Part-111

4.5K 557 47
                                    

Uni

အဆောင်အယောင်တွေအပြည့်နဲ့ ပြောင်လက်တောက်ပနေသော ရုံးခန်းတစ်ခုထဲတွင် လူတစ်ယောက်က အေးစက်မှုအရှိန်အဝါတွေအပြည့်နဲ့ တည်ငြိမ်စွာထိုင်နေသည်။ ထိုလူက မှန်ကြည့်လို့ရလောက်အောင် ပြောင်လက်နေတဲ့ စားပွဲပေါ်သို့ ရှည်သွယ်သောလက်ချောင်းတွေနဲ့ စည်းချက်ကျကျခေါက်နေသည်။ သူ့ရှေ့မှာ လက်မှတ်ထိုးစရာတွေ ပုံလောက်အောင်ရှိနေပေမဲ့ သူက ခပ်တည်တည်ပဲ အဲ့ဒါတွေကို ဘေးဖယ်ထားသည်။

"Dok Dok သူဌေး ကျွန်တော်ပါ"

အသံကြားတာနဲ့ ဘယ်သူဆိုတာ သိလိုက်တာမို့ ယောင်ဖေးက ဝင်ခဲ့ဖို့အမိန့်ပေးလိုက်တယ်။ သူ့ရဲ့ဘယ်လက်ရုံးဖြစ်တဲ့ လူသန်ကြီးတစ်ယောက်က စာအိတ်တစ်ခုကိုကိုင်လာရင်း အခန်းထဲဝင်လာကာ သူ့ကိုဦးညွတ်လိုက်တယ်။

"ရပြီ။ ဒီတော့ ငါ့ရဲ့ကောင်လေးဘက်က တစ်စုံတရာများလှုပ်ရှားမှုရှိနေလား"

လူသန်ကြီးက သူ့ဦးခေါင်းကိုယမ်းခါလိုက်သည်။

"ဖန်သခင်လေးကို ကြည့်ရတာ ပြန်တိုက်ခိုက်မဲ့ပုံနဲ့ မတူဘူး သူဌေး"

ယောင်ဖေးက မျက်မှောင်ကျုံ့ရင်း ခေါင်းညိတ်လိုက်သည်။

"ငါသိတယ်"

"ဒီမှာပါ သူဌေး။ ရှန်းရှလင်ရဲ့ အချက်အလက်တွေပါ။ သူ့မိဘတွေရဲ့သေဆုံးမှုတွေရော အကုန်ပါပါတယ်။"

ယောင်ဖေးက စာအိတ်အညိုကြီးကို တစ်ချက်ဖွင့်ဖောက်ကြည့်လိုက်ကာ မျက်နှာကမဲ့သွားသည်။

"ချောင်မျိုးရိုးကနေ ရှန်းမျိုးရိုးကိုပြောင်းပြီး ဒီလိုမျိုးနေလာနိုင်တာပဲ။ သူ့ရဲ့ရန်ညှိုးတွေက ဘယ်လောက်တောင်ရှိနေမလဲ။ အာ... ဒါပေမဲ့ သူကံဆိုးတာက သူထိမဲ့လူက ငါ့ကောင်လေးဖြစ်နေတာပဲ"

"သူဌေး"

"ပြော"

"သူဌေးပြောတော့ ဖန်သခင်လေးက သူ့ကိုမထိဖို့ ပြောထားတယ်ဆို"

ယောင်ဖေးက သဘောကျစွာပြုံးလိုက်ကာ ခေါင်းကိုခါယမ်းလိုက်သည်။

"ဘေဘီက သူ့ရန်သူကို မထိနဲ့လို့ပဲပြောတာပါ။ ငါ့ရန်သူကို မထိနဲ့လို့မပြောခဲ့ဘူး"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now