Part-98

5.1K 709 19
                                    

Uni

“သူဌေးရင်ခွင်ထဲကဟာလေးကို အရင်ဖယ်ပြီးမှငြင်းရင် ပိုပြီးယုံချင်စရာကောင်းမသွားဘူးလား သူဌေး”

လင်းရီက အူလည်လည်နဲ့ပြောတော့ ယောင်ဖေးဆီမှ’လျှာမရှည်နဲ့’ ဆိုသည့်အကြည့်က ဒိုင်းခနဲရောက်လာသည်။ ရင်ဘတ်ကို ပါးနှင့်အပ်နေသည့်ဟာလေးက ပြန်ထွက်ဖို့ရုန်းတော့ မသိမသာလေး ဆွဲကပ်ထားလိုက်ရသေးသည်။ မားမားကတော့ သူ့အတွက်ဆိုပြီး လာပို့ထားပေးတဲ့ သစ်ခွဖျော်ရည်တွေကို တစ်ကျိုက်ထဲနဲ့အကုန်မော့သည်။ မသိရင် အရက်မော့သလို ဒီဇိုင်းအပြည့်နှင့်။ ပြီးမှ သက်ပြင်းချကာ စိတ်လျှော့ထားသလို လေသံနှင့် ပြောလာသည်။

“မင်း အနားယူနေတုန်းကာလဆိုတော့ ငါဘာမှမပြောသေးဘူး။ ယောင်ဖေး။ နောက်ရက်ကျ မင်းကောင်လေးရဲ့ အုပ်ထိန်းသူကိုပါ ခေါ်လာခဲ့ခိုင်း။ ဒါကြောင့် နားပါဆိုတာတောင် အလုပ်ကိုငမ်းငမ်းတက်ဖြစ်နေတာကို။ လက်စသတ်တော့ မင်းဟာလေးက အလုပ်ထဲမှာရှိနေတာပဲ။ ငါထင်မထားဘူး တကယ်"

ပွစိပွစိပြောချင်ရာပြောရင်း ထွက်သွားသော မားမားကျန်းနောက်တွင် လင်းရီက သူတို့နှစ်ယောက်ကို ပြန်လည်စိုက်ကြည့်လာသည်။ ယောင်ဖေးကလည်း ရှင်းချောင်ကို ဖက်ထားဆဲဖြစ်သလို ရှင်းချောင်ကလည်း ရင်ခွင်ထဲတိုးဝင်ထားဆဲ။

“ဘာတုန်း အဲ့မျက်လုံးပြူးနဲ့လာကြည့်တဲ့ အဓိပ္ပာယ်က”

“ဘာမှမဟုတ်ပါဘူး သူဌေးကလည်း ကျွန်တော် နားမလည်ဖြစ်သွားလို့ပါ။ အဲ့လောက်မြန်ရလားလို့လေ။ ကျွန်တော်တွေးတာ...”

“တော်လိုက်တော့ ဝေးဝေးသွား ပြန်မလာခဲ့နဲ့”

သူဌေးဆီက မောင်းထုတ်ခံလိုက်ရတာမို့ လင်းရီရှုံ့မဲ့မဲ့နှင့်ထွက်လာခဲ့ရသည်။ မဟုတ်သေးပါဘူး ရေဘူးနဲ့ပေါက်၊ ဘုကြည့်ကြည့်တာတွေလုပ်ထားပါလျက်နဲ့ သူဌေးက ဘာလို့ အဲ့ကောင်လေးကိုချစ်မိသွားရပါလိမ့်။ ဘာလဲ ချစ်ခြင်းအစ အမြင်ကတ်ခြင်းက ဆိုတာမျိုးလား။ ဒါမှမဟုတ် ရှင်းချောင်ကပဲ သူဌေးကို တို့ဆေးနဲ့လုပ်လိုက်တာများလား။ ဘုရား ဘုရား ဒါလည်းဖြစ်နိုင်တာပဲ။ ဘယ်လိုလုပ်ပြီး တစ်ရက်တစ်မနက်နဲ့ ဆက်ဆံရေးက ပြောင်းလဲသွားရတာလဲ။ နေပါဦး ဒါဆို ရှင်းချောင်က အောက်ကပေါ့။ အိုက်ယား သေပါပြီ သူဌေးနဲ့ ဝန်ထမ်းနဲ့ပေါ့။ ချိုမြိန်လိုက်ပုံများ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now