Part-75

5.4K 736 30
                                    

Uni

လူဂါကကျောက်သားခန်းမထဲရှိ အီရာနေသော အခန်းငယ်လေးထဲသို့ အသံပြုကာဝင်လာခဲ့သည်။ သူတို့ဘိုးဘေးတွေ၏ အားများစွာနဲ့ တည်ဆောက်ထားခဲ့ရသည့် ဤခန်းမကြီးသည် ညီလာခံလည်းမည်၏။ ဘုရားကျောင်းဟုလည်းပြောလို့ရသလို နတ်မင်းရုပ်ထုကြီးနောက်ဘက်တွင် အခန်းငယ်များစွာလည်းရှိသေးရာ ဧည့်ဆောင်အဖြစ်လည်း အသုံးပြုနိုင်သည်။

“အဟမ်း ကျုပ်ကစစ်သူကြီး။ လူဂါလို့ခေါ်တယ်”

ကောင်လေးရှေ့မှာရပ်ပြီးနှုတ်ဆက်လိုက်တော့ ကောင်လေးကမော့ကြည့်ပြီး ပြုံးပြသည်။ လူဂါက သူစိမ်းတွေနဲ့ စကားပြောလေ့မရှိသူမို့ ဒီတွေ့ဆုံမှုက သူ့အပေါ် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်စေသည်။

“ကျွန်တော်က အီရာပါ”

လူဂါကဒဏ်ရာကိုငုံ့ကြည့်ကာ သိသည်ဟူသောသဘောနှင့် ခေါင်းညိတ်ပြသည်။ စကားမရှိစကားရှာတယ်လို့ ပြောလို့ရပေမဲ့ တစ်ခြားဘာမှလည်းပြောစရာမရှိတာမို့ ဒဏ်ရာအကြောင်းကပဲစပြောရပေမည်။ ဘယ်သူနဲ့မှတရင်းတနှီးကြီးမရှိတတ်သော သူ့ကိုမှ ရင်းရင်းနှီးနှီးနေပါလို့ အမိန့်ပေးခဲ့သောအရှင်အား အနည်းငယ်တော့ မကျေနပ်ချင်။

“မင်းဒဏ်ရာကောင်းသွားပြီလား”

“ဟုတ်ကဲ့။ သက်သာလာနေပါပြီ သခင်မပြောတာတော့ နောက်နှစ်လလောက်ဆိုရင်တော့ အဆင်ပြေသွားမယ်တဲ့။”

“သခင်မ နက်ထန်လား”

“ဟုတ်ကဲ့”

ကောင်လေးအဖြေကို ခေါင်းပြန်ညိတ်ပြကာ အခန်းထောင့်နားမှာ အကျအနထိုင်လိုက်သည်။ နိုင်ငံနှစ်ခုကမ,လာသော စစ်ရေးစာအုပ်များအားဖွင့်ကာ ထိုအထဲတွင်ပင်အာရုံစူးစိုက်ပြီး ဖတ်ရှုလိုက်သည်။ အိပ်ယာပေါ်မှာထိုင်ကာ ပျင်းရိနေသော ကောင်လေးအား တစ်ချက်တစ်ချက်လှမ်းကြည့်ဖို့လည်း သူမမေ့။ သူကလူကဲခတ်ကောင်းတယ်လို့တော့ မပြောနိုင်ပေမဲ့ ဒီအကောင်သေးသေးဟာလေးကို သူလျှိုဖြစ်မယ်လို့ အရှင်ကဘာကိုကြည့်ပြီး ခန့်မှန်းတယ်ဆိုတာ နားမလည်နိုင်တော့။ ဒါက သူတုံးနေလို့လည်းဖြစ်နိုင်ပါသည်။ အရှင်ကတော့ ရှင်ဘုရင်ဆိုတော့ကာ သူ့ထက်ပိုပြီးခန့်မှန်းတာတော်မှာပေါ့လေ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now