခဲ့သည်။ သေစေတဲ့အဆိပ်မဟုတ်လို့ ချက်ချင်းသတိထားမိမှာမဟုတ်ဘဲ သာမန်ကိစ္စလို့ပဲ တွေးထင်အောင် တမင်လုပ်ခိုင်းခဲ့တာဖြစ်သည်။ အိပ်မပျော်လို့ အားနည်းနေတဲ့ ဂျူယာရဲမက်တွေက ကျူပင်တွေလိုပဲ ခုတ်ရရှင်းရတာ အလွန်လွယ်ကူလိမ့်မည်။

မြင်းခွာသံတွေကို စတင်ကြားလာရသည်။ လဆုတ်ရက်မို့ လအလင်းရောင်က အပြည့်အဝမရဘဲ ခပ်မှိုင်းမှိုင်းသာရှိသည်။ ရှီလာက အချက်ပြလိုက်တော့ နောက်လိုက်တွေအကုန် အပ်ကျသံတောင်မကြားစေရဘဲ တိတ်ဆိတ်သွားသည်။ သစ်ပင်တွေကြားမှာ ဖြစ်တာကတစ်ကြောင်း ညအမှောင်ကြောင့်တစ်ကြောင်း သူတို့၏ ပုန်းခိုမှုက ပြီးပြည့်စုံလွန်းလှသည်။ ဂျူယာအလံတွေကိုင်ထားတဲ့ တပ်စုက သူတို့ဘော်ဟူလာဘက်သို့ အလောတကြီးသွားနေကြသည်။ ညဘက်တောင်မရှောင်ဘဲ ရုတ်တရက်ဝင်တိုက်ပုံက အလွန်ယုတ်မာပက်စက်သည့် အကြံအစည်ကြီးပင်ဖြစ်သည်။ ရှီလာတို့ လောလောဆယ်တော့ ဘာမှလုပ်စရာမလို။ ဒီတပ်စု နောက်ပြန်ပြေးကာမှ ဆီး၍ တိုက်ရုံသာရှိသည်။ တပ်စုအင်အားက သူတို့တွက်ထားသလိုပင် များပြားလှသည်။ သို့ပေမဲ့ ဆန်ဒိုအလံကို မမြင်ရသေးတာကြောင့် သူစိတ်ထင့်နေမိသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now