Part_27

7.7K 1K 37
                                    

Uni

သူမက ကိုယ့်လက်ထဲကိုဓာတ်မီးလေးထည့်ပေးကာ ဟိုဘက်ခန်းကိုပြေးသွားပါသော ကောင်လေးကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။ ကိုယ့်ကြောင့် သူများတွေ အလုပ်ရှုပ်ပြီထင်ပါသည်။

“အစ်မ”
ကော်ရစ်တာကို စလှမ်းမလို့ခြေလှမ်းတွေကို ကောင်‌လေး၏ခေါ်သံက ရပ်တန့်စေသည်။ သူမ လှည့်ကြည့်လိုက်တော့ ကောင်လေးသည် နရန်းကို လက်ဆွဲထားသည်။ ကြည့်ရတာ ဟိုဘက်ခန်းမှာ နရန်းကို ရှာတွေ့သည်ထင်၏။ နရန်းလက်ထဲမှာတော့ တက်ဒီခွေးလေးတစ်ကောင်ရှိသည်။ သူမက စိတ်လှုပ်ရှားသွားတာကြောင့် ဓာတ်မီးကိုချထားခဲ့ကာ သမီးလေးကိုပြေးဖက်လိုက်သည်။

“သမီးလေး ဘာလို့လျှောက်သွားရတာလဲ။ အမေစိတ်ပူနေတာမသိဘူးလား”

နရန်းလေးက ပြန်ပြောမလို့ပေမဲ့ ကောင်လေးက ကြားဖြတ်ပြောလိုက်သည်။
“အစ်မဗျ။ ဒီနေရာက မကောင်းဘူးနော်။ ကျွန်တော်တို့ အပြင်ကိုအမြန်ထွက်သင့်ပြီ။”

“အင်းအင်း ဒါဆိုသွားကြမယ်”

ကောင်‌လေး၏ပြောသံကြောင့် ရုတ်တရက်ကြောက်စိတ်တွေဝင်လာသည်မို့ သမီးလေးကို ကောက်ချီကာ သုံးယောက်သား အိမ်ကြီး၏အပြင်ဘက်ကို အမြန်ထွက်လာကြသည်။

“ကျေးဇူးတင်လိုက်တာမောင်လေးရယ်။ “

“မလိုပါဘူးအစ်မရဲ့။ ကျွန်တော်က ကူညီရမဲ့တာဝန်ရှိနေတယ် မဟုတ်လား။”

ကောင်လေးက အိမ်ကြီးရဲ့တံခါးကို အသေအချာသော့ခတ်နေရင်းပြန်ဖြေသည်။

“ဒီအိမ်ကြီးက ကြောက်စရာကြီးနော်မောင်လေး”

“ဟုတ်ကဲ့ဗျ။ ဒီအိမ်က တော်တော်ကြာပြီလေ။ မီးလောင်ထားတဲ့အိမ်ဆိုတော့လည်း ကြောက်စရာကောင်းတာပေါ့။”

“ဪ.........အဲ့ဒီလိုလား”

“ဟုတ်ကဲ့ဗျ။”

“အင်း။ ဒါဆို အစ်မပြန်တော့မယ်နော်။ ဒါကအစ်မကတ်လေးပါ။ မောင်လေးလဲ နောက်ကို အကူအညီလိုရင်ပြောနော်။ အစ်မကူညီမှာပါ။”

“ရပါတယ်ဗျ။ ဟုတ်ကဲ့။”

တစ်ဖက်မှာလဲ Korn က ပွင့်သွားသောတံခါးကနေ အခန်းထဲကို တအံ့တဩငေးကြည့်နေသည်။ သူထင်တာက ဒီအခန်းဟာ အမှောင်ဆုံးဆိုပေမဲ့ ဒီအခန်းမှာက မှန်ပြတင်းပေါက်အကြီးကြီးရှိနေတာကြောင့် တခြားအခန်းတွေထက်ပိုလင်းထိန်နေသေးသည်။ တစ်ခန်းလုံးက ကုတင်၊ စားပွဲ၊ ကုလားထိုင် အစရှိသဖြင့် အဆင့်မြင့်ပစ္စည်းတွေနဲ့ပြည့်နေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now