Part-90

5.6K 686 36
                                    

Uni

“မဖြစ်နိုင်ပါဘူး”

အားတင်းလာသမျှသည် ထိုစကားတစ်ခွန်းမှာ စိတ်ပျက်ခြင်းသို့‌ ရောက်ရှိသည်။

“ဖြစ်မဖြစ်သိချင်ရင် ကျွန်တော်နဲ့ အဲ့ကောင်မလေးကို ယှဥ်ပြီး ရွေးကြည့်လေ။”

“အဲ့လိုရွေးလို့ ကောင်မလေးကိုရွေးလိုက်ရင် မင်းက အေးဆေးငြိမ်နေပေးမှာလား”

အီရာပါးစပ်ပိတ်သွားသည်။ မြှားကအဲ့ကောင်မလေးကို ရွေးရင်တောင် သူကတော့ အေးဆေးငြိမ်မနေနိုင်ပါ။

“အဲ့တာပြောတာ။ ငါပြောမယ် လူဂါ မင်းနဲ့ အီရာဘယ်လောက်ခင်ကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့လည်း အဲ့အတွက်နဲ့တော့ မင်းသတို့သမီးက သူပါဆိုပြီးအတင်းအကြပ်လာလုပ်စရာမလိုပါဘူး။ မြှားက နှစ်ယောက်ကို ထိုးတာ။ ယောကျ်ားလေးနဲ့ မိန်းကလေး။ အရှင်က ဘယ်တုန်းကမှ ယောကျာ်းနှစ်ယောက်ကို မပေးစားဖူးဘူး။ နေပါဦး ငါအဲ့ဒီလိုမျိုးကို လက်ခံဖို့ဆိုတာတောင် တော်တော်ကြီးခဲယဥ်းနေသေးတယ်။ မင်းတို့ ငါ့ကိုလာပြီး မရှုပ်လို့ရမလား။ အရှင်က နေမကောင်းဘူး။ တမှိုင်မှိုင် တငိုင်ငိုင်နဲ့။ ငါသူ့ဘေးနားမှာ ရှိဖို့လိုလို့ပါ”

“အင်းလေ အရှင်မ အရှင်ရှီဝေးကို ချစ်တယ်မလား။ အရှင်ရှီဝေး အရင်မိဖုရားတွေနဲ့ လက်ဆက်တော့ ဘယ်လိုခံစားရလဲ။ ကျွန်တော်လည်း အဲ့လိုပဲခံစားရတယ်လေ။ အရှင်မ ကျွန်တော့်ကို နည်းနည်းလောက် ကိုယ်ချင်းစာပေးလို့မရဘူးလား”

“မသိဘူး ငါခေါင်းတွေရှုပ်နေပြီ အီရာ။ သေချာတာကတော့ ငါမင်းနဲ့ အာ့စ်ကို ပြန်မရွေးပေးနိုင်ဘူး။ ညသန်းခေါင်‌ကျော်မှ ငါကလူစုပြီး ပြန်ရွေးနေရဦးမှာလား”

“အဲ့တာဆို မနက်ဖြန်လုပ်လေဗျာ”

“ကံကြမ္မာနတ်ဘုရားကို ကြိုက်တဲ့အချိန်ပင့်ခေါ်လို့ရတယ်ထင်လား။ သူ့ရက်နဲ့သူပဲ အီရာ။ မင်းထပ်ရွေးချင်သေးတယ်ဆိုရင်တော့ နောက်နှစ်အထိစောင့်။ ဒါပဲရှိတော့တယ်။”

“ရတယ်လေ နောက်နှစ်အထိ အဲ့မင်္ဂလာပွဲကို ရွှေ့လိုက်”

“ဒါက....”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now