Part_22

9.3K 1.1K 39
                                    

Uni

သူ့ရင်ထဲဒိန်းခနဲဖြစ်သွားလေသည်။ ဒါကဘယ်သူ့လက်ချက်ဆိုတာနဲ့ သူလုပ်ကြံခံရတယ်ဆိုတာကို သိနေရင်တောင် လူတွေသူ့ကိုယုံဖို့က အလွန်ခက်ခဲလေသည်။ သူက စိတ်ကိုမနဲထိန်းထားကာ nurse မလေးကို ထပ်မေးကြည့်လိုက်သည်။

“သူတို့သက်သေတွေက ဘယ်လောက်ရှိပြီတဲ့လဲ။”

Nurse မလေးက ပြန်ဖြေမလို့ပေမဲ့ ရဲအရာရှိတစ်ယောက်ရောက်လာတာကြောင့် စကားစပြတ်သွားသည်။ ရဲအရာရှိက သူ့ကိုလေးလေးစားစားဆက်ဆံပါသည်။

“ ခင်ဗျားသက်သာပြီဆိုရင် ကျွန်တော်တို့ခင်ဗျားကို အချုပ်ခန်းမှာချုပ်ထားရလိမ့်မယ်။ တရားရင်ဆိုင်နေတဲ့အတွင်းပေါ့။”

“ခင်ဗျားတို့ သက်သေတွေ ဘယ်လောက်တောင်တွေ့ထားတာလဲ။”

“အိုး........သက်သေတွေလား။ ခင်ဗျားနဲ့ မစ္စတာဂျိမ်းနဲ့ အခန်းထဲမှာ နှစ်ယောက်တည်းရှိပါတယ်ဆိုတာကို ထောက်ခံပေးတဲ့ လူသက်သေတွေနဲ့ သေနတ်ပေါ်က ခင်ဗျားရဲ့လက်ဗွေရာတွေက ခိုင်လုံနေပါပြီ။ “

သူခဏတိတ်ဆိတ်သွားသည်။
“ဒါဆို ကျွန်တော်ဘာလို့ တိုက်ခိုက်ခံရမှာလဲ။ ကျွန်တော်သာ အဖေ့ကိုသတ်တဲ့လူဆိုရင် ကျွန်တော်ကဘာလို့ ခေါင်းကို အရိုက်ခံရမှာလဲ။”

“ဒါက မင်းဟာ မစ္စတာဂျိမ်းကို သတ်မိလို့ ထိန့်လန့်ရင်း စားပွဲစွန်းနဲ့တိုက်မိတာလို့ယူဆတယ်။ ဒါမှမဟုတ် မင်းကိုသံသယမဝင်‌စေဖို့ ကိုယ့်ခေါင်းကိုယ်အထိခိုက်ခံတာလဲ ဖြစ်နိုင်နေတာပဲလေ။”

“ ကောင်းပါပြီ။ ဒီလိုဆိုကျွန်တော်ပဲ အပြစ်ခံရကိန်းများမှာပေါ့။”

ရဲအရာရှိက ခေါင်းကိုငြိမ့်ရင်း ထွက်သွားလေသည်။ သူမျက်စိကိုပြန်မှိတ်ကာ ကုတင်ပေါ်ကိုပြန်လှဲနေလိုက်သည်။ ဒီလိုက‌လေးကလား လုပ်ကြံမှုတွေက သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာပဲ ရှိမယ်ထင်ခဲ့တာ။ အံ့ဩဖို့ကောင်းလောက်အောင်ကိုပဲ အပြင်လောကမှာပါ ရှိနေတာလား။

“ကိုကို...........”

ရုတ်တရက် ချိုမြိန်သည့်အသံလေးကို ကြားလိုက်ရသဖြင့် သူမျက်လုံးတွေကို ပြန်ဖွင့်လိုက်သည်။ သူ့၏ညီမလေး စီရမ်သည် မျက်ရည်တွေနဲ့အတူ ခုတင်နားမှာရပ်နေခဲ့သည်။ သူမက သူ့ကို ယူကျုံးမရသည့်မျက်ဝန်းတွေနှင့် ကြည့်နေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now