Part_44

6.9K 905 62
                                    

Uni

မော်လမြိုင်မြို့၏ကမ်းနားလမ်းတွင်ဖြစ်သည်။ အမိုးဖွင့်ဂျစ်ကားလေးတစ်စီးသည် အိမ်ကြီးတစ်အိမ်၏ရှေ့၌ ဆိုက်ရောက်လာ၏။ ကားပေါ်ကဆင်းလာသည့် အမျိုးသားသည် ခန့်ခန့်ညားညားရှိကာ တစ်ဖက်ကအမျိုးသမီးလေးဆီသို့ အလွန်တရာမှ ကြင်နာလေဟန်ဖြင့်သွားကာ တံခါးဖွင့်ပေးလေသည်။ ကားပေါ်မှအမျိုးသမီးလေးသည် အနည်းငယ်ရှက်ရွံ့သွားဟန်ဖြင့် ကားပေါ်မှဆင်းလာကာ တံခါးဖွင့်ပေးသော အမျိုးသား၏လက်မောင်းကိုဖွဖွချိတ်၏။

ဇနီးမောင်နှံဟု ယူဆရသော ထိုနှစ်ယောက်သည် အိမ်ကြီးဆီသို့ မနှေးသာမမြန်သာသော ခြေလှမ်းဖြင့် လှမ်းလျှောက်သွားသည်။ အထူးသဖြင့် အမျိုးသမီးလေး၏ခြေလှမ်းသည် အတော်လေးနူးညံ့နေ၏။ သူမ သည် ရွှန်းလဲ့သောမျက်လုံးအစုံရှိ၏။ ပြုံးမြမြရှိသော နှုတ်ခမ်းသားမှာ နီထွေးထွေးအသွင်ရှိသည်။ စင်းနေသောနှာတံလေးဖြင့် ပါးဖောင်းဖောင်းလေးများ၏အလှကြောင့် လမ်းမပေါ်၌သွားလာနေကြသော ပုရိသအပေါင်းတို့သည် မျက်လုံးသော်မှ မလွှဲနိုင်အောင်ဖြစ်နေကြရသည်။

ဒီအထဲတွင် မိန်းမပျိုလေးဘေးမှ အမျိုးသားသည်လည်း ခြွင်းချက်မဟုတ်ပေ။ ခြေလှမ်းသည် အိမ်ကြီးဆီသို့ ဦးတည်နေပါသော်ငြား မျက်လုံးအစုံကတော့ မိန်းမပျိုလေးဆီမှာသာ ရှိနေ၏။ ထိုမျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာနှင့် နူးညံ့ခြင်းတို့ကို အလွယ်တကူပင်မြင်တွေ့နိုင်သည်။ အချုပ်ပြောရသော် အလွန်လိုက်ဖက်သော ဇနှီးမောင်နှံပင်ဖြစ်သည်။

သင်က သူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေပါသော ဘုန်းသရေအားမနေတတ်သလို ကြည့်၏။ ဒီလူကြီးသည် သူ့ကိုကြည့်လာသည်မှာ ဒီလိုမျိုးပြင်ဆင်ပြီးချိန်မှစ၍ဖြစ်သည်။ ကားမောင်းတာတောင် သူ့ကိုလှည့်ကြည့်နေသေး၍ ကားမတိုက်မိစေရန် ဘုရားစာကိုသက်စေ့ရွတ်လာရသည်။ ဘုန်းသရေသာ နဂါးကြီးဆို သူ့ခမျာ ပြာပုံထဲက ထွက်ရမည်မထင်။ ကိုယ့်ကိုယ်ကိုယ် ချောတယ်ဆိုတာ သိပြီးသားဖြစ်သော်လည်း တောက်လျှောက်အငေးခံလာရတာကြောင့် ခြေလှမ်းတွေမှားကာ ဟိုတိုး ဒီတိုက်ဖြစ်နေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now