Part_33

7.1K 972 46
                                    

Uni

သူမက ဒါကိုပင် အငြိမ်မနေသေးပဲ ပီယာ၏ ခပ်မြင့်မြင့်စီးထားသော ဆံနွယ်တွေကိုပါ လက်နဲ့ကစားလိုက်ရင်း နှုတ်ခမ်းနဲ့ကပ်ဖိလိုက်သည်။ ပြီးတော့မှ တစ်လောကလုံးမှာ ပီယာတစ်ယောက်ထဲကိုသာ မြင်ပါသည်ဟူသော မျက်ဝန်းတွေဖြင့်

“ပီ......ငါတို့ ညကကိစ္စ ပြောဖို့လိုသေးတယ်လို့ငါထင်တယ်။”

လီလီက ရှက်နေသည့်အပျိုဖြန်းလေးသဖွယ် ပါးလေးတွေနီရဲကာပြောလိုက်သည်။ ပီယာကတော့ သူမကို ကြည့်ရင်းဘာမှမပြောနိုင်သေး။ ပါးစပ်ကြီးဟပြီးတော့သာ ငြိမ်သက်နေသည်။ ဒီတိတ်ဆိတ်နေသောအခြေအနေသည် ဗိုလ်ချုပ်ထဝီ၏ ချောင်းဟမ့်သံကြောင့် ပြိုကွဲသွားလေသည်။လီလီက ဗိုလ်ချုပ်ထဝီကို အခုမှမြင်သည့်ဟန်ဖမ်းကာ အံ့ဩတကြီးကြည့်လိုက်သည်။

“အိုး...သွားပါပြီ။ ပီ.....ငါကနင်တစ်ယောက်တည်းရှိတယ်ထင်လို့ ခုနက စကားတွေပြောလိုက်တာ။ နင်က ဒီလိုမျိုး အခြားတစ်ယောက်နဲ့ရှိနေမယ်လို့ငါမထင်ထားဘူး”
အခြားတစ်ယောက်ဆိုသည့်လေသံမှာ ဗိုလ်ချုပ်ထဝီကို တွန့်ခနဲဖြစ်သွားစေသည်။ ဘာလို့ဆို သူက ချစ်သူနှစ်ဦးကြားက အယုတ်တမာ အဖျက်ကောင်ကြီးလိုခံစားလိုက်ရသောကြောင့်ဖြစ်သည်။ လီလီကတော့ သူမရဲ့ ချစ်စရာမျက်နှာလေးမှာ သနားစရာအရိပ်လေးတွေနဲ့ပြည့်နေဆဲဖြစ်ကာ ဝမ်းနဲနေသော အသံလေးဖြင့် ဆက်ပြောသည်။

“ပီ.....ဒီလိုဆိုလဲ ငါနင့်ကို မနှောင့်ယှက်တော့ပါဘူး။ နင်တို့နှစ်ယောက်........ပျော်ပါစေနော်”

လီလီက မျက်ရည်ကျတော့မည့်ဟန်နှင့် သနားစဖွယ်ပြောကာ ပြေးထွက်သွားတော့သည်။ ဒီတစ်ခါမှာတော့ ဗိုလ်ချုပ်ထဝီက တကယ်ကို သူ့ကိုယ်သူ အယုတ်တမာကြီးလို ခံစားမိနေပြီဖြစ်သည်။ ချစ်သူမိန်းကလေးနှစ်ယောက်ကြားမှာ ဝင်ရှုပ်နေတဲ့ အစစ်ကောင်ကြီးပေါ့။ သူက တံတွေးမြိုချကာ ပြုံး၍ထ,ရပ်လိုက်သည်။

“မစ် ပီယာမှာ ဆိုင်သူရှိလိမ့်မယ်လို့တော့ တွေးမိခဲ့ပေမဲ့ အဲဒီဆိုင်သူက မစ်လီလီလို့တော့ ထင်မထားမိဘူးဗျ။”

“အာ.........အဲဒါက.....”

ပီယာက မချိပြုံးလေးနဲ့ ဘယ်ကဘယ်လိုစ,ရှင်းပြရမယ်မသိတော့။ ဗိုလ်ချုပ်ကလဲ ဒီကနေပြန်သွားဖို့ကို အပြင်းအထန်စိုင်းပြင်းနေလျက်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now