WTLS Special Extra 2

4.4K 487 51
                                    

Uni

How I start loving at you (ငါမင်းကိုဘယ်လိုစချစ်မိလဲဆိုရင်)

မှောင်မိုက်ပြီး ခြောက်ခြားစရာကောင်းတဲ့ပန်းခြံကြီးရဲ့အလယ်မှာ ဖူးစာရေးနတ်မင်းလေးတစ်ပါးနဲ့ ဇီးကွက်တစ်ကောင်ဟာ မူးပြီးအိပ်ပျော်နေကြတယ်။ မျက်လုံးတွေနီရဲပြီး မူမမှန်တော့တဲ့ တိရိစ္ဆာန်လေးတွေဟာ အိပ်ပျော်နေတဲ့သူနှစ်ယောက်ကို အမှောင်ထဲကနေ စူးရဲရဲမျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ သူတို့ပုံစံက ခဏနေခုန်ထွက်လာပြီး ဒီနှစ်ယောက်ကို သေအောင်ကိုက်သတ်လိုက်တော့မလိုဘဲ။ ပုံမှန်မဟုတ်တဲ့နီခြင်းမျိုးရှိတဲ့ မျက်လုံးပေါင်းထောင်သောင်းချီဟာ တဖြည်းဖြည်းနဲ့ အနားကိုရွေ့လျားလာကြသည်။ အိပ်ပျော်နေပေမဲ့ အန္တရာယ်ဆိုတဲ့ မသိစိတ်ကြောင့် Canဝူးဝူးဝါးဝါးနဲ့ နိုးလာတယ်။ ဒါပေမဲ့ သေချာပေါက်ကို သူ့မှာရှင်းလင်းတဲ့အသိစိတ်မျိုးရှိမနေပေ။ သူက ဝေဝါးနေတဲ့ မျက်လုံးကိုမရမကဖွင့်ပြီး အားယူထထိုင်လိုက်ကာ သူ့အနားကို မူမမှန်တဲ့တစ်စုံတရာများကပ်လာမလားဆိုပြီး စောင့်ကြည့်လိုက်တယ်။ ဖြူဖွေးနေတဲ့ မျက်နှာလေးဟာ အမှောင်ထဲမှာ အရောင်ထွက်နေတဲ့ကျောက်စိမ်းလိုပဲ ဖျော့ဖျော့လေးလင်းနေတယ်။ သူ့အသားအရေကရောပဲ။ ဒါက နတ်မင်းတစ်ပါးဖြစ်လာရတဲ့ ကောင်းခြင်းတွေပဲ။

မျက်လုံးဟာ လုံလောက်အောင် ရှင်းလင်းမှုမရှိဘဲဝေဝါးနေသေးတာကြောင့် Canက သူ့လက်ကိုမြှောက်လိုက်ပြီး မျက်လုံးကို အားရပါးရပွတ်ဆွဲလိုက်တယ်။ သူ့မျက်မှောင်တွေက တွန့်ကုပ်ထားပြီး ဂျစ်ကန်ကန်ပုံလေးပေါ်နေစေတယ်။ ဝိုင်တွေ အများကြီးသောက်ထားတာမို့ ဖြူဖွေးဖွေးမျက်နှာလေးမှာ အနီရိပ်လေးတစ်ချို့ထင်နေတယ်။ ဘယ်လောက်ပြူးပြဲကြည့်ကြည့် ရှင်းလင်းမလာတဲ့ မျက်ဝန်းအစုံမှာ အရည်ကြည်လေးတွေလဲ့နေတယ်။ အိပ်ယာကထစမို့ ဝေဝေဝါးဝါးဖြစ်နေသေးတဲ့ ဒီပုံစံလေးက သူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ တွဲဖက်ကြည့်လိုက်ရင် တစ်ခါတည်း အောက်မှာဖိထားချင်စရာကောင်းလောက်သည်။ ဒီပုံစံလေးက ဥယျာဥ်ထဲကို ခိုးဝင်တဲ့သူလို့မထင်ရက်စရာကောင်းလောက်အောင် ဖြူစင်လွန်းသည်။ မသိရင် တစ်ယောက်ယောက်ကပဲ အိပ်ဆေးတိုက်ပြီး ဒီကိုအတင်းခေါ်လာခြင်းခံထားရသယောင်ယောင်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now