Part_26

7.9K 1K 104
                                    

Uni

“လူရှိလား။ လူရှိလားရှင့်။”

မနက်စောစောစီးစီး အခန်းတံခါးကိုလာထုတာကြောင့် သူတဝှါးဝှါးသမ်းရင်း တံခါးပြေးဖွင့်ရသည်။ တံခါးဝမှာက အမျိုးသမီးတစ်ယောက် ရပ်နေသည်။ သူမက ချမ်းသာသည့်ပုံပေါ်တာကြောင့် ခြံပိုင်ရှင်၏အမျိုးတွေဟု မှတ်ယူလိုက်သည်။ ဟုတ်သည်လေ။ ခြံပိုင်ရှင်ရဲ့အမျိုးတွေနဲ့ သူကလွဲရင် ဘယ်သူမှ ဒီခြံကိုမလာရဲကြဘူးမလား။

“အစ်မ ဘာဖြစ်လို့လဲမသိဘူးဗျ။”

“တော်သေးတာပေါ့။ လူရှိလို့။ ဟိုလေ မောင်လေး အစ်မ သမီးလေး နရန်းလေ ဟိုအိမ်ကြီးထဲကို ပြေးဝင်သွားတာလားမသိဘူး။ ကူရှာပေးပါလားဟင်။”
“ဗျာ........”

Kornက ဟိုအိမ်ကြီးဟူသောအသံကြားသည်နှင့် ခေါင်းကြီး ကြီးလာသလိုခံစားလိုက်ရသည်။
“အစ်မကလဲဗျာ ဘယ်လိုဖြစ်တာလဲ။ အိမ်ကသော့ခတ်ထား...........”

သူပြောလိုက်တဲ့စကားသည် တစ်ဝက်မှာတင်ရပ်သွားသည်။ မနေ့ကအထိ သော့ခတ်ထားသောတံခါးမှာ ဟာလာဟင်းလင်းပွင့်လျက် လူတွေကို လာပါလာပါဟုခေါ်နေသယောင်။

“အစ်မ ကားပျက်နေလို့လေ။ အဲ့တာ သမီးလေးရဲ့ ခွေးလေးကထွက်ပြေးသွားလို့ သမီးလေးကလိုက်ဖမ်းတာ။ ပြီးတော့ သူတို့ဒီခြံထဲဝင်သွားကြတယ်လေ။ အခုအစ်မ ခြံကိုပတ်ရှာပြီးပြီ မတွေ့ဘူး။ အိမ်ထဲမှာများဝင်နေသလားလို့လေ။ အဲတာ တစ်ချက်လိုက်ကြည့်ပေးပါလား။”

သူတော့ ကိုယ့်အမှုကိုယ်ပြန်ပတ်ချေပြီ။ ခြံတံခါးကိုသော့မခတ်ပဲ စေ့ရုံစေ့ထားတာက ဒီနားကလူတွေက ဒီအိမ်ကို မျက်စောင်းပင်မထိုးရဲတာက တစ်ကြောင်း၊ အိမ်ထဲက သတ္တဝါတွေ သူ့ကိုရန်ရှာလာလျှင် လွယ်ကူစွာထွက်ပြေးနိုင်အောင်က တစ်ကြောင်းဟူ၍ လုပ်လိုက်တာဖြစ်သည်။ သို့သော် ဒီအမျိုးသမီးလို ဘာမှမသိသည့် လူတွေဝင်လာလိမ့်မည်ဟုတော့ တွေးတောင်မတွေးရဲ။ အခုဆိုရင် အပြစ်မဲ့သည့် ကလေးမလေးခမျာ အိမ်ထဲဝင်မိနေပြီထင်သည်။

ထင်သည်ပင်မဟုတ်။ သေပါသေချာနေသည်။ မဟုတ်ရင် အဲဒီအိမ်တံခါးက ပွင့်နေမှာမဟုတ်။ သူက အမျိုးသမီးကို ကြည့်လိုက်တော့ သနားဖို့ကောင်းနေတာကြောင့် လိုက်ပေးဖို့ဆုံးဖြတ်လိုက်သည်။ မနက်ခင်းပဲလေ။ လူနှစ်ယောက်ဆိုတော့ ဟို သတ္တဝါတွေ ထကြွသောင်းကျန်းမယ်တော့ မထင်ပါဘူး။ ပြီးတော့ ဒီကိစ္စက ခြံတံခါးကိုသော့မခတ်မိတဲ့ သူ့အပြစ်လဲပါနေသည်မဟုတ်လား။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now