Part_39

7.8K 918 36
                                    

Uni

ဒါကို သင့်ခမျာမသိရှာတော့ သူ့ဇီးကွက်လေးသည် သူ့အားအမှန်တကယ်ကို စိတ်နှစ်ပြီးကူညီချင်နေတာဟုတွေးလိုက်သည်။ သို့ပါသော်လည်း ဒီတစ်ခါတာဝန်သည် တကယ်ကို ဦးဏှောက်ခြောက်လွန်းပါသည်။ သူက သစ္စာတရားကိုတန်ဖိုးထားသူပီပီ ဖူးစာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ၊ ဒီတစ်ယောက်ကိုသာမြတ်နိုး၍ ဒီတစ်ယောက်ကိုသာ လက်ထပ်ပါသော စနစ်ကို အကြီးအကျယ်အားပေးသူဖြစ်သည်။ ဒီတစ်ခေါက်သူ့တာဝန်က သူ့ရဲ့စံနှုန်းတွေကို သူကိုယ်တိုင်ချိုးဖောက်ရမလိုဖြစ်နေတာကြောင့် စိတ်ကသိပ်ကြည်မနေပေ။

“ရက်ချ်”

“ဘာတုန်း”

“ငါတာဝန်မပြီးမြောက်ရင် ဘာအပြစ်ခံရမှာလဲ”

“ဟာ..........ခင်ဗျားက စေတနာ့ဝန်ထမ်းပဲဟာ။ အပြစ်မခံရပါဘူး”

“ဟမ်? စေတနာ့ဝန်ထမ်း? ငါက နောက်ဘဝ ငါ့ဖူးစာရှင်နဲ့ဆုံရအောင် အပေးအယူအနေနဲ့တာဝန်ထမ်းဆောင်ရတာမဟုတ်ဘူးလား?”

ရက်ချ်က မသင့်တာကိုပြောမိသွားသည့်ပုံဖြင့် သူ့နှုတ်သီးကို အတောင်ပံဖြင့် ဖြတ်ခနဲကွယ်လိုက်သည်။ သူမေ့သွားတာပဲ။ သခင်က ဒီလူငယ်လေးကို ဂျင်းထည့်ထားတာလေ။ အမှန်အတိုင်းပြောမိမှဖြင့် သူ သခင့်လက်ထဲမှာ ကွိမှာပေါ့။ ဒီတော့ သူအပြစ်တစ်ခုခုစဉ်းစားဖို့ရန်လိုသည်။ ဒါမှမဟုတ် တစ်ခုခုကို လုပ်ကြံပြောဖို့လိုလိမ့်မည်။

“အဟမ်း ငါက မှားပြောမိတာပါ။ ဟုတ်တယ်။ မင်းကအပေးအယူနဲ့ရောက်လာတဲ့လူလေ။ အပြစ်ဒဏ်ကတော့ သေချာပေါက်ရှိတာပေါ့။”

သင်က ကျောလေးမတ်သွားကာ အပြစ်ဒဏ်ကို နားထောင်ဖို့ပြင်လိုက်သည်။ သူခံနိုင်လောက်သော ဒဏ်မျိုးဆို ဒီတာဝန်ကို ကျော်တာပဲဖြစ်ဖြစ် ရပ်တာပဲဖြစ်ဖြစ် လုပ်ပစ်ရမည်။ ဘာလို့ဆို သူ့အကျင့်က မလုပ်ချင်တာကို ရွှေတွေစိန်တွေဘယ်လောက်ပုံပေးပေး လုပ်မှာမဟုတ်ပေ။ နောက်ပြီး သူလုပ်ချင်သည့်အရာတစ်ခုခုဆိုရင်လည်း သိကြားမင်းဆင်းတားတောင် မရသည့်အပိုင်းမှာရှိသည်။

“အပြစ်ဒဏ်ကဘာလဲ ရက်ချ်”

“အပြစ်ဒဏ်က ဟိုဟာ.......အဲ..........အင်”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now