Part-80

5.4K 773 69
                                    

Uni

နော်ဂါက သေရည်ခွက်ကို မြှောက်ရင်းပြုံးလိုက်သည်။ စစ်သူကြီးနှင့်တကွ တစ်နိုင်ငံလုံးသည် ပျော်ပွဲရွှင်ပွဲများနှင့်အတူ ပျော်ရွှင်နေကြသည်။ ပြီးတော့ သူကိုယ်တိုင်လည်း ပျော်သည်။ အရာအားလုံးက သူဖြစ်စေချင်သလိုမျိုး ကွက်တိပဲ ဖြစ်လာခဲ့တာမဟုတ်လား။ ပြီးတော့ ဒီစားသောက်ပွဲပြီးရင် သူ့ရဲ့အညိုရောင်အလှလေးဆီသွားတွေ့ရဦးမယ် မဟုတ်လား။ အင်း....ဒီအညိုရောင်လေးက မထင်မှတ်ဘဲရလာတဲ့ သူ့ရဲ့ဆုလာဘ်လေး။

"အရှင် တကယ်ဆို ဘော်ဟူလာကို တိုက်သိမ်းပစ်လို့ရရဲ့သားနဲ့။ ပူးပေါင်းနေစရာမလိုပါဘူး။ ကျုပ်တို့ အင်အားကို မယုံလို့လား။"

စစ်သူကြီးက ရင်းနှီးပွင့်လင်းစွာမေးလာသည်။ သူမျက်ခုံးကိုပင့်လိုက်မိသည်။ ဟုတ်တော့လည်း ဟုတ်သည်လေ။ အစက ကြံစည်ထားတဲ့ အစီအစဥ်က ဒီလိုမျိုးမဟုတ်ပေ။ ဘော်ဟူလာနှင့် ဂျူယာကို ရန်တိုက်ပေးမည်။ နှစ်နိုင်ငံလုံးပန်းကာမှ သူတို့က ကြားကနေ၍ ဒိုင်စားလိုက်မည်ဟူ၍ပင်။ သို့သော်....သူ အဲ့ဒီမတိုင်မီ သစ်ပင်ပေါ်မှာ ရပ်နေတဲ့ အညိုရောင် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သာမန်လို့ထင်ရပေမဲ့ စိုက်ကြည့်လေ စွဲဆောင်နိုင်လေ ဖြစ်သော မျက်ဝန်းပိုင်ရှင် ကောင်လေးက သူ့အဆောင်ဆီချောင်းနေသည်တဲ့လေ။ ပါးစပ်ကို တအံ့တဩဟရင်း ခေါင်းတခါခါဖြစ်နေသော ထိုကောင်လေးကို သူ.... ပထမဆုံးတွေ့ဆုံခြင်းမှာတင် သဘောကျသွားမိသည်။ ဒါကြောင့်.... ဘော်ဟူလာ ဘုရင်ဆိုတဲ့ အဲ့အညိုရောင်ကောင်လေးကို သဘောကျသွားတာကြောင့်.... အစီအစဥ်တွေသည်လည်း ဤကဲ့သို့...။

"အဟမ်း ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ ကိုယ်တော်က ငြိမ်းချမ်းတာကို ပိုလိုလားလို့ပါ။ ဂျူယာက ကိုယ်တော်တို့ အပေါ်လှည့်စားခဲ့တာမှန်ပေမဲ့ ဘော်ဟူလာကတော့ ကိုယ်တော်တို့အပေါ် ဘာမှအပြစ်မပြုခဲ့ဘူးလေ။ ဒါကြောင့်ပါ"

စစ်သူကြီးက ခေါင်းညိတ်ပေမဲ့ မျက်ဝန်းထဲမှာ မယုံနိုင်တဲ့အရိပ်အယောင်တွေ ရှိနေသေးသည်မို့ သူရယ်လိုက်မိသည်။ ဟုတ်သည်။ စစ်သူကြီးက ဘယ်ယုံပါလိမ့်မလဲ။ သူဆိုတာ အရင်ထဲက အဲ့လိုတွေထည့်တွက်နေတဲ့လူမှ မဟုတ်ဘဲကို။ ဒါပေမဲ့ သူ တကယ် ဘော်ဟူလာကို သိမ်းလို့မဖြစ်ဘူးလေ။ ရှင်ဘုရင်ရဲ့အသက်က တိုင်းပြည်ပဲ။ ဒါကြောင့် ကောင်လေးရဲ့ အသက်ပါမကျန် အရာအားလုံးကို ပိုင်ချင်ရင် သူ ဘော်ဟူလာကို အချိုသပ်ပေါင်းထားရမယ်။ ကောင်လေးကို ခြိမ်းခြောက်ဖို့ ကိစ္စတစ်ခုအနေနဲ့ပေါ့။ ကောင်လေး မလိမ္မာရင် ဘော်ဟူလာကို တစ်ခုခုလုပ်ပစ်မယ်။ လိမ္မာရင်တော့ တစ်မျိုးပေါ့။ အဟက်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now