Part-95

5.4K 737 31
                                    

Uni

စုန့်ကျွီးဟန်တစ်ယောက် အိတ်လေးလုံးကို မနိုင်မနင်းသယ်မကာ ကားထဲထည့်ထားလိုက်သည်။ အိမ်ယာဘက်ကို လှည့်ကြည့်ကာ သက်ပြင်းကိုဖူးခနဲမှုတ်ထုတ်လိုက်မိသည်။ ဘယ်လိုကံကြမ္မာလဲတော့မသိပေမဲ့ မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်တယ်ဟူ၍ စွပ်စွဲခံလိုက်ရသည်။ အမှန်က ထိုမိန်းကလေး သူ့ဟာသူမူးလာတာကို သူက ကူညီပေးခြင်းသာ။ သို့သော် တကယ်တမ်းရှင်းကြလင်းကြတော့ ထိုငမူးမကိုယ်တိုင်က သူ မကောင်းတာပါဆိုပြီးပြောပါလေရော။ လူတွေက တစ်ခါတလေ စေတနာနဲ့မတန်ဘူးဆိုတာ ဒါပဲနေမှာ။ အခုတော့ သူ့မှာ တိုက်ခန်းဝယ်တဲ့ငွေကို ပြန်အမ်းခံရပြီး အိမ်ယာက ထွက်သွားဖို့ တောင်းဆိုခံရသည်တဲ့လေ။ ကျစ်။ အမှန်ဆို ဒီလောက်ကြီး ပြင်းထန်စရာမလိုတဲ့ဟာကိုပဲ။ ဟူး တကယ်ပဲ လောကကြီးမှာ ဘာတွေဖြစ်ပျက်နေလဲ နားကိုမလည်နိုင်တော့။

အနီးအနားရှိ ဟော်တယ်တစ်ခုမှာပဲ ရက်နှစ်ဆယ်လောက်နေရတော့မည်။ အိမ်အသစ်ရှာရတော့မှာပေါ့။

"အိုး ဒါရိုက်တာကြီး! ဒါက ဘာဖြစ်လာတာလဲ အိမ်ပြောင်းတာလား"

စိတ်ညစ်နေပါတယ်ဆိုမှ ပြဿနာကောင်လေးရှင်းချောင်နဲ့ လာတိုးနေသည်။ ဒီကောင်လေးက ဒီနေရာကို ဘာကိစ္စလာသလဲ သူ မသိ။

"မင်းနဲ့ မဆိုင်ပါဘူး ဖယ်စမ်းပါ"

ကားတံခါးနားမှာ ဝေ့ဝဲနေသည်မို့ ခပ်ဆတ်ဆတ်တွန်းထည့်လိုက်သည်။ ထိုကောင်လေးကတော့ ရယ်ကျဲကျဲနှင့် နည်းနည်းလေးမှ ဖယ်မပေး။

"ကျွန်တော် အကုန်မြင်လိုက်ပါတယ်။ မပူပါနဲ့ ကျွန်တော် ဒါရိုက်တာကြီးကို ယုံတယ်။ အိမ်ရာကလည်းဗျာ သေချာ မစုံစမ်းဘဲ ဒီလိုလုပ်ရတယ်လို့"

ကိုယ့်ဘက်မှာ ဘယ်သူမှမရှိသည့်အချိန်မို့ ရှင်းချောင် သူ့ဘက်မှာနေပေးသည့်အခါ စိတ်ပျော့သွားသည်။

"ငါ မပြောချင်တော့ဘူး။ စိတ်ရှုပ်စရာကောင်းတယ်"

"အမ်.....အတော်ပဲလို့တော့ မပြောချင်ပေမဲ့ ဒါရိုက်တာကြီး လောလောဆယ် အိမ်ငှားနေချင်တယ်ဆိုရင်တော့ ကျွန်တော့်အမျိုးငှားမဲ့အိမ်ရှိတယ်။ အိမ်ကြီးကအကြီးကြီးပဲ။ ငှားခကိုတော့ ကျွန်တော့် ဒါရိုက်တာကြီးမို့ လျော့ပေါ့အောင်ပြောပေးမှာပါ။ ဘယ်လိုလဲ စိတ်ဝင်စားလား"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now