Part-92

5.7K 751 35
                                    

Uni

အစည်းအဝေးက သိပ်မကြာခင်မှာပဲ စတင်သည်။ ဒါရိုက်တာက စားပွဲထိပ်မှာထိုင်နေကာ ကျန်သည့် ဒီဇိုင်နာတွေအားလုံးနဲ့ အဖွဲ့သားတွေက ခုံများတွင် အသီးသီးထိုင်နေကြသည်။ လူစုံတာနှင့် လက်ထောက် ဒါရိုက်တာက ထကာ လေပစ်သည်။

“အခု ဒီဇိုင်းအဖွဲ့က လုပ်တဲ့အစည်းအဝေးကတော့ သိတဲ့အတိုင်းပဲ ဒီဇိုင်နာယွဲ့ဟန်ရဲ့ ဒီဇိုင်းနဲ့ ရှင်းချောင်ရဲ့ဒီဇိုင်းတူနေတဲ့ ကိစ္စပဲ ဒီဇိုင်းကို ရွေးပြီး အင်္ကျီတွေလည်း ချုပ်ပြီးကာမှ ဒီဇိုင်းတူတဲ့ကိစ္စက ထွက်လာတော့ တစ်ဖက် ဒီဇိုင်နာကို လျော်ကြေးပေးရတဲ့ ကိစ္စက အတော်လေးကုန်ကျသွားတယ်။ ကံကောင်းလို့ ဒီတစ်ခေါက်ခွင့်လွှတ်ပေးခံရပေမဲ့ နောက်တစ်ခေါက်ဖြစ်လာရင်မလွယ်ဘူး။ ဒါကြောင့် ဒီဇိုင်နာ ရှင်းချောင်ကို........”

“ကျွန်တော် သူ့ဟာကို ခိုးထားတယ်ပြောမိလို့လား”

“ဘာ?”
ဒါရိုက်တာက မျက်မှောင်ကျုံ့သည်။

“ဘယ်သူက ခင်ဗျားတို့ကို ယွဲ့ဟန်ဆီလျော်ကြေးပေးခိုင်းလို့လဲ။ ကျွန်တော်...မဟုတ်ဘူး ကျုပ်ကို နည်းနည်းလေးမှ မမေးဘဲ နာမည်ကြီးတဲ့လူကိုပဲ အမှန်လုပ်ပြီး ကိုယ့်ဘာကိုယ်ပေးခဲ့ကြတာပဲမဟုတ်လား။ ဘာလဲ အဲ့ဒါကို ကျုပ်အပြစ်လာလုပ်နေတာလား။ မေးပါဦးမယ် ခင်ဗျားတို့ဝန်ထမ်းက ကျုပ်လား သူလား။ ပြီးတော့ ကျုပ်သူ့ဟာကို ခိုးတယ်ဆိုတဲ့ သက်သေ ဘယ်ကရလာလို့ ကျုပ်ကို သူခိုးဆိုပြီး လေကျယ်ရဲတာလဲ။ ဘာလဲ အရင်က နှုတ်ဆိတ်နေခဲ့လို့ ဒီကောင်လေးကိုတော့ ဘယ်လိုပြောပြောရမှာပဲဆိုတဲ့ အချိုးလား။ မရဘူးနော်။ အပြစ်ပေးမယ်ပဲဆိုဆို သူခိုးလို့ပြောချင်တာပဲ ဆိုဆို သက်သေပြ။ ကျုပ်ကို မဟုတ်တမ်းတရားတွေနဲ့ လာမပြောနဲ့ ပြန်တရားစွဲပစ်လို့ရတယ်”

“ရှလင် မင်းဘာဖြစ်လို့ အရင်မစုံစမ်းဘဲ လျော်ကြေးပေးခဲ့ရတာလဲ”

ဒါရိုက်တာက သူ့လက်ထောက်ကို တစ်ချက်အော်သည်။ ပြီးမှ သူ့ဘက်လှည့်လာကာ

“နေပါဦး မင်းကရော မင်းမခိုးဘူးဆိုတဲ့သက်သေရှိလား။ ရှိရင် ငါမင်းရဲ့နာမည်ကို အဖက်ဆယ်ပေးမယ်”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now