Part_38 (Arc_4)

11.2K 979 33
                                    

Uni

သူက တိမ်တွေစုနေသော နေရာမှာ တခဏတောင်မနေပဲ နောက်ခရီးကို စတင်ထွက်ခွာလိုက်သည်။ သူ့မျက်လုံးတွေပွင့်လာချိန်တွင် သူသည် အိပ်ရာပေါ်မှာသက်သက်သာသာရှိနေသည်။ သူက သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့။ ကမ်ဘာတွေထဲမှာ အိပ်ရာပေါ်မှာနိုးလာရတဲ့အချိန်တော့ရှိသေးလို့။ မဟုတ်ရင်သူ့မှာ ရောက်တဲ့အချိန်ကတည်းက ပင်ပန်းနေရတာလေ။

ဘယ့်နှယ်.......။ သူဖတ်ခဲ့တဲ့ fiction တွေထဲမှာဆို host လေးတွေက အိပ်လိုက်စားလိုက် ဉာဏ်ကောင်းလိုက်နဲ့။ ငါလေးကျမှ မနားတမ်းလုပ်ပြီး သူတို့ကိုပေးစားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီကမ်ဘာအတွက်တော့ ရက်ချ်ကို ကျေးဇူးတင်မိသည်။ အိပ်ရာထဲမှာ အိပ်နေချိန်ပို့ပေးလို့ပေါ့။

"ခင်ဗျား မှတ်ဉာဏ်တွေကို ကြည့်သင့်ပြီထင်တယ်။ ဒါမှမဟုတ်လဲ ပတ်ဝန်းကျင်လေးဘာလေး စူးစမ်းပါဦး"

ရက်ချ်ပြောကာမှ သူသတိရမိသည်။ အနဲဆုံးတော့ ပတ်ဝန်းကျင်လေးကို စူးစမ်းသင့်သည်လေ။ ဒါကြောင့် ပိတ်ခြင်ထောင်စကိုမ,ကာ အပြင်ဘက်ကိုစူးစမ်းကြည့်လိုက်သည်။ သူရောက်နေသည့်အိပ်ရာသည် အိမ်ပေါ်ထပ်မှ အခန်းတစ်ခုတွင်ရှိသည်။ မြင်မြင်သမျှနံရံသည် ရေနံချေးသုတ်ထားသောပျဉ်ချပ်များသာဖြစ်သည်။ သူ့အခန်းသည် ရိုးရှင်းလှသည်။ အဝတ်အစားထည့်သည်ဟုယူဆရသော ကျွန်းသေတ္တာကြီးနှစ်လုံးနှင့် စာကြည့်စားပွဲတစ်ခု။ ဒါပဲရှိသည်။

စားပွဲပေါ်မှာတော့ တောင်ပုံရာပုံတင်ထားသော စာအုပ်တွေရှိသည်။ မူလပိုင်ရှင်သည် စာအတော်ဖတ်ပုံရသည်။သူက ဝတ်ထားသော ချည်သားလက်ရှည်ဖြူလွလွနှင့် ပုဆိုးကိုပြန်ကြည့်မိသည်။ နေရတာသက်တောင့်သက်သာတော့ရှိလှသည်။ မီးခွက်မှ ဝါကျင့်ကျင့်အရောင်သည် သူ့အပေါ်ကျရောက်နေလေသည်။ ဒီခန္တာကိုယ်ရဲ့ပိုင်ရှင်နာမည်က မောင်သင် ဖြစ်သည်။ သူက သာမန်ရုံးစာရေးတစ်ယောက်။ စာဖတ်တော့ အတော်ဝါသနာပါသော ခေတ်လူငယ်ဖြစ်သည်။

နိုင်ငံကားမြန်မာနိုင်ငံ၊ ခေတ်ကား လွတ်လပ်ရေးရ၍ မကြာသေးသောခေတ်။ ဇာတ်လမ်းမှာ သူ့သူငယ်ချင်းမနှင့် ရာဇဝတ်အုပ်မင်းတို့ လက်ဆက်ချိန်မှစသည်။ သူမ နာမည်က သင်းပျံ့မွှေး ဖြစ်ကာခေတ်ဆန်သော လုံမပျိုလေးပင်ဖြစ်သည်။ ထိုလုံမပျိုလေးသည် မိဘများ၏လက်ချက်ဖြင့် ဘုန်းသရေ ဟုအမည်ရသော ရာဇဝတ်အုပ်မင်းနှင့် လက်ဆက်ကြလေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now