Part_20

9.3K 1.1K 28
                                    

Uni

သူတို့နှစ်ယောက်၏လက်ထပ်ပြီးနေ့ရက်များသည် အံ့ဩစရာကောင်းလောက်အောင် လှပနေလေသည်။ သူတို့က စိတ်သဘောထားမတူတာမျိုးလဲမရှိကြ။ တစ်ခုခုဆိုရင်လည်း တစ်‌ယောက်နှင့်တစ်ယောက် ယုံကြည်ပြီးနားလည်ပေးထားတာမို့ ပြဿနာမရှိကြပေ။ သူတို့ကို တက္ကသိုလ်ရဲ့ စံပြအတွဲဟူ၍ပင် ခေါ်ကြသည်။ ဒါပေမဲ့ ရက်နည်းနည်းကြာလာတော့ လောရင့်ကနေမကောင်းခဏခဏဖြစ်လာတာကြောင့် ဆိုင်နိုမှာ လောရင့်ကိုခါတိုင်းထက်ပိုပြီးဂရုစိုက်ပေးနေရသည်။

“ဒါအဆိပ်ပါ။ သိ‌တော့မသိသာပေမဲ့ သေသည်အထိပြင်းတယ်။ ခင်ဗျားကံကောင်းတယ် မစ္စတာလောရင့် ဒီလိုမျိုးကြိုသိရတာ။”

“အဆိပ်?”
ဆရာဝန်ရဲ့ပြောစကားကြောင့် အားလုံးကြောက်လန့်နေကြသည်။

“ဒီအိမ်မှာလောရင့်ကို ဘယ်သူအဆိပ်ခတ်လဲဆိုတာရှာခဲ့ကြ။”
ဆိုင်နိုက ဒေါသထွက်စွာပြောလိုက်သည်။ သူ့ချစ်သူကို ဘယ်သူကများဒီလိုလုပ်ကြံခဲ့တာလဲ။ သူလုံးဝတွေးလို့မရပေ။

“အိုး......မစ္စတာဆိုင်နို မင်းကဒီလိုမျိုးပြောရဲတယ်ပေါ့လေ။ တကယ်တမ်း သခင်လေးကို သေစေချင်နေတာ မင်းမဟုတ်လား။”
အိမ်ရဲ့ ဝါရင့်အစေခံမိန်းမကြီးတစ်ယောက်က ဆိုင်နိုကိုလက်ညှိးထိုးပြီးထပြောတာကြောင့် အားလုံးကြောင်သွားကြသလို ဆိုင်နိုလည်း လန့်သွားမိသည်။ ဒါကဘာတွေပြောနေတာလဲ။

“ငါညကတရေးနိုးတော့ မင်းကအိမ်ပေါ်ကနေဆင်းလာပြီး သခင်လေးအတွက်ထားတဲ့အသီးတွေကို အမှုန့်တွေလာဖြန်းတယ်။ ငါကအစက မဟုတ်ဘူးလို့ထင်ပြီး ငြိမ်နေခဲ့တာ ။ အခုတော့မင်းက သခင်လေးရဲ့ ပစ္စည်းဥစ္စာတွေကို မက်မောပြီး ဒီလိုလုပ်ကြံတယ်ပေါ့လေ။”

အိမ်ကလူတွေအကုန်လုံးဇဝေဇဝါဖြစ်ကုန်သည်။ ဆိုင်နိုက တစ်ခုခုပဲဆိုတာကိုရိပ်မိလာသည်။ အဲဒီတစ်ခုခုကလည်း သေချာပေါက် အန့်လူနာပဲပေါ့။ ဒီမိန်းမကြီးက လောရင့်အိမ်မှာ ဟိုးအရင်ကတည်းက အိမ်အကူလုပ်ခဲ့တာဖြစ်ကာ သစ္စာလည်းရှိသူဖြစ်သည်။ ဒီလိုမိန်းမကြီးကပြောတာမို့ အိမ်ရဲ့အစေခံတွေက ဆိုင်နိုကို သံသယအကြည့်တွေနဲ့ကြည့်လာကြသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now