Part 17

10.6K 1.2K 33
                                    

Uni

"ကျွန်တော် သူ့ကိုပဲလက်ထက်မှာ ဖေဖေ။"

လူးဝစ်က အခိုင်အမာပြောနေသလောက် လူးဝစ်အဖေက မျက်နှာမကောင်းပေ။ ဒေါသထွက်နေတာဆို ပိုမှန်မည်။ အရင်ကရည်းစားတွေထားနေတာကို သိနေပေမဲ့ လူငယ်ပဲမို့ လွှတ်ထားခဲ့သည်။ ခုတော့ အထက်တန်းကျောင်းတက်နေတဲ့ ကလေးမကိုမှ လက်ထပ်ချင်ပါသတဲ့။ ပြီးတော့ ထိုကလေးမကလဲ မချမ်းသာ။ မောင်နှမနှစ်ယောက်ထဲ ရုန်းကန်နေရတဲ့ ကလေးမ။

"မရဘူး။ မင်းလက်ထပ်မယ်ဆိုရင်တောင် အဲဒီလို အသိုင်းအဝိုင်းကဆို မဖြစ်ဘူး။"

"အသိုင်းအဝိုင်းက ဘာဖြစ်နေလို့လဲ ဖေဖေ။ ကျွန်တော်ချစ်တဲ့ကောင်မလေးက မိန်းမကောင်းလေးဆို ရပြီမဟုတ်လား။"

"ဒါတွေထက်ပိုအရေးကြီးတာရှိသေးတယ် လူးဝစ် မင်းအဲဒီလို မိဘမဲ့ကလေးမကို ယူရင်........."

"အဲ့ဒီကလေးမက မိဘမမဲ့ပါဘူးဗျာ"

လူးဝစ်အဖေစကားမဆုံးခင် လောရင့်အဖေ Mr. James ကဖြတ်ပြောလိုက်ကာ တံခါးဝမှတဆင့် အခန်းထဲသို့ ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။

"ဟိုင်း Mr.James"

"ဟိုင်း Leo"

"ပြောပါဦးဗျ။ ကျုပ်သားရဲ့ကောင်မလေးအကြောင်းခင်ဗျားဘာများ ကြားခဲ့လို့လဲ။"

"အဖြစ်ကတော့ ဒီလိုleoရေ။ ကျုပ်မနေ့က သူပြောတဲ့ကလေးမကို တွေ့ခဲ့တယ်။ ကျုပ်အတွေးမှာ အဲ့ကလေးမက ကျုပ်အမျိုးသမီးနဲ့သိပ်တူနေလို့ နဲနဲမသင်္ကာလို့ စုံစမ်းကြည့်တော့ သူတို့မိသားစုက အရင်က မစ်စစ်စပီမှာ နေခဲ့တဲ့အပြင် ဒီကလေးမကလဲ မွေးစားထားတာလို့သိရတယ်။ ခင်ဗျားသိတဲ့အတိုင်းကျုပ်မိန်းမ accident ဖြစ်တာက မစ်စစ်စပီမှာလေ။

"ဒါဆို အဲဒီကလေးမရဲ့ မိဘအရင်းတွေက?"

"အိုး......ဒါကိုပဲကျုပ်ခင်ဗျားကိုပြောမလို့လာတာ"

Mr. James က ပြောပြောဆိုဆို စာရွက်တစ်ရွက်ကို Leo ရဲ့ ‌ရှေ့ကို ချပေးလိုက်သည်။ ထိုစာရွက်မှာတော့ Mr.James နဲ့ စီရမ်က ၉၉% သားအဖဖြစ်ကြောင်းဆေးစစ်ချက်ကို အတည်ပြုထားလေသည်။ Mr.James က မျက်ရည်တွေဝဲလျှက် တဟားဟား ရယ်မောနေခဲ့သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now