Part_48

6.3K 859 25
                                    

Uni

မနက်ခင်းတစ်ပိုင်းလုံးပြီးသွားတာနဲ့ လျှောက်လည်သည့်အစီအစဉ်မှာသူတို့နှစ်ယောက်ထဲကျန်ခဲ့တော့၏။ မေမေက သိပ်နေမကောင်းလို့ဟုဆိုကာ အိမ်ပြန်နှင့်၏။ စိုးရ ဆိုသည့်ဘုန်းရဲ့ညီတစ်ဝမ်းကွဲကလည်း လုပ်စရာရှိလို့ဟုဆိုကာ အပြေးကလေးပြန်သွားလေသည်။ ရလဒ်ကတော့ ဘုန်းရဲ့ဂျစ်ကားလေးပေါ်မှာ သူတို့နှစ်ယောက်ထဲသာကျန်ခဲ့ခြင်းပင်။

ဒီတော့ကျန်ခဲ့သည့်နှစ်ယောက်မှာ သူ့မျက်နှာကိုယ်ကြည့်ကိုယ့်မျက်နှာသူကြည့်ဖြင့်သာ ခရီးဆက်ရသည်။

"ဘယ်သွားချင်လဲ သင် ကိုယ်လိုက်ပို့ပေးမယ်လေ။"

"သင်ကဘယ်လိုလုပ်ပြီးသိမှာလဲ ခင်ဗျားကလည်း။ ဖြစ်နိုင်ရင်လေ ကျွန်တော် ယောကျ်ားလေးအဝတ်အစားပြန်လဲချင်တယ်။ မေမေလဲ ပြန်သွားပြီပဲဥစ္စာ။ "

"အင်းပါအင်းပါ။ ဒီလိုဆို ကိုယ်တို့အဲဒီကိစ္စကိုအရင်လုပ်တာပေါ့ကွာ။ ပြီးတာနဲ့ သင့်ကိုဈေးမှာလိုက်ပြီး မုန့်ကျေွးမယ်။"

"ဟုတ်ကဲ့။"

သူတို့၏ကားလေးသည် ဘုန်းသရေ၏တပည့်ဆိုသော လူ၏အိမ်ရှေ့တွင်ရပ်သွားသည်။ ထိုအိမ်မှာပဲ အဝတ်လဲသည့်ကိစ္စကအစ ထမင်းစားတာအဆုံးလုပ်ပြီးသည့်နောက် ဈေးကြီးသို့ပြန်လည်ထွက်ခွာ၏။ မော်လမြိုင် အမှတ်၁ဈေးသည် နေ့လည်ခင်းဖြစ်သော်လည်း လူတွေမစဲသေး။ သူတို့ကားလေးသည် ဈေးအပြင်ရှိနေရာတစ်ခုတွင်ရပ်ခဲ့၏။ နဂိုကတည်းက မုန့်စားရအောင်ဟူသောရည်ရွယ်ချက်ဖြင့် ထမင်းလျှော့စားလာပါသော သင့်အဖို့ စားချင်စရာတွေအပြည့်ပင်။ ပူပူနွေးနွေးမြေပဲတွေ၊ လတ်လတ်ဆတ်ဆတ်အသီးအနှံတွေနှင့် မြန်မာ့ရိုးရာလက်လုပ်မုန့်တွေကစားချင်စရာ။

သင်က စားနိုင်မစားနိုင်ဆိုတာကို အသာထားကာမြင်မြင်သမျှကိုလက်ညှိုးထိုး၏။ ဘုန်းသရေကလည်း တစ်ခွန်းမှကန့်ကွက်စကားမပြော။ သင်လက်ညှိုးထိုးလိုက်သည်နှင့် သူကဝယ်ပြီးသားဖြစ်နေတတ်သည်။ ဒီစားစရာတွေအပြင် သူ့ညီမလေးမှာလိုက်သည့် အလှကုန်ဆိုတာတွေကို ဝင်ကြည့်ရသေးသည်။ ပေါင်ဒါမွှေးမွှေးများ၊ ခေါင်းစီးကွင်းလှလှကလေးများနှင့် ဆံထိုးလေးတွေက ရိုးရိုးကလေးနှင့် နှစ်သက်စရာကောင်းလှသည်။ အထည်ဆိုင်ဆိုလျှင်လည်း ဈေးသက်သက်သာသာနှင့်ပင် ပိတ်စနှစ်ကွင်းသုံးကွင်းရသည်မှာ ဒီဘက်ခေတ်ကြီးနှင့်လားလားမှမဆိုင်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now